Zawgyiဖြင့်ဖတ်ရန်











Unicodeဖြင့်ဖတ်ရန်

ဂျပန်လူမျိုးတွေဟာ ကျန်း မာရေးနဲ့ ညီညွတ်စွာ နေထိုင်စား သောက်တဲ့အတွက် အသက်ရှည် ပြီး အရွယ်တင်ကြပါတယ်။ ဂျပန် အမျိုးသမီးတွေဆိုရင်လည်း ကိုယ်ခန္ဓာပါးပါးလျလျနဲ့ အရွယ်တင် နုပျိုနေတာမို့ သူတို့တွေဘယ်လို နေထိုင်စားသောက်ကြလဲ လေ့ လာကြည့်ရအောင်ပါ။

လက်ဖက်စိမ်းသောက်ခြင်း – လက်ဖက်စိမ်းဟာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိကြွယ်ဝသလို အိုမင်း ရင့်ရော်မှုကို ထိန်းထားပေးနိုင်တဲ့ အစွမ်းသတ္တိလည်းရှိကာ နှလုံး ရောဂါ၊ ကင်ဆာရောဂါကို ကာ ကွယ်နိုင်ပါတယ်။ ဂျပန်လူမျိုးတွေက ဂရင်းတီးကိုတစ်နေ့ ငါးခွက် လောက်သောက်တယ်လို့ ဆိုပါ တယ်။

အချဉ်ဖောက်အစားအစာများ စားခြင်း – မီဆို၊ ကင်မ်ချီ၊ ကီဖာ စတဲ့ အချဉ်ဖောက်ထားတဲ့ အစား အစာတွေဟာ ဗီတာမင်ဘီ၊ အိုမီ ဂါ−၃ ဖက်တီးအက်စစ်စတာတွေ ပါဝင်သလို အစာချေဖျက်မှုလည်း ကောင်းစေပါတယ်။

ပင်လယ်စာစားခြင်း – ဂျပန်လူမျိုး တွေက ပင်လယ်စာကို ပိုနှစ်သက်ကြပြီး တူနာ၊ ဆယ်လ်မွန်၊ မက်က ရယ်ငါး၊ ပုစွန်၊ ကမာစတာတွေ ကို အစားများကြပါတယ်။ ငါးမှာ ပါတဲ့ ပရိုတိန်းဓာတ်မျိုးစုံနဲ့ အာ ဟာရဓာတ်တွေ၊ အိုမီဂါ−၃ ဖက် တီးအက်စစ်စတာတွေပါတဲ့အ တွက် ဦးနှောက်၊ နှလုံးနဲ့ ကိုယ် တွင်းအင်္ဂါတွေ ကျန်းမာရေးအ တွက် အထောက်အကူပေးလို့ ဖြစ်ပါတယ်။

ပမာဏအနည်းငယ်သာစားခြင်း – ထမင်းပန်းကန်တစ်လုံးစာ လောက်ပဲ စားတဲ့အတွက် ကိုယ် အလေးချိန်ကို ထိန်းပြီးသားဖြစ် စေပါတယ်။

လမ်းများများလျှောက်ခြင်း – လမ်းလျှောက်တာဟာ ခန္ဓာကိုယ်ပေါ့ ပါးသွက်လက်စေတဲ့ အကောင်း ဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံမှာတော့ လူတိုင်းလိုလို ခပ်သွက်သွက်လမ်းလျှောက်သွား လာကြပါတယ်။

တစ်ခုခုလုပ်ရင်းအစားမစားပါ – ဂျပန်တွေဟာ လမ်းလျှောက်ရင်း အစားစားလေ့မရှိသလို တီဗီ ကြည့်ရင်း၊ အလုပ်လုပ်ရင်းလည်းမစားကြပါဘူး။ တူကိုအသုံးပြုပြီး ထမင်းစားတဲ့အတွက် ပမာဏအ များကြီး မစားမိသလို ဖြည်းဖြည်း စားရင်းနဲ့ ဗိုက်ပြည့်သွားစေပါ တယ်။

ကျန်းမာရေးနဲ့ ညီညွတ်စွာချက် ပြုတ်ခြင်း – အစိမ်းစား၊ ကင်စား၊ ဆူရုံတည်ပြီးစားတဲ့အလေ့အထ ဟာ ဆီတွေအများကြီးသုံးပြီး ချက်ပြုတ်တာကို ရှောင်ရှားပြီးသား ဖြစ်စေပါတယ်။ ဆီကြော်အစားအစာ က ဂျပန်မှာ အတော်ရှားပြီး တန်ပူ ရာကြော်လောက်ပဲစားကြပါတယ်။

ကိုယ်ခံပညာကစားခြင်း – ဂျပန် ရိုးရာကိုယ်ခံပညာတွေဖြစ်တဲ့ ကရာတေး၊ ဂျူဒို၊ အာကီဒိုနဲ့ တခြားအားကစားနည်းတွေကို ဂျပန်အ မျိုးသမီးတွေကစားလေ့ရှိကြပါ တယ်။ ခန္ဓာကိုယ်နဲ့ ကြွက်သား တွေကို သန်စွမ်းကျန်းမာစေကာ ကိုယ်အလေးချိန်ကြောင့် ခန္ဓာ ကိုယ်ရောင်ရမ်းတာတွေ၊ သွေး ဆုံးချိန်မတိုင်ခင် အဝလွန်တာ တွေကို လျော့နည်းစေပါတယ်။

ရေပူစမ်းတွင် ရေချိုးခြင်း – ခန္ဓာ ကိုယ်တွင်းသွေးလည်ပတ်မှု ကောင်းစေသလို စိတ်ဖိစီးမှုကင်း ပြီး အသားအရေလည်းကောင်း စေပါတယ်။ ကောင်းကောင်းအိပ် ပျော်စေသလို နှလုံးကျန်းမာရေး အတွက်လည်း ထောက်ကူလို့ဖြစ် ပါတယ်။

အချိုစာမစားခြင်း – ဂျပန်အမျိုး သမီးတွေ ပိန်ပိန်ပါးပါးဖြစ်နေခြင်း ရဲ့ လျှို့ဝှက်ချက်တစ်ခုက အချို တွေမစားတာပါ။ လတ်လတ် ဆတ်ဆတ်အသီးတွေနဲ့ ကန်စွန်းဥတို့လိုမျိုး သဘာဝသစ်ဥတွေကို သာ စားလေ့ရှိကြပါတယ်။
Ref: tophomeremedies

Credit -7Day Daily