ZawGyiဖြင့်ဖတ်ရန်




Unicodeဖြင့်ဖတ်ရန်
သင်ဇာဝင့်ကျော်လို့ ဆိုလိုက်တာနဲ့ အမြဲလိုလို ယုံကြည်မှုအပြည့်နဲ့ တက်ကြွလန်းဆန်းနေတတ်တဲ့ ဆွဲဆောင်မှုရှိလွန်းသူလေးလို့ ပရိသတ်တွေက လက်ခံထားကြတာပဲ ဖြစ်ပါတယ်။ သင်ဇာကတော့ မနေ့ညက Balance Fitness (3) ဖွင့်ပွဲ အခမ်းအနားကို စွဲမက်ဖွယ်ခန္ဓာကိုယ်အချိုးအစားတွေ ထုတ်ချင်းပေါက်ကိုမြင်နေရတဲ့ အလန်းစားဝတ်စုံလေးကို ဝတ်ဆင်ပြီး ပရိသတ်တွေကို ပွဲဆူအောင် ပြုလုပ်ခဲ့တာပါ။ သူမကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ သူမဘယ်လိုနေနေချစ်နေကြတာဖြစ်ပြီး သူမရဲ့ချစ်သူ Oppa ကတော့ သင်ဇာ့ကို တန်ဖိုးကြီးလက်ဆောင်တွေတောင် ပေးခဲ့တာကိုတွေ့ရတာကြောင့် သူမကို ပိုလို့တောင် အချစ်တွေတိုးလာတယ်လို့ ထင်ရပါတယ်နော်။

သင်ဇာဝင့်ကျော်ရဲ့ Oppa ကတော့ သင်ဇာ့ကို အမြဲလိုလို တန်ဖိုးကြီးလက်ဆောင်တွေပေးလေ့ရှိပြီး ချစ်ရသူလေးကို ပျော်ရွှင်အောင် ဖန်တီးပေးတတ်သူတစ်ဦးပါ။

သင်ဇာကတော့ “Lovely present from Oppa <3” ဆိုပြီး လက်ဆောင်ပစ္စည်းတွေနဲ့အတူ သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ထားတာပဲ ဖြစ်ပါတယ်။

အမြဲလိုလို သူမရဲ့ အလှအပကောက်ကြောင်းတွေကို ယုံကြည်မှုရှိစွာ ချပြတတ်သူလေး သင်ဇာဝင့်ကျော်

မိုမိုလေးချစ်ပရိသတ်တွေလည်း ပရိသတ်တွေရဲ့ အချစ်ကိုသာမက ချစ်သူအိုပါးရဲ့ချစ်ခြင်းမေတ္တာကိုပါ အပြည့်အဝရရှိထားတဲ့ သင်ဇာလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Thinzar Wint Kyaw’s Facebook
Credit: MOMOLAY