Zawgyiျဖင့္ဖတ္ရန္

ကိုယ္ဝန္ေဆာင္ကာလဟာ အမ်ိဳးသမီးတေယာက္အတြက္ အင္မတန္မွကို ကရိကထမ်ားတဲ့ အခ်ိန္ကာလျဖစ္သလို ဂ႐ုတစိုက္ေစာင့္ေရွာက္ရမယ့္ ကာလလည္းပဲျဖစ္ပါတယ္။ဒီကေန႕ ေဆာင္းပါးေလးမွာေတာ့ ကိုယ္ဝန္ေဆာင္စဥ္ကာလ တြ႕ၾကံုရမယ့္ က်န္းမာေရးအေျခအေနေတြထဲက တခုျဖစ္တဲ့
ဝမ္းခ်ဳပ္ျခင္းအေၾကာင္း ေဆြးေႏြးမွ်ေဝေပးသြားမွာပဲ ဖစ္ပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဘာလို႕ဝမ္းခ်ဳပ္သလဲ။

ဝမ္းခ်ဳပ္ျခင္းဟာ ကိုယ္ဝန္ေဆာင္ကာလမွာ အျဖစ္မ်ားျပီး ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြရဲ့ ထက္ဝက္ေလာက္မွာ ျဖစ္ေပၚေလ့ရွိပါတယ္။
ကိုယ္ဝန္ေဆာင္စဥ္ဝမ္းခ်ဳပ္ေစတဲ့ အေၾကာင္းရင္းတခုကေတာ့ ပရိုဂ်က္စတီရုန္း (progesterone) လို႕ေခၚတဲ့ ေဟာ္မုန္းတမ်ိဳး ပိုမိုမ်ားျပားလာတာေၾကာင့္ပဲ ဖစ္ပါတယ္။ဒီေဟာ္မုန္းဟာ (အစာေျခလမ္းေၾကာင္းအပါအဝင္) ခႏၶာကိုယ္တခုလုံးမွာရွိတဲ့ ပာင္ေခ်ာႂကြက္သား (smooth muscle) ေတြကို ေျပေလွ်ာ့ေစတဲ့အတြက္ အစာအိမ္အူလမ္းေၾကာင္းအတြင္း အစားအစာေတြ တေနရာမွတေနရာ ရႊ႕ေျပာင္းေရာက္ရွိမႈကို ပိုမိုေႏွးေကြးေစပါတယ္။ဒါေၾကာင့္ ဝမ္းခ်ဳပ္လာရပါတယ္။
(အူလမ္းေၾကာင္းထဲမွာ အစာေတြေရြ႕ဖို႕အတြက္ ၾကြက္သားေတြက တင္းတင္းညွစ္လိုက္၊ေျဖေလွ်ာ့လိုက္နဲ႕ တြန္းထုတ္ေပးရမွာပါ)
ေနာက္တခ်က္က ဘာလဲဆိုေတာ့ ကိုယ္ဝန္လရင့္ခ်ိန္မွာ သားအိမ္ဟာလည္း တျဖည္းျဖည္း ၾကီးလာျပီမို႕ သင့္ရဲ့ အစာေဟာင္းအိမ္(အူမၾကီး – rectum)ေပၚကို ဖိခ်ေနတဲ့အတြက္ပါ။ဒီအခ်က္ေၾကာင့္လည္း ဝမ္းခ်ဳပ္ရပါတယ္။ ကိုယ္ဝန္ရွိစဥ္ သုံးစြဲေနတဲ့ သံဓာတ္အားေဆးေတြဟာလည္း (အထူးသျဖင့္ ပမာဏမ်ားမ်ား သုံးစြဲေနရရင္) ဝမ္းခ်ဳပ္ေစပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္ ဝမ္းခ်ဳပ္တာကို သက္သာေအာင္ ဘာေတြလုပ္ရမလဲ။

