Zawgyiျဖင့္ဖတ္ရန္

မုိးေလဝသတင္းေတြ ေမ်ွာ္လင္႔ေနတဲ႔ လူထုအေပၚထားတဲ႔ ဆရာဦးထြန္းလြင္ရဲ့ ေစတနာနဲ႔ ေမတၲာကို ၾကည့္ပါဦးဗ်ာဒီေန႔ကေတာ႔ ဘဝအတြက္ အမွတ္တရေန႔ပါ။

ေဆးရုံတက္ေနတဲ႔ ဆရာဦးထြန္းလြင္ဆီသြားခဲ႔တာမွာ မုိးေလဝသတင္းေတြ ေမ်ွာ္လင္႔ေနတဲ႔ လူထုအေပၚထားတဲ႔ ဆရာ႔ရဲ့ ေစတနာနဲ႔ ေမတၲာကုိ အရင္ထက္ပုိျပီး ရွင္းရွင္းလင္းလင္းႀကီး ျမင္လုိက္ရျပန္ပါတယ္။

ဆရာ႔ကုိ ေတြ႔ခ်င္လုိ႔ သြားခဲ႔တာပါ။ စကားေျပာတဲ႔အခါ ရာသီဥတုအေၾကာင္း အစမေဖာ္မိေအာင္လည္း ေနမယ္ဆုိေသာ အေတြးေတြနဲ႔။

ဒါေပမယ္႔ လက္ရွိက်န္းမာေရးအေျခအေနကုိေျပာေနရင္း လတ္တေလာရာသီဥတုအေၾကာင္း တစ္စြန္းတစ္စပါလာတဲ႔အခါဆရာဟာ ပုံပါအတုိင္း လက္ေတာ႔ပ္ကုိ ယူခုိင္းျပီး မုိးေလဝသ websiteေတြကို ဝင္ၾကည္႔ျပီး တစ္ခ်က္ခ်င္း အေသးစိတ္ ရွင္းျပေတာ႔တာပဲ။

ဒီေန႔စေတြ႔ကာစက ဆရာဟာ ကုတင္ေပၚ ေမွးေနခဲ႔ျပီး စကားတုိ႔ ခပ္တုိးတုိးသာ ေျပာေနတာပါ။ညာဖက္မ်က္လုံကေန မ်က္ရည္စတစ္ခ်ိဳ႕ ေဝ႔သီေနပါတယ္။ ေနမေကာင္းလုိ႔ မ်က္ရည္ပူက်တာလုိ႔ပဲ ကြ်န္ေတာ္ ေတြးပါတယ္။

အဲ႔ဒီအေျခအေနကေန မုိးေလဝသအေၾကာင္း ရွင္းျပမယ္ဆုိတဲ႔ေနာက္ ကုတင္ေပၚ လွဲေနတဲ႔ ခႏၲာကုိယ္ကုိ အနဲငယ္မတ္၊သမီးငယ္ျဖစ္သူကုိ website တစ္ခုျပီးတစ္ခုဖြင္႔ေစျပီး အခ်က္အလက္ေတြ တုိက္ဆုိင္စစ္ေဆး။

Posted by Aung Thit Lwin on Saturday, July 21, 2018

 

ေဆးသြင္းထားတဲ႔ လက္နဲ႔ ကြန္ျပဴတာ mouse ကုိ ခပ္ဖြဖြဆုပ္ကုိင္ထားတာျမင္ရေတာ႔ ဆရာ႔ ေစတနာနဲ႔ ေမတၱာကုိ ဦးညႊတ္မိတယ္။ကြ်န္ေတာ္တုိ႔ေတြ၊ ရာသီဥတုအေရး စိတ္၀င္စားတဲ႔ နယ္ေပါင္းစုံက သူေတြက တစ္ပုဒ္တည္း ခပ္လြယ္လြယ္ဖတ္လုိ႔ရခဲ႔တဲ႔ ရာသီဥတု ခန္႔မွန္းခ်က္ဟာ

အသက္ ၇၀ေက်ာ္အရြယ္ ဆရာက ကြန္ျပဴတာေရွ့ထုိင္ျပီး website ေလး -ငါးခုထက္မနည္းကုိ ေမႊေႏွာက္တြက္ခ်က္ျပီးမွ သတင္းထုတ္ျပန္ခဲ႔ျခင္းပါလားဆုိတဲ႔အေတြးက

