Zawgyiျဖင့္ဖတ္ရန္
တ႐ုတ္ႏိုင္ငံမွ ထိပ္တန္း ဗုဒၶဘာသာ ဘုန္းႀကီးတပါးဟာ သီလရွင္ေတြကို ဖိအားေပး လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈေတြ ျပဳလုပ္ခဲ့တယ္ဆိုၿပီး တိုင္ၾကားခံခဲ့ရပါတယ္။

ဆူးခ်န္းလုိ႔ အမည္ရတဲ့ အဲဒီဘုန္းႀကီးဟာ တ႐ုတ္ႏိုင္ငံ ဗုဒၶဘာသာအသင္းရဲ႕ အႀကီးအကဲတဦးျဖစ္ၿပီး အစိုးရရဲ႕ ႏိုင္ငံေရးအႀကံေပးတဦးလည္း ျဖစ္ပါတယ္။

သူဟာ အဲဒီရာထူးအတြက္ အသက္အငယ္ဆံုးအျဖစ္ လူသိမ်ားသူတဦးလည္းျဖစ္ကာ တ႐ုတ္ႏိုင္ငံရဲ႕ အင္တာနက္ လူမႈကြန္ရက္စာမ်က္ႏွာ ေဝဘိုေပၚမွာ ပရိသတ္ ၁ သန္းေက်ာ္ ရွိေနတာပါ။

သူ႔ရဲ႕ သီလရွင္ေတြအေပၚ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈ ျပဳခဲ့တယ္ဆိုတဲ့ တိုင္ၾကားစာကိုေတာ့ သူေက်ာင္းထိုင္တဲ့ ေလာင္ဂူအန္ ဘုန္းေတာ္ႀကီးေက်ာင္းက ဘုန္းႀကီး ၂ ပါးက အစိုးရဆီ အေသးစိတ္ တုိင္ၾကားခဲ့တာျဖစ္တယ္လို႔ ဘီဘီစီသတင္းမွာ ၾသဂုတ္ ၂ ရက္ေန႔က ေဖာ္ျပပါတယ္။

ဒါေပမယ့္ ခုလိုစြပ္စြဲမႈေတြနဲ႔ ပတ္သက္ၿပီး ဆူးခ်န္းကေတာ့ ျငင္းဆိုထားပါတယ္။

တိုင္ၾကားစာထဲမွာေတာ့ ဘုန္းေတာ္ႀကီး ဆူးခ်န္းဟာ သီလရွင္ေတြကို တရားမဝင္ မက္ေဆ့ခ်္ေတြပို႔ၿပီး လိင္ပိုင္းဆိုင္ရာ ပတ္သက္ဆက္ႏႊယ္မႈေတြအတြက္ ဖိအားေပး ခိုင္းေစခဲ့တယ္လို႔ ေဖာ္ျပခဲ့ၿပီး အနည္းဆံုး သီလရွင္ ၆ ပါးကို ၿခိမ္းေျခာက္မႈေတြလုပ္ခဲ့ကာ သူတို႔ထဲက ၄ ပါးက သူ႔ေတာင္းဆုိခ်က္ကို လက္ခံခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

စာမ်က္ႏွာ ၉၅ မ်က္ႏွာ ပါဝင္တဲ့ အဲဒီတိုင္ၾကားစာထဲမွာ ဆူးခ်န္းက သီလရွင္ေတြကို စိတ္ပိုင္းဆိုင္ရာ ထိန္းခ်ဳပ္မႈေတြလုပ္ၿပီး ဖိအားေပးခဲ့တာျဖစ္ၿပီး စံုစမ္းစစ္ေဆးေရးအဖြဲ႔က စစ္ေဆးအေရးယူမႈေတြ လုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံမွာ လတ္တေလာ #MeToo အမည္ရတဲ့ အမ်ိဳးသမီးေတြအေပၚ လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာင့္ယွက္မႈေတြအတြက္ လႈပ္ရွားမႈမွာ တိုင္ၾကားအေရးယူမႈေတြ ရွိေနၿပီး ဘုန္းေတာ္ႀကီး ဆူးခ်န္းက ေနာက္ဆံုးတိုင္ၾကားခံရသူတဦး ျဖစ္လာခဲ့ပါတယ္။
Unicodeဖြင့်ဖတ်ရန်
တရုတ်နိုင်ငံမှ ထိပ်တန်း ဗုဒ္ဓဘာသာ ဘုန်းကြီးတပါးဟာ သီလရှင်တွေကို ဖိအားပေး လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး တိုင်ကြားခံခဲ့ရပါတယ်။

ဆူးချန်းလို့ အမည်ရတဲ့ အဲဒီဘုန်းကြီးဟာ တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအသင်းရဲ့ အကြီးအကဲတဦးဖြစ်ပြီး အစိုးရရဲ့ နိုင်ငံရေးအကြံပေးတဦးလည်း ဖြစ်ပါတယ်။

သူဟာ အဲဒီရာထူးအတွက် အသက်အငယ်ဆုံးအဖြစ် လူသိများသူတဦးလည်းဖြစ်ကာ တရုတ်နိုင်ငံရဲ့ အင်တာနက် လူမှုကွန်ရက်စာမျက်နှာ ဝေဘိုပေါ်မှာ ပရိသတ် ၁ သန်းကျော် ရှိနေတာပါ။

သူ့ရဲ့ သီလရှင်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ပြုခဲ့တယ်ဆိုတဲ့ တိုင်ကြားစာကိုတော့ သူကျောင်းထိုင်တဲ့ လောင်ဂူအန် ဘုန်းတော်ကြီးကျောင်းက ဘုန်းကြီး ၂ ပါးက အစိုးရဆီ အသေးစိတ် တိုင်ကြားခဲ့တာဖြစ်တယ်လို့ ဘီဘီစီသတင်းမှာ သြဂုတ် ၂ ရက်နေ့က ဖော်ပြပါတယ်။

ဒါပေမယ့် ခုလိုစွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး ဆူးချန်းကတော့ ငြင်းဆိုထားပါတယ်။

တိုင်ကြားစာထဲမှာတော့ ဘုန်းတော်ကြီး ဆူးချန်းဟာ သီလရှင်တွေကို တရားမဝင် မက်ဆေ့ချ်တွေပို့ပြီး လိင်ပိုင်းဆိုင်ရာ ပတ်သက်ဆက်နွှယ်မှုတွေအတွက် ဖိအားပေး ခိုင်းစေခဲ့တယ်လို့ ဖော်ပြခဲ့ပြီး အနည်းဆုံး သီလရှင် ၆ ပါးကို ခြိမ်းခြောက်မှုတွေလုပ်ခဲ့ကာ သူတို့ထဲက ၄ ပါးက သူ့တောင်းဆိုချက်ကို လက်ခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စာမျက်နှာ ၉၅ မျက်နှာ ပါဝင်တဲ့ အဲဒီတိုင်ကြားစာထဲမှာ ဆူးချန်းက သီလရှင်တွေကို စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုတွေလုပ်ပြီး ဖိအားပေးခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှာ လတ်တလော #MeToo အမည်ရတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေအတွက် လှုပ်ရှားမှုမှာ တိုင်ကြားအရေးယူမှုတွေ ရှိနေပြီး ဘုန်းတော်ကြီး ဆူးချန်းက နောက်ဆုံးတိုင်ကြားခံရသူတဦး ဖြစ်လာခဲ့ပါတယ်။
Credit: DVB