Zawgyiျဖင့္ဖတ္ရန္
ဗိုလ္ခ်ဳပ္ရုပ္ရွင္ရိုက္ကူးရန္ ဇာတ္ညႊန္းမွာ ၿပီးစီးသေလာက္ ရွိေနၿပီး လာမည့္ စက္တင္ဘာလကုန္တြင္ အေခ်ာသပ္ ႏိုင္လိမ့္မည္ျဖစ္ေၾကာင္း ဒါရိုက္တာ မင္းထင္ကိုကိုႀကီးက မဇၩိမသို႔ ေျပာသည္။

ဇာတ္ညႊန္းၿပီးစီးသည္ႏွင့္ ၆ လ ဝန္းက်င္ ရိုက္ကူးေရး ျပင္ဆင္ကာ ဆက္လက္႐ုိက္ကူးသြားႏုိင္ရန္ကုိလည္း ၎က ေမွ်ာ္လင့္ထားသည္။

“ဇာတ္ညႊန္းက စက္တင္ဘာလကုန္ေလာက္မွာ ၿပီးေတာ့မွာပါ။” ဟု ဒါရိုက္တာ မင္းထင္ကိုကိုႀကီးက ေျပာသည္။

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းအတၴဳပၸတၱိ ႐ုပ္ရွင္ဇာတ္ကားႀကီး ႐ုိက္ကူးမည့္ အခ်ိန္ကာလကုိ တစ္လတစ္ႀကိမ္ခန္႔ ေမးျမန္းေနလ်က္ရွိေနသည္ဟု ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက ေျပာၾကားထားသည္။

အဆိုပါ ရုပ္ရွင္ရိုက္ကူးရန္ က်ပ္သိန္းေပါင္း ၁ ေသာင္းခန္႔ လ်ာထားေၾကာင္း သိရၿပီး လက္ရိွတြင္ စုစုေပါင္း က်ပ္သိန္း ၁၂၀၀၀ ေက်ာ္ႏွင့္ အေမရိကန္ေဒၚလာ ၅၀၀၀ နီးပါး ရရိွထားေၾကာင္း ဇြန္လ ၃၀ ရက္ေန႔က ျပဳလုပ္ခဲ့သည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အတၴဳပၸတၱိ ရုပ္ရွင္ရုိက္ကူး ထုတ္လုပ္ေရး လုပ္ငန္းေကာ္မတီ ပဥၥမအႀကိမ္ လုပ္ငန္းအစည္းအေ၀းတြင္ တာဝန္ရွိသူမ်ားက သတင္းမီဒီယာမ်ားကုိ ရွင္းလင္းခဲ့သည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္ရွင္ျဖစ္ေျမာက္ေရးအဖြဲ႕ ကုိ ၂၀၁၂ ေဖေဖာ္၀ါရီ ၁၃ ရက္တြင္ ဖြဲ႕စည္းခဲ့ျခင္း ျဖစ္ခဲ့ေသာ္လည္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္ရွင္ မွာ ၅ ႏွစ္တာကာလအတြင္း ရုိက္ကူးႏုိင္ခဲ့ျခင္းမ႐ွိ၍ ေ၀ဖန္မႈမ်ား ထြက္ေပၚခဲ့သည္။

လက္ရိွတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအတၴဳပၸတၱိ ႐ုပ္ရွင္ ဇာတ္ကား ဇာတ္ညႊန္းေရးသားေနၿပီး ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလအတြင္း အၿပီးရုိက္ကူးျခင္းႏွင့္ ၂၀၂၀ ခုႏွစ္တြင္ ရုံတင္ျပသႏုိင္မည္ဟု ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးက ဆုိသည္။
Unicodeဖြင့်ဖတ်ရန်

ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရန် ဇာတ်ညွှန်းမှာ ပြီးစီးသလောက် ရှိနေပြီး လာမည့် စက်တင်ဘာလကုန်တွင် အချောသပ် နိုင်လိမ့်မည်ဖြစ်ကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မဇ္ဈိမသို့ ပြောသည်။

ဇာတ်ညွှန်းပြီးစီးသည်နှင့် ၆ လ ဝန်းကျင် ရိုက်ကူးရေး ပြင်ဆင်ကာ ဆက်လက်ရိုက်ကူးသွားနိုင်ရန်ကိုလည်း ၎င်းက မျှော်လင့်ထားသည်။

“ဇာတ်ညွှန်းက စက်တင်ဘာလကုန်လောက်မှာ ပြီးတော့မှာပါ။” ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမည့် အချိန်ကာလကို တစ်လတစ်ကြိမ်ခန့် မေးမြန်းနေလျက်ရှိနေသည်ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားထားသည်။

အဆိုပါ ရုပ်ရှင်ရိုက်ကူးရန် ကျပ်သိန်းပေါင်း ၁ သောင်းခန့် လျာထားကြောင်း သိရပြီး လက်ရှိတွင် စုစုပေါင်း ကျပ်သိန်း ၁၂၀၀၀ ကျော်နှင့် အမေရိကန်ဒေါ်လာ ၅၀၀၀ နီးပါး ရရှိထားကြောင်း ဇွန်လ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းအစည်းအဝေးတွင် တာဝန်ရှိသူများက သတင်းမီဒီယာများကို ရှင်းလင်းခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ကို ၂၀၁၂ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် မှာ ၅ နှစ်တာကာလအတွင်း ရိုက်ကူးနိုင်ခဲ့ခြင်းမရှိ၍ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

လက်ရှိတွင် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကား ဇာတ်ညွှန်းရေးသားနေပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း အပြီးရိုက်ကူးခြင်းနှင့် ၂၀၂၀ ခုနှစ်တွင် ရုံတင်ပြသနိုင်မည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆိုသည်။

Credit:Mizzima