Zawgyiဖြင့်ဖတ်ရန်




Unicodeဖြင့်ဖတ်ရန်
ပွဲဆူလာနေတဲ့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲက နာမည်ကြီး ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ဖြိုးမြတ်အောင်ကတော့ သူ့ကို တိုက်ခိုက်လာတဲ့သူတွေကို ဟဟပဲ ပေးလိုက်ပါလို့ သင်ပေးလိုက်ပါတယ်။

ဒီမနက် သူ့ရဲ့ဖေ့ဘုတ်ကနေ လိုက်ဖ်လွှင့်ရင်းကနေ သူ့ရဲ့ We Love အဖွဲ့တွေကို ခုလို အကြံပေးလိုက်တာပဲ ဖြစ်ပါတယ်။

“ဝီလက်က ညီကိုမောင်နှမတွေ စည်းလုံးပြီး နေကြပါလို့ ဟိုလိုပေါ့နော် အရမ်းကျွန်တော့်ကို ပြောလို့ အရမ်းသည်းမခံနိုင်ဖြစ်လို့ရှိရင် ဟဟပဲ ပေးလိုက်ပါလို့” ဆိုပြီး ပေါ့ပေါ့ပါးပါးလေး ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိဖေ့ဘုတ်စာမျက်နှာမှာတော့ ဖြိုးမြတ်အောင်ဟာ စန်းပွင့်နေပြီး အားပေးသူပရိတ်သတ် အများအပြားရှိနေတာကို တွေ့ရပါတယ်။
Credit; PannPwint