Zawgyiဖြင့်ဖတ်ရန်





Author:
Unicodeဖြင့်ဖတ်ရန်
ကာတာအဲဝေးစ်က အခမဲ့လက်မှတ်တွေပေးနေတယ်ဆိုတဲ့ ရိုက်စားလုပ်ရပ်တစ်ခုရှိနေကြောင်း သည်လေကြောင်းလိုင်းက ပြည်သူတွေကို သတိပေးထားပြီး တစ်လကြာတဲ့အထိ WhatsApp ပေါ်မှာ ပျံ့နှံ့နေဆဲဖြစ်တယ်လို့ သိရပါတယ်။
WhatsApp အသုံးပြုသူတစ်ချို့ဟာ ‘ကာတာအဲဝေးစ်က သူ့ရဲ့ ၂၅ နှစ်မြောက် နှစ်ပတ်လည်ကို အောင်ပွဲခံတဲ့ အနေနဲ့ မိသားစုတိုင်းကို အခမဲ့ လက်မှတ်နှစ်စောင်စီ ပေးအပ်နေတယ်’ လို့ ဆိုတဲ့ စာတိုတစ်စောင်ကို လက်ခံရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ကာတာအဲဝေးစ်က သူ့ရဲ့တွစ်တာအကောင့်မှာ ‘မဟုတ်မမှန်တဲ့ နှစ်ပတ်လည်ကမ်းလှမ်းချက်’ နဲ့ ပတ်သက်ပြီး အများပြည်သူတွေကို သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
‘ပြည်သူတွေအနေနဲ့ ကာတာအဲဝေးစ် ဒါမှမဟုတ် ကာတာအဲဝေးစ်အုပ်စုလက်အောက်က လုပ်ငန်းခွဲတစ်ခုခုကလို့ ထင်ရတဲ့ဆီက လင့်ခ်တစ်ခုကို ရရှိနေကြပြီး နှစ်ပတ်လည် အထူ;လျှော့ဈေးရဲ့ အစိတ်အပိုင်းအနေနဲ့ ခရီးသွားလက်မှတ်တွေ ကို ကြိုတင်မှာယူနိုင်တယ်လို့ မှားယွင်းစွာ ဖော်ပြထားတဲ့အတွက် ကျွန်တော်တို့က သတိပေးချက်ထုတ်ပြန်ရတာပါ’ လို့ သည်ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ကာတာအဲဝေးစ် တရားဝင်ဝက်ဘ်ဆိုက်ခ်ကို အတုပြုလုပ်ပြီး အမည်မသိတဲ့ ဒိုမိန်းတစ်ခုကနေ သည်လင့်ခ်တစ်ခုက ရောက်ရှိလာတာဖြစ်နိုင်ပြီး သည်ကမ်းလှမ်းချက်ကို လက်ခံပြီး သည်သတင်းကို အခြားသူတွေကို မျှဝေပေးဖို့ တောင်းဆိုလိမ့်မယ်ဆိုတာကို သတိပြုပေးကြပါ’ လို့ ပြောခဲ့ပါတယ်။
‘သည်လင့်ခ်တွေက ခင်ဗျားတို့ရဲ့ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်တွေကို အပေးအယူလုပ်ပြီး ရိုက်စားလုပ်ဖို့ အသုံးပြုတာဖြစ်တယ်။ ဒါဟာ မှားယွင်းတဲ့ကမ်းလှမ်းမှုတွေဖြစ်ပြီး သည်ကမ်းလှမ်းချက်ကို မဖွင့်ကြည့်ခင်မှာ မျှဝေဖို့ ကမ်းလှမ်းလိမ့်မယ်’

သည်ဝက်ဘ်ဆိုက်အတုက www.qatarairwąys.com ဆိုတဲ့ဝက်ဘ်ဆိုက်လိပ်စာကို အသုံးပြုထားပါတယ်။ သူ့မှာ စကားလုံး “ą” ပါတာကို လူတော်တော်များများက သတိမပြုမိကြဘဲ တကယ့်လေကြောင်းအစစ်ရဲ့ ဝက်ဘ်ဆိုက်လိပ်စာက www.qatarairways.com ဖြစ်ပါတယ်။
သည်ဝက်ဘ်ဆိုက်အတုထဲကို ဝင်သွားတဲ့ အသုံးပြုသူတွေကို ပထမဆုံးအနေနဲ့ ကျန်ရှိနေသေးတဲ့ ‘အခမဲ့ လက်မှတ်’ အရေအတွက်ကို ဖော်ပြမှာဖြစ်ပြီး စစ်တမ်းတစ်ခုမှာ ပါဝင်ဖို့ ဖိတ်ခေါ်မှာဖြစ်ပါတယ်။

စစ်တမ်းထဲက မေးခွန်းအားလုံးကို ဖြေကြားပြီးချိန်မှာ ‘အခမဲ့လက်မှတ်တွေ’ ကို မရရှိခင်မှာ အသုံးပြုသူတွေက သည်လင့်ခ်ကို WhatsApp ကတစ်ဆင့် သူငယ်ချင်း ဒါမှမဟုတ် အုပ်စုတွေထဲကို ၁၅ ခုဆီ မျှဝေပေးရမှာဖြစ်ပါတယ်။ ကာတာအဲဝေးစ်အုပ်စုနဲ့ ပတ်သက်တဲ့ မည့်သည့်ဆက်သွယ်မှုမဆို တရားဝင်ဒိုမိန်းကနေသာ အမြဲတမ်း ပို့ပေးမှာဖြစ်တယ်’ လို့ ပြီးခဲ့တဲ့လက ထုတ်ပြန်ချက်တစ်ခုမှာ ကာတာအဲဝေးစ်က ပြောခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ သည်လိုလိမ်လည်ဖို့ ကြိုးစားမှုတွေရဲ့ အသေးစိတ်ကို [email protected] ဆီကို ပို့ပေးကြဖို့ အကြံပြုထားပါတယ်’ လို့ ဆိုပါတယ်။

Author:
မေသက် Ref: CNA. July 22, 2018
Credit: KUMUDRA