Zawgyiျဖင့္ဖတ္ရန္

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္၏ ဘားအံေရေဘးသင္႔ ျပည္သူမ်ားအား ကူညီေစာင္႔ေရွာက္ေရးခရီးစဥ္တြင္ လုံၿခဳံေရးမ်ားတားဆီးသည့္ၾကားမွ အတင္းတိုးေဝွ႔၍ တိုင္ၾကားစာတစ္ေစာင္ကို ကိုယ္တိုင္ေပးအပ္ခဲ့ေၾကာင္း သထုံၿမဳိ႕၊ နန္းခဲရပ္ကြက္ေန ေဒၚမိုးသီတာေအာင္ (စက္ခ်ဳပ္)က ေျပာသည္။

” အေမ့ကို ကၽြန္မခ်စ္တယ္။ ယုံၾကည္တယ္။ ေလးစားတယ္။အားကိုးတယ္။ ကၽြန္မ မေၾကာက္ဘူး။ အေမ့ ကိုယ္ရံေတာ္ေတြကို ကၽြန္မ နားလည္ေပးပါတယ္၊ အေမ့လုံၿခဳံေရးဆိုတာ။ ကၽြန္မကလည္း အေမကလြဲရင္ အားကိုးစရာမရွိေတာ႔ဘူး။ ကၽြန္မတို႔ ေအာက္ေျချပည္သူေတြမွာ မတရားႏွိပ္စက္ဖိႏွိပ္ခံရမႈေတြရွိေနတယ္။ ဒီအတြက္ အားကိုးစရာ အေမပဲ ရွိတာမို႔ အဲဒီတိုင္စာကို အေမလက္ထဲအေရာက္ပို႔တာပါ”ဟု ကာယကံရွင္ ေဒၚမိုးသီတာေအာင္က ေျပာသည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံသည္ ဇူလိုင္လ ၂၆ ရက္က ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕ရွိ ေရေဘးကယ္ဆယ္ေရးစခန္းမ်ားသို႔ သြားေရာက္ၿပီး ေရေဘး ေရွာင္ျပည္သူမ်ားအား သြားေရာက္ေတြ႕ဆံုခဲ့ၿပီး စားနပ္ရိကၡာ၊ ေထာက္ပံ့ပစၥည္း ႏွင့္ အလွဴေငြမ်ား ေပးအပ္ခဲ့သည္။

ေဒၚမိုးသီတာေအာင္၏ ခင္ပြန္း ဦးေအာင္ကိုကိုလြင္(သုံးဘီးေမာင္း)သည္ ယခု သထုံအက်ဥ္းေထာင္၌ ပုဒ္မ ၈(စ)ျဖင္႔ သထုံၿမဳိ႕နယ္ တရားရုံးတြင္ တရားစြဲဆိုခံ အမႈဆိုင္ေနရသည့္အေပၚ မတရားအႏုိင္က်င္႔ခံရသည္ဟု ခံယူထားသည့္အတြက္ ထိုသို႔ တိုင္စာေရးပို႔ရျခင္းျဖစ္ေၾကာင္း သူကဆိုသည္။

“စာက ၂ေစာင္ပါ။ တစ္ေစာင္က အေမကိုေပးမယ္။ တစ္ေစာင္ကိုေတာ႔ လက္ခံထား ထားမယ္။ အေမကို ပန္းစည္းနဲ႔စာေပးမွာက မခင္ဇာလြင္(ဦးေအာင္ကိုကိုလြင္ ညီမ)ပါ။ အေမတို႔ ကားတန္းဝင္လာၿပီ ဆိုတာနဲ႔ လုံၿခဳံေရးတပ္ဖြဲ႔ေတြက တိုင္စာေပးမယ္႔ မခင္ဇာလြင္ကို ပိတ္ဝိုင္းထားလိုက္ၾကတယ္။ မခင္ဇာလြင္ ထြက္လို႔မရဘဲျဖစ္ေရာ။ အဲ႔မွာ မမိုးသူဇာက အေမကားေရာက္လာတာနဲ႔ ထြက္ေပးတာ။ လုံၿခဳံေရး ၁၀ေယာက္နီးပါးေလာက္ကလည္း အဲမွာ မမိုးသူဇာဘက္သြားၿပီး ပိတ္ဆို႔ကာထားၾကျပန္ေရာ။ အဲမွာ အစ္မက အေမ အေမနဲ႔ဆိုၿပီး ငိုသံနဲ႔ အားကိုးတႀကီးေခၚတာကို ၾကားေတာ႔ အေမက ကားကိုရပ္ခိုင္းလိုက္တယ္။ ၿပီးေတာ႔ ဘာလို႔ အဲဒီေလာက္ တားၾကတာလဲ၊ ငါ လက္ခံတယ္။ေပးေတြ႔လိုက္ပါဆိုေတာ႔မွ အစ္မက အေမကို စာေပးခြင္႔ ရသြားတာ”ဟု မ်က္ျမင္ျဖစ္ေတြ႕ရွိခဲ့ေသာ သထုံမွ ကိုႏိုင္ဝင္းက ေျပာသည္။

