ZawGyiျဖင့္ဖတ္ရန္
ခရီး သြားဖို႔ ကုန္က်စရိတ္ ဆိုတာ ႀကိဳတင္ျပင္ဆင္ထားမွသာ ေတာ္ကာက်တဲ႔အမ်ိဳးပါ။ ခရီးသြားျခင္း ဆိုတာ ကြ်န္ေတာ္တို႔ရဲ႕စိတ္ကို ၾကည္လင္ေစၿပီး ဘဝ ရဲ႕ အမွတ္တရ အေတြ႕အၾကံဳ ေလးေတြကို ဖန္တီးေပးႏိုင္တဲ႔ အျပဳအမူတစ္မ်ိဳးျဖစ္ပါတယ္။ ဒါေပမယ္႔ ခရီး သြားတယ္ဆိုတာ လြယ္ေတာ႔ မလြယ္ပါဘူး။ ကုန္က်စရိတ္မ်ားျပားႏိုင္သလို အဲဒီကုန္က်စရိတ္ေတြရရွိဖို႔ ႀကိဳတင္ၿပီးေတာ႔ ေငြစု ထားဖို႔လည္း လိုအပ္ႏိုင္ပါတယ္။

ခရီး တစ္ခုသြားဖုိ႔အတြက္ ကုန္က်ႏိုင္တဲ႔ အၾကမ္းဖ်င္း ကုန္က်စရိတ္ ကို ေစ႔ေစ႔ငွငွ ေတြးေတာစဥ္းစားၿပီးရင္ ခရီး အတြက္ အလုပ္ျဖစ္ႏိုင္တဲ႔ ဘတ္ဂ်က္ တစ္ခုကို စုဖို႔အတြက္ နည္းလမ္း ေလးေတြ စဥ္းစားလာမိမွာပါ။

၁။ ကိုယ္ဘယ္ေလာက္ သံုးမွာလဲစဥ္းစားပါ

ကိုုယ္႔ ဝင္ေငြ ကို ကိုယ္အသိဆံုးပါ။ တစ္လ ဝင္ေငြ ဘယ္ေလာက္ရွိလဲဆိုတာနဲ႔ ခရီး တစ္ခါသြားဖို႔အတြက္ ဘယ္ေလာက္သံုးႏိုင္လဲ ဆိုတာကို ကိုယ္ကိုယ္တိုင္ပဲ ဆံံုးျဖတ္ႏိုင္မွာပါ။ ခရီး တစ္္ခါသြားေတာ႔မယ္ဆိုရင္ မရွိမျဖစ္ကုန္က်မယ္႔ ကုန္က်စရိတ္ (၃) မ်ိဳးကေတာ႔ ခရီး သြားစရိတ္၊ ေနစရိတ္နဲ႔ စားစရိတ္ တို႔ပဲ ျဖစ္ပါတယ္။ ဒါေတြအတြက္ ဘတ္ဂ်က္ ကို အရင္ဆံုးစဥ္းစားရပါမယ္။

