ZawGyiျဖင့္ဖတ္ရန္
ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္​ကို ဆဲဆို​မႈျဖင္​့ ျပည္ရန္ေက်ာ္ေစ်းမွ စည္ပင္၀န္ထမ္​း၏ ဇနီးအား ဒဏ္​​ေငြက်ပ္ ​ငါး​ေသာင္​း​ ေပး​ေဆာင္​​ေစရန္​ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ တရား႐ံုးက အမိန္​႔ခ်မွတ္​ခဲ့​ေၾကာင္​း သတင္​းရရိွသည္​။

ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္​ကို ဆဲဆို​ခဲ့​သည္​ဟုဆိုကာ ျပည္ရန္ေက်ာ္ေစ်းမွ စည္ပင္၀န္ထမ္းႏွင္​့ ဇနီးျဖစ္​သူအား ဆဲဆိုၿခိမ္​း​ေျခာက္​မႈျဖင္​့ ဦးစိုးဦးက တရားလိုျပဳလုပ္​ တရားစြဲဆိုရာ စည္​ပင္​၀န္​ထမ္း အမ​​်ဳိးသားကို တရား​ေသလႊတ္​​ကာ ဇနီးျဖစ္သူအား ဒဏ္​​ေငြက်ပ္ ငါး​ေသာင္း က်ခံ​ေစရန္​ အမိန္​႔ခ်မွတ္​ခဲ့ျခင္​း ျဖစ္​သည္​။

၂၀၁၆ ခုႏွစ္ ႏို၀င္ဘာလအတြင္​းက ျဖစ္​ပြားခဲ့​ေသာ ေျမယာ အျငင္းပြားမႈျဖစ္စဥ္​တြင္ ေျမပိုင္ဆုိင္သူႏွင္​့ ​ေစ်းတာ၀န္ခံအျဖစ္ တာ၀န္ထမ္းေဆာင္လ်က္ ရွိသည့္ စည္ပင္၀န္ထမ္းျဖစ္သူ ဦးလက္ယာႏွင့္ ၎၏ ဇနီးက လာေရာက္ တားဆီးရာမွ ဆဲဆိုခဲ့သည္​့ ျဖစ္​စဥ္​ျဖစ္ပြားခဲ့​ေၾကာင္​း၊ ထိုျဖစ္​စဥ္​ႏွင္​့ တစ္ဆက္​တည္း ျဖစ္​​ေသာ ​ေျမယာပိုင္​ဆိုင္​မႈ အျငင္​းပြား​ေနသည္​့ ​ေျမႏွင္​့ပတ္​သက္​၍ ဦးစိုးဦးကို ပိုင္​နက္ ​က်ဴး​ေက်ာ္​မႈျဖင္​့ စည္​ပင္​သာယာက တရားစြဲဆိုခဲ့ၿပီး ​ေထာင္​ဒဏ္​ ႏွစ္​လ ခ်မွတ္​ခဲ့ေၾကာင္​း သိရသည္​။
၎တို႔ ပိုင္​ဆိုင္​သည္​့ ေျမေပၚတြင္​ အေဆာက္အအံုတစ္ခု တည္ေဆာက္ခဲ့ရာ ေစ်းတာ၀န္ခံႏွင့္ အမ်ဳိးသမီးက လာ​​ေရာက္ၿပီး မေဆာက္လုပ္ရန္​ တားျမစ္​သျဖင္​့ အဆိုပါ ေျမသည္​ မိမိတုိ႔ ပိုင္ဆုိင္ေၾကာင္း၊ စည္ပင္မွလည္း စစ္ေဆး​ေန​ေၾကာင္း၊ ႏုိင္ငံေတာ္ အတိုင္ပင္ခံ႐ံုးႏွင့္ ႏုိင္ငံေတာ္ သမၼတ႐ံုးကို စာတင္ထားသည့္အ​ေၾကာင္း​ ရွင္းျပရာ “ဘယ္…..မွ ဂ႐ုမစိုက္ဘူး။ ဘယ္…… မွ ဂ႐ုမစိုက္ဘူး” ဆိုၿပီး ဆဲဆိုသျဖင္​့ တိုင္​တန္​းရျခင္း ျဖစ္​သည္​ဟု တရားလိုျဖစ္​သူ​၏ ေျပာၾကားခ်က္​အရ သိရသည္​။

“စည္​ပင္​၀န္​ထမ္​းျဖစ္​သူ ဦးလက္ယာကို​ေတာ့ တာ၀န္​အရ အထက္​အရာရိွရဲ႕ ခိုင္​း​ေစမႈ​ေၾကာင္​့ ​ေဆာင္​ရြက္​ခဲ့ရျခင္​း ျဖစ္​သလို တရားခံဘက္​က အသံဖိုင္​တင္​သြင္​းခ်က္​ကို လက္​ခံခဲ့ပါတယ္​။ အဲဒီအသံဖိုင္​အရ စည္​ပင္​၀န္​ထမ္းက ဆဲဆို​ေနသံ မပါဘူး။ ဒါ​ေၾကာင္​့ တရား​ေသ လႊတ္​လိုက္​တယ္​။ အမ်ဳိးသမီးျဖစ္​သူက​ေတာ့ ဆဲဆို​႐ံုပဲျဖစ္​ၿပီး ၿခိမ္​းေျခာက္​တာ မပါလို႔ ဒဏ္​​ေငြ ငါး​ေသာင္​း ခ်မွတ္​လိုက္​ပါတယ္​။ တရားလိုဘက္​က ျပင္​ဆင္​တက္သြားမယ္​လို႔ သိရပါတယ္”ဟု တရားလိုဘက္​မွ လိုက္​ပါ​ေဆာင္ရြက္ေနသည္​့ ​ေရွ႕ေန ဦးမ်ဳိးမင္​း​ေဇာ္​က ​ေျပာၾကား သည္​။