အဆိုပါတိုင္ၾကားစာသည္ လက္ရွိတရားခံျဖစ္ေနသူ ဦးေအာင္ကိုကိုလြင္ႏွင္႔ တစ္ဘက္မွ တရားလိုတို႔ ႏွစ္ဦးႏွစ္ဘက္ အျပန္အလွန္ တရားစြဲဆိုထားၾကၿပီး ဦးေအာင္ကိုကိုလြင္မွာ ၂လတာ အခ်ဳပ္သားဘဝျဖင္႔ တရားရင္ဆိုင္ေနရျခင္း ျဖစ္သည္ဟု သိရသည္။

ေစာေက်ာ္မိုး ဆိုသူက ၈(စ)ႏွင့္ စြဲဆိုထားၿပီး ဦးေအာင္ကိုကိုလြင္က ေစာေက်ာ္မိုးကို ၆၆(ဃ)ႏွင့္ျပန္လွန္စြဲဆိုထားျခင္း ျဖစ္သည္။

အဆိုပါ ဦးေအာင္ကိုကိုလြင္ တရားလိုျပဳ စြဲဆိုေသာ အမႈမွာ ယခုတိုင္ ရုပ္လုံးမေပၚေသးသည္ကို အေျခခံတိုင္ၾကားထားသည္ဟု မမိုးသူဇာဘက္မွ သိရၿပီး မတရားအဖိႏွိပ္ခံ အေျခခံလူတန္းစားမ်ားအတြက္ တိုင္တန္းထားေသာတိုင္စာျဖစ္ေၾကာင္း ၎က ဆိုသည္။
Unicodeဖြင့်ဖတ်ရန်

နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဘားအံရေဘေးသင့် ပြည်သူများအား ကူညီစောင့်ရှောက်ရေးခရီးစဉ်တွင် လုံခြုံရေးများတားဆီးသည့်ကြားမှ အတင်းတိုးဝှေ့၍ တိုင်ကြားစာတစ်စောင်ကို ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်း သထုံမြို့၊ နန်းခဲရပ်ကွက်နေ ဒေါ်မိုးသီတာအောင် (စက်ချုပ်)က ပြောသည်။

” အမေ့ကို ကျွန်မချစ်တယ်။ ယုံကြည်တယ်။ လေးစားတယ်။အားကိုးတယ်။ ကျွန်မ မကြောက်ဘူး။ အမေ့ ကိုယ်ရံတော်တွေကို ကျွန်မ နားလည်ပေးပါတယ်၊ အမေ့လုံခြုံရေးဆိုတာ။ ကျွန်မကလည်း အမေကလွဲရင် အားကိုးစရာမရှိတော့ဘူး။ ကျွန်မတို့ အောက်ခြေပြည်သူတွေမှာ မတရားနှိပ်စက်ဖိနှိပ်ခံရမှုတွေရှိနေတယ်။ ဒီအတွက် အားကိုးစရာ အမေပဲ ရှိတာမို့ အဲဒီတိုင်စာကို အမေလက်ထဲအရောက်ပို့တာပါ”ဟု ကာယကံရှင် ဒေါ်မိုးသီတာအောင်က ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံသည် ဇူလိုင်လ ၂၆ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ရေဘေး ရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံခဲ့ပြီး စားနပ်ရိက္ခာ၊ ထောက်ပံ့ပစ္စည်း နှင့် အလှူငွေများ ပေးအပ်ခဲ့သည်။

