ZawGyiျဖင့္ဖတ္ရန္
စူပါတုိင္ဖြန္းမုန္တိုင္း မာရီယာဟာ ဒီေန႔ ဇူလုိင္ ၁၁ ရက္ အေစာပိုင္းမွာ တ႐ုတ္ႏုိင္ငံ အေရွ႕ပိုင္း ဖူက်န္းျပည္နယ္ လ်န္က်င္းၿမိဳ႕ကေနတဆင့္ ကုန္းတြင္းကို ဝင္ေရာက္ေနပါတယ္။

မုန္တိုင္းဟာ တနာရီ ေလတိုက္ႏႈန္း ၉၄ မိုင္နဲ႔ ဝင္ေရာက္ခဲ့တယ္လို႔ ေဒသခံ မိုးေလဝသ အာဏာပိုင္ေတြက ေျပာပါတယ္။

စန္းရွၿမိဳ႕မွာေတာ့ မုန္တိုင္းဒီေရက ေပ ၃၀ ေက်ာ္ ျမင့္တက္ခဲ့တာပါ။ ဒါေၾကာင့္ ေဆာက္လုပ္ဆဲ ကမ္း႐ုိးတန္းပတ္ အေဝးေျပးလမ္း ပ်က္စီးခဲ့ပါတယ္။

အာဏာပိုင္ေတြက ဇူလုိင္ ၁၀ ရက္ေန႔မွာ အေရးေပၚတုံ႔ျပန္ေရး သတိေပးခ်က္ကို အဆင့္ျမင့္ဆံုးအထိ တိုးျမႇင့္ခဲ့ပါတယ္။

အခုႏွစ္အတြင္း ၈ ခုေျမာက္ တိုင္ဖြန္းမုန္တိုင္းျဖစ္တဲ့ စူပါတိုင္ဖြန္း မာရီယာဟာ ဇူလိုင္ ၁၀ ရက္ ညေန ၅ နာရီမွာ သာမန္တိုင္ဖြန္းအျဖစ္ အင္အားေလ်ာ့နည္းလာခဲ့ပါတယ္။ အဲဒီေနာက္ မူလလမ္းေၾကာင္းကေန တနာရီ ၃၀ ကီလိုမီတာႏႈန္းနဲ႔ အေနာက္ေျမာက္ဘက္ကို ေရြ႕လ်ားခဲ့ပါတယ္။

အခုအခါ မုန္တိုင္းစတင္ဝင္ေရာက္ရာ ဖူက်န္းျပည္နယ္မွာ ေက်ာင္းေတြကို ပိတ္ထားၿပီး ဒီေန႔အေစာပိုင္းအတြက္ ႐ုံးေတြနဲ႔ စက္႐ုံေတြကိုပါ ပိတ္ထားခဲ့တာပါ။

ေလေၾကာင္းခရီးစဥ္ အေတာ္မ်ားမ်ားအျပင္ ရထားနဲ႔ ကုတို႔ယာဥ္ ဝန္ေဆာင္မႈေတြကိုလည္း ရပ္နားထားပါတယ္။

မုန္တိုင္းမဝင္ခင္တည္းက ျပဳျပင္ထိန္းသိမး္ေရး လုပ္သားေတြက ေရထြက္ေပါက္ေတြ၊ ေရေျမာင္းေတြကို ရွင္းထားၿပီး လမ္းေဘးသစ္ပင္ေတြ မလဲေအာင္ အားျဖည့္ ေထာက္မထားသလို ေရေဘးထိန္းခ်ဳပ္ေရး ပစၥည္းေတြကိုပါ အသင့္ျပင္ထားပါတယ္။
UniCodeဖြင့်ဖတ်ရန်
စူပါတိုင်ဖွန်းမုန်တိုင်း မာရီယာဟာ ဒီနေ့ ဇူလိုင် ၁၁ ရက် အစောပိုင်းမှာ တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန်းပြည်နယ် လျန်ကျင်းမြို့ကနေတဆင့် ကုန်းတွင်းကို ဝင်ရောက်နေပါတယ်။

မုန်တိုင်းဟာ တနာရီ လေတိုက်နှုန်း ၉၄ မိုင်နဲ့ ဝင်ရောက်ခဲ့တယ်လို့ ဒေသခံ မိုးလေဝသ အာဏာပိုင်တွေက ပြောပါတယ်။

စန်းရှမြို့မှာတော့ မုန်တိုင်းဒီရေက ပေ ၃၀ ကျော် မြင့်တက်ခဲ့တာပါ။ ဒါကြောင့် ဆောက်လုပ်ဆဲ ကမ်းရိုးတန်းပတ် အဝေးပြေးလမ်း ပျက်စီးခဲ့ပါတယ်။

အာဏာပိုင်တွေက ဇူလိုင် ၁၀ ရက်နေ့မှာ အရေးပေါ်တုံ့ပြန်ရေး သတိပေးချက်ကို အဆင့်မြင့်ဆုံးအထိ တိုးမြှင့်ခဲ့ပါတယ်။

အခုနှစ်အတွင်း ၈ ခုမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်တဲ့ စူပါတိုင်ဖွန်း မာရီယာဟာ ဇူလိုင် ၁၀ ရက် ညနေ ၅ နာရီမှာ သာမန်တိုင်ဖွန်းအဖြစ် အင်အားလျော့နည်းလာခဲ့ပါတယ်။ အဲဒီနောက် မူလလမ်းကြောင်းကနေ တနာရီ ၃၀ ကီလိုမီတာနှုန်းနဲ့ အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပါတယ်။

အခုအခါ မုန်တိုင်းစတင်ဝင်ရောက်ရာ ဖူကျန်းပြည်နယ်မှာ ကျောင်းတွေကို ပိတ်ထားပြီး ဒီနေ့အစောပိုင်းအတွက် ရုံးတွေနဲ့ စက်ရုံတွေကိုပါ ပိတ်ထားခဲ့တာပါ။

လေကြောင်းခရီးစဉ် အတော်များများအပြင် ရထားနဲ့ ကုတို့ယာဉ် ဝန်ဆောင်မှုတွေကိုလည်း ရပ်နားထားပါတယ်။

မုန်တိုင်းမဝင်ခင်တည်းက ပြုပြင်ထိန်းသိမ်းရေး လုပ်သားတွေက ရေထွက်ပေါက်တွေ၊ ရေမြောင်းတွေကို ရှင်းထားပြီး လမ်းဘေးသစ်ပင်တွေ မလဲအောင် အားဖြည့် ထောက်မထားသလို ရေဘေးထိန်းချုပ်ရေး ပစ္စည်းတွေကိုပါ အသင့်ပြင်ထားပါတယ်။
Credit; DVB