ZawGyiျဖင့္ဖတ္ရန္

“လူတစ္ကိုယ္ အိမ္မည္မွ်လို”…

ကမၻာေက်ာ္ စာေပပညာရွင္ႀကီး လီယိုေတာ္စတိြဳင္းလ္ကေတာ့ “လူတစ္ကိုယ္ ေျမမည္မွ်လို”
ဆိုၿပီး ဝတၳဳတစ္ပုဒ္ ေရးခဲ့ဖူးပါတယ္။ အခုကေတာ့ ေျမတင္မကတဲ့ အိမ္ ပါ။ လူတစ္ေယာက္မွာ
ဖိနပ္တစ္ရံတည္းရွိရင္ အဲလူဟာ ဆင္းရဲခ်ိဳ႕တဲ့သူလို႔ ေျပာႏိုင္ၿပီး တစ္ရံထက္ပိုရင္ေတာ့
ပိုသေလာက္ ခ်မ္းသာမႈက ျမင့္မားတယ္လို႔ေျပာႏုိင္ေၾကာင္း မွတ္သားဖူးပါတယ္။
ဒါဆို ဖိနပ္မဟုတ္ဘဲ အိမ္ျဖစ္ေနမယ္ဆိုရင္ေကာ။ အဲဒီလူ ဘယ္ေလာက္ခ်မ္းသာၾကြယ္ဝမလဲ။

အိမ္တစ္လံုး တစ္လံုးရဲ႕ တန္ဖိုးကလည္း ခုေခတ္မွာ မေသးေလေတာ့ တစ္ေယာက္တည္းနဲ႔
အိမ္ ၈ လံုးပိုင္တဲ့သူကို ျပပါဆိုရင္ အံ့ဩသြားၾကမွာေသခ်ာပါတယ္။ သူကေတာ့ နာမည္ေက်ာ္
အဆိုေတာ္ ေတလာဆြဖ္ပါပဲ။ ေတလာဟာ ကယ္လိုဖိုးနီးယားတို႔၊ နယူးေယာက္တို႔လို
ေဒသမွာတင္ အိမ္တစ္လံုးထက္မနည္း ပိုင္ဆိုင္သူတစ္ေယာက္ပါ။ သူ႔ရဲ႕အိမ္ေတြရဲ႕
တည္ေနရာေလးေတြနဲ႔ တန္ဖိုးေလးေတြကို တစ္ခ်က္ေလာက္ ရႈိးလိုက္ရေအာင္လား။

၁။ Beverly Hills Ranch

Beverly Hills Ranch

အလယ္ရာစုရဲ႕ ခမ္းနားထည္ဝါတဲ့ ေခတ္ေပၚဒီဇိုင္းေတြနဲ႔ တည္ေဆာက္ထားတဲ့ ဒီအိမ္ႀကီးကေတာ့ ေလဝင္ေလထြက္
ေကာင္းစြာရရွိရံုမက တစ္အိမ္လံုးလိုလိုလည္း ေနေရာင္ျခည္ေတြနဲ႔ လွပေနပါသတဲ့။ ဒီအိမ္ႀကီးရဲ႕
ေခတ္ေပၚေပါက္ေဈ းကို ေျပာပါဆိုရင္ေတာ့ ကန္ေဒၚလာ ၂. ၉၅ သန္း ရွိပါသတဲ့။

၂။ Tribeca Penthouse

Tribeca Penthouse

၂၀၁၄ ခုႏွစ္ အခ်ိန္၊ ေတလာဆြဖ္မဝယ္ခင္မွာေတာ့ ဒီအိမ္ေလးက ေဘးခ်င္းကပ္ ၂ လံုးတြဲ
အိမ္ေလးျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္မွာ အိပ္ခန္း ၁၀ ခန္း၊ ေရခ်ိဳးခန္း ၁၀ ခန္း၊
ဘိလိယက္အခန္း စတဲ့အခန္းေတြအျပင္ လွပတဲ့ေၾကာင္လိမ္ေလွကားေလးပါပါတဲ့
အိမ္ႀကီးတစ္ေဆာင္အျဖစ္ ေျပာင္းလဲခဲ့ပါတယ္။ ဒီအိမ္ေလးကိုေတာ့ The Lord of the Rings
ဇာတ္ကားဒါရိုက္တာ ပီတာဂ်က္ဆန္ဆီက ျပန္လည္ဝယ္ယူခဲ့တာပါ။