၂။ ဒီ ခရီးစဥ္ ကိုသြားဖူးတဲ႔ မိတ္ေဆြ ေတြကို ေမးျမန္းပါ

ခင္ဗ်ားသာ တကယ္လို႔ ဘယ္သူမွမေရာက္ဖူးေသးတဲ႔ ေနရာ ေတြကို ေလွ်ာက္သြားေနတတ္တဲ႔ စြန္႕ဦးတီထြင္ ခရီး သြား ဘေလာ႔ဂါတစ္ေယာက္ မဟုတ္ဘူးဆိုရင္ ခင္ဗ်ားသြားလိုတဲဲ႔ ခရီးစဥ္ ကို သြားဖူးသူေတြ Facebook account ထဲမွာ၊ ပတ္ဝန္းက်င္မွာ ရွိၾကမွာပါ။ သူတို႔ကိုခ်ဥ္းကပ္ၿပီး ဒီ ခရီးစဥ္ အတြက္ မျဖစ္မေနကုန္က်မယ္႔ ကုန္က်စရိတ္ပမာဏကို ေမးျမန္းပါ။ ဥပမာ… ေစ်းအသက္သာဆံုး ဟိုတယ္ ဘယ္နားမွာရွိလဲတို႔၊ ေစ်းအသက္သာဆံုး စားေသာက္ဆိုင္ ကိုသိလား တုိ႔ေပါ႔။
၃။ အင္တာနက္ ကို ေကာင္းေကာင္းအသံုးခ်ပါ
Agoda တို႔၊ Tripadvisor တို႔က အၾကံဉာဏ္ေတြကိုလည္း လစ္လ်ဴရႈမထားသင္႔ပါဘူး။ မိမိသြားလိုတဲ႔ေနရာတဝိုက္မွာ ဘယ္ဟိုတယ္ေတြ ဘယ္ေစ်းရွိတာကိုသိထားရင္ ခရီးသြား ဖို႔ဘတ္ဂ်က္ကို ခ်င္႔ခ်ိန္လို႔ ရပါၿပီ။ ခရီးသြား ဘတ္ဂ်က္ သတ္မွတ္ဖို႔အတြက္ တျခား အေကာင္းဆံုးဝက္ဘ္ဆိုဒ္ေတြကေတာ႔.. BudgetYourTrip.com, SavingForTravel.com နဲ႔ IndependentTraveler.com တို႔ပဲျဖစ္ပါတယ္။

၄။ ခရီးသြား စရိတ္ ကို တြက္ခ်က္ပါ

ကိုယ္သြားလိုတဲ႔ေနရာကို ေရာက္ဖို႔အတြက္ ေလယာဥ္ နဲ႔သြားလည္းေရာက္တယ္။ ကား လည္းသြားလည္းေရာက္တယ္။ သေဘၤာ နဲ႔သြားလည္းေရာက္တယ္ဆိုရင္ ဘာနဲ႔သြားမလဲ။ ေစ်းအသက္သာဆံုးျဖစ္မယ္႔ ယာဥ္ကို စီးၿပီးသာသြားပါ။ ဥပမာ.. ေလယာဥ္ စီးၿပီးသြားမယ္ဆိုရင္ သြားလိုတဲ႔ေနရာကုိ ျမန္ျမန္ေရာက္မယ္။
ဒါေပမယ္႔ ကုန္က်စရိတ္ မ်ားမယ္။ ကား နဲ႔သြားမယ္ဆိုရင္ ပိုေတာ႔ေႏွးမယ္္။ ဒါေပမယ္႔ ကုန္က်စရိတ္ သက္သာႏုိင္ပါမယ္။ မိမိရဲ႕ဘတ္ဂ်က္နဲ႔ ခရီးစဥ္ကိုလိုက္ၿပီး အသင္႔ေတာ္ဆံုး ခရီးသြားနည္းကို ေရြးခ်ယ္ပါ။ ေလယာဥ္စီးမွ ေရာက္မယ္႔ေနရာဆိုရင္လည္း economy class က စီးပါ။

၅။ ေနစရိတ္ ကို စဥ္းစားပါ

ခရီး သြား ရာမွာ ေနာက္တစ္ခုအေရးႀကီးတာက ေနစရာေနရာပါ။ ႀကိဳတင္စီစဥ္မထားဘဲ ေရာက္မွ ျဖစ္သလိုေနမယ္ဆိုရင္ အဆင္ေျပမွာမဟုတ္သလို ေငြကုန္ေၾကးက်လည္း ပိုမ်ားႏုိင္ပါတယ္။ အရင္ဆံုး မိမိသြားလိုတဲ႔ေနရာနဲ႔အနီးဆံုးနားက ဟိုတယ္၊ မိုတယ္၊ တည္းခိုခန္း ေတြကို စံုစမ္းပါ။သူတို႔ရဲ႕အဆင္႔သတ္မွတ္ခ်က္ေတြနဲ႔ တစ္ည တည္းခို စရိတ္ ေတြကို ေသခ်ာေမးျမန္းၿပီး မိမိအတြက္ အဆင္ေျပမယ္႔စရိတ္နဲ႔ ေနရာကိုေရြးခ်ယ္ပါ။ အဲဒီထက္ ပိုသက္သာလိုရင္ (ႏိုင္ငံျခားခရီးလည္း မဟုတ္ဘူးဆိုရင္) မိမိသြားလိုတဲ႔ေနရာနဲ႔ အနီးဆံုးက ဘုန္းႀကီးေက်ာင္းေတြကို စံုစမ္းထားပါ။