ရင္ထဲကုိ ေလးေလးပင္ပင္ ခံစားခ်က္ႀကီး ေရာက္လာတယ္။ ကြ်န္ေတာ္မေရာက္ခင္ အိပ္ခ်င္ေနတာဆုိတဲ႔ဆရာက ရာသီဥတုအေၾကာင္းကုိ မိနစ္ ၄၀နီးပါး ရွင္းျပတယ္။ဆရာရွင္းျပတာနားေထာင္ေနရင္း ပညာနဲ႔ပညာရွင္ရဲ့ တန္ဖုိးေတြအေၾကာင္းလည္း ေတြးမိတယ္။

ဆရာ က်န္းမာေရးေကာင္းလာကာစနဲ႔ ကြ်န္ေတာ္ ေရာက္လာခ်ိန္နဲ႔ တုိက္ဆုိင္ခဲ႔ၿပီး ရာသီဥတုအေၾကာင္းေတြ အေျခခံလုိ႔ ရယ္ရယ္ေမာေမာ စကားေတြ ေျပာျဖစ္ေတာ႔ စိတ္ၾကည္နူးရတယ္။

ဆရာခ်စ္တဲ႔ ဆရာ႔ စူပါမြန္း( ဆရာ႔ဇနီး) နဲ႔ ဓာတ္ပုံတြဲရုိက္ေတာ႔ ဆရာက ၿပံဳးရႊင္ ရယ္ေမာလုိ႔။ဆရာ႔ကုိ ေဆးရုံတင္ေတာ႔ မိသားစု၀င္ေတြက မွန္ျပတင္းေပါက္ပါတဲ႔အခန္းကုိ တမင္မယူဘဲ အျပင္ကုိ္ မျမင္ရတဲ႔ အခန္းကုိ ယူခဲ႔ရတယ္။

အျပင္မွာ မုိးရြာတာ ျမင္ေနရင္ ရာသီဥတုအေၾကာင္းေတြဆီအေတြးေရာက္ၿပီး စိတ္ပင္ပန္းမွာ စုိးလုိ႔တဲ႔။ေန႔စဥ္ ရာသီဥတုခန္႔မွန္းခ်က္သတင္းေတြမထုတ္ျပန္နုိင္တဲ႔အေပၚလည္း ေဆးရုံေပၚက ဆရာက စိတ္မေကာင္းျဖစ္ေနေသးတယ္။

ျပင္ပကုိ မျမင္ရတဲ႔ အခန္းထဲက ဆရာက အျပင္မွာ ျဖစ္ေနနုိင္တဲ႔ ရာသီဥတုအေၾကာင္းေတြ ေျပာေနလုိက္တာ အားလုံးကြက္တိ။တနသၤာရီတုိင္းေဒသႀကီးနဲ႔ မြန္၊ ကရင္ျပည္နယ္ေတြ မုိးႀကီးေနမယ္၊ ေရႀကီးနစ္ျမဳပ္မႈ ႀကံဳေတြ႔နုိင္တယ္ ဆုိတာမ်ိဳးေတြ။ အံ႔ၾသလြန္းလိုိ႔ ေမးမိတယ္။

ဆရာ ကြန္ျပဴတာမၾကည္႔ခဲ႔တာ ဘယ္ေလာက္ၾကာၿပီလဲဆုိေတာ႔ တစ္ပတ္တိတိရွိၿပီတဲ႔။ ဇူလုိ္င္ ၁၅ ရက္ကစၿပီး ေဆးရုံတက္ခဲ႔ရတာ။ေဆးရုံမတက္ခင္ ရက္ပုိင္းက ႀကိဳတင္ခန္႔မွန္းခ်က္ေတြနဲ႔ ဒီေန႔ ျဖစ္ေနတဲ႔ ရာသီဥတုျဖစ္စဥ္ေတြက တစ္ထပ္တည္းပဲ။ေနာက္ရက္ေတြမွာ ျဖစ္လာနုိင္တဲ႔ ရာသီဥတုအေျခအေနေတြကုိ တြက္ခ်က္ျပေနတာကလည္း ရွင္းလင္းေနတာပဲ။

မနက္ျဖန္(ဇူလု္ိင္ ၂၂ ရက္) ဆုိ ဆရာ ေဆးရုံက ဆင္းပါၿပီ။ က်န္းမာေရးလည္း ေကာင္းပါၿပီ။ရာသီဥတု သတင္းလာေမးတာ မဟုတ္မွန္းသိေပမယ္႔ ကြ်န္ေတာ္သတင္းေရးရင္ ျပည္႔ျပည္႔စုံစုံ ရွင္းျပနုိင္ေအာင္၊

