ZawGyiျဖင့္ဖတ္ရန္

ဆရာေတာ္တစ္ပါးနဲ႔ သီလရွင္ ႏွစ္ပါးတို႔အား သတ္ၿပီး သုံးရက္အၾကာမွာ ျပစ္မႈက်ဴးလြန္သူအမ်ိဳးသား ရဲစခန္းကို လာေရာက္အဖမ္းခံခဲ့ပါတယ္။ ဒဂုံၿမိဳ႕သစ္(အေရွ႕) ၿမိဳ႕နယ္၊

ၾကာနီကန္ေက်း႐ြာ၊ ေရအိုးစင္လမ္းမွာေနထိုင္တဲ့ ျပစ္မႈက်ဴးလြန္သူ ကိုေသာင္းေအး၊ အသက္ (၄၃)ႏွစ္ဟာ ဇူလိုင္လ ၁၄ရက္၊ ေန႔လယ္ ၁၂နာရီအခ်ိန္ခန႔္က ရဲစခန္း ေရာက္လာကာ ဇူလိုင္လ ၁၁ရက္

ည ၁၁ နာရီအခ်ိန္ခန႔္က ေနအိမ္နဲ႔ ေဘးခ်င္းကပ္ ဘုန္းေတာ္ႀကီးေက်ာင္းမွ ဆရာေတာ္တစ္ပါးနဲ႔ သီလရွင္ (၂)ပါးတို႔အား အ႐ိုး အသြား (၂)ေပခြဲခန႔္ရွိ ငွက္ႀကီးေတာင္ဓားနဲ႔ခုတ္သတ္ခဲ့ေၾကာင္း ေျပာၿပီး အဖမ္းခံခဲ့ပါတယ္။

“ေသဆုံးသူေတြနဲ႔ စကားခဲ့မ်ားဘူးတယ္လို႔ ျပစ္မႈက်ဴးလြန္သူ စစ္ေဆးခ်က္အရသိရတယ္။ အဲ့ဒါနဲ႔ပတ္သက္ၿပီး အခုလို က်ဴးလြန္ခဲ့တာျဖစ္တယ္။”လို႔ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွတာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

ဒဂုံၿမိဳသစ္(အေရွ)ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားဟာ အဆိုပါေနရာကို သက္ေသမ်ားနဲ႔အတူ သြားေရာက္စစ္ေဆးတဲ့အခါ ေက်ာင္းအေနာက္ဘက္ သီလရွင္မ်ားေနထိုင္တဲ့ အေဆာက္အအုံေရွ႕မွာ

ဆရာေတာ္ ဦးစေႏၷာဘာသ အသက္ (၅၄)ႏွစ္အား ပက္လက္အေနအထားနဲ႔ ယာလက္ဖဝါးျပတ္ရွဒဏ္ရာ၊ လည္ပင္းျပတ္ရွဒဏ္ရာ၊ ဦးေခါင္းဝဲဘက္ျပတ္ရွ ဒဏ္ရာ၊ ယာပုခုံးျပတ္ရွ ဒဏ္ရာမ်ားနဲ႔ေသဆုံးေနတာကိုေတြ႕ရပါတယ္။

အဆိုပါ ေက်ာင္းေပၚမွာ မအဲပိုင္ (ဘြဲ႕အမည္မသိ) အသက္ (၅၆)ႏွစ္မွ မ်က္ႏွာျပတ္ရွဒဏ္ရာ၊ ဝဲလက္ေကာက္ဝတ္ျပတ္ရွဒဏ္ရာ၊ ဝဲလက္ေခ်ာင္း မ်ားျပတ္ရွ ဒဏ္ရာမ်ားရရွိၿပီးေသဆုံးေနကာ၊ ေဒၚပညာသီဂႌ အသက္ (၄၂)ႏွစ္မွ

ဦးေခါင္းဝဲဘက္ျပတ္ရွ ဒဏ္ရာ၊ ဝဲလက္ေခ်ာင္းမ်ားျပတ္ရွ ဒဏ္ရာမ်ားနဲပေသဆုံးေနတာကိုေတြ႕ရွိခဲ့ရပါတယ္။ ေသဆုံးသူမ်ားက ျပစ္မႈက်ဴးလြန္သူ ကိုေသာင္းေအးတို႔ လက္ရွိေနထိုင္တဲ့ ေနရာမွ ေျပာင္းေ႐ြ႕ရန္ နည္းမ်ိဳးစုံနဲ႔

လုပ္ေဆာင္ေနတာေၾကာင့္ ကိုေသာင္းေအးမွမေက်နပ္ျဖစ္ၿပီး က်ဴးလြန္ခဲ့တာျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခ်က္အရသိရပါတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံးကထုတ္ျပန္ထားပါတယ္။ ကိုေသာင္းေအးကို