၃။ Neighboring Townhouse

Neighboring Townhouse

အေပၚကအိမ္ေလးႏွစ္လံုးဝယ္ၿပီး ေနာက္ ၃ ႏွစ္အၾကာမွာ ထပ္ဝယ္လိုက္တဲ့ ဒီအိမ္ႀကီးကေတာ့
ရုပ္ရွင္ရံုေတြ၊ အားကစားရံုေတြနဲ႔ ဧည့္သည္နားေနေဆာင္ေတြကအစ ပါဝင္ၿပီး ဇိမ္ခံပစၥည္းမွန္သမွ်
ထည့္သြင္းတည္ေဆာက္ထားပါတယ္။ အိမ္ႀကီးရဲ႕တန္ဖိုးကေတာ့ ၁၂ . ၅ သန္း ရွိပါတယ္။

၄။ Watch Hill Seaside Estate

Watch Hill Seaside Estate

ဒီအိမ္ႀကီးကေတာ့ စတုရန္းေပ ၁၂၀၀၀ က်ယ္ဝန္းၿပီး ကမ္းေျခအိမ္ေလးတစ္လံုးျဖစ္သလို
Rhode ကၽြန္းရဲ႕ ထိပ္ဆံုးမွာ တည္ေဆာက္ထားတာပါ။ ဒီအိမ္မွာေတာ့ ေဟာလီးဝုဒ္က
နာမည္ေက်ာ္ေတြ ခနခန ပါတီလုပ္ၾကပါတယ္။ က်ယ္ဝန္းလွပတဲ့ ေရကူးကန္ႀကီးရယ္၊
အိပ္ခန္း ၇ ခန္းရယ္၊ မီးလင္းဖို ၈ ခုရယ္ ပါဝင္တဲ့ ဒီအိမ္ႀကီးက ကမ္းေျခကိုျမင္ရဖို႔
ေပ ၇၀၀ ကြာေဝးပါသတဲ့။ သူမပိုင္ဆိုင္သမွ် အိမ္ေတြထဲမွာ အေကာင္းဆံုးပဲလို႔
ေျပာလို႔ရပါတယ္။

၅။ West Village Apartment

West Village Apartment

၁၉၁၂ ခု ကာလဆီက အုတ္ေတြနဲ႔တည္ေဆာက္ထားတဲ့ ဒီအိမ္ေလးဟာ ေခတ္ေပၚဖန္တီးမႈေတြနဲ႔
ေအးခ်မ္းေနတဲ့ ေနရာ ေဟာင္းေလးလိုပါပဲ။ ေရွးက်တဲ့ ျပင္သစ္အုတ္ခဲတံုးေတြကို အသံုးျပဳထားၿပီး
ဘာဘီက်ဴးေတြ လုပ္စားလို႔ရတဲ့ေနရာ၊ မီးဖိုေခ်ာင္နဲ႔ ေရခ်ိဳးကန္ေတြကို အိမ္ရဲ႕အျပင္ဘက္မွာ
ထည့္သြင္းေဆာက္လုပ္ထားလို႔ အလွဆံုးအိမ္တစ္လံုးလည္း ျဖစ္ပါတယ္။

၆။ Beverly Hills Estate

Beverly Hills Estate

ေလာ့စ္အိန္ဂ်လိစ္မွာ ေတလာဆြဖ္ပိုင္ဆိုင္တဲ့ ေနာက္တစ္အိမ္ပါ။ ရုပ္ရွင္ထုတ္လုပ္သူ ဆမ္ျမဴရယ္
ဂိုးလ္ဝင္းဆီက ဝယ္ထားတဲ့ဒီအိမ္ကေတာ့ ေဈ းအႀကီးဆံုးပါပဲ။ ၂၀၁၅ ခုႏွစ္မွာ ဝယ္ယူခဲ့ကာ
စတုရန္းေပ ၁၀၉၈၂ က်ယ္ဝန္းပါတယ္။

၇။ Nashville Condo

Nashville Condo

အသက္ ၂၀ အရြယ္မွာ ေတလာဟာ သူမရဲ႕ဒီအိမ္ေလးကို အိမ္ၿခံေျမေလာကမွာ
ပထမဆံုး ေၾကညာခဲ့ပါတယ္။ ၃၂၄၀ စတုရန္းေပက်ယ္တဲ့ ကြန္ဒိုတစ္ခုပါ။
Penthouse စတိုင္ တည္ေဆာက္ထားပါတယ္။