ဆရာ႔ရဲ့ ရာသီဥတုသတင္းကုိ ေစာင္႔ေမ်ွာ္ေနသူေတြ ရွင္းရွင္းလင္းလင္း သိနုိင္ေအာင္အတြက္ေဆးရုံႀကီးတစ္ခုထဲက ကုတင္ေပၚကေန ေဆးပုိက္တပ္ထားရတဲ႔ ဆရာက ဂရုတစိုက္ ရွင္းျပခဲ႔တဲ႔ ဒီေန႔စြဲကုိ ေနာင္ဘယ္ေသာအခါမွ မေမ႔ပါဘူး။ဆရာ႔ကို စိတ္က ရည္မွန္းၿပီး ရွိခုိးဦးညႊတ္လ်ွက္ပါ ခမ်ာ။
Unicodeဖြင့်ဖတ်ရန်
မိုးလေဝသတင်းတွေ မျှော်လင့်နေတဲ့ လူထုအပေါ်ထားတဲ့ ဆရာဦးထွန်းလွင်ရဲ့ စေတနာနဲ့ မေတ္တာကို ကြည့်ပါဦးဗျာဒီနေ့ကတော့ ဘဝအတွက် အမှတ်တရနေ့ပါ။

ဆေးရုံတက်နေတဲ့ ဆရာဦးထွန်းလွင်ဆီသွားခဲ့တာမှာ မိုးလေဝသတင်းတွေ မျှော်လင့်နေတဲ့ လူထုအပေါ်ထားတဲ့ ဆရာ့ရဲ့ စေတနာနဲ့ မေတ္တာကို အရင်ထက်ပိုပြီး ရှင်းရှင်းလင်းလင်းကြီး မြင်လိုက်ရပြန်ပါတယ်။

ဆရာ့ကို တွေ့ချင်လို့ သွားခဲ့တာပါ။ စကားပြောတဲ့အခါ ရာသီဥတုအကြောင်း အစမဖော်မိအောင်လည်း နေမယ်ဆိုသော အတွေးတွေနဲ့။

ဒါပေမယ့် လက်ရှိကျန်းမာရေးအခြေအနေကိုပြောနေရင်း လတ်တလောရာသီဥတုအကြောင်း တစ်စွန်းတစ်စပါလာတဲ့အခါဆရာဟာ ပုံပါအတိုင်း လက်တော့ပ်ကို ယူခိုင်းပြီး မိုးလေဝသ websiteတွေကို ဝင်ကြည့်ပြီး တစ်ချက်ချင်း အသေးစိတ် ရှင်းပြတော့တာပဲ။

ဒီနေ့စတွေ့ကာစက ဆရာဟာ ကုတင်ပေါ် မှေးနေခဲ့ပြီး စကားတို့ ခပ်တိုးတိုးသာ ပြောနေတာပါ။ညာဖက်မျက်လုံကနေ မျက်ရည်စတစ်ချို့ ဝေ့သီနေပါတယ်။ နေမကောင်းလို့ မျက်ရည်ပူကျတာလို့ပဲ ကျွန်တော် တွေးပါတယ်။

အဲ့ဒီအခြေအနေကနေ မိုးလေဝသအကြောင်း ရှင်းပြမယ်ဆိုတဲ့နောက် ကုတင်ပေါ် လှဲနေတဲ့ ခန္တာကိုယ်ကို အနဲငယ်မတ်၊သမီးငယ်ဖြစ်သူကို website တစ်ခုပြီးတစ်ခုဖွင့်စေပြီး အချက်အလက်တွေ တိုက်ဆိုင်စစ်ဆေး။

ဆေးသွင်းထားတဲ့ လက်နဲ့ ကွန်ပြူတာ mouse ကို ခပ်ဖွဖွဆုပ်ကိုင်ထားတာမြင်ရတော့ ဆရာ့ စေတနာနဲ့ မေတ္တာကို ဦးညွှတ်မိတယ်။ကျွန်တော်တို့တွေ၊ ရာသီဥတုအရေး စိတ်ဝင်စားတဲ့ နယ်ပေါင်းစုံက သူတွေက တစ်ပုဒ်တည်း ခပ်လွယ်လွယ်ဖတ်လို့ရခဲ့တဲ့ ရာသီဥတု ခန့်မှန်းချက်ဟာ

အသက် ၇၀ကျော်အရွယ် ဆရာက ကွန်ပြူတာရှေ့ထိုင်ပြီး website လေး -ငါးခုထက်မနည်းကို မွှေနှောက်တွက်ချက်ပြီးမှ သတင်းထုတ်ပြန်ခဲ့ခြင်းပါလားဆိုတဲ့အတွေးက

