ZawGyiျဖင့္ဖတ္ရန္

ရန္ကုန္တိုင္းေဒသႀကီး ေတာင္ဥကၠလာပၿမိဳ႕နယ္ ခ်ယ္ရီဥယ်ာဥ္အိမ္ရာအနီး သံသုမာလမ္းမေပၚ၌ အ႒မတန္းေက်ာင္းသားတစ္ဦး ဓာတ္လိုက္ေသဆုံးမႈတြင္ ဓာတ္ႀကိဳးျပတ္က်ေနသည္ဟု ျပည္သူတစ္ဦးက ဖုန္းဆက္အေၾကာင္းၾကားစဥ္ ႐ုံးဖုန္းလိုင္း မအားျခင္းျဖစ္ဖြယ္ရွိေၾကာင္း ဇူလိုင္ ၁၄ ရက္ က ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးတာ၀န္ရွိသူ၏ ေျပာၾကားခ်က္အရ သိရသည္။

“အခုေျပာေနတဲ့ ဓာတ္ႀကိဳးျပတ္က်တဲ့အခ်ိန္ သတင္းပုိ႔တယ္။ EPC က လာေရာက္ျခင္း မရွိဘဲ မီးဖြင့္လုိ႔ ဒီလုိျဖစ္ရတယ္ဆုိတဲ့ အပုိင္းက ဒီလုိရွိတယ္။ အဲဒီကေန ကြၽန္ေတာ္တုိ႔ ႐ံုးကုိ သတင္းမပုိ႔ဘူးဗ်။ အဲဒီအခ်ိန္က သံသုမာလမ္းေပၚရဲ႕ ေနာက္တစ္ေနရာမွာပဲ နန္းႀကိဳးလိမ္ၿပီးျပဳတ္ေနတယ္လုိ႔ သတင္းပုိ႕တာနဲ႔ အဲဒီကုိသြားလုပ္ေပးၿပီး မလြတ္တဲ့သစ္ကိုင္းေတြ ရွင္းေပးခဲ့တာ။ အဲဒီေနရာက ႀကိဳးျပတ္ထားတယ္ဆုိၿပီး ႐ံုးကုိသတင္းမပုိ႔ထားဘူး။ အဲဒီအခ်ိန္ ႐ံုးဖုန္းကုိေခၚလုိ႔မရဘူး ဆုိတာလည္း အဲဒီအခ်ိန္က႐ုံးကုိ ကြန္ပလိန္းေတြ ၀င္တာမ်ားေနလုိ႔ လုိင္းမအားျဖစ္တာေနမွာပါ” ဟု ေတာင္ဥကၠလာၿမိဳ႕နယ္ EPC ႐ုံး၏ တာ၀န္ခံျဖစ္သူက ေျပာၾကားသည္။

ဆက္လက္ၿပီး ၎က “အခင္းျဖစ္တဲ့ဘက္က ဆက္တယ္ဆုိတာက လူေသေတာ့မွ ဆက္တာ။ ၀န္ထမ္းတစ္ေယာက္ကုိပဲ ဖုန္းဆက္တယ္ဆုိတာလည္း ႐ံုးက တာ၀န္က် ေကာင္ေလးကုိဆက္တာ မဟုတ္ဘူး။ အျပင္ ေရာက္ေနတဲ့ေကာင္ေလးကို ဆက္တာ။ အဲဒီ ေကာင္ေလးက အေၾကာင္းျပန္ၾကားေတာ့လည္း လူက ေသၿပီးသားျဖစ္ေနၿပီ။ စီစီတီဗြီရွိတဲ့ အိမ္ကလူရဲ႕ ဖုန္းကုိလည္း ကြၽန္ေတာ္တုိ႔ ယူၾကည့္ၿပီးၿပီ။ ဖုန္းက ၅ နာရီ ၁၃ မိနစ္မွာ ဆက္တာကုိေတြ႕ရတယ္။ ဓာတ္လုိက္ေနတဲ့ ေကာင္ေလးကုိ စီစီတီဗြီမွာ ၾကည့္ေတာ့ တီဗြီမွာက ၅ နာရီ ၁ မိနစ္ျဖစ္တယ္။ ေနာက္က်ၿပီးမွ ဆက္တာပါ” ဟု ၎က ဆိုသည္။
အဆိုပါ ဓာတ္လိုက္ေသဆုံးမႈ ျဖစ္စဥ္အနီးတြင္ ေနထိုင္သူ ဦးေက်ာ္သင္းေအာင္က သံသုမာလမ္းမေပၚသို႔ ဓာတ္ႀကိဳးျပတ္က်ေနေၾကာင္း ဇူလိုင္ ၁၃ ရက္ ညေန ၃ နာရီေက်ာ္ကတည္းက သတင္းေပးခဲ့ျခင္းျဖစ္ေၾကာင္း၊ ေခတၱသာ လွ်ပ္စစ္မီးျဖတ္ခဲ့ၿပီး ျပတ္က်ေနေသာ ဓာတ္ႀကိဳးကို ျပန္လည္တပ္ဆင္ျခင္းမရွိဘဲ မီးျပန္လႊတ္ခဲ့သျဖင့္ ကေလးငယ္ ေသဆုံးရျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

