ZawGyiျဖင့္ဖတ္ရန္

တစ္ခ်ိဳ႕ေသာလူေတြဟာ တစ္စုံတစ္ခုကို ေငးမိေငးရာ ျဖစ္ေနရင္ ပတ္ဝန္းက်င္ကို သတိမရေတာ့ပါဘူး။ တစ္ခါတေလမွာ အမ်ိဳးသမီးတစ္ေယာက္ကို ေငးမိလုိ႔ ေရွ႕က ဓာတ္တုိင္ႀကီးဝင္တုိက္မိတဲ့ အျဖစ္မ်ိဳးေတြ၊ ေကာင္းကင္ေပၚကုိ ေငးေနမိလုိ႔ ဘယာေၾကာ္ဗန္းႀကီး တက္နင္းခဲ့မိသူေတြအေၾကာင္းကို အားလုံး ၾကားဖူးၾကမယ္ ထင္ပါတယ္။

အခုလည္း ေစ်းဝယ္စင္တာတစ္ခုမွာ အမ်ိဳးသမီးတစ္ေယာက္ဟာ စက္ေလွကားစီးၿပီး အေပၚထပ္ကိုတက္စဥ္ ေအာက္ထပ္မွာရွိေနတဲ့ တစ္စုံတစ္ခုေသာ ေငးစရာတစ္ခုကို စိတ္လက္လက္လြတ္ ဦးေခါင္းကို ငုံ႔လွ်က္အေနအထားနဲ႔ ေငးၿပီးလုိက္လာမိခဲ့ပါတယ္။ ဒီမွာတင္ပဲ ထင္မွတ္မထားတဲ့ အျဖစ္ဆုိးကို ႀကဳံရပါေတာ့တယ္။

အဆုိပါအမ်ိဳးသမီးဟာ စက္ေလွကားနဲ႔ ေဘးက နံရံၾကားကို သူမရဲ႕ ေခါင္းတစ္ခုလုံးညပ္ကာ ဝင္ေရာက္သြားခဲ့ပါတယ္။ သူမရဲ႕ေရွ႕မွာ အမ်ိဳးသားတစ္ေယာက္နဲ႔ အမ်ိဳးသမီးတစ္ေယာက္ ရွိေနေပမယ့္ အဲဒီလူေတြကလည္း ဝင္ေရာက္ကူညီမယ့္အစား ကုိယ္လြတ္႐ုန္းၿပီး ေျပးထြက္လာတာကို CCTV မွတ္တမ္းမွာ ျမင္ေတြ႕ရမွာပါ။

ကာယကံရွင္အမ်ိဳးသမီးဟာ စက္ေလွကားရဲ႕ ေရြ႕လွ်ားမႈနဲ႔အတူ ဦးေခါင္းညပ္လွ်က္အေနအထားျဖင့္ အေပၚကို တျဖည္းျဖည္း ေရာက္လာခဲ့ၿပီး၊ ပါးစပ္ကလည္း ကယ္ပါယူပါ တစာစာနဲ႔ ျပင္းထန္စြာ ေအာ္ဟစ္ေနခဲ့ပါတယ္။ သုိ႔ေသာ္လည္း သူမဟာ ဇက္ၾကြက္သားဒဏ္ရာနဲ႔ ပြန္းပဲ့ဒဏ္ရာအခ်ိဳ႕သာ ရရွိခဲ့ျခင္းက သူမကို အဆုိးထဲက အေကာင္းျဖစ္ေစခဲ့ပါတယ္။ အခန္႔မသင့္ရင္ လူပါ ေသေစႏုိင္တဲ့ အျဖစ္ပါ။

ဒီအျဖစ္အပ်က္ဟာ တ႐ုတ္ႏုိင္ငံက ေရွာ့ပင္းေမာတစ္ခုမွာ ျဖစ္ခဲ့တာပါ။ လူမႈကြန္ယက္မွာေတာ့ မကူညီဘဲ ကုိယ္လြတ္႐ုန္းေျပးတဲ့ လူႏွစ္ေယာက္ကို အမ်ားက ေဝဖန္ေနၾကပါတယ္။ ေခါင္းအညပ္ခံရတဲ့ အမ်ိဳးသမီးမွာ ေျခေထာက္ႏွစ္ေခ်ာင္း ေလေပၚကို ေထာင္ေနတဲ့အထိ ခံစားခဲ့ရေပမယ့္ အနီးအနားရွိသူႏွစ္ဦးကေတာ့ လြတ္ရာကုိ အျမန္ေျပးထြက္လာတာကို ေတြ႕ရလုိ႔ အားလုံးက ေဒါသထြက္ေနၾကပါတယ္။

