ZawGyiျဖင့္ဖတ္ရန္

ကြၽန္ေတာ့္ တစ္သက္မွာ ပထမဆုံး ၾကည့္ဖူးတဲ့ ဘာသာေရး ႐ုပ္ရွင္ဇာတ္ကားပါပဲ …။

(ဘာသာေရး ဇာတ္ကားျဖစ္လို႔ အေရးအသားမွားရင္ ေတာင္းပန္ပါတယ္ ဗ်ာ ။)

ဒီဇာတ္ကားၾကည့္ၿပီး ကိုယ့္ကိုယ္ကို ဗုဒၶဘာသာဝင္ ျဖစ္ရတာ အရင္ ဂုဏ္ယူရမယ္ …။

ဇာတ္လမ္းအက်ဥ္း. ဘာသာတရားကို ငယ္စဥ္ကတည္းက ေလးစားတန္ဖိုးထားတဲ့ ရဟန္း ပ်ိဳတစ္ပါး အေပၚ
သဒၶါလြန္ အၾကည္ညိဳ လြန္ၿပီး စြဲလမ္းမိခဲ့တဲ့ မိန္းမလွေလး တစ္ေယာက္ တို႔ၾကားက ျဖစ္ရပ္ဆန္းဆန္းေလး ကို ဇာတ္အိမ္တည္ထားတဲ့ သာဘာေရး
Drama ဇာတ္ကားေကာင္း တစ္ကား ။

ပထမဆုံး ရွိသမွ် စည္းစိမ္ေတြ အကုန္ပုံေအာၿပီး တရားအလႉကို ဖန္တီးေပးခဲ့တဲ့
ဒါ႐ိုက္တာ ဗန္းႀကီး (ကိုေအာင္(႐ူပေဗဒ )) ေက်းဇူးတင္ပါတယ္ ဗ်ာ …။ နာမည္ေက်ာ္ မင္းသား၊မင္းသမီး မပါပဲ
အသစ္ေတြ နဲ႔ ပုံေဖာ္ရဲတဲ့ သတၱိ ကို ေလးစားတယ္ ။
ေသေသသပ္သပ္ နဲ႔ ႐ိုက္ျပထားတဲ့ အတြက္ အႏုပညာတန္ဖိုးျမင့္မားတဲ့ ႐ုပ္ရွင္ကား တစ္ကားပါပဲ ။
( တစ္ခ်ိဳ႕ ဇာတ္ဝင္ခန္း ေတြ အားနည္းခ်က္ ရွိေပမယ့္
အျပစ္မျမင္ေတာ့ပါဘူး )။ တကယ့္ ရဟန္းအစစ္ေတြ လို အေကာင္း ဆုံး ပုံေဖာ္ႏိုင္ခဲ့ တယ္ ။

ဦးဇင္းေလး ဝဏၰသီရီ အျဖစ္ခိုင္ထူးသာ
တကယ္ကို ထူးခြၽန္ပါတယ္ ။ အႏုပညာပါရမီ ျပည့္ဝတဲ့ ဆိုရမလား ၾကည္ညိဳလြန္ ၊ သဒၶါလြန္ စရာေကာင္းတဲ့
ဦးဇင္း တစ္ပါး အျဖစ္ တည္တည္ၿငိမ္ၿငိမ္ ၊ သမာဓိအား ေကာင္းေကာင္းနဲ႔ အေကာင္းဆုံး လုပ္ေဆာင္ႏိုင္ခဲ့ တယ္။

ရွင္မဟာေမာဂၢလန္အျဖစ္ ဇာတိ
ဇာတ္ဝင္ခန္း နည္းတယ္ ဆိုေပမယ့္ က်ရာ တာဝန္ကို ေက်ပြန္တဲ့ ဇာတ္ေကာင္ ၊ ေႂကြတာ က အသံပါဝါ ပဲ။
ၾသဇာသံ အျပည့္ပါတယ္ ။ေတာ္လိုက္တာ ဗ်ာ ။
အခန္းနည္းေတာ့ ၾကည့္ရတာ အားေတာင္မရဘူး ။