၆။ စားစရိတ္ကို တြက္ဆပါ

ဒါကလည္း အေရးႀကီးတဲ႔ ကိစၥတစ္ခုပါပဲ။ ခရီး သြားရင္း နယ္ခံဆိုင္ေတြမွာပဲ ဝယ္စားမယ္ဆိုရင္လည္း ရေပမယ္႔ ကုန္က်စရိတ္ က မ်ားႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ႔ ေနရာကြာျခားမႈကိုလိုက္ၿပီး အစားအေသာက္ ေစ်းႏႈန္း ေတြကလည္း ေျပာင္းလဲႏိုင္လို႔ပါပဲ။ မျဖစ္မေန စားေသာက္ျမည္းစမ္းဖို႔ လိုအပ္တဲ႔ နယ္ေျမခံ ရိုးရာ အစားအစာ ေတြကလြဲရင္ ညစာတို႔၊ မနက္စာတို႔ကိုေတာ႔ ေခါက္ဆြဲေျခာက္ထုပ္ ျပဳတ္စားတာတို႔၊ ေပါင္မုန္႔စားတာတို႔နဲ႔ ေရာင္႔ရဲႏိုင္ရင္ ဘတ္ဂ်က္က ပိုထြက္လာမွာပါ။

၇။ အေရးေပၚ ဘတ္ဂ်က္ တစ္ခု ရေအာင္ခ်န္ထားပါ

ခရီး သြားရင္း အေရးေပၚအေျခအေန တစ္ခုကို မၾကံဳရႏိုင္ဘူးလို႔ ဘယ္သူမွ တပ္အပ္မေျပာႏိုင္ပါဘူး။ အဲဒီလို အေရးေပၚ အေျခအေနတစ္ခု ၾကံဳရတဲ႔အခါ ေငြရွိေနမွသာ ေျဖရွင္းႏိုင္မွာပါ။ မေတာ္တဆ ထိခိုက္မႈ တစ္ခု ျဖစ္တာတို႔၊ လူကူးမ်ဥ္းၾကားက လမ္းျဖတ္မကူးလို႔ ဒဏ္ရိုက္ခံရတာတို႔၊ အမႈိက္ မပစ္ရေနရာမွာ အမႈိက္ ပစ္မိလို႔ ဒဏ္ရိုက္ခံရတာတို႔ စသျဖင္႔ေပါ႔။
UniCodeဖြင့်ဖတ်ရန်

ခရီး သွားဖို့ ကုန်ကျစရိတ် ဆိုတာ ကြိုတင်ပြင်ဆင်ထားမှသာ တော်ကာကျတဲ့အမျိုးပါ။ ခရီးသွားခြင်း ဆိုတာ ကျွန်တော်တို့ရဲ့စိတ်ကို ကြည်လင်စေပြီး ဘဝ ရဲ့ အမှတ်တရ အတွေ့အကြုံ လေးတွေကို ဖန်တီးပေးနိုင်တဲ့ အပြုအမူတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ခရီး သွားတယ်ဆိုတာ လွယ်တော့ မလွယ်ပါဘူး။ ကုန်ကျစရိတ်များပြားနိုင်သလို အဲဒီကုန်ကျစရိတ်တွေရရှိဖို့ ကြိုတင်ပြီးတော့ ငွေစု ထားဖို့လည်း လိုအပ်နိုင်ပါတယ်။

ခရီး တစ်ခုသွားဖို့အတွက် ကုန်ကျနိုင်တဲ့ အကြမ်းဖျင်း ကုန်ကျစရိတ် ကို စေ့စေ့ငှငှ တွေးတောစဉ်းစားပြီးရင် ခရီး အတွက် အလုပ်ဖြစ်နိုင်တဲ့ ဘတ်ဂျက် တစ်ခုကို စုဖို့အတွက် နည်းလမ်း လေးတွေ စဉ်းစားလာမိမှာပါ။