source : thesun.co.uk

Unicodeျဖင့္ဖတ္ရန္

တစ်ချို့သောလူတွေဟာ တစ်စုံတစ်ခုကို ငေးမိငေးရာ ဖြစ်နေရင် ပတ်ဝန်းကျင်ကို သတိမရတော့ပါဘူး။ တစ်ခါတလေမှာ အမျိုးသမီးတစ်ယောက်ကို ငေးမိလို့ ရှေ့က ဓာတ်တိုင်ကြီးဝင်တိုက်မိတဲ့ အဖြစ်မျိုးတွေ၊ ကောင်းကင်ပေါ်ကို ငေးနေမိလို့ ဘယာကြော်ဗန်းကြီး တက်နင်းခဲ့မိသူတွေအကြောင်းကို အားလုံး ကြားဖူးကြမယ် ထင်ပါတယ်။

အခုလည်း ဈေးဝယ်စင်တာတစ်ခုမှာ အမျိုးသမီးတစ်ယောက်ဟာ စက်လှေကားစီးပြီး အပေါ်ထပ်ကိုတက်စဉ် အောက်ထပ်မှာရှိနေတဲ့ တစ်စုံတစ်ခုသော ငေးစရာတစ်ခုကို စိတ်လက်လက်လွတ် ဦးခေါင်းကို ငုံ့လျှက်အနေအထားနဲ့ ငေးပြီးလိုက်လာမိခဲ့ပါတယ်။ ဒီမှာတင်ပဲ ထင်မှတ်မထားတဲ့ အဖြစ်ဆိုးကို ကြုံရပါတော့တယ်။

အဆိုပါအမျိုးသမီးဟာ စက်လှေကားနဲ့ ဘေးက နံရံကြားကို သူမရဲ့ ခေါင်းတစ်ခုလုံးညပ်ကာ ဝင်ရောက်သွားခဲ့ပါတယ်။ သူမရဲ့ရှေ့မှာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ရှိနေပေမယ့် အဲဒီလူတွေကလည်း ဝင်ရောက်ကူညီမယ့်အစား ကိုယ်လွတ်ရုန်းပြီး ပြေးထွက်လာတာကို CCTV မှတ်တမ်းမှာ မြင်တွေ့ရမှာပါ။

ကာယကံရှင်အမျိုးသမီးဟာ စက်လှေကားရဲ့ ရွေ့လျှားမှုနဲ့အတူ ဦးခေါင်းညပ်လျှက်အနေအထားဖြင့် အပေါ်ကို တဖြည်းဖြည်း ရောက်လာခဲ့ပြီး၊ ပါးစပ်ကလည်း ကယ်ပါယူပါ တစာစာနဲ့ ပြင်းထန်စွာ အော်ဟစ်နေခဲ့ပါတယ်။ သို့သော်လည်း သူမဟာ ဇက်ကြွက်သားဒဏ်ရာနဲ့ ပွန်းပဲ့ဒဏ်ရာအချို့သာ ရရှိခဲ့ခြင်းက သူမကို အဆိုးထဲက အကောင်းဖြစ်စေခဲ့ပါတယ်။ အခန့်မသင့်ရင် လူပါ သေစေနိုင်တဲ့ အဖြစ်ပါ။

ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံက ရှော့ပင်းမောတစ်ခုမှာ ဖြစ်ခဲ့တာပါ။ လူမှုကွန်ယက်မှာတော့ မကူညီဘဲ ကိုယ်လွတ်ရုန်းပြေးတဲ့ လူနှစ်ယောက်ကို အများက ဝေဖန်နေကြပါတယ်။ ခေါင်းအညပ်ခံရတဲ့ အမျိုးသမီးမှာ ခြေထောက်နှစ်ချောင်း လေပေါ်ကို ထောင်နေတဲ့အထိ ခံစားခဲ့ရပေမယ့် အနီးအနားရှိသူနှစ်ဦးကတော့ လွတ်ရာကို အမြန်ပြေးထွက်လာတာကို တွေ့ရလို့ အားလုံးက ဒေါသထွက်နေကြပါတယ်။

source : thesun.co.uk

Credit:နတ်စည်တော် (MyanmarNote)