ZawGyiျဖင့္ဖတ္ရန္
ၿဖိဳးကိုကိုတင့္ဆန္းႏွင့္ ပါ၀င္ ပတ္သက္သူမ်ားအား ေနျပည္ေတာ္ႏွင့္ ရန္ကုန္ၿမိဳ႕တြင္ တရားစြဲဆိုထားသည့္ အမႈေပါင္း ၂၃ မႈမွ စစ္ေဆးရန္ တရားလိုျပသက္ေသ ၄၀၃ ဦးရွိၿပီး လက္ရွိတြင္ ၁၃၆ ဦးအား စစ္ေဆးထားေၾကာင္း သိရသည္။

ၿဖိိဳးကိုကိုတင့္ဆန္းႏွင့္ ပါ၀င္ ပတ္သက္သူမ်ားအား ေနျပည္ေတာ္တြင္ တရားစြဲဆိုထားသည့္ ရာဇသတ္ႀကီးပုဒ္မ ၁၀ မႈမွ တရားလိုျပ သက္ေသ ၁၄၂ ဦးမွ ၄၉ ဦး စစ္ေဆးထားၿပီး ရာဇ၀တ္ အေထြေထြအမႈျဖစ္သည့္ တရားခံေျပးအမႈ ႏွစ္မႈမွ တရားလိုျပသက္ေသ ၄၅ ဦးမွ ၁၃ ဦးကို စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ရန္ကုန္ၿမိဳ႕တြင္ တရားစြဲဆိုထားသည့္ ရာဇသတ္ႀကီး ပုဒ္မ ခုနစ္မႈမွ တရားလိုျပသက္ေသ ၁၃၆ ဦးႏွင့္ ရာဇ၀တ္ အေထြေထြအမႈျဖစ္သည့္ တရားခံေျပး ေလးမႈမွ တရားလိုျပသက္ေသ ၈၀ ရွိေသာ္လည္း တရားလိုျပသက္ေသ ၂၁၆ ဦးအား စစ္ေဆးႏုိင္ျခင္း မရွိေသးေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕တြင္ တရားစြဲဆိုထားသည့္ ၿဖိဳးကိုကိုတင့္ဆန္း အမႈႏွင့္ ပါ၀င္ ပတ္သက္သူမ်ား၏ အမႈမ်ားအား ေနျပည္ေတာ္တြင္ တစ္ေပါင္းတည္း စစ္ေဆးရန္ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္က အမိန္႔ခ်မွတ္ခဲ့ၿပီး လက္ရွိတြင္ ေနျပည္ေတာ္ ဒကၡိဏခ႐ိုင္တရား႐ုံးသို႔ အမႈတြဲ လႊဲေျပာင္းထားေသာ္လည္း တရားခံမ်ားအား လႊဲေျပာင္းႏုိင္ျခင္း မရွိေသးသည့္အတြက္ ရန္ကုန္ၿမိဳ႕တြင္ တရားစြဲဆိုထားသည့္အမႈမ်ားမွ တရားလိုျပ သက္ေသမ်ားအား စစ္ေဆးႏုိင္ျခင္း မရွိေၾကာင္း ဒကၡိဏခ႐ိုင္တရား႐ံုးမွ သိရသည္။

ၿဖိဳးကိုကိုတင့္ဆန္းႏွင့္ ပါ၀င္ပတ္သက္သူမ်ားအား ဇူလိုင္ ၄ ရက္က ႐ံုးထုတ္ရာတြင္ ေနျပည္ေတာ္၌ တရားစြဲဆိုထားသည့္ အမႈမ်ားမွ တရားလိုျပ သက္ေသမ်ားျဖစ္သည့္ အုပ္ခ်ဳပ္ေရးမွဴး ဦးမ်ိဳးခိုင္၊ ဦး၀င္းေအာင္ႏွင့္ ရဲတပ္ၾကပ္ႀကီး ျမင့္ေဇာ္တို႔အား စစ္ေဆးခဲ့ေၾကာင္း သိရသည္။
UniCodeဖြင့်ဖတ်ရန်
ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများအား နေပြည်တော်နှင့် ရန်ကုန်မြို့တွင် တရားစွဲဆိုထားသည့် အမှုပေါင်း ၂၃ မှုမှ စစ်ဆေးရန် တရားလိုပြသက်သေ ၄၀၃ ဦးရှိပြီး လက်ရှိတွင် ၁၃၆ ဦးအား စစ်ဆေးထားကြောင်း သိရသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများအား နေပြည်တော်တွင် တရားစွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ ၁၀ မှုမှ တရားလိုပြ သက်သေ ၁၄၂ ဦးမှ ၄၉ ဦး စစ်ဆေးထားပြီး ရာဇဝတ် အထွေထွေအမှုဖြစ်သည့် တရားခံပြေးအမှု နှစ်မှုမှ တရားလိုပြသက်သေ ၄၅ ဦးမှ ၁၃ ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့တွင် တရားစွဲဆိုထားသည့် ရာဇသတ်ကြီး ပုဒ်မ ခုနစ်မှုမှ တရားလိုပြသက်သေ ၁၃၆ ဦးနှင့် ရာဇဝတ် အထွေထွေအမှုဖြစ်သည့် တရားခံပြေး လေးမှုမှ တရားလိုပြသက်သေ ၈၀ ရှိသော်လည်း တရားလိုပြသက်သေ ၂၁၆ ဦးအား စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ရန်ကုန်မြို့တွင် တရားစွဲဆိုထားသည့် ဖြိုးကိုကိုတင့်ဆန်း အမှုနှင့် ပါဝင် ပတ်သက်သူများ၏ အမှုများအား နေပြည်တော်တွင် တစ်ပေါင်းတည်း စစ်ဆေးရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အမိန့်ချမှတ်ခဲ့ပြီး လက်ရှိတွင် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးသို့ အမှုတွဲ လွှဲပြောင်းထားသော်လည်း တရားခံများအား လွှဲပြောင်းနိုင်ခြင်း မရှိသေးသည့်အတွက် ရန်ကုန်မြို့တွင် တရားစွဲဆိုထားသည့်အမှုများမှ တရားလိုပြ သက်သေများအား စစ်ဆေးနိုင်ခြင်း မရှိကြောင်း ဒက္ခိဏခရိုင်တရားရုံးမှ သိရသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား ဇူလိုင် ၄ ရက်က ရုံးထုတ်ရာတွင် နေပြည်တော်၌ တရားစွဲဆိုထားသည့် အမှုများမှ တရားလိုပြ သက်သေများဖြစ်သည့် အုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်၊ ဦးဝင်းအောင်နှင့် ရဲတပ်ကြပ်ကြီး မြင့်ဇော်တို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။
Writer: ေဇယ်ာထြန္း
July 6, 2018
Credit: Elelven