၁။ ကိုယ်ဘယ်လောက် သုံးမှာလဲစဉ်းစားပါ

ကိုယ့် ဝင်ငွေ ကို ကိုယ်အသိဆုံးပါ။ တစ်လ ဝင်ငွေ ဘယ်လောက်ရှိလဲဆိုတာနဲ့ ခရီး တစ်ခါသွားဖို့အတွက် ဘယ်လောက်သုံးနိုင်လဲ ဆိုတာကို ကိုယ်ကိုယ်တိုင်ပဲ ဆံုံးဖြတ်နိုင်မှာပါ။ ခရီး တစ်ခါသွားတော့မယ်ဆိုရင် မရှိမဖြစ်ကုန်ကျမယ့် ကုန်ကျစရိတ် (၃) မျိုးကတော့ ခရီး သွားစရိတ်၊ နေစရိတ်နဲ့ စားစရိတ် တို့ပဲ ဖြစ်ပါတယ်။ ဒါတွေအတွက် ဘတ်ဂျက် ကို အရင်ဆုံးစဉ်းစားရပါမယ်။

၂။ ဒီ ခရီးစဉ် ကိုသွားဖူးတဲ့ မိတ်ဆွေ တွေကို မေးမြန်းပါ

ခင်ဗျားသာ တကယ်လို့ ဘယ်သူမှမရောက်ဖူးသေးတဲ့ နေရာ တွေကို လျှောက်သွားနေတတ်တဲ့ စွန့်ဦးတီထွင် ခရီး သွား ဘလော့ဂါတစ်ယောက် မဟုတ်ဘူးဆိုရင် ခင်ဗျားသွားလိုတဲ့ ခရီးစဉ် ကို သွားဖူးသူတွေ Facebook account ထဲမှာ၊ ပတ်ဝန်းကျင်မှာ ရှိကြမှာပါ။ သူတို့ကိုချဉ်းကပ်ပြီး ဒီ ခရီးစဉ် အတွက် မဖြစ်မနေကုန်ကျမယ့် ကုန်ကျစရိတ်ပမာဏကို မေးမြန်းပါ။ ဥပမာ… ဈေးအသက်သာဆုံး ဟိုတယ် ဘယ်နားမှာရှိလဲတို့၊ ဈေးအသက်သာဆုံး စားသောက်ဆိုင် ကိုသိလား တို့ပေါ့။
၃။ အင်တာနက် ကို ကောင်းကောင်းအသုံးချပါ
Agoda တို့၊ Tripadvisor တို့က အကြံဉာဏ်တွေကိုလည်း လစ်လျူရှုမထားသင့်ပါဘူး။ မိမိသွားလိုတဲ့နေရာတဝိုက်မှာ ဘယ်ဟိုတယ်တွေ ဘယ်ဈေးရှိတာကိုသိထားရင် ခရီးသွား ဖို့ဘတ်ဂျက်ကို ချင့်ချိန်လို့ ရပါပြီ။ ခရီးသွား ဘတ်ဂျက် သတ်မှတ်ဖို့အတွက် တခြား အကောင်းဆုံးဝက်ဘ်ဆိုဒ်တွေကတော့.. BudgetYourTrip.com, SavingForTravel.com နဲ့ IndependentTraveler.com တို့ပဲဖြစ်ပါတယ်။

၄။ ခရီးသွား စရိတ် ကို တွက်ချက်ပါ

ကိုယ်သွားလိုတဲ့နေရာကို ရောက်ဖို့အတွက် လေယာဉ် နဲ့သွားလည်းရောက်တယ်။ ကား လည်းသွားလည်းရောက်တယ်။ သင်္ဘော နဲ့သွားလည်းရောက်တယ်ဆိုရင် ဘာနဲ့သွားမလဲ။ ဈေးအသက်သာဆုံးဖြစ်မယ့် ယာဉ်ကို စီးပြီးသာသွားပါ။ ဥပမာ.. လေယာဉ် စီးပြီးသွားမယ်ဆိုရင် သွားလိုတဲ့နေရာကို မြန်မြန်ရောက်မယ်။
ဒါပေမယ့် ကုန်ကျစရိတ် များမယ်။ ကား နဲ့သွားမယ်ဆိုရင် ပိုတော့နှေးမယ်။ ဒါပေမယ့် ကုန်ကျစရိတ် သက်သာနိုင်ပါမယ်။ မိမိရဲ့ဘတ်ဂျက်နဲ့ ခရီးစဉ်ကိုလိုက်ပြီး အသင့်တော်ဆုံး ခရီးသွားနည်းကို ရွေးချယ်ပါ။ လေယာဉ်စီးမှ ရောက်မယ့်နေရာဆိုရင်လည်း economy class က စီးပါ။