“ဓာတ္ႀကိဳးႀကီး ျပတ္ေနတယ္ဆိုတဲ့ အေၾကာင္းကို ကြၽန္ေတာ္ ၃ နာရီခြဲကတည္းက EPC ကို လွမ္းဖုန္းဆက္တယ္။ ဆက္မရလို႔ အဲဒီက ၀န္ထမ္းတစ္ေယာက္ကို လွမ္းေျပာထားၿပီးသား။ ဒါကို ဂ႐ုမစိုက္ၾကတာ။ ဒီကေလးတစ္ေယာက္ တည္းျဖစ္သြားတာ ကံေကာင္းတာေနာ္။ အျခားလူေတြလည္း အဲဒီနားမွာ လမ္းေလွ်ာက္ေနၾကတာ။ ေရေတြကလည္း တက္လာေတာ့ ဓာတ္ႀကိဳးကို ဖုံးသြားတာေပါ့။ EPC အေနနဲ႔ ဓာတ္ႀကိဳးျပတ္က်ေန ရင္ မီးကို မလႊတ္သင့္ဘူး။ ဒီလိုင္းကို ပိတ္ကိုပိတ္ရမွာ” ဟု ဓာတ္လိုက္ေသဆုံးမႈျဖစ္စဥ္အနီးတြင္ ေနထိုင္သူ ဦးေက်ာ္သင္းေအာင္က ေျပာၾကားသည္။

ယင္းသို႔ ဓာတ္လိုက္ေသဆုံးခဲ့ေသာ ေမာင္မ်ဳိးမင္းထြန္း (၁၃ ႏွစ္) ၏ မိသားစုအတြက္ ေတာင္ဥကၠလာပၿမိဳ႕နယ္ လွ်ပ္စစ္႐ုံးက ကူညီေငြ က်ပ္ ၁၇ သိန္း ေထာက္ပ့ံထားေၾကာင္း သိရသည္။

“မိသားစု၀င္ေတြဆီ သြားေရာက္ေတြ႕ဆုံၿပီး ကူညီေထာက္ပံ့တာေတြ လုပ္ေပးေနပါတယ္။ အသုဘ၊ ရက္လည္စရိတ္ အကုန္လုံးေပါ့။ လက္တေလာေတာ့ ကူညီေထာက္ပံ့ေငြ ၁၇ သိန္းနဲ႔ သၿဂႋဳဟ္စရိတ္အၿပီးအထိ ကြၽန္ေတာ္တုိ႕တာ၀န္ယူေပးထားပါတယ္” ဟု ေတာင္ဥကၠလာပၿမိဳ႕နယ္ EPC ႐ုံး၏ တာ၀န္ခံျဖစ္သူက ေျပာၾကားသည္။

