ZawGyiျဖင့္ဖတ္ရန္

အက်ဳိးအျမတ္ခဲြေ၀မႈနည္းပါးေနသည့္အေပၚ ေက်နပ္မႈမရိွ၍ Power Eleven ကုမၸဏီလက္ေအာက္တြင္ ေျပးဆဲြ ေနသည့္ YBS ၂၁ ယာဥ္ပိုင္ရွင္အခ်ဳိ႕က ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ပို႔ေဆာင္ေရး၊ ဆယ္သြယ္ေရး၊ ေဆာက္လုပ္ေရးႏွင့္ စက္မႈလက္မႈေရးရာေကာ္မတီသို႔ တိုင္ၾကားထားေၾကာင္း သိရသည္။ ယင္းသို႔ တိုင္ၾကားမႈႏွင့္ပတ္သက္၍ ဇူလိုင္ ၄ ရက္တြင္ ေကာ္မတီမွ ယာဥ္ပိုင္ရွင္ ၆ ဦးႏွင့္ေတြ႕ဆံုကာ တိုင္ၾကားခ်က္ကို ၾကားနာခဲ့ေၾကာင္း ယင္းေကာ္မတီ၀င္ ဦးသန္းနိုင္ဦးက ေျပာသည္။

၂၁ ယာဥ္ပိုင္ရွင္အခ်ဳိ႕က အထက္ပါကိစၥကို YRTA သို႔ တိုင္ၾကားထားၿပီး စံုခံုဖဲြ႕စစ္ေဆးေနသည္မွာ ရက္ေပါင္း ၄၀ ခန္႔ရိွေနသည့္အတြက္လည္း ယင္းေကာ္မတီသို႔ ဆက္လက္တိုင္ၾကားခဲ့ျခင္းျဖစ္သည္။ ယင္းသို႔ တိုင္ၾကား ရာတြင္ ယာဥ္ပိုင္ရွင္မ်ားအေနျဖင့္ ယာဥ္လိုင္းတူ၊ နံပါတ္တူ ေခတ္သစ္ဘုရင့္ေနာင္ကုမၸဏီသို႔ ေျပာင္းခြင့္ေပး ရန္၊ အမ်ားပိုင္ကုမၸဏီပံုစံျဖင့္ ေငြေၾကးရွင္းတမ္းမ်ား၊ အစည္းအေ၀းမ်ားမျပဳလုပ္ေပးသည့္အေပၚ စစ္ေဆး ေပးရန္၊ အျမတ္ေငြနည္းပါးမႈႏွင့္ မလိုအပ္သည့္ အသံုးစရိတ္မ်ားကိစၥကို စစ္ေဆးေပးရန္ စသည့္အခ်က္မ်ားကို ေတာင္းဆိုထားေၾကာင္း ၎က ေျပာသည္။

”ဒီကုမၸဏီထဲမွာထည့္ထားတဲ့ တဦးခ်င္းပိုင္ရွင္ေတြက သူတို႔ရဲ႕နစ္နာဆံုး႐ံႈးမႈေတြေပါ့။ အဓိကကေတာ့ သူတို႔ကို သေဘာတူညီခ်က္နဲ႔ ထည့္ထားတယ္။ အရင္တုန္းကေတာ့ အျမတ္ေငြတလကို ၅ သိန္း၊ ၆ သိန္းေပးတယ္ေပါ့။ ေနာက္ပိုင္းက်ေတာ့ ၁ သိန္း ၄ ေသာင္းေလာက္ပဲေပးတာမ်ဳိးေတြရိွတယ္။ အမ်ားပိုင္ကုမၸဏီလုပ္ၿပီးေတာ့ ဒါ႐ိုက္တာဘုတ္အဖဲြ႕ေတြလုပ္ၿပီးေတာ့ ရွင္းရွင္းလင္းလင္း မသိရဘူး။ အစည္းအေ၀းလည္းမေခၚဘူး။ ေငြေၾကး ရွင္းတမ္းေတြလည္း မလုပ္ဘူး။ အဲဒါေတြကို တိုင္တာေပါ့။ ေနာက္ၿပီးေတာ့ ယာဥ္လမ္းေၾကာင္း၊ ယာဥ္လိုင္းတူ တဲ့ တျခားကုမၸဏီကိုေျပာင္းဖို႔ကိစၥလုပ္တာလည္း မေဆာင္ရြက္ေပးဘူးလို႔ ေျပာတယ္”ဟု ဦးသန္းနိုင္ဦးက ေျပာသည္။

