Zawgyiျဖင့္ဖတ္ရန္

 

ဒီတစ္ပတ္ပိတ္ရက္မွာေတာ့ ကရင္႐ိုးရာဟင္း တစ္မ်ိဳးျဖစ္တဲ့ မၽွစ္တာလေပါ့ဟင္းနဲ႔ မိတ္ဆက္ေပးပါရေစ။

ဝါးပိုးမၽွစ္ ေတြေပၚတဲ့ ခုလိုရာသီမွာ ခ်က္စားရတဲ့ မၽွစ္တာလေပါ့ဟင္းက ထမင္းၿမိန္ေစတဲ့ ဟင္းတစ္ခြက္ပါပဲ

ပါဝင္ပစၥည္းေတြကေတာ့- ဝါးပိုးမၽွစ္ ၊ ပုစြန္ ၊ ႐ုံးပတီသီး ၊ ဒန္႔ဒလြန္႐ြက္ ၊ ဖ႐ုံၫြန္႔ ၊ ဒညင္းဝက္ ၊ ပင္စိမ္း ၊ င႐ုတ္သီးစိမ္း တို႔ပဲျဖစ္ပါတယ္။ ဝါးပိုးမၽွစ္ကေတာ့ ဝယ္လာတဲ့ ဝါးပိုးမၽွစ္ဆို႔ကို အေပၚက အရင့္အခြံေတြကို မ်ားမ်ားလွီးထုတ္ၿပီး ႏုႏုေလးေတြက်န္ေတာ့မွ ပါးပါးလွီးရမွာပါ။

ျပဳလုပ္နည္းအဆင့္ဆင့္ကိုေျပာပါမယ္။

၁။ ဝါးပိုးမၽွစ္ပါးပါးလွီးၿပီးသားကို ေရစိမ္ထားရပါမယ္။ ဝါးပိုးမၽွစ္ကို ေရမ်ားမ်ားနဲ႔ ႏူးတဲ့အထိျပဳတ္ၿပီး ျပဳတ္ရည္ကို မသြန္ဘဲ ဒီတိုင္းထားရမွာပါ။

၂။ မၽွစ္ျပဳတ္အိုးထဲကို ဆန္ေလွာ္မႈန္႔ ေရေဖ်ာ္ၿပီးထည့္ပါ။ အရည္ပ်စ္ပ်စ္ႀကိဳက္ရင္ဆန္မႈန္႔ ပိုထည့္ႏိုင္ၿပီး အရည္က်ဲက်ဲႀကိဳက္ရင္ေတာ့ ဆန္မႈန္႔ေလၽွာ႔ထည့္ပါ။

၃။ ဆန္ေလွာ္မႈန္႔နံ႔ေမႊးလာတဲ့အခါ ငံျပာရည္ ၊ အရသာမႈန္႔ နဲ႔ မၽွင္ငါးပိေဖ်ာ္ထည့္ပါ။ ဟင္းရည္ဆူလာတဲ့အခါ ဒညင္းဝက္ ပါးပါးလွီးထားတာနဲ႔ င႐ုတ္သီးစိမ္း ထက္ျခမ္းခြဲထည့္ပါ။ ဟင္းရည္ပြက္ပြက္ဆူလာတဲ့အခါ ပုစြန္ထည့္ပါ။ ပုစြန္က်က္ၿပီး ေနာက္ဆုံးက်မွ အ႐ြက္ေတြခပ္ၿပီး မီးအပူရွိန္နည္းနည္းေလးနဲ႔တည္ထားလိုက္ရင္ ခ်ိဳေမႊးစပ္အရသာ မၽွစ္တာလေပါ့အရည္ေသာက္ ရပါၿပီ။

ၿမိတ္ငပိေထာင္းစပ္နဲ႔ တြဲစားလို႔ရသလို ေရွာက္သီးသုပ္ ခ်ဥ္ခ်ဥ္စပ္စပ္ေလးနဲ႔လည္း တြဲဖက္စားသုံးႏိုင္ပါတယ္။