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အား ဆဲဆိုခဲ့သည့္ ေစ်းတာ၀န္ခံႏွင့္ ဇနီးျဖစ္သူအား ဆဲဆိုမႈ ရာဇသတ္ႀကီးပုဒ္မ ၂၉၄ ႏွင့္ ၿခိမ္​း​ေျခာက္​မႈ ၅၀၆ တို႔ျဖင္​့ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ တရား႐ံုးတြင္ စတင္တရားစြဲဆို စစ္​​ေဆးခဲ့ဲၿပီး ယခုႏွစ္​ ဇူလိုင္​ ၅ ရက္​တြင္​ အမိန္​႔ခ်မွတ္​ခဲ့ျခင္​း ျဖစ္​သည္​။

UniCodeဖြင့်ဖတ်ရန်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုမှုဖြင့် ပြည်ရန်ကျော်ဈေးမှ စည်ပင်ဝန်ထမ်း၏ ဇနီးအား ဒဏ်ငွေကျပ် ငါးသောင်း ပေးဆောင်စေရန် ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုခဲ့သည်ဟုဆိုကာ ပြည်ရန်ကျော်ဈေးမှ စည်ပင်ဝန်ထမ်းနှင့် ဇနီးဖြစ်သူအား ဆဲဆိုခြိမ်းခြောက်မှုဖြင့် ဦးစိုးဦးက တရားလိုပြုလုပ် တရားစွဲဆိုရာ စည်ပင်ဝန်ထမ်း အမျိုးသားကို တရားသေလွှတ်ကာ ဇနီးဖြစ်သူအား ဒဏ်ငွေကျပ် ငါးသောင်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော မြေယာ အငြင်းပွားမှုဖြစ်စဉ်တွင် မြေပိုင်ဆိုင်သူနှင့် ဈေးတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည့် စည်ပင်ဝန်ထမ်းဖြစ်သူ ဦးလက်ယာနှင့် ၎င်း၏ ဇနီးက လာရောက် တားဆီးရာမှ ဆဲဆိုခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း၊ ထိုဖြစ်စဉ်နှင့် တစ်ဆက်တည်း ဖြစ်သော မြေယာပိုင်ဆိုင်မှု အငြင်းပွားနေသည့် မြေနှင့်ပတ်သက်၍ ဦးစိုးဦးကို ပိုင်နက် ကျူးကျော်မှုဖြင့် စည်ပင်သာယာက တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် နှစ်လ ချမှတ်ခဲ့ကြောင်း သိရသည်။
၎င်းတို့ ပိုင်ဆိုင်သည့် မြေပေါ်တွင် အဆောက်အအုံတစ်ခု တည်ဆောက်ခဲ့ရာ ဈေးတာဝန်ခံနှင့် အမျိုးသမီးက လာရောက်ပြီး မဆောက်လုပ်ရန် တားမြစ်သဖြင့် အဆိုပါ မြေသည် မိမိတို့ ပိုင်ဆိုင်ကြောင်း၊ စည်ပင်မှလည်း စစ်ဆေးနေကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် နိုင်ငံတော် သမ္မတရုံးကို စာတင်ထားသည့်အကြောင်း ရှင်းပြရာ “ဘယ်…..မှ ဂရုမစိုက်ဘူး။ ဘယ်…… မှ ဂရုမစိုက်ဘူး” ဆိုပြီး ဆဲဆိုသဖြင့် တိုင်တန်းရခြင်း ဖြစ်သည်ဟု တရားလိုဖြစ်သူ၏ ပြောကြားချက်အရ သိရသည်။

“စည်ပင်ဝန်ထမ်းဖြစ်သူ ဦးလက်ယာကိုတော့ တာဝန်အရ အထက်အရာရှိရဲ့ ခိုင်းစေမှုကြောင့် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သလို တရားခံဘက်က အသံဖိုင်တင်သွင်းချက်ကို လက်ခံခဲ့ပါတယ်။ အဲဒီအသံဖိုင်အရ စည်ပင်ဝန်ထမ်းက ဆဲဆိုနေသံ မပါဘူး။ ဒါကြောင့် တရားသေ လွှတ်လိုက်တယ်။ အမျိုးသမီးဖြစ်သူကတော့ ဆဲဆိုရုံပဲဖြစ်ပြီး ခြိမ်းခြောက်တာ မပါလို့ ဒဏ်ငွေ ငါးသောင်း ချမှတ်လိုက်ပါတယ်။ တရားလိုဘက်က ပြင်ဆင်တက်သွားမယ်လို့ သိရပါတယ်”ဟု တရားလိုဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဦးမျိုးမင်းဇော်က ပြောကြား သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဆဲဆိုခဲ့သည့် ဈေးတာဝန်ခံနှင့် ဇနီးဖြစ်သူအား ဆဲဆိုမှု ရာဇသတ်ကြီးပုဒ်မ ၂၉၄ နှင့် ခြိမ်းခြောက်မှု ၅၀၆ တို့ဖြင့် ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် စတင်တရားစွဲဆို စစ်ဆေးခဲ့ဲပြီး ယခုနှစ် ဇူလိုင် ၅ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

Writer: ယဥ္​မ်ဳိးသြယ္​
July 6, 2018
Credit: Eleven