ယင္းကိစၥႏွင့္ပတ္သက္၍ လာမည့္ ဇူလိုင္ ၁၃ ရက္တြင္ Power Eleven ကုမၸဏီမွ တာ၀န္ရိွသူမ်ားႏွင့္ ေတြ႕ဆံုမည္ျဖစ္ၿပီး ဆက္လက္ေဆာင္ရြက္မည့္ကိစၥမ်ားကိုလည္း ထပ္မံျပဳလုပ္မည့္ ေကာ္မတီအစည္းအေ၀း မ်ားတြင္ ဆံုးျဖတ္မည္ျဖစ္ေၾကာင္း ၎ကေျပာသည္။

Power Eleven ကုမၸဏီတြင္ ယာဥ္အစီးေရ ၈၃ စီးရိွေနၿပီး ယင္းတို႔အနက္အစီးေရ ၃၅ စီးရိွသည့္ ယာဥ္ပိုင္ ရွင္အဖဲြ႕တဖဲြ႕က ေခတ္သစ္ဘုရင့္ေနာင္ကုမၸဏီသို႔ေျပာင္းရန္ စာတင္ထားေၾကာင္း ယင္းကုမၸဏီ၏ အုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာ ကိုတ႐ုတ္ေလးက ေျပာသည္။

”ဒါကို ကက္ဘိနက္အစည္းအေ၀း ကို စာတင္ေပးထားတယ္။ အဲဒီကခြင့္ျပဳၿပီးမွရမွာ။ တင္ေပးထားတာက ဒီလဆန္းကမွ တင္ေပးထားတာပါ။ ေနာက္တခုက အျမတ္ေငြနည္းတာ။ အျမတ္ေငြကေတာ့ နည္းတာနဲ႔ မ်ားတာရိွပါတယ္။ နည္းတဲ့အခါလည္း နည္းတယ္။ ဧၿပီလလို လမ်ဳိးက်ေတာ့ ပိတ္ရက္ေတြမ်ားေတာ့ အျမတ္ေငြ နည္းတာေပါ့။ ဧၿပီ ၁ လမွာဆိုရင္ ၁ သိန္းေက်ာ္ပဲက်န္တယ္ေပါ့။ မ်ားတဲ့လက်ေတာ့လည္း မ်ားမွာေပါ့။ ဒါေတာင္႐ံႈးတဲ့လဆိုတာ မရိွေသးဘူး”ဟု ၎က ေျပာသည္။

လက္ရိွအခိ်န္တြင္ YBS ယာဥ္လိုင္းမ်ားအား အမ်ားပိုင္ကုမၸဏီစနစ္သို႔ ေျပာင္းလဲႏိုင္ျခင္းမရိွေသးသည့္အတြက္ သက္ဆိုင္ရာ ယာဥ္လိုင္းကုမၸဏီမ်ားကအျမတ္ေငြကို ေ၀ပံုက်စနစ္ျဖင့္ အခ်ဳိးက်ခဲြေ၀ယူသည့္စနစ္ျဖင့္ ေဆာင္ ရြက္ေနျခင္းျဖစ္သည္။ ယင္းသို႔ ခဲြေ၀ရာတြင္ ၂၁ ယာဥ္ပိုင္ရွင္အခ်ဳိ႕မွ အျမတ္ေငြနည္းပါးသည္ဟု ဆိုကာ YRTA သို႔ တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း ကိုတ႐ုတ္ေလးက ေျပာသည္။

”အျမတ္ေငြနည္းသည့္အေပၚတြင္ မေက်နပ္ဘူး။ မေက်နပ္ေတာ့ တိုင္တယ္။ တိုင္တာကေတာ့ အခ်က္ ၁၅ ခ်က္ေလာက္ရိွတယ္။ YRTA က ကြ်န္ေတာ္တို႔ကို ေခၚေဆြးေႏြးတယ္။ ေငြစာရင္းေတြလည္း စစ္တယ္။ ကြ်န္ေတာ္တို႔ကလည္း ေငြစာရင္းေတြကို အစစ္ေဆးခံခဲ့တယ္။ အခုက စစ္ေနဆဲကာလပဲ ရိွေသးတယ္” ဟု ၎က ေျပာသည္။