ဒဂုံၿမိဳ႕သစ္(အေရွ႕) ၿမိဳ႕မရဲစခန္း မွာ (ပ)၈၄၁/၂၀၁၈၊ ရာဇ သတ္ႀကီးပုဒ္မ ၃၀၂နဲ႔ အမႈဖြင့္ေရးယူေဆာင္႐ြက္ထားပါတယ္။

ႏွင္းႏွင္း
Unicodeျဖင့္ဖတ္ရန္
ဆရာတော်တစ်ပါးနဲ့ သီလရှင် နှစ်ပါးတို့အား သတ်ပြီး သုံးရက်အကြာမှာ ပြစ်မှုကျူးလွန်သူအမျိုးသား ရဲစခန်းကို လာရောက်အဖမ်းခံခဲ့ပါတယ်။ ဒဂုံမြို့သစ်(အရှေ့) မြို့နယ်၊

ကြာနီကန်ကျေးရွာ၊ ရေအိုးစင်လမ်းမှာနေထိုင်တဲ့ ပြစ်မှုကျူးလွန်သူ ကိုသောင်းအေး၊ အသက် (၄၃)နှစ်ဟာ ဇူလိုင်လ ၁၄ရက်၊ နေ့လယ် ၁၂နာရီအချိန်ခန့်က ရဲစခန်း ရောက်လာကာ ဇူလိုင်လ ၁၁ရက်

ည ၁၁ နာရီအချိန်ခန့်က နေအိမ်နဲ့ ဘေးချင်းကပ် ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်တစ်ပါးနဲ့ သီလရှင် (၂)ပါးတို့အား အရိုး အသွား (၂)ပေခွဲခန့်ရှိ ငှက်ကြီးတောင်ဓားနဲ့ခုတ်သတ်ခဲ့ကြောင်း ပြောပြီး အဖမ်းခံခဲ့ပါတယ်။

“သေဆုံးသူတွေနဲ့ စကားခဲ့များဘူးတယ်လို့ ပြစ်မှုကျူးလွန်သူ စစ်ဆေးချက်အရသိရတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး အခုလို ကျူးလွန်ခဲ့တာဖြစ်တယ်။”လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒဂုံမြိုသစ်(အရှေ)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များဟာ အဆိုပါနေရာကို သက်သေများနဲ့အတူ သွားရောက်စစ်ဆေးတဲ့အခါ ကျောင်းအနောက်ဘက် သီလရှင်များနေထိုင်တဲ့ အဆောက်အအုံရှေ့မှာ

ဆရာတော် ဦးစန္နောဘာသ အသက် (၅၄)နှစ်အား ပက်လက်အနေအထားနဲ့ ယာလက်ဖဝါးပြတ်ရှဒဏ်ရာ၊ လည်ပင်းပြတ်ရှဒဏ်ရာ၊ ဦးခေါင်းဝဲဘက်ပြတ်ရှ ဒဏ်ရာ၊ ယာပုခုံးပြတ်ရှ ဒဏ်ရာများနဲ့သေဆုံးနေတာကိုတွေ့ရပါတယ်။

အဆိုပါ ကျောင်းပေါ်မှာ မအဲပိုင် (ဘွဲ့အမည်မသိ) အသက် (၅၆)နှစ်မှ မျက်နှာပြတ်ရှဒဏ်ရာ၊ ဝဲလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ ဝဲလက်ချောင်း များပြတ်ရှ ဒဏ်ရာများရရှိပြီးသေဆုံးနေကာ၊ ဒေါ်ပညာသီင်္ဂီ အသက် (၄၂)နှစ်မှ

ဦးခေါင်းဝဲဘက်ပြတ်ရှ ဒဏ်ရာ၊ ဝဲလက်ချောင်းများပြတ်ရှ ဒဏ်ရာများနဲပသေဆုံးနေတာကိုတွေ့ရှိခဲ့ရပါတယ်။ သေဆုံးသူများက ပြစ်မှုကျူးလွန်သူ ကိုသောင်းအေးတို့ လက်ရှိနေထိုင်တဲ့ နေရာမှ ပြောင်းရွေ့ရန် နည်းမျိုးစုံနဲ့

လုပ်ဆောင်နေတာကြောင့် ကိုသောင်းအေးမှမကျေနပ်ဖြစ်ပြီး ကျူးလွန်ခဲ့တာဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရသိရပါတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကထုတ်ပြန်ထားပါတယ်။ ကိုသောင်းအေးကို

ဒဂုံမြို့သစ်(အရှေ့) မြို့မရဲစခန်း မှာ (ပ)၈၄၁/၂၀၁၈၊ ရာဇ သတ်ကြီးပုဒ်မ ၃၀၂နဲ့ အမှုဖွင့်ရေးယူဆောင်ရွက်ထားပါတယ်။

နှင်းနှင်း
Credit: KUMUDRA