ရင်ထဲကို လေးလေးပင်ပင် ခံစားချက်ကြီး ရောက်လာတယ်။ ကျွန်တော်မရောက်ခင် အိပ်ချင်နေတာဆိုတဲ့ဆရာက ရာသီဥတုအကြောင်းကို မိနစ် ၄၀နီးပါး ရှင်းပြတယ်။ဆရာရှင်းပြတာနားထောင်နေရင်း ပညာနဲ့ပညာရှင်ရဲ့ တန်ဖိုးတွေအကြောင်းလည်း တွေးမိတယ်။

ဆရာ ကျန်းမာရေးကောင်းလာကာစနဲ့ ကျွန်တော် ရောက်လာချိန်နဲ့ တိုက်ဆိုင်ခဲ့ပြီး ရာသီဥတုအကြောင်းတွေ အခြေခံလို့ ရယ်ရယ်မောမော စကားတွေ ပြောဖြစ်တော့ စိတ်ကြည်နူးရတယ်။

ဆရာချစ်တဲ့ ဆရာ့ စူပါမွန်း( ဆရာ့ဇနီး) နဲ့ ဓာတ်ပုံတွဲရိုက်တော့ ဆရာက ပြုံးရွှင် ရယ်မောလို့။ဆရာ့ကို ဆေးရုံတင်တော့ မိသားစုဝင်တွေက မှန်ပြတင်းပေါက်ပါတဲ့အခန်းကို တမင်မယူဘဲ အပြင်ကို မမြင်ရတဲ့ အခန်းကို ယူခဲ့ရတယ်။

အပြင်မှာ မိုးရွာတာ မြင်နေရင် ရာသီဥတုအကြောင်းတွေဆီအတွေးရောက်ပြီး စိတ်ပင်ပန်းမှာ စိုးလို့တဲ့။နေ့စဉ် ရာသီဥတုခန့်မှန်းချက်သတင်းတွေမထုတ်ပြန်နိုင်တဲ့အပေါ်လည်း ဆေးရုံပေါ်က ဆရာက စိတ်မကောင်းဖြစ်နေသေးတယ်။

ပြင်ပကို မမြင်ရတဲ့ အခန်းထဲက ဆရာက အပြင်မှာ ဖြစ်နေနိုင်တဲ့ ရာသီဥတုအကြောင်းတွေ ပြောနေလိုက်တာ အားလုံးကွက်တိ။တနင်္သာရီတိုင်းဒေသကြီးနဲ့ မွန်၊ ကရင်ပြည်နယ်တွေ မိုးကြီးနေမယ်၊ ရေကြီးနစ်မြုပ်မှု ကြုံတွေ့နိုင်တယ် ဆိုတာမျိုးတွေ။ အံ့သြလွန်းလို့ မေးမိတယ်။

ဆရာ ကွန်ပြူတာမကြည့်ခဲ့တာ ဘယ်လောက်ကြာပြီလဲဆိုတော့ တစ်ပတ်တိတိရှိပြီတဲ့။ ဇူလိုင် ၁၅ ရက်ကစပြီး ဆေးရုံတက်ခဲ့ရတာ။ဆေးရုံမတက်ခင် ရက်ပိုင်းက ကြိုတင်ခန့်မှန်းချက်တွေနဲ့ ဒီနေ့ ဖြစ်နေတဲ့ ရာသီဥတုဖြစ်စဉ်တွေက တစ်ထပ်တည်းပဲ။နောက်ရက်တွေမှာ ဖြစ်လာနိုင်တဲ့ ရာသီဥတုအခြေအနေတွေကို တွက်ချက်ပြနေတာကလည်း ရှင်းလင်းနေတာပဲ။

မနက်ဖြန်(ဇူလိုင် ၂၂ ရက်) ဆို ဆရာ ဆေးရုံက ဆင်းပါပြီ။ ကျန်းမာရေးလည်း ကောင်းပါပြီ။ရာသီဥတု သတင်းလာမေးတာ မဟုတ်မှန်းသိပေမယ့် ကျွန်တော်သတင်းရေးရင် ပြည့်ပြည့်စုံစုံ ရှင်းပြနိုင်အောင်၊

ဆရာ့ရဲ့ ရာသီဥတုသတင်းကို စောင့်မျှော်နေသူတွေ ရှင်းရှင်းလင်းလင်း သိနိုင်အောင်အတွက်ဆေးရုံကြီးတစ်ခုထဲက ကုတင်ပေါ်ကနေ ဆေးပိုက်တပ်ထားရတဲ့ ဆရာက ဂရုတစိုက် ရှင်းပြခဲ့တဲ့ ဒီနေ့စွဲကို နောင်ဘယ်သောအခါမှ မမေ့ပါဘူး။ဆရာ့ကို စိတ်က ရည်မှန်းပြီး ရှိခိုးဦးညွှတ်လျှက်ပါ ခမျာ။
Credit : Aung Thit Lwin