ခင္မႈံအျဖစ္ခင္ဇာျခည္ေက်ာ္ နဲ႔ သူမ၏ သားအျဖစ္
ကေလးသ႐ုပ္ေဆာင္ ႏိုင္ႏိုင္းထက္
ဝါရင့္သ႐ုပ္ေဆာင္ တစ္ေယာက္ပီပီ အေမတစ္ခု သားတစ္ခု ဘဝမွာ သာသနာ့ ေဘာင္ ဝင္မယ့္သားကို
မစြန႔္လႊတ္ႏိုင္ပဲ ခြဲခြာခဲ့ရၿပီး သားေဇာနဲ႔ ရင္ကြဲနာက်ေသဆုံးခဲ့တဲ့ မိခင္ …။
ကေလးသ႐ုပ္ေဆာင္ကလည္း
မိခင္ အေပၚ အလိုက်ျခင္း ၊ မက်ျခင္း ကို မ်က္ႏွာအမူအယာ ေလး နဲ႔ လုပ္သြားတယ္ ။
သားအမိ အစစ္ေတြ ၾကည့္ရသလိုပဲ ဝါရင့္သ႐ုပ္ေဆာင္ အကယ္ဒမီ မင္းသမီး နဲ႔ အၿပိဳင္ အေပးအယူမွ်မွ် သ႐ုပ္ေဆာင္ခ်က္ ေတြ အံၾသမိတယ္ ကေလး ရယ္ ။
အ႐ြယ္ငယ္ေပမယ့္ ေခသူမဟုတ္ ။

ျပည့္စုံခင္@ျပည့္တန္ဆာမေလးဝိမလာ
အျဖစ္ နန္းဆုဦး
အၿမဲတမ္း ဂ်စ္ကန္ကန္ ဆိုးေပေပ ကာ႐ိုက္တာ နဲ႔
ေတြ႕ေနက် ဆိုေတာ့ ဒီလို တည္တည္ၿငိမ္ၿငိမ္ က်က္သေရ ရွိတဲ့ ျမန္မာမိန္းကေလး အေနနဲ႔ လုပ္ႏိုင္ပါ့မလား ၊
လိုက္ဖက္ပါ့ မလား ၊ တာဝန္ေက်ပါ့မလား လို႔ စိတ္ပူခဲ့ ရတာ ၊ ပထမဆုံး ရထားေပၚက စတဲ့ ဇာတ္ဝင္ခန္း ကစလို႔… အစြဲအလန္းႀကီးၿပီး ဆုေတာင္းမွားကြယ္လြန္ခဲ့ ရတဲ့ဇာတ္ဝင္ခန္း အထိ အဝတ္အစား ၊ မိတ္ကပ္ အျပင္အဆင္ ( မ်က္ကပ္မွန္ မတပ္ထားပဲ ) သဘာဝက်က် နဲ႔ က်ရာဇာတ္႐ုပ္နဲ႔ တစ္ထပ္တည္းက်ခဲ့ တဲ့ အတြက္ အရမ္းကို ေက်နပ္အားရမိတယ္ ။
ဘာသာတရားကိုေလးစားၾကည္ညိဳ
တန္ဖိုး ထားေပမယ့္ သတိတစ္ခ်က္လြတ္သြားလို႔
သာသနာဖ်က္တဲ့ ဘဝကို ေရာက္ခဲ့ ရတဲ့ သနားစရာ
မိန္းမပ်ိဳ ေလး (မ်က္ရည္ေတာင္ဝဲတယ္ )။

ျပည့္တန္ဆာမေလး လုပ္ေတာ့လည္း ခ်စ္စဖြယ္ အမူအရာ နဲ႔ သ႐ုပ္ေဆာင္ ခ်က္ေတြကို အသိအမွတ္မျပဳ ပဲ မေနႏိုင္ဘူး ၊ တစ္ကားလုံး ျမန္မာဝတ္စုံ ေလးေတြနဲ႔ သ႐ုပ္ေဆာင္ပိုင္းကို ေျပာင္းထားတာ အရမ္းကို
ေတာ္လြန္းတယ္ ။