ဒေါ်မိုးသီတာအောင်၏ ခင်ပွန်း ဦးအောင်ကိုကိုလွင်(သုံးဘီးမောင်း)သည် ယခု သထုံအကျဉ်းထောင်၌ ပုဒ်မ ၈(စ)ဖြင့် သထုံမြို့နယ် တရားရုံးတွင် တရားစွဲဆိုခံ အမှုဆိုင်နေရသည့်အပေါ် မတရားအနိုင်ကျင့်ခံရသည်ဟု ခံယူထားသည့်အတွက် ထိုသို့ တိုင်စာရေးပို့ရခြင်းဖြစ်ကြောင်း သူကဆိုသည်။

“စာက ၂စောင်ပါ။ တစ်စောင်က အမေကိုပေးမယ်။ တစ်စောင်ကိုတော့ လက်ခံထား ထားမယ်။ အမေကို ပန်းစည်းနဲ့စာပေးမှာက မခင်ဇာလွင်(ဦးအောင်ကိုကိုလွင် ညီမ)ပါ။ အမေတို့ ကားတန်းဝင်လာပြီ ဆိုတာနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက တိုင်စာပေးမယ့် မခင်ဇာလွင်ကို ပိတ်ဝိုင်းထားလိုက်ကြတယ်။ မခင်ဇာလွင် ထွက်လို့မရဘဲဖြစ်ရော။ အဲ့မှာ မမိုးသူဇာက အမေကားရောက်လာတာနဲ့ ထွက်ပေးတာ။ လုံခြုံရေး ၁၀ယောက်နီးပါးလောက်ကလည်း အဲမှာ မမိုးသူဇာဘက်သွားပြီး ပိတ်ဆို့ကာထားကြပြန်ရော။ အဲမှာ အစ်မက အမေ အမေနဲ့ဆိုပြီး ငိုသံနဲ့ အားကိုးတကြီးခေါ်တာကို ကြားတော့ အမေက ကားကိုရပ်ခိုင်းလိုက်တယ်။ ပြီးတော့ ဘာလို့ အဲဒီလောက် တားကြတာလဲ၊ ငါ လက်ခံတယ်။ပေးတွေ့လိုက်ပါဆိုတော့မှ အစ်မက အမေကို စာပေးခွင့် ရသွားတာ”ဟု မျက်မြင်ဖြစ်တွေ့ရှိခဲ့သော သထုံမှ ကိုနိုင်ဝင်းက ပြောသည်။

အဆိုပါတိုင်ကြားစာသည် လက်ရှိတရားခံဖြစ်နေသူ ဦးအောင်ကိုကိုလွင်နှင့် တစ်ဘက်မှ တရားလိုတို့ နှစ်ဦးနှစ်ဘက် အပြန်အလှန် တရားစွဲဆိုထားကြပြီး ဦးအောင်ကိုကိုလွင်မှာ ၂လတာ အချုပ်သားဘဝဖြင့် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်ဟု သိရသည်။

စောကျော်မိုး ဆိုသူက ၈(စ)နှင့် စွဲဆိုထားပြီး ဦးအောင်ကိုကိုလွင်က စောကျော်မိုးကို ၆၆(ဃ)နှင့်ပြန်လှန်စွဲဆိုထားခြင်း ဖြစ်သည်။

အဆိုပါ ဦးအောင်ကိုကိုလွင် တရားလိုပြု စွဲဆိုသော အမှုမှာ ယခုတိုင် ရုပ်လုံးမပေါ်သေးသည်ကို အခြေခံတိုင်ကြားထားသည်ဟု မမိုးသူဇာဘက်မှ သိရပြီး မတရားအဖိနှိပ်ခံ အခြေခံလူတန်းစားများအတွက် တိုင်တန်းထားသောတိုင်စာဖြစ်ကြောင်း ၎င်းက ဆိုသည်။
Credit: Mizzima