အမွ်င္ဓာတ္ႂကြယ္ဝတဲ့ အစားအစာေတြကို စားသုံးပါ

အေစ့အဆံေတြ၊ေပါင္မုန္႕ေတြ၊ဆန္လုံးညိဳ၊ပဲ၊(လတ္ဆတ္တဲ့)ဟင္းသီးဟင္းရြက္နဲ႕ သစ္သီးေတြကို ေန႕စဥ္စားသုံးေပးရပါမယ္။ဒီအစားအစာေတြဟာ သင္ဝမ္းမခ်ဳပ္ေအာင္ ဝိုင္းဝန္းကာကြယ္ေပးႏိုင္မွာပါ။

ေရမ်ားမ်ားေသာက္ပါ

ေရကို ဆာတိုင္း မ်ားမ်ားေသာက္ေပးပါ။ေရတင္မကပါဘူး၊သစ္သီးေဖ်ာ္ရည္ေတြကိုလည္း တေန႕တခြက္ေသာက္ေပးႏိုင္ပါေသးတယ္။

ကိုယ္လက္ေလ့က်င့္ခန္းပံုမွန္လုပ္ေပးပါ

လမ္းေလွ်ာက္ျခင္း၊ေရကူးျခင္း၊စက္ဘီးစီးတဲ့စက္နဲ႕ ေလ့က်င့္ျခင္း၊ေယာဂက်င့္ျခင္း စတာေတြဟာလည္း ဝမ္းခ်ဳပ္ျခင္းကို သက္သာေပ်ာက္ကင္းေစပါလိမ့္မယ္။

ေအာင့္မထားပါနဲ႕

အိမ္သာတက္ခ်င္ရင္ မေအာင့္အီးထားပါနဲ႕။တခါတေလ အိမ္သာတက္ဖို႕ သင့္ခႏၶာကိုယ္က အခ်က္ျပတဲ့အခါ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အာင့္အီးထားတတ္ၾကျပီး ၾကာလာတဲ့အခါ ဝမ္းခ်ဳပ္တဲ့ အေလ့အထျဖစ္လာပါလိမ့္မယ္။ဒါေၾကာင့္ လုပ္လက္စကို ေဘးခ်ျပီး အိမ္သာဆီသာ အျမန္ေျပးပါ။

သံဓာတ္အားေဆးကို ေလွ်ာ့ပါ

သင္လက္ရွိသုံးစြဲေနတဲ့ ကိုယ္ဝန္ေဆာင္အားေဆးမွာ သံဓာတ္ပမာဏ မ်ားမ်ားၾကီးပါေနတယ္၊သင္လည္း သြးအားနည္းေရာဂါျဖစ္မေနဘူး၊ဝမ္းခ်ဳပ္တဲ့ ျပႆနာနဲ႕လည္း ရင္ဆိုင္ေနရတယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႕ တိုင္ပင္ျပီး သံဓာတ္နည္းပါးတဲ့ အားေဆးကို ေျပာင္းေသာက္သင့္ပါတယ္။ ဒါမွ အဆင္မေျပရင္ေတာ့ ဝမ္းေပ်ာ့ေဆး၊ဝမ္းႏွုတ္ေဆးသုံးစြဲဖို႕ ဆရာဝန္ထံ အၾကံဉာဏ္ေတာင္းခံပါ။

