Zawgyiဖြင့်ဖတ်ရန်
Unicodeဖြင့်ဖတ်ရန်
ရုံမတင်ရသေးပေမယ့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝ ရရှိထားတယ်လို့ ပြောလို့ရတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ဇာတ်ကားကြီးဟာ မကြာခင်မှရုံတင်ပြသတော့မှာဖြစ်ပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားဟာ သရဲကားလို့ပြောလို့ရသလို အောက်လမ်းနည်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာဖြစ်အောင်လဲ ရိုက်ကူးပုံဖော်ထားတာကို ရုပ်ရှင်ကားရဲ့ နမူနာဗီဒီယို ကြည့်ဖူးသူတိုင်း သိကြမှာပါ။ အဲ့နောက် အဆိုပါရုပ်ရှင် ဇာတ်ကားမှာ ပါဝင်တဲ့ rape လုပ်ခံရတဲ့ ကာရိုက်တာ သရုပ်ဆောင်ရတဲ့ သရုပ်ဆောင် ရတနာဗိုလ်ကလဲ rape လုပ်ခံရတဲ့ရိုက်ကွင်း အခြေအနေနဲ့သရုပ်ဆောင်မှုတွေ ကိုပြောပြလာပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုဒ်ဇာတ်ကားမှာ rapeလုပ်ခြင်းခံခဲ့ရတဲ့ ရတနာဗိုလ် က ” ဒီကားမှာ အာကာဆိုးမိုးရဲ့ ညီမနေရာကနေသရုပ်ဆောင်ရတယ်။ ဖြူစင်ရိုးသားတဲ့သူ တအားမရင်းနှီးပေမယ့် ယုံကြည်လိုက်တယ် လိုက်သွားတယ် ကံဆိုပြီးဖြစ် သရဲမဖြစ်သွားတဲ့အချိန်မှာလဲ rape လုပ်ခံရပြီးဖြစ်သွားတဲ့အတွက် အကူအညီလိုအပ်နေတယ်။ အလင်းရောင်ကို သထွေးနဲ့ ထွေးတဲ့ အခန်းကတော့ ထပ်ထွေးချင်တယ် အဲ့အခန်းရိုက်တုန်းက အမှတ်တရပါဘဲ ဖွဲအိတ် ပေါ်မှာပြစ်ချခံရတဲ့အခန်းဆိုရင် အခေါက် ၂၀၊ ၃၀လောက် ပြစ်ချခံရတာ ပြစ်ချတာနည်းမမှန်တာတို့၊ ကင်မရာဘောက်နဲ့ မတည့်တာ တွေကြောင့် ခဏခဏပြန်ရိုက်ခဲ့ရပါတယ် ” ဆိုပြီးလဲ ပြောပြခဲ့ပါတယ်။
အဲ့ဒီ ဇာတ်ဝင်ခန်းရိုက်ကူးဖို့အတွက် ကြိုတင်ပြင်ဆင်ခဲ့ရပုံကိုလဲ ခုလိုပြောပြခဲ့ပါသေးတယ်။ ” အုပ်စုလိုက် rape လုပ်ခံရတဲ့ဇာတ်ရုပ်မျိုး ရိုက်ရမယ် ဆိုတော့ မရိုက်ခင် ၄ရက်၊၅ရက်အလိုလောက်မှာ ငါ rape လုပ်ခံရတော့မယ်၊ ငါဘယ်လို သရုပ်ဆောင်ရမလဲ ဇာတ်ကားမရိုက်ခင် က ဒါဘဲတွေးနေတာ ။ရိုက်တော့လဲ စက်အဖွဲ့သားတွေ ယောကျာ်းလေးတွေ အရှေ့မှာ ပေါင်ကြီးကားပြီး အော်ရမှာဆိုတော့ ရှက်တာပေါ့ ရိုက်တဲ့အချိန်မှာ အော်ပေမယ့် အသံမထွက်ဘူး။ ရှက်နေတော့ အာ့တဲ့ ကိုဝိုင်းက တုတ်နဲ့ ရိုက်လိုက်မှဘဲ လန့်ဖြန့်ပြီး အော်လိုက်တာ၊ ကွက်တိကျသွားတယ် ” လို့လဲ ဇာတ်ဝင်ခန်းအတွက် ကြိုးစားခဲ့ရပုံကို ပြောပြခဲ့ပါတယ်။
ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်။
အောင်မင်းခန့် စိန်ခေါ်လို့ကြိုးစား ကထားတယ်ဆိုတဲ့ မျိုးကိုကိုစန်းရဲ့ အမိုက်စား Video
Credit: KKK(momolay)
Source – momolaytv