ဓာတ္လိုက္ေသဆုံးခဲ့သူ၏ မိသားစု၀င္မ်ားက အဆိုပါ ေသဆုံးမႈကို ရဲစခန္းတြင္ အမႈဖြင့္ထားျခင္း မရွိေၾကာင္း သိရသည္။ ဇူလိုင္ ၁၃ ရက္ညေန ၅ နာရီက သံသုမာလမ္းမေပၚ ျပတ္က်ေနသာ ဓာတ္ႀကိဳးႏွင့္ထိမိၿပီး ေမာင္မ်ိဳးမင္းထြန္း (၁၃ႏွစ္) သည္ က်ဴရွင္တစ္ခုတြင္ စာသင္ယူေနျခင္းျဖစ္ေၾကာင္း သိရသည္။ က်ဴရွင္၌ စာသင္ယူေနစဥ္ ဗိုက္ဆာသျဖင့္ မုန္႔ထြက္စားၿပီးအျပန္ ယခုလို ဓာတ္လိုက္ေသဆုံးျခင္းျဖစ္ေၾကာင္း စုံစမ္းသိရသည္။

“အန္တီ့သားေလးက ၅ နာရီဆိုရင္ အိမ္ကုိျပန္လာေနက်။ သူျပန္လာရင္ ဗိုက္ဆာတတ္တာေၾကာင့္ ထမင္းအိုးတည္ဖုိ႔ဆန္ေဆးေနတုန္း သိရတာ။ အန္တီေရာက္သြားေတာ့ ကားသမားေတြကို အကူအညီေတာင္းၿပီး သူတို႔ကားနဲ႔ပဲ စံျပေဆး႐ုံေခၚသြားတာ။ ေဆး႐ုံကိုပို႔ေတာ့ ကေလးက ႏႈတ္ခမ္းေတြကျပာႏွမ္းေနၿပီ။ ေဆး႐ုံမွာ ႏွလုံးခုန္ႏႈန္းေတြ စမ္းၾကည့္ေတာ့ မရေတာ့ဘူး။ ေသသြားၿပီတဲ့” ဟု ဓာတ္လိုက္ေသဆုံးသူ အ႒မတန္းေက်ာင္းသား ၏မိခင္ ေဒၚေအးျမင့္က ေျပာၾကားသည္။

ေသဆုံးခဲ့ေသာ အ႒မတန္း ေက်ာင္းသားသည္ ေတာင္ဥကၠလာၿမိဳ႕နယ္ အလက (၂) တြင္ ပညာသင္ယူေနသူျဖစ္ၿပီး ေက်ာင္းစာေတာ္၍ လိမၼာေရးျခားရွိသူျဖစ္ေၾကာင္း သိရသည္။

“ကေလးက စာလည္းေတာ္ၿပီး အရမ္းလိမၼာေရးျခားရွိလို႔ အားလုံးက ၀ိုင္းခ်စ္ၾကတယ္။ ဆရာမေတြကလည္း ယူက်ဴံးမရျဖစ္ၿပီး ငိုၾကတယ္။ ေက်ာင္းစာလည္းေတာ္ၿပီး လိမၼာေရးျခားရွိတဲ့ ကေလးေသသြားေတာ့ မိဘ တစ္ေယာက္အေနနဲ႔ ယူက်ဳံးမရျဖစ္ရတယ္။ အ႐ူးတစ္ေယာက္လိုပဲ။ ျပန္ရွင္လာမွာမဟုတ္ေတာ့တဲ့အတြက္ တရားနဲ႔ပဲ ေျဖေနပါတယ္။ စိတ္ထဲေတာ့ ဘယ္ေကာင္းမလဲ” ဟု ေသဆုံးသူ၏ မိခင္ျဖစ္သူက ဆက္လက္ေျပာၾကား သည္။

