ZawGyiျဖင့္ဖတ္ရန္

တ႐ုတ္နိုင္ငံရဲ့ အလယ္တန္းေက်ာင္း ေက်ာင္းလႊတ္လာခ်ိန္ ေက်ာင္းသားကေလး ၉ ဦးကို ဓါးနဲ႔ထိုးသတ္ခဲ့သူ အသက္ ၂၈ ႏွစ္အရြယ္ အမ်ိဳးသားကို ရွန္းဇီျပည္နယ္တရား႐ုံးက ေသဒဏ္က်ခံရန္ အမိန႔္ခ်မွတ္လိုက္ပါတယ္။

Zhao Zewei အမည္ရတဲ့ အမ်ိဳးသားဟာ ၿပီးခဲ့တဲ့ ဧၿပီလတုန္းက သူငယ္စဥ္က တက္ခဲ့ဖူးတဲ့ အလယ္တန္းေက်ာင္းရဲ့ ေရွ႕မွာ ဓားကိုင္ကာ ေစာင့္ေနခဲ့ၿပီး ေက်ာင္းလႊတ္ခ်ိန္ ကေလးေတြ ေျပးထြက္လာတဲ့အခါ သူ႔မ်က္စိေရွ႕ ေတြ႕သမၽွ ကေလးတိုင္းကို ဓားနဲ႔ထိုးခဲ့သျဖင့္ ကေလး ၁၀ ဦး ေသဆုံးခဲ့ၿပီး ကေလး ၁၉ ေယာက္ ဒဏ္ရာေတြရရွိခဲ့ပါတယ္။

Zhao Zewei ကို ရဲမ်ားက ဖမ္းဆီးၿပီး စစ္ေဆးေမးျမန္းတဲ့အခါ သူငယ္စဥ္က အဆိုပါေက်ာင္းမွာ ေက်ာင္းတက္ခဲ့စဥ္ သူ႔ကို အတန္းေဖာ္ေတြက အနိုင္က်င့္တာေတြ ခံခဲ့ရပါတယ္။ အဲဒီစိတ္ဒဏ္ရာက ဆယ္စုႏွစ္ေက်ာ္ ၾကာသြားသည့္တိုင္ သူ႔စိတ္ထဲမွာ ရန္ၿငိဳးမေၿပ လက္စားေခ်လိုစိတ္ေတြ ကိန္းေအာင္ေနခဲ့ပါတယ္။

ေနာက္ဆုံးမွာ Zhao Zewei ဟာ ဓား ၅ လက္ကို အြန္လိုင္းမွ ဝယ္ယူခဲ့ၿပီး သူ႔ကိုအနိုင္က်င့္ခဲ့တဲ့ သူေတြကို လက္စားေခ်ဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ရန္ၿငိဳးကို ေျဖေဖ်ာက္ဖို႔ စိတ္ထြက္ေပါက္ ရွာမေတြ႕တဲ့အဆုံး အဲဒီေက်ာင္းေရွ႕ကို ျပန္သြားၿပီး ေတြ႕ကရာ ေက်ာင္းသားကေလးေတြကို ဓားနဲ႔ ထိုးသတ္ခဲ့တယ္လို႔ ထြက္ဆိုခဲ့ေၾကာင္း တရား႐ုံးက ေျပာၾကားခဲ့ပါတယ္။

အဆိုပါျပစ္မွုအတြက္ Zhao Zewei ကို ေသဒဏ္က်ခံရန္ အမိန႔္ခ်ခဲ့ၿပီး ျပစ္ဒဏ္ေလ်ာ့ေပါ့ရန္ အသနားခံစာတင္ထားေၾကာင္း သိရွိရသည္။

UniCodeဖြင့်ဖတ်ရန်

တရုတ်နိုင်ငံရဲ့ အလယ်တန်းကျောင်း ကျောင်းလွှတ်လာချိန် ကျောင်းသားကလေး ၉ ဦးကို ဓါးနဲ့ထိုးသတ်ခဲ့သူ အသက် ၂၈ နှစ်အရွယ် အမျိုးသားကို ရှန်းဇီပြည်နယ်တရားရုံးက သေဒဏ်ကျခံရန် အမိန့်ချမှတ်လိုက်ပါတယ်။

Zhao Zewei အမည်ရတဲ့ အမျိုးသားဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက သူငယ်စဉ်က တက်ခဲ့ဖူးတဲ့ အလယ်တန်းကျောင်းရဲ့ ရှေ့မှာ ဓားကိုင်ကာ စောင့်နေခဲ့ပြီး ကျောင်းလွှတ်ချိန် ကလေးတွေ ပြေးထွက်လာတဲ့အခါ သူ့မျက်စိရှေ့ တွေ့သမျှ ကလေးတိုင်းကို ဓားနဲ့ထိုးခဲ့သဖြင့် ကလေး ၁၀ ဦး သေဆုံးခဲ့ပြီး ကလေး ၁၉ ယောက် ဒဏ်ရာတွေရရှိခဲ့ပါတယ်။

Zhao Zewei ကို ရဲများက ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းတဲ့အခါ သူငယ်စဉ်က အဆိုပါကျောင်းမှာ ကျောင်းတက်ခဲ့စဉ် သူ့ကို အတန်းဖော်တွေက အနိုင်ကျင့်တာတွေ ခံခဲ့ရပါတယ်။ အဲဒီစိတ်ဒဏ်ရာက ဆယ်စုနှစ်ကျော် ကြာသွားသည့်တိုင် သူ့စိတ်ထဲမှာ ရန်ငြိုးမပြေ လက်စားချေလိုစိတ်တွေ ကိန်းအောင်နေခဲ့ပါတယ်။

နောက်ဆုံးမှာ Zhao Zewei ဟာ ဓား ၅ လက်ကို အွန်လိုင်းမှ ဝယ်ယူခဲ့ပြီး သူ့ကိုအနိုင်ကျင့်ခဲ့တဲ့ သူတွေကို လက်စားချေဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ရန်ငြိုးကို ဖြေဖျောက်ဖို့ စိတ်ထွက်ပေါက် ရှာမတွေ့တဲ့အဆုံး အဲဒီကျောင်းရှေ့ကို ပြန်သွားပြီး တွေ့ကရာ ကျောင်းသားကလေးတွေကို ဓားနဲ့ ထိုးသတ်ခဲ့တယ်လို့ ထွက်ဆိုခဲ့ကြောင်း တရားရုံးက ပြောကြားခဲ့ပါတယ်။

အဆိုပါပြစ်မှုအတွက် Zhao Zewei ကို သေဒဏ်ကျခံရန် အမိန့်ချခဲ့ပြီး ပြစ်ဒဏ်လျော့ပေါ့ရန် အသနားခံစာတင်ထားကြောင်း သိရှိရသည်။

Credit: Popolay

 

LEAVE A REPLY