Zawgyiျဖင့္ဖတ္ရန္

 

ဇူလုိင္လ ၁၃ ရက္ေန႔ ညေန ၅ နာရီ ေလာက္က ေတာင္ဥကၠလာၿမိဳ႕နယ္ သံသုမာလမ္းေပၚမွာ ျပတ္က်ေနတဲ့ ဓါတ္ၾကိဳးေပၚကုိ ကေလးတစ္ေယာက္ ထိမိျပီး ေနရာမွာတင္ ေသဆုံးမႈတစ္ခု ျဖစ္ပြားခဲ့ပါတယ္။

ေသဆုံးခ်ိန္မွာ လမ္းေပၚမွာ ေရလွ်ံေနခဲ့ၿပီး ဓါတ္ႀကိဳးကေတာ့ ညေန ၃ နာရီ ခြဲေလာက္အခ်ိန္ ကတည္းက ျပတ္က်ေနခဲ့တာျဖစ္တယ္လုိ႔ မ်က္ျမင္သက္ေသျဖစ္တဲ့ ကုိေက်ာ္ထက္လူက ေျပာပါတယ္။

“ဓါတ္ၾကိဳးကေန ညေန ၃ နာရီခြဲေလာက္ထဲက ျပတ္က်ေနတာ ကြ်န္ေတာ္တုိ႔ေတာင္လွမ္းၿပီး EPC ကုိေျပာေသးတယ္။ ကုိယ့္အိမ္ေရွ႕တည့္တည့္မွာ ျဖစ္ေနေတာ့ စုိးရိမ္ျပီးလွမ္းေျပာတာ၊ ကေလးက ျဖစ္တာ ၅ နာရီေလာက္ျဖစ္တာ၊ လဲက်ေနတာ အၾကာႀကီးပဲ ဘယ္သူမွလည္းသြားမယူရဲဘူးေလ၊ ၁၅ မိနစ္ေလာက္ၾကာမွ မိဘေတြက လာျပီး ယူသြားၾကတယ္” လုိ႔ ကုိေက်ာ္ထက္လူကေျပာပါတယ္။

ဓါတ္လုိက္တဲ့ ကေလးကုိေတာ့ စံျပေဆးရုံကုိ ပုိ႔ခဲ့ေပမယ့္ ဓါတ္လုိက္တဲ့ အခ်ိန္ကတည္းက ဆုံးပါးေနခဲ့တာျဖစ္တယ္လုိ႔ EPC တာ၀န္ရွိသူက ေျပာပါတယ္။

“ကေလးကေတာ့ေနရာမွာတင္ဆုံးသြားပါတယ္။ ကြ်န္ေတာ္တုိ႔လည္း ျပတ္က်ေနတဲ့ ဓါတ္ႀကိဳးေတြကုိ ျပန္လည္ျပဳျပင္ခဲ့ပါတယ္။ ေနာက္ ဘာဆက္လုပ္ရမလဲေတာ့ လူၾကီးေတြပဲသိပါလိမ့္မယ္။”လုိ႔ ေတာင္ဥကၠလာၿမိဳ႕နယ္ လွ်ပ္စစ္ရုံးက ကြ်မ္းက်င္အမွတ္ ၃ တာဝန္ရွိသူ ဦးသန္းဝင္းက ဓူဝံကုိေျပာပါတယ္။

Credit:Duwun

Unicodeဖြင့်ဖတ်ရန်

သံသုမာလမ်းမပေါ်ပြတ်ကျနေတဲ့ ဓါတ်ကြိုးကြောင့် ကလေးတစ်ဦး သေဆုံး

နေရာမှာတင် သေဆုံးသွားတာပါ။

ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၅ နာရီ လောက်က တောင်ဥက္ကလာမြို့နယ် သံသုမာလမ်းပေါ်မှာ ပြတ်ကျနေတဲ့ ဓါတ်ကြိုးပေါ်ကို ကလေးတစ်ယောက် ထိမိပြီး နေရာမှာတင် သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

သေဆုံးချိန်မှာ လမ်းပေါ်မှာ ရေလျှံနေခဲ့ပြီး ဓါတ်ကြိုးကတော့ ညနေ ၃ နာရီ ခွဲလောက်အချိန် ကတည်းက ပြတ်ကျနေခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေဖြစ်တဲ့ ကိုကျော်ထက်လူက ပြောပါတယ်။

“ဓါတ်ကြိုးကနေ ညနေ ၃ နာရီခွဲလောက်ထဲက ပြတ်ကျနေတာ ကျွန်တော်တို့တောင်လှမ်းပြီး EPC ကိုပြောသေးတယ်။ ကိုယ့်အိမ်ရှေ့တည့်တည့်မှာ ဖြစ်နေတော့ စိုးရိမ်ပြီးလှမ်းပြောတာ၊ ကလေးက ဖြစ်တာ ၅ နာရီလောက်ဖြစ်တာ၊ လဲကျနေတာ အကြာကြီးပဲ ဘယ်သူမှလည်းသွားမယူရဲဘူးလေ၊ ၁၅ မိနစ်လောက်ကြာမှ မိဘတွေက လာပြီး ယူသွားကြတယ်” လို့ ကိုကျော်ထက်လူကပြောပါတယ်။

ဓါတ်လိုက်တဲ့ ကလေးကိုတော့ စံပြဆေးရုံကို ပို့ခဲ့ပေမယ့် ဓါတ်လိုက်တဲ့ အချိန်ကတည်းက ဆုံးပါးနေခဲ့တာဖြစ်တယ်လို့ EPC တာဝန်ရှိသူက ပြောပါတယ်။

“ကလေးကတော့နေရာမှာတင်ဆုံးသွားပါတယ်။ ကျွန်တော်တို့လည်း ပြတ်ကျနေတဲ့ ဓါတ်ကြိုးတွေကို ပြန်လည်ပြုပြင်ခဲ့ပါတယ်။ နောက် ဘာဆက်လုပ်ရမလဲတော့ လူကြီးတွေပဲသိပါလိမ့်မယ်။”လို့ တောင်ဥက္ကလာမြို့နယ် လျှပ်စစ်ရုံးက ကျွမ်းကျင်အမှတ် ၃ တာဝန်ရှိသူ ဦးသန်းဝင်းက ဓူဝံကိုပြောပါတယ်။

Credit:Duwun