Zawgyiျဖင့္ဖတ္ရန္

ၿဂိဳဟ္ႀကီးအေၾကာင္းကို လူသားတို႔ နားလည္မႈကို ျမႇင့္တင္ေပႏိုင္မည့္ အေသးစား ရဟတ္ယာဥ္တစ္စင္းကို၂၀၂၀ တြင္ အဂၤါ ၿဂိဳဟ္ေပၚသို႔လႊတ္တင္မည္ဟု အေမရိကန္ အာကာသေအဂ်င္စီက ေမ ၁၁ ရက္တြင္ေျပာၾကားခဲ့ၿပီး လူလိုက္ပါျခင္း မရွိေသးသည့္ ဒ႐ုန္းပုံစံ ရဟတ္ယာဥ္သည္ ၎ၿဂိဳဟ္ေပၚသို႔ပထမဦးဆုံး ပ်ံသန္းမည့္ ရဟတ္ယာဥ္ ျဖစ္လာမည္ဟု ဆိုသည္။

မားစ္ရဟတ္ယာဥ္ဟု ႐ိုး႐ိုးရွင္းရွင္း နာမည္ေပးထားေသာယာဥ္ငယ္သည္ အေလးခ်ိန္ ေလးေပါင္(၁.၈ကီလိုဂရမ္)ပင္ မရွိေပ။ ၎၏ ကိုယ္ထည္ပိုင္းသည္ ေဘာလုံးေပ်ာ့ တစ္လုံး၏ အ႐ြယ္အစားခန႔္သာ ရွိသည္။ ၎ကို ၂၀၂၀ မားစ္ၿဂိဳဟ္စူးစမ္းေရးယာဥ္၏ ဝမ္းဗိုက္ပိုင္းႏွင့္ ခ်ိတ္ေပးလိုက္မည္ျဖစ္သည္။ မားစ္ၿဂိဳဟ္စူးစမ္းေရးယာဥ္သည္ဘီးတပ္စက္႐ုပ္ျဖစ္ၿပီး အဂၤါၿဂိဳဟ္ သဘာဝပတ္ဝန္းက်င္တြင္ သက္ရွိေနထိုင္ႏိုင္မႈကိုဆုံးျဖတ္ရန္၊ ေရွးပေဝသဏီက သက္ရွိမ်ား၏ လကၡဏာမ်ားကိုရွာေဖြရန္၊ ေနာင္တခ်ိန္လူသားတို႔၏ စူးစမ္းေလ့လာမႈမ်ားအတြက္ သဘာဝသံယံဇာတႏွင့္ေဘးအႏၲရာယ္မ်ားကိုတြက္ခ်က္ရန္ ရည္႐ြယ္သည္။

မားစ္ ၂၀၂၀ စူးစမ္းေရးယာဥ္ကို၂၀၂၀ ခုႏွစ္ဇူလိုင္လတြင္ လႊတ္တင္ရန္စီစဥ္ထားျခင္း ျဖစ္ၿပီး၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီတြင္ အဂၤါၿဂိဳဟ္မ်က္ႏွာျပင္ကို ဆိုက္ေရာက္မည္ဟု ရည္မွန္းထားသည္။ ‘နာဆာဟာ ပထမဦးဆုံး ဆိုတာေတြကို လုပ္ခဲ့တဲ့ ဂုဏ္ယူစရာ သမိုင္း ေၾကာင္းရွိပါတယ္။ အျခားၿဂိဳဟ္တစ္ခုရဲ႕ ေကာင္းကင္ယံမွာ ရဟတ္ယာဥ္ပ်ံသန္းေစတဲ့ စိတ္ကူးကေတာ့ ပိတီျဖစ္စရာပါပဲ ‘ဟု နာဆာအုပ္ခ်ဳပ္ေရးမႉး ဂ်င္ဘရစ္ဒနန္စတိုင္းက ေၾကညာခ်က္တြင္ေျပာၾကားခဲ့သည္။ ယခင္ကအဂၤါၿဂိဳဟ္ေပၚတြင္ မည္သည့္ႏိုင္ငံမွ် ရဟတ္ယာဥ္ ပ်ံသန္းခဲ့ျခင္း မရွိေသးေပ။