ကိုယ္ဝန္ေဆာင္ခ်ိန္ ဝမ္းခ်ဳပ္တာ ျပႆနာရွိလား။

ပံုမွန္အားျဖင့္ေတာ့ ကိုယ္ဝန္ေဆာင္ခ်ိန္ ဝမ္းခ်ဳပ္တာ ျပႆနာၾကီးၾကီးမားမားေတာ့ မဟုတ္ပါဘူး။ဒါေပမယ့္ ရွားရွားပါးပါးဆိုသလို တျခားေရာဂါေတြရဲ့ လကၡဏာလည္း ျဖစ္ေနႏိုင္ပါတယ္။တကယ္လို႕ သင္ဟာ ဆိုးဆိုးရြားရြား ဝမ္းခ်ဳပ္ေနတဲ့အျပင္ ဗိုက္ေအာင့္ဗိုက္နာမယ္၊တခ်ီတခ်ီမွာ ဝမ္းေလွ်ာမယ္၊အက်ိအခြၽဲေတြ၊ေသြးေတြ ပါလာမယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႕ ခ်က္ခ်င္းျပသသင့္ပါတယ္။
ဒါ့အျပင္ ဝမ္းခ်ဳပ္လို႕ အိမ္သာတက္တိုင္းညွစ္ရမယ္၊ဝမ္းေတြမာမယ္ဆိုရင္ လိပ္ေခါင္းကို ပိုဆိုးေစႏိုင္ပါတယ္ (လိပ္ေခါင္းဟာလည္း ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဖစ္ေလ့ျဖစ္ထရွိတဲ့ ျပႆနာတခုပါ)။လိပ္ေခါင္းေတြဟာ ေနရထိုင္ရ မသက္မသာျဖစ္ေစႏိုင္ေပမယ့္ ဆိုးဆိုးရြားရြား အေျခအေနေတြအထိ ျဖစ္ခဲပါတယ္။ကေလးေမြးျပီးခ်ိန္မွာ လိပ္ေခါင္းဟာ သူ႕အလိုလိုေပ်ာက္သြားေလ့ရွိပါတယ္။ဒါေပမယ့္ ျပင္းျပင္းထန္ထန္နာက်င္လာရင္ သို့မဟုတ္ ဝမ္းထဲေသြးပါလာရင္ေတာ့ ဆရာဝန္နဲ႕ အျမန္ဆုံးျပသရပါမယ္။

ဒီေလာက္ဆိုရင္ေတာ့ ကိုယ္ဝန္ေဆာင္ခ်ိန္ ဝမ္းခ်ဳပ္ျခင္းနဲ႕ ပတ္သက္လို႕ အေတာ္ေလးသိရွိသြားေလာက္ပါျပီ။ဒါဟာ ၾကီးမားထူးျခားတဲ့ ျပႆနာတခုမဟုတ္ေပမယ့္ ေပါ့ေပါ့ေလးပစ္ထားသင့္တဲ့ အရာတခုလည္း မဟုတ္ပါဘူး။အပ္နဲ႕ထြင္းရမယ့္ ကိစၥကို ေပါက္ဆိန္နဲ႕ေပါက္ရတဲ့ အေျခမဆိုက္ရေလေအာင္ ၾကိဳၾကိဳတင္တင္နဲ႕ အစားအေသာက္အေနအထိုင္ေတြကို ဆင္ျခင္ေပးမယ္ဆိုရင္ ကိုယ္ဝန္ေဆာင္ကာလ ဝမ္းခ်ဳပ္ျခင္းကို ေအးေအးသက္သာပဲ ျဖတ္ေက်ာ္ႏိုင္မွာျဖစ္ပါေၾကာင္း မွ်ေဝေပးလိုက္ရပါတယ္။

Unicodeဖြင့်ဖတ်ရန်

ကိုယ်ဝန်ဆောင်ကာလဟာ အမျိုးသမီးတယောက်အတွက် အင်မတန်မှကို ကရိကထများတဲ့ အချိန်ကာလဖြစ်သလို ဂရုတစိုက်စောင့်ရှောက်ရမယ့် ကာလလည်းပဲဖြစ်ပါတယ်။ဒီကနေ့ ဆောင်းပါးလေးမှာတော့ ကိုယ်ဝန်ဆောင်စဉ်ကာလ တွ့ကြုံရမယ့် ကျန်းမာရေးအခြေအနေတွေထဲက တခုဖြစ်တဲ့
ဝမ်းချုပ်ခြင်းအကြောင်း ဆွေးနွေးမျှဝေပေးသွားမှာပဲ ဖစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဘာလို့ဝမ်းချုပ်သလဲ။