၈။ Greek Revival Estate

Greek Revival Estate

ဒုတိယေျမာက္ ေတလာရဲ႕ Nashville က အိမ္ေလးပါ။ အိမ္မႀကီးကေတာ့ ၅၆၀၀
စတုရန္းေပက်ယ္ၿပီး ဧည့္ေဆာင္ကေတာ့ ၂၀၀၀ စတုရန္းေပ က်ယ္ဝန္းပါတယ္။
UniCodeဖြင့်ဖတ်ရန်

“လူတစ်ကိုယ် အိမ်မည်မျှလို”…

ကမ္ဘာကျော် စာပေပညာရှင်ကြီး လီယိုတော်စတွိုင်းလ်ကတော့ “လူတစ်ကိုယ် မြေမည်မျှလို”
ဆိုပြီး ဝတ္ထုတစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ အခုကတော့ မြေတင်မကတဲ့ အိမ် ပါ။ လူတစ်ယောက်မှာ
ဖိနပ်တစ်ရံတည်းရှိရင် အဲလူဟာ ဆင်းရဲချို့တဲ့သူလို့ ပြောနိုင်ပြီး တစ်ရံထက်ပိုရင်တော့
ပိုသလောက် ချမ်းသာမှုက မြင့်မားတယ်လို့ပြောနိုင်ကြောင်း မှတ်သားဖူးပါတယ်။
ဒါဆို ဖိနပ်မဟုတ်ဘဲ အိမ်ဖြစ်နေမယ်ဆိုရင်ကော။ အဲဒီလူ ဘယ်လောက်ချမ်းသာကြွယ်ဝမလဲ။

အိမ်တစ်လုံး တစ်လုံးရဲ့ တန်ဖိုးကလည်း ခုခေတ်မှာ မသေးလေတော့ တစ်ယောက်တည်းနဲ့
အိမ် ၈ လုံးပိုင်တဲ့သူကို ပြပါဆိုရင် အံ့ဩသွားကြမှာသေချာပါတယ်။ သူကတော့ နာမည်ကျော်
အဆိုတော် တေလာဆွဖ်ပါပဲ။ တေလာဟာ ကယ်လိုဖိုးနီးယားတို့၊ နယူးယောက်တို့လို
ဒေသမှာတင် အိမ်တစ်လုံးထက်မနည်း ပိုင်ဆိုင်သူတစ်ယောက်ပါ။ သူ့ရဲ့အိမ်တွေရဲ့
တည်နေရာလေးတွေနဲ့ တန်ဖိုးလေးတွေကို တစ်ချက်လောက် ရှိုးလိုက်ရအောင်လား။

၁။ Beverly Hills Ranch

Beverly Hills Ranch

အလယ်ရာစုရဲ့ ခမ်းနားထည်ဝါတဲ့ ခေတ်ပေါ်ဒီဇိုင်းတွေနဲ့ တည်ဆောက်ထားတဲ့ ဒီအိမ်ကြီးကတော့ လေဝင်လေထွက်
ကောင်းစွာရရှိရုံမက တစ်အိမ်လုံးလိုလိုလည်း နေရောင်ခြည်တွေနဲ့ လှပနေပါသတဲ့။ ဒီအိမ်ကြီးရဲ့
ခေတ်ပေါ်ပေါက်ဈေ းကို ပြောပါဆိုရင်တော့ ကန်ဒေါ်လာ ၂. ၉၅ သန်း ရှိပါသတဲ့။

၂။ Tribeca Penthouse

Tribeca Penthouse

၂၀၁၄ ခုနှစ် အချိန်၊ တေလာဆွဖ်မဝယ်ခင်မှာတော့ ဒီအိမ်လေးက ဘေးချင်းကပ် ၂ လုံးတွဲ
အိမ်လေးဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာ အိပ်ခန်း ၁၀ ခန်း၊ ရေချိုးခန်း ၁၀ ခန်း၊
ဘိလိယက်အခန်း စတဲ့အခန်းတွေအပြင် လှပတဲ့ကြောင်လိမ်လှေကားလေးပါပါတဲ့
အိမ်ကြီးတစ်ဆောင်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒီအိမ်လေးကိုတော့ The Lord of the Rings
ဇာတ်ကားဒါရိုက်တာ ပီတာဂျက်ဆန်ဆီက ပြန်လည်ဝယ်ယူခဲ့တာပါ။