Power Eleven ကုမၸဏီလက္ေအာက္တြင္ ေျပးဆဲြေနသည္ YBS ၂၁ ယာဥ္ပိုင္ရွင္အခ်ဳိ႕က အျမတ္ေငြနည္းပါးမႈ ကိစၥႏွင့္ပတ္သက္၍ YRTA သို႔ တိုင္ၾကားထားၿပီးေနာက္ တိုင္းလႊတ္ေတာ္ ပို႔/ဆက္ ေရးရာေကာ္မတီသို႔ ထပ္မံတိုင္ၾကားခဲ့သည့္အေပၚ မည္သည့္မွတ္ခ်က္မွ မေပးလိုေၾကာင္း ကိုတ႐ုတ္ေလးက ေျပာသည္။
UniCodeဖြင့်ဖတ်ရန်

အကျိုးအမြတ်ခွဲဝေမှုနည်းပါးနေသည့်အပေါ် ကျေနပ်မှုမရှိ၍ Power Eleven ကုမ္ပဏီလက်အောက်တွင် ပြေးဆွဲ နေသည့် YBS ၂၁ ယာဉ်ပိုင်ရှင်အချို့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပို့ဆောင်ရေး၊ ဆယ်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာကော်မတီသို့ တိုင်ကြားထားကြောင်း သိရသည်။ ယင်းသို့ တိုင်ကြားမှုနှင့်ပတ်သက်၍ ဇူလိုင် ၄ ရက်တွင် ကော်မတီမှ ယာဉ်ပိုင်ရှင် ၆ ဦးနှင့်တွေ့ဆုံကာ တိုင်ကြားချက်ကို ကြားနာခဲ့ကြောင်း ယင်းကော်မတီဝင် ဦးသန်းနိုင်ဦးက ပြောသည်။

၂၁ ယာဉ်ပိုင်ရှင်အချို့က အထက်ပါကိစ္စကို YRTA သို့ တိုင်ကြားထားပြီး စုံခုံဖွဲ့စစ်ဆေးနေသည်မှာ ရက်ပေါင်း ၄၀ ခန့်ရှိနေသည့်အတွက်လည်း ယင်းကော်မတီသို့ ဆက်လက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ တိုင်ကြား ရာတွင် ယာဉ်ပိုင်ရှင်များအနေဖြင့် ယာဉ်လိုင်းတူ၊ နံပါတ်တူ ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီသို့ ပြောင်းခွင့်ပေး ရန်၊ အများပိုင်ကုမ္ပဏီပုံစံဖြင့် ငွေကြေးရှင်းတမ်းများ၊ အစည်းအဝေးများမပြုလုပ်ပေးသည့်အပေါ် စစ်ဆေး ပေးရန်၊ အမြတ်ငွေနည်းပါးမှုနှင့် မလိုအပ်သည့် အသုံးစရိတ်များကိစ္စကို စစ်ဆေးပေးရန် စသည့်အချက်များကို တောင်းဆိုထားကြောင်း ၎င်းက ပြောသည်။

”ဒီကုမ္ပဏီထဲမှာထည့်ထားတဲ့ တဦးချင်းပိုင်ရှင်တွေက သူတို့ရဲ့နစ်နာဆုံးရှုံးမှုတွေပေါ့။ အဓိကကတော့ သူတို့ကို သဘောတူညီချက်နဲ့ ထည့်ထားတယ်။ အရင်တုန်းကတော့ အမြတ်ငွေတလကို ၅ သိန်း၊ ၆ သိန်းပေးတယ်ပေါ့။ နောက်ပိုင်းကျတော့ ၁ သိန်း ၄ သောင်းလောက်ပဲပေးတာမျိုးတွေရှိတယ်။ အများပိုင်ကုမ္ပဏီလုပ်ပြီးတော့ ဒါရိုက်တာဘုတ်အဖွဲ့တွေလုပ်ပြီးတော့ ရှင်းရှင်းလင်းလင်း မသိရဘူး။ အစည်းအဝေးလည်းမခေါ်ဘူး။ ငွေကြေး ရှင်းတမ်းတွေလည်း မလုပ်ဘူး။ အဲဒါတွေကို တိုင်တာပေါ့။ နောက်ပြီးတော့ ယာဉ်လမ်းကြောင်း၊ ယာဉ်လိုင်းတူ တဲ့ တခြားကုမ္ပဏီကိုပြောင်းဖို့ကိစ္စလုပ်တာလည်း မဆောင်ရွက်ပေးဘူးလို့ ပြောတယ်”ဟု ဦးသန်းနိုင်ဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ လာမည့် ဇူလိုင် ၁၃ ရက်တွင် Power Eleven ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ဆက်လက်ဆောင်ရွက်မည့်ကိစ္စများကိုလည်း ထပ်မံပြုလုပ်မည့် ကော်မတီအစည်းအဝေး များတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