တန္းဖိုးလည္းအရမ္းမႀကီးသလို ထမင္းၿမိန္ေစတဲ့ နတ္သုဒၶါတစ္ပြဲျဖစ္တဲ့ မၽွစ္တာလေပါ့အရည္ေသာက္ကို ခ်က္စားၾကည့္ဖို႔ တိုက္တြန္းလိုက္ပါရေစ။

Unicodeဖြင့်ဖတ်ရန်

ဒီတစ်ပတ်ပိတ်ရက်မှာတော့ ကရင်ရိုးရာဟင်း တစ်မျိုးဖြစ်တဲ့ မျှစ်တာလပေါ့ဟင်းနဲ့ မိတ်ဆက်ပေးပါရစေ။

ဝါးပိုးမျှစ်တွေပေါ်တဲ့ ခုလိုရာသီမှာ ချက်စားရတဲ့ မျှစ်တာလပေါ့ဟင်းက ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ပါပဲ။

ပါဝင်ပစ္စည်းတွေကတော့- ဝါးပိုးမျှစ် ၊ ပုစွန် ၊ ရုံးပတီသီး ၊ ဒန့်ဒလွန်ရွက် ၊ ဖရုံညွန့် ၊ ဒညင်းဝက် ၊ ပင်စိမ်း ၊ ငရုတ်သီးစိမ်း တို့ပဲဖြစ်ပါတယ်။ ဝါးပိုးမျှစ်ကတော့ ဝယ်လာတဲ့ ဝါးပိုးမျှစ်ဆို့ကို အပေါ်က အရင့်အခွံတွေကို များများလှီးထုတ်ပြီး နုနုလေးတွေကျန်တော့မှ ပါးပါးလှီးရမှာပါ။

ပြုလုပ်နည်းအဆင့်ဆင့်ကိုပြောပါမယ်။

၁။ ဝါးပိုးမျှစ်ပါးပါးလှီးပြီးသားကို ရေစိမ်ထားရပါမယ်။ ဝါးပိုးမျှစ်ကို ရေများများနဲ့ နူးတဲ့အထိပြုတ်ပြီး ပြုတ်ရည်ကို မသွန်ဘဲ ဒီတိုင်းထားရမှာပါ။

၂။ မျှစ်ပြုတ်အိုးထဲကို ဆန်လှော်မှုန့် ရေဖျော်ပြီးထည့်ပါ။ အရည်ပျစ်ပျစ်ကြိုက်ရင်ဆန်မှုန့် ပိုထည့်နိုင်ပြီး အရည်ကျဲကျဲကြိုက်ရင်တော့ ဆန်မှုန့်လျှော့ထည့်ပါ။

၃။ ဆန်လှော်မှုန့်နံ့မွှေးလာတဲ့အခါ ငံပြာရည် ၊ အရသာမှုန့် နဲ့ မျှင်ငါးပိဖျော်ထည့်ပါ။ ဟင်းရည်ဆူလာတဲ့အခါ ဒညင်းဝက် ပါးပါးလှီးထားတာနဲ့ ငရုတ်သီးစိမ်း ထက်ခြမ်းခွဲထည့်ပါ။ ဟင်းရည်ပွက်ပွက်ဆူလာတဲ့အခါ ပုစွန်ထည့်ပါ။ ပုစွန်ကျက်ပြီး နောက်ဆုံးကျမှ အရွက်တွေခပ်ပြီး မီးအပူရှိန်နည်းနည်းလေးနဲ့တည်ထားလိုက်ရင် ချိုမွှေးစပ်အရသာ မျှစ်တာလပေါ့အရည်သောက် ရပါပြီ။

မြိတ်ငပိထောင်းစပ်နဲ့ တွဲစားလို့ရသလို ရှောက်သီးသုပ် ချဉ်ချဉ်စပ်စပ်လေးနဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်။

တန်းဖိုးလည်းအရမ်းမကြီးသလို ထမင်းမြိန်စေတဲ့ နတ်သုဒ္ဓါတစ်ပွဲဖြစ်တဲ့ မျှစ်တာလပေါ့အရည်သောက်ကို ချက်စားကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။
Credit; Alice May (႐ိုးရာေလး)