ဓာတ္လိုက္ေသဆုံးခဲ့ေသာ ေမာင္မ်ိဳးမင္းထြန္း (၁၃ ႏွစ္) သည္ ေတာင္ဥကၠလာပၿမိဳ႕နယ္ (၇) ရပ္ကြက္ ရွင္သိဒၶိ ၁၁ လမ္း (ခ)တြင္ ေနထိုင္သူျဖစ္ၿပီး ဖခင္ ဦးဆန္းေငြႏွင့္ မိခင္ေဒၚေအးျမင့္တို႔၏ ေမြးခ်င္း ေျခာက္ဦးရွိသည့္အနက္ ငါးဦးေျမာက္ ကေလးျဖစ္ေၾကာင္း သိရသည္။

ဓာတ္လိုက္ေသဆုံးသူ၏ ႐ုပ္အေလာင္းကို ဇူလိုင္ ၁၅ ရက္ ညေန ၅ နာရီတြင္ ေရေ၀းသုသာန္တြင္ သၿဂႋဳဟ္မည္ျဖစ္ေၾကာင္း သိရသည္။
Unicodeျဖင့္ဖတ္ရန္
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ချယ်ရီဥယျာဉ်အိမ်ရာအနီး သံသုမာလမ်းမပေါ်၌ အဋ္ဌမတန်းကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုတွင် ဓာတ်ကြိုးပြတ်ကျနေသည်ဟု ပြည်သူတစ်ဦးက ဖုန်းဆက်အကြောင်းကြားစဉ် ရုံးဖုန်းလိုင်း မအားခြင်းဖြစ်ဖွယ်ရှိကြောင်း ဇူလိုင် ၁၄ ရက် က မြို့နယ်လျှပ်စစ်ရုံးတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

“အခုပြောနေတဲ့ ဓာတ်ကြိုးပြတ်ကျတဲ့အချိန် သတင်းပို့တယ်။ EPC က လာရောက်ခြင်း မရှိဘဲ မီးဖွင့်လို့ ဒီလိုဖြစ်ရတယ်ဆိုတဲ့ အပိုင်းက ဒီလိုရှိတယ်။ အဲဒီကနေ ကျွန်တော်တို့ ရုံးကို သတင်းမပို့ဘူးဗျ။ အဲဒီအချိန်က သံသုမာလမ်းပေါ်ရဲ့ နောက်တစ်နေရာမှာပဲ နန်းကြိုးလိမ်ပြီးပြုတ်နေတယ်လို့ သတင်းပို့တာနဲ့ အဲဒီကိုသွားလုပ်ပေးပြီး မလွတ်တဲ့သစ်ကိုင်းတွေ ရှင်းပေးခဲ့တာ။ အဲဒီနေရာက ကြိုးပြတ်ထားတယ်ဆိုပြီး ရုံးကိုသတင်းမပို့ထားဘူး။ အဲဒီအချိန် ရုံးဖုန်းကိုခေါ်လို့မရဘူး ဆိုတာလည်း အဲဒီအချိန်ကရုံးကို ကွန်ပလိန်းတွေ ဝင်တာများနေလို့ လိုင်းမအားဖြစ်တာနေမှာပါ” ဟု တောင်ဥက္ကလာမြို့နယ် EPC ရုံး၏ တာဝန်ခံဖြစ်သူက ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက “အခင်းဖြစ်တဲ့ဘက်က ဆက်တယ်ဆိုတာက လူသေတော့မှ ဆက်တာ။ ဝန်ထမ်းတစ်ယောက်ကိုပဲ ဖုန်းဆက်တယ်ဆိုတာလည်း ရုံးက တာဝန်ကျ ကောင်လေးကိုဆက်တာ မဟုတ်ဘူး။ အပြင် ရောက်နေတဲ့ကောင်လေးကို ဆက်တာ။ အဲဒီ ကောင်လေးက အကြောင်းပြန်ကြားတော့လည်း လူက သေပြီးသားဖြစ်နေပြီ။ စီစီတီဗွီရှိတဲ့ အိမ်ကလူရဲ့ ဖုန်းကိုလည်း ကျွန်တော်တို့ ယူကြည့်ပြီးပြီ။ ဖုန်းက ၅ နာရီ ၁၃ မိနစ်မှာ ဆက်တာကိုတွေ့ရတယ်။ ဓာတ်လိုက်နေတဲ့ ကောင်လေးကို စီစီတီဗွီမှာ ကြည့်တော့ တီဗွီမှာက ၅ နာရီ ၁ မိနစ်ဖြစ်တယ်။ နောက်ကျပြီးမှ ဆက်တာပါ” ဟု ၎င်းက ဆိုသည်။
အဆိုပါ ဓာတ်လိုက်သေဆုံးမှု ဖြစ်စဉ်အနီးတွင် နေထိုင်သူ ဦးကျော်သင်းအောင်က သံသုမာလမ်းမပေါ်သို့ ဓာတ်ကြိုးပြတ်ကျနေကြောင်း ဇူလိုင် ၁၃ ရက် ညနေ ၃ နာရီကျော်ကတည်းက သတင်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ ခေတ္တသာ လျှပ်စစ်မီးဖြတ်ခဲ့ပြီး ပြတ်ကျနေသော ဓာတ်ကြိုးကို ပြန်လည်တပ်ဆင်ခြင်းမရှိဘဲ မီးပြန်လွှတ်ခဲ့သဖြင့် ကလေးငယ် သေဆုံးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