၃။ Neighboring Townhouse

Neighboring Townhouse

အပေါ်ကအိမ်လေးနှစ်လုံးဝယ်ပြီး နောက် ၃ နှစ်အကြာမှာ ထပ်ဝယ်လိုက်တဲ့ ဒီအိမ်ကြီးကတော့
ရုပ်ရှင်ရုံတွေ၊ အားကစားရုံတွေနဲ့ ဧည့်သည်နားနေဆောင်တွေကအစ ပါဝင်ပြီး ဇိမ်ခံပစ္စည်းမှန်သမျှ
ထည့်သွင်းတည်ဆောက်ထားပါတယ်။ အိမ်ကြီးရဲ့တန်ဖိုးကတော့ ၁၂ . ၅ သန်း ရှိပါတယ်။

၄။ Watch Hill Seaside Estate

Watch Hill Seaside Estate

ဒီအိမ်ကြီးကတော့ စတုရန်းပေ ၁၂၀၀၀ ကျယ်ဝန်းပြီး ကမ်းခြေအိမ်လေးတစ်လုံးဖြစ်သလို
Rhode ကျွန်းရဲ့ ထိပ်ဆုံးမှာ တည်ဆောက်ထားတာပါ။ ဒီအိမ်မှာတော့ ဟောလီးဝုဒ်က
နာမည်ကျော်တွေ ခနခန ပါတီလုပ်ကြပါတယ်။ ကျယ်ဝန်းလှပတဲ့ ရေကူးကန်ကြီးရယ်၊
အိပ်ခန်း ၇ ခန်းရယ်၊ မီးလင်းဖို ၈ ခုရယ် ပါဝင်တဲ့ ဒီအိမ်ကြီးက ကမ်းခြေကိုမြင်ရဖို့
ပေ ၇၀၀ ကွာဝေးပါသတဲ့။ သူမပိုင်ဆိုင်သမျှ အိမ်တွေထဲမှာ အကောင်းဆုံးပဲလို့
ပြောလို့ရပါတယ်။

၅။ West Village Apartment

West Village Apartment

၁၉၁၂ ခု ကာလဆီက အုတ်တွေနဲ့တည်ဆောက်ထားတဲ့ ဒီအိမ်လေးဟာ ခေတ်ပေါ်ဖန်တီးမှုတွေနဲ့
အေးချမ်းနေတဲ့ နေရာ ဟောင်းလေးလိုပါပဲ။ ရှေးကျတဲ့ ပြင်သစ်အုတ်ခဲတုံးတွေကို အသုံးပြုထားပြီး
ဘာဘီကျူးတွေ လုပ်စားလို့ရတဲ့နေရာ၊ မီးဖိုချောင်နဲ့ ရေချိုးကန်တွေကို အိမ်ရဲ့အပြင်ဘက်မှာ
ထည့်သွင်းဆောက်လုပ်ထားလို့ အလှဆုံးအိမ်တစ်လုံးလည်း ဖြစ်ပါတယ်။

၆။ Beverly Hills Estate

Beverly Hills Estate

လော့စ်အိန်ဂျလိစ်မှာ တေလာဆွဖ်ပိုင်ဆိုင်တဲ့ နောက်တစ်အိမ်ပါ။ ရုပ်ရှင်ထုတ်လုပ်သူ ဆမ်မြူရယ်
ဂိုးလ်ဝင်းဆီက ဝယ်ထားတဲ့ဒီအိမ်ကတော့ ဈေ းအကြီးဆုံးပါပဲ။ ၂၀၁၅ ခုနှစ်မှာ ဝယ်ယူခဲ့ကာ
စတုရန်းပေ ၁၀၉၈၂ ကျယ်ဝန်းပါတယ်။

၇။ Nashville Condo

Nashville Condo

အသက် ၂၀ အရွယ်မှာ တေလာဟာ သူမရဲ့ဒီအိမ်လေးကို အိမ်ခြံမြေလောကမှာ
ပထမဆုံး ကြေညာခဲ့ပါတယ်။ ၃၂၄၀ စတုရန်းပေကျယ်တဲ့ ကွန်ဒိုတစ်ခုပါ။
Penthouse စတိုင် တည်ဆောက်ထားပါတယ်။

၈။ Greek Revival Estate

Greek Revival Estate

ဒုတိယမြောက် တေလာရဲ့ Nashville က အိမ်လေးပါ။ အိမ်မကြီးကတော့ ၅၆၀၀
စတုရန်းပေကျယ်ပြီး ဧည့်ဆောင်ကတော့ ၂၀၀၀ စတုရန်းပေ ကျယ်ဝန်းပါတယ်။
From MM

https://mingalarbarmorning.com/news/lifestyle/sAYOUb7tNQ4kuoqAgMWkQ.html

LEAVE A REPLY