ZawGyiျဖင့္ဖတ္ရန္

ကေနဒီယန္အဆိုေတာ္ ဂ်က္စတင္ဘီဘာက ေမာ္ဒယ္ဟာဟာေလးနဲ႔ ေစ့စပ္လိုက္တဲ့သတင္းကေတာ့ အားလံုးကိုအံ့အားသင့္ေစခဲ့ၿပီး ျဖစ္ပါတယ္။ ေနာက္ထပ္ အားလံုးစိတ္ဝင္စားေနၾကတဲ့ တစ္ခုကေတာ့ ဂ်က္စတင္ရဲ႔လက္ေမာင္းေပၚက ဆယ္လီနာဂိုးမက္စ္ရုပ္ပံုထိုးထားတဲ့ တက္တူးအေၾကာင္းပဲျဖစ္ပါတယ္။

ဆယ္လီနာဂိုးမက္စ္ပံုတက္တူးကို ဘယ္ဖက္လက္ေမာင္းေပၚ ထိုးထားတဲ့အေၾကာင္းကို ၂၀၁၂ ခုႏွစ္က ဖြင့္ဟခဲ့တာျဖစ္ပါတယ္။ အဲ့ဒီေနာက္ပိုင္း ႏွစ္ဦးသားျပတ္စဲၿပီးေနာက္ တက္တူးကိုဖံုးအုပ္အစားထိုးဖို႔ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ေပမဲ့ မေအာင္ျမင္ခဲ့ေၾကာင္းကို ၂၀၁၆ ခုႏွစ္က ဂ်က္စတင္ဘီဘာက ဖြင့္ဟဝန္ခံခဲ့ပါေသးတယ္။

ဒါေၾကာင့္ ဆယ္လီနာရုပ္ပံုတက္တူးကို ဖ်က္ပစ္ဖို႔အတြက္ ဂ်က္စတင္ဘီဘာအတြက္ အခ်ိန္ၾကာေကာင္းၾကာႏုိင္ဦးမယ္လို႔ ခန္႔မွန္းရင္း စိတ္ဝင္တစားေစာင့္ၾကည့္ေနၾကပါတယ္။

Credit:ခမ္းမူး (ေရႊအင္းေလး)

Unicodeဖြင့်ဖတ်ရန်

ဆယ်လီနာရုပ်ပုံ လက်မောင်းပေါ်ကတက်တူးကို ဖျက်ပစ်ဖို့တော့အချိန်ယူရဦးမယ့် ဂျက်စတင်ဘီဘာ

ကနေဒီယန်အဆိုတော် ဂျက်စတင်ဘီဘာက မော်ဒယ်ဟာဟာလေးနဲ့ စေ့စပ်လိုက်တဲ့သတင်းကတော့ အားလုံးကိုအံ့အားသင့်စေခဲ့ပြီး ဖြစ်ပါတယ်။ နောက်ထပ် အားလုံးစိတ်ဝင်စားနေကြတဲ့ တစ်ခုကတော့ ဂျက်စတင်ရဲ့လက်မောင်းပေါ်က ဆယ်လီနာဂိုးမက်စ်ရုပ်ပုံထိုးထားတဲ့ တက်တူးအကြောင်းပဲဖြစ်ပါတယ်။

ဆယ်လီနာဂိုးမက်စ်ပုံတက်တူးကို ဘယ်ဖက်လက်မောင်းပေါ် ထိုးထားတဲ့အကြောင်းကို ၂၀၁၂ ခုနှစ်က ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း နှစ်ဦးသားပြတ်စဲပြီးနောက် တက်တူးကိုဖုံးအုပ်အစားထိုးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ကြောင်းကို ၂၀၁၆ ခုနှစ်က ဂျက်စတင်ဘီဘာက ဖွင့်ဟဝန်ခံခဲ့ပါသေးတယ်။

ဒါကြောင့် ဆယ်လီနာရုပ်ပုံတက်တူးကို ဖျက်ပစ်ဖို့အတွက် ဂျက်စတင်ဘီဘာအတွက် အချိန်ကြာကောင်းကြာနိုင်ဦးမယ်လို့ ခန့်မှန်းရင်း စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။

Credit:ခမ်းမူး (ရွှေအင်းလေး)

LEAVE A REPLY