ZawGyiျဖင့္ဖတ္ရန္

မည္မွ်လြတ္လပ္သည့္တိုင္းျပည္ျဖစ္ပါေစ မိမိကိုယ္မိမိ ဗုဒၶဘာသာ၊ ျမန္မာလူမ်ဳိး ဆိုသည္ကို မေမ့ေပ်ာက္ဘဲ အျမင္မရိုင္းေအာင္ လွႏိုင္သည္ဟု သရုပ္ေဆာင္လင္းဇာနည္ေဇာ္က ေျပာလိုက္သည္။လက္ရွိတြင္ အမ်ိဳးသမီးအႏုပညာရွင္အခ်ိဳ႕၏ ၀တ္စားဆင္ယင္မႈမ်ားႏွင့္ ပတ္သက္ၿပီး ယခုကဲ့သို႔ ေျပာလိုက္ျခင္း ျဖစ္သည္။

“ ဘယ္ေလာက္ပဲလြတ္လပ္တဲ့တုိင္းျပည္ဘယ္လုိပဲ ျဖစ္ေနပါေစေပါ့ေနာ္။ ကုိယ့္ကုိယ္ကုိယ္ ဗုဒၶဘာသာ၊ ျမန္မာလူမ်ဳိးဆုိတာကုိ ေမ့မေပ်ာက္ဘဲနဲ႔ေပါ့ေနာ္။ အျမင္မရုိင္းဘဲနဲ႔လည္း လွလုိ႔ရတာေတြ အမ်ားႀကီးရွိပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ လူတစ္ကုိယ္စိတ္တစ္မ်ဳိးျဖစ္တဲ့အခါက်ေတာ့ အစ္မကေတာ့ ဗုဒၶဘာသာဆုိတဲ့ ကုိယ္လူမ်ဳိး၊ ဂုဏ္မေပ်ာက္ဘဲနဲ႔ လွတဲ့ဟာမ်ဳိးေတြကုိ အားေပးပါတယ္။ လုံလံုၿခံဳၿခံဳ ၀တ္ရမယ္ဆုိလုိ႔ မတရားၾကပ္တည္း၀တ္ရမယ္။ အဲလုိမဟုတ္ပါဘူး။ ခုနက ေျပာသလုိ အလြန္႔အလြန္ေတာ့ မျဖစ္တာ အေကာင္းဆုံးပဲလုိ႔ အစ္မတစ္ကုိယ္ထဲအျမင္ကုိေျပာတာပါ’’ ဟု သရုပ္ေဆာင္ လင္းဇာနည္ေဇာ္က ေျပာသည္။

ၿပီးခဲ့သည့္ ဇူလိုင္လ ၁၄ ရက္က ျပဳလုပ္ခဲ့ေသာ “Balance Fitness 3” ဖြင့္ပြဲ အခမ္းအနားသို႔ အႏုပညာရွင္မ်ား တက္ေရာက္ခဲ့ၿပီး ၄င္းတို႔အနက္ သင္ဇာ၀င့္ေက်ာ္ ၀တ္ဆင္လာသည့္ ၀တ္စံုႏွင့္ ပတ္သက္ၿပီး လက္ရွိတြင္ Facebook ေပၚ၌ ေ၀ဖန္မႈမ်ား မ်ားျပားေနသည္။မင္းသား၊ မင္းသမီးမ်ားအေနျဖင့္ ၀တ္စားဆင္ယင္မႈ ေခတ္မီသည္မွာ ေကာင္းေသာ္လည္း ေရွ႕တန္း ေရာက္သည္မွာ မေကာင္းေၾကာင္း ရုပ္ရွင္အစည္းအရံုး ဥကၠ႒ေဟာင္း ဦးျမင့္သိန္းေဖက ေျပာၾကားထားေသးသည္။

Unicodeျဖင့္ဖတ္ရန္
မည်မျှလွတ်လပ်သည့်တိုင်းပြည်ဖြစ်ပါစေ မိမိကိုယ်မိမိ ဗုဒ္ဓဘာသာ၊ မြန်မာလူမျိုး ဆိုသည်ကို မမေ့ပျောက်ဘဲ အမြင်မရိုင်းအောင် လှနိုင်သည်ဟု သရုပ်ဆောင်လင်းဇာနည်ဇော်က ပြောလိုက်သည်။လက်ရှိတွင် အမျိုးသမီးအနုပညာရှင်အချို့၏ ဝတ်စားဆင်ယင်မှုများနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်သည်။

“ ဘယ်လောက်ပဲလွတ်လပ်တဲ့တိုင်းပြည်ဘယ်လိုပဲ ဖြစ်နေပါစေပေါ့နော်။ ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဘာသာ၊ မြန်မာလူမျိုးဆိုတာကို မေ့မပျောက်ဘဲနဲ့ပေါ့နော်။ အမြင်မရိုင်းဘဲနဲ့လည်း လှလို့ရတာတွေ အများကြီးရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လူတစ်ကိုယ်စိတ်တစ်မျိုးဖြစ်တဲ့အခါကျတော့ အစ်မကတော့ ဗုဒ္ဓဘာသာဆိုတဲ့ ကိုယ်လူမျိုး၊ ဂုဏ်မပျောက်ဘဲနဲ့ လှတဲ့ဟာမျိုးတွေကို အားပေးပါတယ်။ လုံလုံခြုံခြုံ ဝတ်ရမယ်ဆိုလို့ မတရားကြပ်တည်းဝတ်ရမယ်။ အဲလိုမဟုတ်ပါဘူး။ ခုနက ပြောသလို အလွန့်အလွန်တော့ မဖြစ်တာ အကောင်းဆုံးပဲလို့ အစ်မတစ်ကိုယ်ထဲအမြင်ကိုပြောတာပါ’’ ဟု သရုပ်ဆောင် လင်းဇာနည်ဇော်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်က ပြုလုပ်ခဲ့သော “Balance Fitness 3” ဖွင့်ပွဲ အခမ်းအနားသို့ အနုပညာရှင်များ တက်ရောက်ခဲ့ပြီး ၎င်းတို့အနက် သင်ဇာဝင့်ကျော် ဝတ်ဆင်လာသည့် ဝတ်စုံနှင့် ပတ်သက်ပြီး လက်ရှိတွင် Facebook ပေါ်၌ ဝေဖန်မှုများ များပြားနေသည်။မင်းသား၊ မင်းသမီးများအနေဖြင့် ဝတ်စားဆင်ယင်မှု ခေတ်မီသည်မှာ ကောင်းသော်လည်း ရှေ့တန်း ရောက်သည်မှာ မကောင်းကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဦးမြင့်သိန်းဖေက ပြောကြားထားသေးသည်။

Credit: အိုင်တီဖိုးခွား