“ဓာတ်ကြိုးကြီး ပြတ်နေတယ်ဆိုတဲ့ အကြောင်းကို ကျွန်တော် ၃ နာရီခွဲကတည်းက EPC ကို လှမ်းဖုန်းဆက်တယ်။ ဆက်မရလို့ အဲဒီက ဝန်ထမ်းတစ်ယောက်ကို လှမ်းပြောထားပြီးသား။ ဒါကို ဂရုမစိုက်ကြတာ။ ဒီကလေးတစ်ယောက် တည်းဖြစ်သွားတာ ကံကောင်းတာနော်။ အခြားလူတွေလည်း အဲဒီနားမှာ လမ်းလျှောက်နေကြတာ။ ရေတွေကလည်း တက်လာတော့ ဓာတ်ကြိုးကို ဖုံးသွားတာပေါ့။ EPC အနေနဲ့ ဓာတ်ကြိုးပြတ်ကျနေ ရင် မီးကို မလွှတ်သင့်ဘူး။ ဒီလိုင်းကို ပိတ်ကိုပိတ်ရမှာ” ဟု ဓာတ်လိုက်သေဆုံးမှုဖြစ်စဉ်အနီးတွင် နေထိုင်သူ ဦးကျော်သင်းအောင်က ပြောကြားသည်။

ယင်းသို့ ဓာတ်လိုက်သေဆုံးခဲ့သော မောင်မျိုးမင်းထွန်း (၁၃ နှစ်) ၏ မိသားစုအတွက် တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံးက ကူညီငွေ ကျပ် ၁၇ သိန်း ထောက်ပံ့ထားကြောင်း သိရသည်။

“မိသားစုဝင်တွေဆီ သွားရောက်တွေ့ဆုံပြီး ကူညီထောက်ပံ့တာတွေ လုပ်ပေးနေပါတယ်။ အသုဘ၊ ရက်လည်စရိတ် အကုန်လုံးပေါ့။ လက်တလောတော့ ကူညီထောက်ပံ့ငွေ ၁၇ သိန်းနဲ့ သြင်္ဂိုဟ်စရိတ်အပြီးအထိ ကျွန်တော်တို့တာဝန်ယူပေးထားပါတယ်” ဟု တောင်ဥက္ကလာပမြို့နယ် EPC ရုံး၏ တာဝန်ခံဖြစ်သူက ပြောကြားသည်။

ဓာတ်လိုက်သေဆုံးခဲ့သူ၏ မိသားစုဝင်များက အဆိုပါ သေဆုံးမှုကို ရဲစခန်းတွင် အမှုဖွင့်ထားခြင်း မရှိကြောင်း သိရသည်။ ဇူလိုင် ၁၃ ရက်ညနေ ၅ နာရီက သံသုမာလမ်းမပေါ် ပြတ်ကျနေသာ ဓာတ်ကြိုးနှင့်ထိမိပြီး မောင်မျိုးမင်းထွန်း (၁၃နှစ်) သည် ကျူရှင်တစ်ခုတွင် စာသင်ယူနေခြင်းဖြစ်ကြောင်း သိရသည်။ ကျူရှင်၌ စာသင်ယူနေစဉ် ဗိုက်ဆာသဖြင့် မုန့်ထွက်စားပြီးအပြန် ယခုလို ဓာတ်လိုက်သေဆုံးခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

