ZawGyiျဖင့္ဖတ္ရန္
တရားလႊတ္ေတာ္ေရွ႕ေနဦးကိုနီကို ရန္ကုန္ေလဆိပ္မွာ ေသနတ္နဲ႔ ပစ္သတ္ခဲ့ရတာဟာ ဦးကိုနီကိုေသနတ္နဲ႔မပစ္ရင္ သူ႔ကိုသတ္မွာ စိုးတာေၾကာင့္ ေသနတ္နဲ႔ေခါင္းကို ပစ္ခဲ့ရတာျဖစ္ၿပီး သူ႔အေနနဲ႔ ဦးကိုနီကို ေသေစလိုတဲ့ ဆႏၵမရွိဘူးလို႔ ဒီကေန႔ တရားခြင္မွာ က်ဴးလြန္သူ ၾကည္လင္းက ထြက္ဆိုခဲ့ပါတယ္။

႐ုံးေတာ္မွာ ၾကည္လင္းက “သူ႔ကို မဲေဆာက္မွာေနထိုင္သူ ျမင့္ေဆြက ဆက္သြယ္ခဲ့ၿပီး ေလဆိပ္ကိုေခၚေဆာင္ကာ ေသနတ္ေပးခဲ့ၿပီး ဦးကိုနီရဲ႕ဓာတ္ပံုကိုျပကာ ေသနတ္နဲ႔ ပစ္ခိုင္း ခဲ့တာျဖစ္ၿပီး သူ႔အေနနဲ႔ဦးကိုနီကို အရင္ထဲက ျမင္ဖူးခဲ့ျခင္း မရွိတာေၾကာင့္ မသတ္လိုေၾကာင္း ေျပာခဲ့တယ္လို႔ ဆိုပါတယ္။ ျမင့္ေဆြဆိုုသူက သူ႔အေနနဲ႔ဦးကိုနီကို မသတ္ရင္ သူနဲ႔ သူ႔ မိသားစုကို သတ္ပစ္မယ္လို႔ ၿခိမ္းေျခာက္ေျပာဆိုခဲ့တာေၾကာင့္ ျမင့္ေဆြက ေလဆိပ္မွာတင္ ေသနတ္ေပးခဲ့ၿပီး ပစ္ခိုင္းခဲ့တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ တကၠစီယာဥ္ေမာင္း ကိုေန၀င္း ကိုေတာ့ သူ႔အေနနဲ႔ ေသနတ္နဲ႔ ပစ္သတ္ခဲ့ျခင္း မရွိဘူး”လို႔ ထြက္ဆိုသြားပါတယ္။

ဆက္လက္ၿပီး ၾကည္လင္းက သူ႔ကို ၿခိမ္းေျခာက္ ခိုင္းေစသူ ျမင့္ေဆြဆိုသူနဲ႔ လြန္ခဲ့တဲ့ ၂၅ႏွစ္က မႏၱေလးမွာ ခင္မင္ခဲ့တာျဖစ္တယ္လို႔လည္း ေျပာပါတယ္။

တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီ ရန္ကုန္ေလဆိပ္မွာ လုပ္ႀကံခံရမႈနဲ႔ပတ္သက္ၿပီး ေသနတ္သမား ၾကည္လင္းပါ ၄ ဦးကို ဇူလိုင္လ ၁၂ရက္က ေျမာက္ပိုင္းခ႐ုိင္တရား႐ုံးမွာ ၆၀ႀကိမ္ေျမာက္ ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။

ဒီကေန႔႐ုံးခ်ိန္းမွာ ေသနတ္သမားၾကည္လင္းကို စစ္ေဆးခဲ့ရာမွာေတာ့ အခုလို ထြက္ဆိုသြားတာပါ။
UniCodeဖြင့်ဖတ်ရန်
တရားလွှတ်တော်ရှေ့နေဦးကိုနီကို ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ ပစ်သတ်ခဲ့ရတာဟာ ဦးကိုနီကိုသေနတ်နဲ့မပစ်ရင် သူ့ကိုသတ်မှာ စိုးတာကြောင့် သေနတ်နဲ့ခေါင်းကို ပစ်ခဲ့ရတာဖြစ်ပြီး သူ့အနေနဲ့ ဦးကိုနီကို သေစေလိုတဲ့ ဆန္ဒမရှိဘူးလို့ ဒီကနေ့ တရားခွင်မှာ ကျူးလွန်သူ ကြည်လင်းက ထွက်ဆိုခဲ့ပါတယ်။

ရုံးတော်မှာ ကြည်လင်းက “သူ့ကို မဲဆောက်မှာနေထိုင်သူ မြင့်ဆွေက ဆက်သွယ်ခဲ့ပြီး လေဆိပ်ကိုခေါ်ဆောင်ကာ သေနတ်ပေးခဲ့ပြီး ဦးကိုနီရဲ့ဓာတ်ပုံကိုပြကာ သေနတ်နဲ့ ပစ်ခိုင်း ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ဦးကိုနီကို အရင်ထဲက မြင်ဖူးခဲ့ခြင်း မရှိတာကြောင့် မသတ်လိုကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ မြင့်ဆွေဆိုသူက သူ့အနေနဲ့ဦးကိုနီကို မသတ်ရင် သူနဲ့ သူ့ မိသားစုကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တာကြောင့် မြင့်ဆွေက လေဆိပ်မှာတင် သေနတ်ပေးခဲ့ပြီး ပစ်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တက္ကစီယာဉ်မောင်း ကိုနေဝင်း ကိုတော့ သူ့အနေနဲ့ သေနတ်နဲ့ ပစ်သတ်ခဲ့ခြင်း မရှိဘူး”လို့ ထွက်ဆိုသွားပါတယ်။

ဆက်လက်ပြီး ကြည်လင်းက သူ့ကို ခြိမ်းခြောက် ခိုင်းစေသူ မြင့်ဆွေဆိုသူနဲ့ လွန်ခဲ့တဲ့ ၂၅နှစ်က မန္တလေးမှာ ခင်မင်ခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ရန်ကုန်လေဆိပ်မှာ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး သေနတ်သမား ကြည်လင်းပါ ၄ ဦးကို ဇူလိုင်လ ၁၂ရက်က မြောက်ပိုင်းခရိုင်တရားရုံးမှာ ၆၀ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒီကနေ့ရုံးချိန်းမှာ သေနတ်သမားကြည်လင်းကို စစ်ဆေးခဲ့ရာမှာတော့ အခုလို ထွက်ဆိုသွားတာပါ။
Credit: DVB

LEAVE A REPLY