ZawGyiျဖင့္ဖတ္ရန္
ရန္ကုန္တိုင္း၊ တိုက္ႀကီးၿမိဳ႕နယ္ ပိုက္္လုံးစုေက်းရြာမွာ ဇူလိုင္ ၄ ရက္ေန႔ညေနက ေမာင္ႏွမ ၂ ေယာက္ ေစ်းကအျပန္ ဂ်ိဳးျဖဴပိုက္လုံးေဘး ေပါက္ကြဲမႈေၾကာင့္ အကိုေသဆုံးၿပီး ညီမျဖစ္သူ ရန္ကုန္ကေလးေဆး႐ံုမွာ ေဆးကုသေနခ်ိန္ မိုးႀကိဳးထိမွန္ေသဆုံးတယ္လို႔ မမွန္ သတင္းထြက္ေနတဲ့အေပၚ သက္ဆိုင္ရာက စုံစမ္းေပးေစခ်င္တယ္လို႔ မိဘေတြက ေျပာပါတယ္။

ဖခင္ျဖစ္သူ ကုိေဇာ္မင္းဦးက “ျဖစ္တဲ့အခ်ိန္မွာ က်ေနာ္က အလုပ္သြားေနတာ။ ကေလးေတြျဖစ္လို႔ ဖုန္းဆက္အေၾကာင္းၾကားတာနဲ႔ ရြာကို ျပန္လာခ်ိန္လမ္းမွာ ကေလးေတြကို ေဆး႐ံုေခၚသြားတာနဲ႔ ေဆး႐ံုကို ျပန္လိုက္သြားတာ။ ေဆး႐ံုေရာက္ေတာ့ သားနဲ႔သမီးကို ျမင္ရခ်ိန္မွာ သားရဲ႕နဖူးမွာ အေပါက္ႀကီးျဖစ္ၿပီး တကိုယ္လုံးဇကာေပါက္လို ဒဏ္ရာေတြနဲ႔ သမီးမွာလည္း ရင္အုံေအာက္မွာ အေပါက္ျဖစ္ၿပီး တကိုယ္လုံး ဒဏ္ရာေတြနဲ႔ ေဆး႐ံုကိုပို႔တဲ့ အခ်ိန္မွာ သားကလမ္းမွာ ဆုံးသြားတယ္၊ သမီးကေတာ့ အခုေဆး႐ံုမွာ။ က်ေနာ္တို႔ျပန္မလာ ႏိုင္တဲ့အခ်ိန္မွာ ကေလးေတြက မိုးႀကိဳးပစ္ခံရၿပီးေသတယ္လို႔ သတင္းေတြထြက္ေနတယ္။ က်ေန့ာ္သားနဲ႔သမီးက မိုးႀကိဳးပစ္ခံရတာမဟုတ္ပါဘူး။ ဒါေၾကာင့္ သက္ဆိုင္ရာ ဌာနဆိုင္ရာ ေတြက အမွန္တရား ေပၚေပါက္ေအာင္ စံုစမ္းေပးေစခ်င္ပါတယ္” လို႔ေျပာပါတယ္။36952500_608709599528753_8823172915563331584_n

ျဖစ္ပြားခ်ိန္ မ်က္ျမင္ေတြ႔သူ ကိုေက်ာ္ရွိန္းက “ကေလးေတြ ေစ်းဝယ္ျပန္လာတဲ့အခ်ိန္မွာ က်ေနာ္နဲ႔ေရွာင္ၿပီး ေပ ၁ဝဝ ေလာက္အကြာေရာက္ေတာ့ မိုးေပၚကေန ရႊီးဆိုတဲ့ အသံၾကားၿပီး ေပါက္ကြဲေတာ့ က်ေနာ္လည္း လန္႔သြားတယ္။ မီးခိုးလုံးႀကီးထြက္လာခ်ိန္ ကေလးေတြကို လွည့္ၾကည့္ေတာ့ အေမေရ အေမေရေအာ္ၿပီး ကေလးႏွစ္ေယာက္စလုံး လဲက်သြာတယ္။ ကေလးေတြကို ၾကည့္လိုက္ေတာ့ တကိုယ္လုံး ဒဏ္ရာေတြနဲ႔ ပတ္ဝန္းက်င္ကို အကူအညီ ေတာင္းၿပီး ေဆး႐ံုပို႔ေပးခဲ့တယ္။ အုပ္ခ်ဴပ္ေရးမႉးနဲ႔ ရဲေတြေရာက္လာၿပီး စစ္ေဆးတာေတြ လုပ္ေတာ့ ပိုက္လုံးေဘးက အပင္ေတြနဲ႔ အိမ္နံရံေတြမွာ သတၱဳအစေတြ အမ်ားႀကီးေတြ႔တယ္။ ေနာက္ရက္ကို စစ္တပ္ကလည္းလာၿပီး စစ္ေဆးတာေတြ လုပ္တယ္။ က်ေနာ္တို႔ကို အေၾကာင္းျပန္မယ္ေျပာခဲ့ၿပီး ခုခ်ိန္ထိ ဘာမွ အေၾကာင္းမျပန္ေသးပါဘူး” လို႔ေျပာပါတယ္။