နာဆာ၏ ဂ်က္တြန္းကန္အား ဓာတ္ခြဲခန္းတြင္နည္းပညာဖြံ႕ၿဖိဳးေရး စီမံကိန္းတစ္ရပ္အျဖစ္ အေသးစားရဟတ္ယာဥ္စီမံကိန္းအား ၂၀၁၃ ခုႏွစ္ ၾသဂုတ္လတြင္ စတင္ခဲ့သည္။ အဂၤါၿဂိဳဟ္၏ ပါးလႊာေသာေလထုတြင္ ပ်ံသန္းႏိုင္ရန္ အေသးစား ရဟတ္ယာဥ္သည္ အလြန္ေပါ့ပါးရမည္ျဖစ္သကဲ့သို႔အတတ္ႏိုင္ဆုံး အင္အားေကာင္းရမည္ျဖစ္သည္။

‘ဒီကမာၻေပၚမွာ ရဟတ္ယာဥ္တစ္စင္း အျမင့္ဆုံး ပ်ံသန္းတဲ့ စံခ်ိန္ကေတာ့ ေပ ၄၀၀၀၀ (၁၂၁၀၀မီတာ)’ ဟု နာဆာ ဂ်က္တြန္းကန္အား ဓာတ္ခြဲခန္း၏ အဂၤါၿဂိဳဟ္ ရဟတ္ယာဥ္ စီမံကိန္းမန္ေနဂ်ာ ျမန္မာအမ်ိဳးသမီး ေဒၚမီမီေအာင္က ေျပာၾကားခဲ့သည္။

‘အဂၤါၿဂိဳဟ္ရဲ႕ ေလထုဟာ ကမာၻ႔ ေလထုရဲ႕ တစ္ရာခိုင္ႏႈန္းပဲ ရွိပါတယ္။ ကြၽန္မတို႔ရဲ႕ ရဟတ္ယာဥ္ဟာ အဂၤါၿဂိဳဟ္ မ်က္ႏွာျပင္ေပၚကို ေရာက္သြားတဲ့အခါ ကမာၻေပၚက အျမင့္ ေပ ၁၀၀၀၀၀(၃၀၅၀၀မီတာ)နဲ႔ညီမွ်တဲ့ အျမင့္ကိုေရာက္ေနမွာျဖစ္ပါတယ္။’ဟု ‘ေဒၚမီမီေအာင္က ျဖည့္စြက္ေျပာၾကားခဲ့သည္။

Credit-EMG

Photos Credit-Facebook

Unicodeဖြင့်ဖတ်ရန်

နာဆာကအင်္ဂါဂြိုဟ်သို့ပို့လွှတ်မည့် အသေးစား ရဟတ်ယာဉ်စီမံကိန်းကို မြန်မာနိုင်ငံဖွား ဒေါ်မီမီအောင် ဦးဆောင်

ဂြိုဟ်ကြီးအကြောင်းကို လူသားတို့ နားလည်မှုကို မြှင့်တင်ပေနိုင်မည့် အသေးစား ရဟတ်ယာဉ်တစ်စင်းကို၂၀၂၀ တွင် အင်္ဂါ ဂြိုဟ်ပေါ်သို့လွှတ်တင်မည်ဟု အမေရိကန် အာကာသအေဂျင်စီက မေ ၁၁ ရက်တွင်ပြောကြားခဲ့ပြီး လူလိုက်ပါခြင်း မရှိသေးသည့် ဒရုန်းပုံစံ ရဟတ်ယာဉ်သည် ၎င်းဂြိုဟ်ပေါ်သို့ပထမဦးဆုံး ပျံသန်းမည့် ရဟတ်ယာဉ် ဖြစ်လာမည်ဟု ဆိုသည်။

…..

မားစ်ရဟတ်ယာဉ်ဟု ရိုးရိုးရှင်းရှင်း နာမည်ပေးထားသောယာဉ်ငယ်သည် အလေးချိန် လေးပေါင်(၁.၈ကီလိုဂရမ်)ပင် မရှိပေ။ ၎င်း၏ ကိုယ်ထည်ပိုင်းသည် ဘောလုံးပျော့ တစ်လုံး၏ အရွယ်အစားခန့်သာ ရှိသည်။ ၎င်းကို ၂၀၂၀ မားစ်ဂြိုဟ်စူးစမ်းရေးယာဉ်၏ ဝမ်းဗိုက်ပိုင်းနှင့် ချိတ်ပေးလိုက်မည်ဖြစ်သည်။ မားစ်ဂြိုဟ်စူးစမ်းရေးယာဉ်သည်ဘီးတပ်စက်ရုပ်ဖြစ်ပြီး အင်္ဂါဂြိုဟ် သဘာဝပတ်ဝန်းကျင်တွင် သက်ရှိနေထိုင်နိုင်မှုကိုဆုံးဖြတ်ရန်၊ ရှေးပဝေသဏီက သက်ရှိများ၏ လက္ခဏာများကိုရှာဖွေရန်၊ နောင်တချိန်လူသားတို့၏ စူးစမ်းလေ့လာမှုများအတွက် သဘာဝသံယံဇာတနှင့်ဘေးအန္တရာယ်များကိုတွက်ချက်ရန် ရည်ရွယ်သည်။

