5

ZawGyiျဖင့္ဖတ္ရန္
႐ႈခင္းသာရွိ လမ္းေဘး ေရေျမာင္းအတြင္း ဒဏ္ရာမ်ား ျဖင့္ ေသဆံုးေနသည့္ အသက္ (၃၉)ႏွစ္အရြယ္ အမ်ိဳးသားအ ေလာင္း ေတြ႕ရွိသျဖင့္ လူသတ္မႈျဖင့္အမႈဖြင့္ကာ ျပစ္မႈက်ဴးလြန္ သူကို စံုစမ္းေနေၾကာင္း အေရွ႕ ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ ဦးက ေျပာသည္။

သာေကတၿမိဳ႕နယ္ ၁၀/ ေတာင္ (၁၄) ရပ္ကြက္ရွိ လမ္း ေဘးေရေျမာင္းအတြင္း အမ်ိဳး သားတစ္ဦး ျပဳတ္က်ေနသည္ကို ဇူလိုင္ ၇ ရက္ နံနက္အေစာပိုင္း တြင္ ရပ္ကြက္ေနသူမ်ားက ေတြ႕ရွိၿပီး ရန္ကုန္တိုင္းရဲတပ္ဖြဲ႕႐ံုးရွိ 199 Call Center သို႔ အေၾကာင္း ၾကားခဲ့ေၾကာင္း ၎ကဆိုသည္။

ေသဆံုးသူသည္ သာေကတ ၿမိဳ႕နယ္ ၁၀/ ေတာင္ (၁၃) ရပ္ ကြက္တြင္ ေနထိုင္သည့္ ကိုမင္း မင္းေအာင္ဆိုသူျဖစ္သည္ဟု သာ ေကတနယ္ေျမရဲစခန္းမွ ရဲအရာ ရွိတစ္ဦးက ေျပာသည္။

‘‘အေလာင္းကို ဘယ္သူစ ေတြ႕လဲဆိုေတာ့ ကြၽန္ေတာ္တို႔ မသိဘူး။ ကြၽန္ေတာ္တို႔က 199 သတင္းအရ သြားစစ္တာ။ ေသ တဲ့သူက ဒရမ္တီးတယ္လို႔ေတာ့ ေျပာတယ္။ ဘယ္တီးဝိုင္းမွာတီး လဲဆိုတာေတာ့ သူ႔မိသားစုဝင္ ေတြကိုက မသိတာ။ တရားခံက ေတာ့ မိမွာပါ၊ မၾကာပါဘူး’’ ဟု ၎ကဆိုသည္။

ေသဆံုးသူ၏ အေလာင္း ကို စစ္ေဆးရာ ဦးေခါင္း၊ နဖူးႏွင့္ လည္ပင္းတြင္ ဒဏ္ရာမ်ား ရရွိကာ ေရေျမာင္းစပ္၌ ေမွာက္လ်က္အေနအထားျဖင့္ ေသဆံုးေနေၾကာင္း ရဲအရာရွိကရွင္းျပသည္။

အေလာင္းေတြ႕ရွိသည့္ ေန ရာအနီး ကြန္ကရစ္လမ္းမေပၚ တြင္ ေသြးကြက္မ်ား၊ လံုးပတ္ ၁၄ လက္မခန္႔ရွိ ေက်ာက္ခဲတစ္လံုး ႏွင့္ အနက္ေရာင္ ေယာက္်ားစီး ကြင္းထိုးဖိနပ္တစ္ရန္ ေတြ႕ရွိ ေၾကာင္း၊ အေလာင္းကို ရန္ကုန္ ေဆး႐ံုႀကီးသို႔ ပို႔ေဆာင္ထား ေၾကာင္း ရဲမွတ္တမ္း၌ ေဖာ္ျပထားသည္။
UniCodeဖြင့်ဖတ်ရန်
ရှုခင်းသာရှိ လမ်းဘေး ရေမြောင်းအတွင်း ဒဏ်ရာများ ဖြင့် သေဆုံးနေသည့် အသက် (၃၉)နှစ်အရွယ် အမျိုးသားအ လောင်း တွေ့ရှိသဖြင့် လူသတ်မှုဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန် သူကို စုံစမ်းနေကြောင်း အရှေ့ ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ် ဦးက ပြောသည်။

သာကေတမြို့နယ် ၁၀/ တောင် (၁၄) ရပ်ကွက်ရှိ လမ်း ဘေးရေမြောင်းအတွင်း အမျိုး သားတစ်ဦး ပြုတ်ကျနေသည်ကို ဇူလိုင် ၇ ရက် နံနက်အစောပိုင်း တွင် ရပ်ကွက်နေသူများက တွေ့ရှိပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးရှိ 199 Call Center သို့ အကြောင်း ကြားခဲ့ကြောင်း ၎င်းကဆိုသည်။

သေဆုံးသူသည် သာကေတ မြို့နယ် ၁၀/ တောင် (၁၃) ရပ် ကွက်တွင် နေထိုင်သည့် ကိုမင်း မင်းအောင်ဆိုသူဖြစ်သည်ဟု သာ ကေတနယ်မြေရဲစခန်းမှ ရဲအရာ ရှိတစ်ဦးက ပြောသည်။

‘‘အလောင်းကို ဘယ်သူစ တွေ့လဲဆိုတော့ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့က 199 သတင်းအရ သွားစစ်တာ။ သေ တဲ့သူက ဒရမ်တီးတယ်လို့တော့ ပြောတယ်။ ဘယ်တီးဝိုင်းမှာတီး လဲဆိုတာတော့ သူ့မိသားစုဝင် တွေကိုက မသိတာ။ တရားခံက တော့ မိမှာပါ၊ မကြာပါဘူး’’ ဟု ၎င်းကဆိုသည်။

သေဆုံးသူ၏ အလောင်း ကို စစ်ဆေးရာ ဦးခေါင်း၊ နဖူးနှင့် လည်ပင်းတွင် ဒဏ်ရာများ ရရှိကာ ရေမြောင်းစပ်၌ မှောက်လျက်အနေအထားဖြင့် သေဆုံးနေကြောင်း ရဲအရာရှိကရှင်းပြသည်။

အလောင်းတွေ့ရှိသည့် နေ ရာအနီး ကွန်ကရစ်လမ်းမပေါ် တွင် သွေးကွက်များ၊ လုံးပတ် ၁၄ လက်မခန့်ရှိ ကျောက်ခဲတစ်လုံး နှင့် အနက်ရောင် ယောက်ျားစီး ကွင်းထိုးဖိနပ်တစ်ရန် တွေ့ရှိ ကြောင်း၊ အလောင်းကို ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ထား ကြောင်း ရဲမှတ်တမ်း၌ ဖော်ပြထားသည်။
Credit: 7Day