“အန်တီ့သားလေးက ၅ နာရီဆိုရင် အိမ်ကိုပြန်လာနေကျ။ သူပြန်လာရင် ဗိုက်ဆာတတ်တာကြောင့် ထမင်းအိုးတည်ဖို့ဆန်ဆေးနေတုန်း သိရတာ။ အန်တီရောက်သွားတော့ ကားသမားတွေကို အကူအညီတောင်းပြီး သူတို့ကားနဲ့ပဲ စံပြဆေးရုံခေါ်သွားတာ။ ဆေးရုံကိုပို့တော့ ကလေးက နှုတ်ခမ်းတွေကပြာနှမ်းနေပြီ။ ဆေးရုံမှာ နှလုံးခုန်နှုန်းတွေ စမ်းကြည့်တော့ မရတော့ဘူး။ သေသွားပြီတဲ့” ဟု ဓာတ်လိုက်သေဆုံးသူ အဋ္ဌမတန်းကျောင်းသား ၏မိခင် ဒေါ်အေးမြင့်က ပြောကြားသည်။

သေဆုံးခဲ့သော အဋ္ဌမတန်း ကျောင်းသားသည် တောင်ဥက္ကလာမြို့နယ် အလက (၂) တွင် ပညာသင်ယူနေသူဖြစ်ပြီး ကျောင်းစာတော်၍ လိမ္မာရေးခြားရှိသူဖြစ်ကြောင်း သိရသည်။

“ကလေးက စာလည်းတော်ပြီး အရမ်းလိမ္မာရေးခြားရှိလို့ အားလုံးက ဝိုင်းချစ်ကြတယ်။ ဆရာမတွေကလည်း ယူကျူံးမရဖြစ်ပြီး ငိုကြတယ်။ ကျောင်းစာလည်းတော်ပြီး လိမ္မာရေးခြားရှိတဲ့ ကလေးသေသွားတော့ မိဘ တစ်ယောက်အနေနဲ့ ယူကျုံးမရဖြစ်ရတယ်။ အရူးတစ်ယောက်လိုပဲ။ ပြန်ရှင်လာမှာမဟုတ်တော့တဲ့အတွက် တရားနဲ့ပဲ ဖြေနေပါတယ်။ စိတ်ထဲတော့ ဘယ်ကောင်းမလဲ” ဟု သေဆုံးသူ၏ မိခင်ဖြစ်သူက ဆက်လက်ပြောကြား သည်။

ဓာတ်လိုက်သေဆုံးခဲ့သော မောင်မျိုးမင်းထွန်း (၁၃ နှစ်) သည် တောင်ဥက္ကလာပမြို့နယ် (၇) ရပ်ကွက် ရှင်သိဒ္ဓိ ၁၁ လမ်း (ခ)တွင် နေထိုင်သူဖြစ်ပြီး ဖခင် ဦးဆန်းငွေနှင့် မိခင်ဒေါ်အေးမြင့်တို့၏ မွေးချင်း ခြောက်ဦးရှိသည့်အနက် ငါးဦးမြောက် ကလေးဖြစ်ကြောင်း သိရသည်။

ဓာတ်လိုက်သေဆုံးသူ၏ ရုပ်အလောင်းကို ဇူလိုင် ၁၅ ရက် ညနေ ၅ နာရီတွင် ရေဝေးသုသာန်တွင် သြင်္ဂိုဟ်မည်ဖြစ်ကြောင်း သိရသည်။

Writer: ႐ိႈင္းလင္းေအာင္၊ ေ၀လင္းေအာင္
July 14, 2018
Credit: Eleven