Power Eleven ကုမ္ပဏီတွင် ယာဉ်အစီးရေ ၈၃ စီးရှိနေပြီး ယင်းတို့အနက်အစီးရေ ၃၅ စီးရှိသည့် ယာဉ်ပိုင် ရှင်အဖွဲ့တဖွဲ့က ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီသို့ပြောင်းရန် စာတင်ထားကြောင်း ယင်းကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။

”ဒါကို ကက်ဘိနက်အစည်းအဝေး ကို စာတင်ပေးထားတယ်။ အဲဒီကခွင့်ပြုပြီးမှရမှာ။ တင်ပေးထားတာက ဒီလဆန်းကမှ တင်ပေးထားတာပါ။ နောက်တခုက အမြတ်ငွေနည်းတာ။ အမြတ်ငွေကတော့ နည်းတာနဲ့ များတာရှိပါတယ်။ နည်းတဲ့အခါလည်း နည်းတယ်။ ဧပြီလလို လမျိုးကျတော့ ပိတ်ရက်တွေများတော့ အမြတ်ငွေ နည်းတာပေါ့။ ဧပြီ ၁ လမှာဆိုရင် ၁ သိန်းကျော်ပဲကျန်တယ်ပေါ့။ များတဲ့လကျတော့လည်း များမှာပေါ့။ ဒါတောင်ရှုံးတဲ့လဆိုတာ မရှိသေးဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် YBS ယာဉ်လိုင်းများအား အများပိုင်ကုမ္ပဏီစနစ်သို့ ပြောင်းလဲနိုင်ခြင်းမရှိသေးသည့်အတွက် သက်ဆိုင်ရာ ယာဉ်လိုင်းကုမ္ပဏီများကအမြတ်ငွေကို ဝေပုံကျစနစ်ဖြင့် အချိုးကျခွဲဝေယူသည့်စနစ်ဖြင့် ဆောင် ရွက်နေခြင်းဖြစ်သည်။ ယင်းသို့ ခွဲဝေရာတွင် ၂၁ ယာဉ်ပိုင်ရှင်အချို့မှ အမြတ်ငွေနည်းပါးသည်ဟု ဆိုကာ YRTA သို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ကိုတရုတ်လေးက ပြောသည်။

”အမြတ်ငွေနည်းသည့်အပေါ်တွင် မကျေနပ်ဘူး။ မကျေနပ်တော့ တိုင်တယ်။ တိုင်တာကတော့ အချက် ၁၅ ချက်လောက်ရှိတယ်။ YRTA က ကျွန်တော်တို့ကို ခေါ်ဆွေးနွေးတယ်။ ငွေစာရင်းတွေလည်း စစ်တယ်။ ကျွန်တော်တို့ကလည်း ငွေစာရင်းတွေကို အစစ်ဆေးခံခဲ့တယ်။ အခုက စစ်နေဆဲကာလပဲ ရှိသေးတယ်” ဟု ၎င်းက ပြောသည်။

Power Eleven ကုမ္ပဏီလက်အောက်တွင် ပြေးဆွဲနေသည် YBS ၂၁ ယာဉ်ပိုင်ရှင်အချို့က အမြတ်ငွေနည်းပါးမှု ကိစ္စနှင့်ပတ်သက်၍ YRTA သို့ တိုင်ကြားထားပြီးနောက် တိုင်းလွှတ်တော် ပို့/ဆက် ရေးရာကော်မတီသို့ ထပ်မံတိုင်ကြားခဲ့သည့်အပေါ် မည်သည့်မှတ်ချက်မှ မပေးလိုကြောင်း ကိုတရုတ်လေးက ပြောသည်။
လင္းလင္းေအာင္
Credit: News Watch