၅။ နေစရိတ် ကို စဉ်းစားပါ

ခရီး သွား ရာမှာ နောက်တစ်ခုအရေးကြီးတာက နေစရာနေရာပါ။ ကြိုတင်စီစဉ်မထားဘဲ ရောက်မှ ဖြစ်သလိုနေမယ်ဆိုရင် အဆင်ပြေမှာမဟုတ်သလို ငွေကုန်ကြေးကျလည်း ပိုများနိုင်ပါတယ်။ အရင်ဆုံး မိမိသွားလိုတဲ့နေရာနဲ့အနီးဆုံးနားက ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း တွေကို စုံစမ်းပါ။သူတို့ရဲ့အဆင့်သတ်မှတ်ချက်တွေနဲ့ တစ်ည တည်းခို စရိတ် တွေကို သေချာမေးမြန်းပြီး မိမိအတွက် အဆင်ပြေမယ့်စရိတ်နဲ့ နေရာကိုရွေးချယ်ပါ။ အဲဒီထက် ပိုသက်သာလိုရင် (နိုင်ငံခြားခရီးလည်း မဟုတ်ဘူးဆိုရင်) မိမိသွားလိုတဲ့နေရာနဲ့ အနီးဆုံးက ဘုန်းကြီးကျောင်းတွေကို စုံစမ်းထားပါ။

၆။ စားစရိတ်ကို တွက်ဆပါ

ဒါကလည်း အရေးကြီးတဲ့ ကိစ္စတစ်ခုပါပဲ။ ခရီး သွားရင်း နယ်ခံဆိုင်တွေမှာပဲ ဝယ်စားမယ်ဆိုရင်လည်း ရပေမယ့် ကုန်ကျစရိတ် က များနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ နေရာကွာခြားမှုကိုလိုက်ပြီး အစားအသောက် ဈေးနှုန်း တွေကလည်း ပြောင်းလဲနိုင်လို့ပါပဲ။ မဖြစ်မနေ စားသောက်မြည်းစမ်းဖို့ လိုအပ်တဲ့ နယ်မြေခံ ရိုးရာ အစားအစာ တွေကလွဲရင် ညစာတို့၊ မနက်စာတို့ကိုတော့ ခေါက်ဆွဲခြောက်ထုပ် ပြုတ်စားတာတို့၊ ပေါင်မုန့်စားတာတို့နဲ့ ရောင့်ရဲနိုင်ရင် ဘတ်ဂျက်က ပိုထွက်လာမှာပါ။

၇။ အရေးပေါ် ဘတ်ဂျက် တစ်ခု ရအောင်ချန်ထားပါ

ခရီး သွားရင်း အရေးပေါ်အခြေအနေ တစ်ခုကို မကြုံရနိုင်ဘူးလို့ ဘယ်သူမှ တပ်အပ်မပြောနိုင်ပါဘူး။ အဲဒီလို အရေးပေါ် အခြေအနေတစ်ခု ကြုံရတဲ့အခါ ငွေရှိနေမှသာ ဖြေရှင်းနိုင်မှာပါ။ မတော်တဆ ထိခိုက်မှု တစ်ခု ဖြစ်တာတို့၊ လူကူးမျဉ်းကြားက လမ်းဖြတ်မကူးလို့ ဒဏ်ရိုက်ခံရတာတို့၊ အမှိုက် မပစ်ရနေရာမှာ အမှိုက် ပစ်မိလို့ ဒဏ်ရိုက်ခံရတာတို့ စသဖြင့်ပေါ့။

Credit: Duwun