ဝမ်းချုပ်ခြင်းဟာ ကိုယ်ဝန်ဆောင်ကာလမှာ အဖြစ်များပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ထက်ဝက်လောက်မှာ ဖြစ်ပေါ်လေ့ရှိပါတယ်။
ကိုယ်ဝန်ဆောင်စဉ်ဝမ်းချုပ်စေတဲ့ အကြောင်းရင်းတခုကတော့ ပရိုဂျက်စတီရုန်း (progesterone) လို့ခေါ်တဲ့ ဟော်မုန်းတမျိုး ပိုမိုများပြားလာတာကြောင့်ပဲ ဖစ်ပါတယ်။ဒီဟော်မုန်းဟာ (အစာခြေလမ်းကြောင်းအပါအဝင်) ခန္ဓာကိုယ်တခုလုံးမှာရှိတဲ့ ပာင်ချောကြွက်သား (smooth muscle) တွေကို ပြေလျှော့စေတဲ့အတွက် အစာအိမ်အူလမ်းကြောင်းအတွင်း အစားအစာတွေ တနေရာမှတနေရာ ရွှ့ပြောင်းရောက်ရှိမှုကို ပိုမိုနှေးကွေးစေပါတယ်။ဒါကြောင့် ဝမ်းချုပ်လာရပါတယ်။
(အူလမ်းကြောင်းထဲမှာ အစာတွေရွေ့ဖို့အတွက် ကြွက်သားတွေက တင်းတင်းညှစ်လိုက်၊ဖြေလျှော့လိုက်နဲ့ တွန်းထုတ်ပေးရမှာပါ)
နောက်တချက်က ဘာလဲဆိုတော့ ကိုယ်ဝန်လရင့်ချိန်မှာ သားအိမ်ဟာလည်း တဖြည်းဖြည်း ကြီးလာပြီမို့ သင့်ရဲ့ အစာဟောင်းအိမ်(အူမကြီး – rectum)ပေါ်ကို ဖိချနေတဲ့အတွက်ပါ။ဒီအချက်ကြောင့်လည်း ဝမ်းချုပ်ရပါတယ်။ ကိုယ်ဝန်ရှိစဉ် သုံးစွဲနေတဲ့ သံဓာတ်အားဆေးတွေဟာလည်း (အထူးသဖြင့် ပမာဏများများ သုံးစွဲနေရရင်) ဝမ်းချုပ်စေပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကို သက်သာအောင် ဘာတွေလုပ်ရမလဲ။

အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပါ

အစေ့အဆံတွေ၊ပေါင်မုန့်တွေ၊ဆန်လုံးညို၊ပဲ၊(လတ်ဆတ်တဲ့)ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို နေ့စဉ်စားသုံးပေးရပါမယ်။ဒီအစားအစာတွေဟာ သင်ဝမ်းမချုပ်အောင် ဝိုင်းဝန်းကာကွယ်ပေးနိုင်မှာပါ။

ရေများများသောက်ပါ

ရေကို ဆာတိုင်း များများသောက်ပေးပါ။ရေတင်မကပါဘူး၊သစ်သီးဖျော်ရည်တွေကိုလည်း တနေ့တခွက်သောက်ပေးနိုင်ပါသေးတယ်။

ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ

လမ်းလျှောက်ခြင်း၊ရေကူးခြင်း၊စက်ဘီးစီးတဲ့စက်နဲ့ လေ့ကျင့်ခြင်း၊ယောဂကျင့်ခြင်း စတာတွေဟာလည်း ဝမ်းချုပ်ခြင်းကို သက်သာပျောက်ကင်းစေပါလိမ့်မယ်။