လိေမၼာ္ၿခံေက်းရြာ အုပ္ခ်ဴပ္ေရးမႉးဦးခင္ေဇာ္က “ညေနဘက္ ကေလးေတြ ျဖစ္တယ္ဆိုတဲ့ သတင္းၾကားၾကားခ်င္း က်ေနာ္ေရာက္သြားေတာ့ ပတ္ဝန္းက်င္က မိုးႀကိဳးပစ္တာလို႔ေျပာလို႔ က်ေနာ္လည္း ၿမိဳ႕နယ္အုပ္ခ်ဴပ္ေရးပိုင္းကို ထူးျခားျဖစ္စဥ္ေရးတင္လိုက္တယ္။ ေနာက္ေန႔ မသကၤာလို႔ အခင္းျဖစ္တဲ့ ေနရာကိုသြားႀကည့္ေတာ့ သတၱဳလို႔ယူစရတဲ့ အစေတြေတြ႔လို႔ ရဲစခန္းကို အေၾကာင္းၾကားၿပီးပို႔ထားပါတယ္။ ၂၇ ရက္ေန႔က်ရင္ေတာ့ အေျဖသိမယ္လို႔ ရဲစခန္းက အေၾကာင္းျပန္ထားတယ္” လို႔ေျပာပါတယ္။

ဇူလိူင္လ ၄ ရက္ေန႔ညေန ကပိုက္လုံးစုေက်းရြာမွ ေမာင္ဟိန္းမင္းျမတ္ ၉ ႏွစ္နဲ႔ ညီမျဖစ္သူ မခ်မ္းေျမ့လြင္တို႔ ေစ်းဝယ္ျပန္လာစဥ္ ဂ်ဳိးျဖဴပိုက္လုံးအနီး ေပါက္ကြက္မႈေၾကာင့္ အကိုျဖစ္သူ ေသဆုံးခဲ့ၿပီး ညီမျဖစ္သူမွာ ရန္ကုန္ကေလးေဆး႐ံုႀကီးမွာ ေဆးကုသမႈ ခံယူေနရပါတယ္။ ကေလး ၂ ဦးအတြက္ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက သြားေရာက္ ကူညီေပးခဲ့တယ္လို႔ သိရပါတယ္။
UniCodeဖြင့်ဖတ်ရန်
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ပိုက်လုံးစုကျေးရွာမှာ ဇူလိုင် ၄ ရက်နေ့ညနေက မောင်နှမ ၂ ယောက် ဈေးကအပြန် ဂျိုးဖြူပိုက်လုံးဘေး ပေါက်ကွဲမှုကြောင့် အကိုသေဆုံးပြီး ညီမဖြစ်သူ ရန်ကုန်ကလေးဆေးရုံမှာ ဆေးကုသနေချိန် မိုးကြိုးထိမှန်သေဆုံးတယ်လို့ မမှန် သတင်းထွက်နေတဲ့အပေါ် သက်ဆိုင်ရာက စုံစမ်းပေးစေချင်တယ်လို့ မိဘတွေက ပြောပါတယ်။

ဖခင်ဖြစ်သူ ကိုဇော်မင်းဦးက “ဖြစ်တဲ့အချိန်မှာ ကျနော်က အလုပ်သွားနေတာ။ ကလေးတွေဖြစ်လို့ ဖုန်းဆက်အကြောင်းကြားတာနဲ့ ရွာကို ပြန်လာချိန်လမ်းမှာ ကလေးတွေကို ဆေးရုံခေါ်သွားတာနဲ့ ဆေးရုံကို ပြန်လိုက်သွားတာ။ ဆေးရုံရောက်တော့ သားနဲ့သမီးကို မြင်ရချိန်မှာ သားရဲ့နဖူးမှာ အပေါက်ကြီးဖြစ်ပြီး တကိုယ်လုံးဇကာပေါက်လို ဒဏ်ရာတွေနဲ့ သမီးမှာလည်း ရင်အုံအောက်မှာ အပေါက်ဖြစ်ပြီး တကိုယ်လုံး ဒဏ်ရာတွေနဲ့ ဆေးရုံကိုပို့တဲ့ အချိန်မှာ သားကလမ်းမှာ ဆုံးသွားတယ်၊ သမီးကတော့ အခုဆေးရုံမှာ။ ကျနော်တို့ပြန်မလာ နိုင်တဲ့အချိန်မှာ ကလေးတွေက မိုးကြိုးပစ်ခံရပြီးသေတယ်လို့ သတင်းတွေထွက်နေတယ်။ ကျနေ့ာ်သားနဲ့သမီးက မိုးကြိုးပစ်ခံရတာမဟုတ်ပါဘူး။ ဒါကြောင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တွေက အမှန်တရား ပေါ်ပေါက်အောင် စုံစမ်းပေးစေချင်ပါတယ်” လို့ပြောပါတယ်။