မားစ် ၂၀၂၀ စူးစမ်းရေးယာဉ်ကို၂၀၂၀ ခုနှစ်ဇူလိုင်လတွင် လွှတ်တင်ရန်စီစဉ်ထားခြင်း ဖြစ်ပြီး၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် အင်္ဂါဂြိုဟ်မျက်နှာပြင်ကို ဆိုက်ရောက်မည်ဟု ရည်မှန်းထားသည်။ ‘နာဆာဟာ ပထမဦးဆုံး ဆိုတာတွေကို လုပ်ခဲ့တဲ့ ဂုဏ်ယူစရာ သမိုင်း ကြောင်းရှိပါတယ်။ အခြားဂြိုဟ်တစ်ခုရဲ့ ကောင်းကင်ယံမှာ ရဟတ်ယာဉ်ပျံသန်းစေတဲ့ စိတ်ကူးကတော့ ပိတီဖြစ်စရာပါပဲ ‘ဟု နာဆာအုပ်ချုပ်ရေးမှူး ဂျင်ဘရစ်ဒနန်စတိုင်းက ကြေညာချက်တွင်ပြောကြားခဲ့သည်။ ယခင်ကအင်္ဂါဂြိုဟ်ပေါ်တွင် မည်သည့်နိုင်ငံမျှ ရဟတ်ယာဉ် ပျံသန်းခဲ့ခြင်း မရှိသေးပေ။

နာဆာ၏ ဂျက်တွန်းကန်အား ဓာတ်ခွဲခန်းတွင်နည်းပညာဖွံ့ဖြိုးရေး စီမံကိန်းတစ်ရပ်အဖြစ် အသေးစားရဟတ်ယာဉ်စီမံကိန်းအား ၂၀၁၃ ခုနှစ် သြဂုတ်လတွင် စတင်ခဲ့သည်။ အင်္ဂါဂြိုဟ်၏ ပါးလွှာသောလေထုတွင် ပျံသန်းနိုင်ရန် အသေးစား ရဟတ်ယာဉ်သည် အလွန်ပေါ့ပါးရမည်ဖြစ်သကဲ့သို့အတတ်နိုင်ဆုံး အင်အားကောင်းရမည်ဖြစ်သည်။

‘ဒီကမ္ဘာပေါ်မှာ ရဟတ်ယာဉ်တစ်စင်း အမြင့်ဆုံး ပျံသန်းတဲ့ စံချိန်ကတော့ ပေ ၄၀၀၀၀ (၁၂၁၀၀မီတာ)’ ဟု နာဆာ ဂျက်တွန်းကန်အား ဓာတ်ခွဲခန်း၏ အင်္ဂါဂြိုဟ် ရဟတ်ယာဉ် စီမံကိန်းမန်နေဂျာ မြန်မာအမျိုးသမီး ဒေါ်မီမီအောင်က ပြောကြားခဲ့သည်။

‘အင်္ဂါဂြိုဟ်ရဲ့ လေထုဟာ ကမ္ဘာ့ လေထုရဲ့ တစ်ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကျွန်မတို့ရဲ့ ရဟတ်ယာဉ်ဟာ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်ကို ရောက်သွားတဲ့အခါ ကမ္ဘာပေါ်က အမြင့် ပေ ၁၀၀၀၀၀(၃၀၅၀၀မီတာ)နဲ့ညီမျှတဲ့ အမြင့်ကိုရောက်နေမှာဖြစ်ပါတယ်။’ဟု ‘ဒေါ်မီမီအောင်က ဖြည့်စွက်ပြောကြားခဲ့သည်။

Credit-EMG

Photos Credit-Facebook