အောင့်မထားပါနဲ့

အိမ်သာတက်ချင်ရင် မအောင့်အီးထားပါနဲ့။တခါတလေ အိမ်သာတက်ဖို့ သင့်ခန္ဓာကိုယ်က အချက်ပြတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် အာင့်အီးထားတတ်ကြပြီး ကြာလာတဲ့အခါ ဝမ်းချုပ်တဲ့ အလေ့အထဖြစ်လာပါလိမ့်မယ်။ဒါကြောင့် လုပ်လက်စကို ဘေးချပြီး အိမ်သာဆီသာ အမြန်ပြေးပါ။

သံဓာတ်အားဆေးကို လျှော့ပါ

သင်လက်ရှိသုံးစွဲနေတဲ့ ကိုယ်ဝန်ဆောင်အားဆေးမှာ သံဓာတ်ပမာဏ များများကြီးပါနေတယ်၊သင်လည်း သွးအားနည်းရောဂါဖြစ်မနေဘူး၊ဝမ်းချုပ်တဲ့ ပြဿနာနဲ့လည်း ရင်ဆိုင်နေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သံဓာတ်နည်းပါးတဲ့ အားဆေးကို ပြောင်းသောက်သင့်ပါတယ်။ ဒါမှ အဆင်မပြေရင်တော့ ဝမ်းပျော့ဆေး၊ဝမ်းနှုတ်ဆေးသုံးစွဲဖို့ ဆရာဝန်ထံ အကြံဉာဏ်တောင်းခံပါ။

ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာ ပြဿနာရှိလား။

ပုံမှန်အားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာ ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ဒါပေမယ့် ရှားရှားပါးပါးဆိုသလို တခြားရောဂါတွေရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။တကယ်လို့ သင်ဟာ ဆိုးဆိုးရွားရွား ဝမ်းချုပ်နေတဲ့အပြင် ဗိုက်အောင့်ဗိုက်နာမယ်၊တချီတချီမှာ ဝမ်းလျှောမယ်၊အကျိအချွဲတွေ၊သွေးတွေ ပါလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။
ဒါ့အပြင် ဝမ်းချုပ်လို့ အိမ်သာတက်တိုင်းညှစ်ရမယ်၊ဝမ်းတွေမာမယ်ဆိုရင် လိပ်ခေါင်းကို ပိုဆိုးစေနိုင်ပါတယ် (လိပ်ခေါင်းဟာလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဖစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတခုပါ)။လိပ်ခေါင်းတွေဟာ နေရထိုင်ရ မသက်မသာဖြစ်စေနိုင်ပေမယ့် ဆိုးဆိုးရွားရွား အခြေအနေတွေအထိ ဖြစ်ခဲပါတယ်။ကလေးမွေးပြီးချိန်မှာ လိပ်ခေါင်းဟာ သူ့အလိုလိုပျောက်သွားလေ့ရှိပါတယ်။ဒါပေမယ့် ပြင်းပြင်းထန်ထန်နာကျင်လာရင် သို့မဟုတ် ဝမ်းထဲသွေးပါလာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသရပါမယ်။

ဒီလောက်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်ခြင်းနဲ့ ပတ်သက်လို့ အတော်လေးသိရှိသွားလောက်ပါပြီ။ဒါဟာ ကြီးမားထူးခြားတဲ့ ပြဿနာတခုမဟုတ်ပေမယ့် ပေါ့ပေါ့လေးပစ်ထားသင့်တဲ့ အရာတခုလည်း မဟုတ်ပါဘူး။အပ်နဲ့ထွင်းရမယ့် ကိစ္စကို ပေါက်ဆိန်နဲ့ပေါက်ရတဲ့ အခြေမဆိုက်ရလေအောင် ကြိုကြိုတင်တင်နဲ့ အစားအသောက်အနေအထိုင်တွေကို ဆင်ခြင်ပေးမယ်ဆိုရင် ကိုယ်ဝန်ဆောင်ကာလ ဝမ်းချုပ်ခြင်းကို အေးအေးသက်သာပဲ ဖြတ်ကျော်နိုင်မှာဖြစ်ပါကြောင်း မျှဝေပေးလိုက်ရပါတယ်။

Credit: Hellosayarwon