ဖြစ်ပွားချိန် မျက်မြင်တွေ့သူ ကိုကျော်ရှိန်းက “ကလေးတွေ ဈေးဝယ်ပြန်လာတဲ့အချိန်မှာ ကျနော်နဲ့ရှောင်ပြီး ပေ ၁ဝဝ လောက်အကွာရောက်တော့ မိုးပေါ်ကနေ ရွှီးဆိုတဲ့ အသံကြားပြီး ပေါက်ကွဲတော့ ကျနော်လည်း လန့်သွားတယ်။ မီးခိုးလုံးကြီးထွက်လာချိန် ကလေးတွေကို လှည့်ကြည့်တော့ အမေရေ အမေရေအော်ပြီး ကလေးနှစ်ယောက်စလုံး လဲကျသွာတယ်။ ကလေးတွေကို ကြည့်လိုက်တော့ တကိုယ်လုံး ဒဏ်ရာတွေနဲ့ ပတ်ဝန်းကျင်ကို အကူအညီ တောင်းပြီး ဆေးရုံပို့ပေးခဲ့တယ်။ အုပ်ချူပ်ရေးမှူးနဲ့ ရဲတွေရောက်လာပြီး စစ်ဆေးတာတွေ လုပ်တော့ ပိုက်လုံးဘေးက အပင်တွေနဲ့ အိမ်နံရံတွေမှာ သတ္တုအစတွေ အများကြီးတွေ့တယ်။ နောက်ရက်ကို စစ်တပ်ကလည်းလာပြီး စစ်ဆေးတာတွေ လုပ်တယ်။ ကျနော်တို့ကို အကြောင်းပြန်မယ်ပြောခဲ့ပြီး ခုချိန်ထိ ဘာမှ အကြောင်းမပြန်သေးပါဘူး” လို့ပြောပါတယ်။

လိမ္မော်ခြံကျေးရွာ အုပ်ချူပ်ရေးမှူးဦးခင်ဇော်က “ညနေဘက် ကလေးတွေ ဖြစ်တယ်ဆိုတဲ့ သတင်းကြားကြားချင်း ကျနော်ရောက်သွားတော့ ပတ်ဝန်းကျင်က မိုးကြိုးပစ်တာလို့ပြောလို့ ကျနော်လည်း မြို့နယ်အုပ်ချူပ်ရေးပိုင်းကို ထူးခြားဖြစ်စဉ်ရေးတင်လိုက်တယ်။ နောက်နေ့ မသင်္ကာလို့ အခင်းဖြစ်တဲ့ နေရာကိုသွားကြည့်တော့ သတ္တုလို့ယူစရတဲ့ အစတွေတွေ့လို့ ရဲစခန်းကို အကြောင်းကြားပြီးပို့ထားပါတယ်။ ၂၇ ရက်နေ့ကျရင်တော့ အဖြေသိမယ်လို့ ရဲစခန်းက အကြောင်းပြန်ထားတယ်” လို့ပြောပါတယ်။

ဇူလိူင်လ ၄ ရက်နေ့ညနေ ကပိုက်လုံးစုကျေးရွာမှ မောင်ဟိန်းမင်းမြတ် ၉ နှစ်နဲ့ ညီမဖြစ်သူ မချမ်းမြေ့လွင်တို့ ဈေးဝယ်ပြန်လာစဉ် ဂျိုးဖြူပိုက်လုံးအနီး ပေါက်ကွက်မှုကြောင့် အကိုဖြစ်သူ သေဆုံးခဲ့ပြီး ညီမဖြစ်သူမှာ ရန်ကုန်ကလေးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ကလေး ၂ ဦးအတွက် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက သွားရောက် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
သတင္း-ေမသြယ္
Credit: DVB

LEAVE A REPLY