နိဂုံးခ်ဴပ္ အေနနဲ႔ ေျပာရရင္ ဇာတ္ပို႔အားလုံးက လည္း
သူ႔ ေနရာနဲ႔ သူတာဝန္ေက်တယ္ ။ ဇာတ္ဝင္ေတး ကလည္း ဇာတ္လမ္းနဲ႔ လိုက္ဖက္တယ္ ။
ဗုဒၶတရားေတာ္ေတြကို Eng Sub Title နဲ႔ ေသေသသပ္သပ္ စာတမ္းထိုးထားတဲ့ ႐ုပ္ရွင္ …။
ဗုဒၶဘာသာဝင္ လူႀကီး၊လူငယ္ မေ႐ြး မပ်က္မကြက္ ၾကည့္သင့္ ၾကည့္ထိုက္ တဲ့ ဘာသာေရး ဇာတ္ကားေလး
တစ္ကား ျဖစ္လို႔ ဆက္ဆက္ ၾကည့္႐ူဖို႔ တိုက္တြန္းလိုက္ပါရေစ…။

ဗုဒၶ ဘာသာဝင္ အမ်ားဆုံး ရွိတဲ့ႏိုင္ငံ၊
ဗုဒၶ အဆုံးအမေတြ အမ်ားဆုံးရွိတဲ့ ႏိုင္ငံ ၊
ဗုဒၶ သာသနာ အထြန္းကားဆုံး ႏိုင္ငံ ျဖစ္လို႔
ဥပါဒါန္ (ဘာသာေရး )႐ုပ္ရွင္ကား ႀကီး ေအာင္ျမင္မူေတြ အမ်ားႀကီး ရပါေစ လို႔ ဆုေတာင္းေပးပါတယ္ ဗ်ာ
🙏🙏🙏 …..။
Thiha Htun

UniCodeဖြင့်ဖတ်ရန်

ဒီဇာတ်ကားကြည့်ပြီး ကိုယ်ကိုကိုယ် ဗုဒ္ဓဘာသာဝင်ဖြစ်ရတာ အရင်ဂုဏ်ယူရမယ်

ကျွန်တော့် တစ်သက်မှာ ပထမဆုံး ကြည့်ဖူးတဲ့ ဘာသာရေး ရုပ်ရှင်ဇာတ်ကားပါပဲ …။

(ဘာသာရေး ဇာတ်ကားဖြစ်လို့ အရေးအသားမှားရင် တောင်းပန်ပါတယ် ဗျာ ။)

ဒီဇာတ်ကားကြည့်ပြီး ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင် ဖြစ်ရတာ အရင် ဂုဏ်ယူရမယ် …။

ဇာတ်လမ်းအကျဉ်း. ဘာသာတရားကို ငယ်စဉ်ကတည်းက လေးစားတန်ဖိုးထားတဲ့ ရဟန်း ပျိုတစ်ပါး အပေါ်
သဒ္ဓါလွန် အကြည်ညို လွန်ပြီး စွဲလမ်းမိခဲ့တဲ့ မိန်းမလှလေး တစ်ယောက် တို့ကြားက ဖြစ်ရပ်ဆန်းဆန်းလေး ကို ဇာတ်အိမ်တည်ထားတဲ့ သာဘာရေး
Drama ဇာတ်ကားကောင်း တစ်ကား ။

ပထမဆုံး ရှိသမျှ စည်းစိမ်တွေ အကုန်ပုံအောပြီး တရားအလှူကို ဖန်တီးပေးခဲ့တဲ့
ဒါရိုက်တာ ဗန်းကြီး (ကိုအောင်(ရူပဗေဒ )) ကျေးဇူးတင်ပါတယ် ဗျာ …။ နာမည်ကျော် မင်းသား၊မင်းသမီး မပါပဲ
အသစ်တွေ နဲ့ ပုံဖော်ရဲတဲ့ သတ္တိ ကို လေးစားတယ် ။
သေသေသပ်သပ် နဲ့ ရိုက်ပြထားတဲ့ အတွက် အနုပညာတန်ဖိုးမြင့်မားတဲ့ ရုပ်ရှင်ကား တစ်ကားပါပဲ ။
( တစ်ချို့ ဇာတ်ဝင်ခန်း တွေ အားနည်းချက် ရှိပေမယ့်
အပြစ်မမြင်တော့ပါဘူး )။ တကယ့် ရဟန်းအစစ်တွေ လို အကောင်း ဆုံး ပုံဖော်နိုင်ခဲ့ တယ် ။

ဦးဇင်းလေး ဝဏ္ဏသီရီ အဖြစ်ခိုင်ထူးသာ
တကယ်ကို ထူးချွန်ပါတယ် ။ အနုပညာပါရမီ ပြည့်ဝတဲ့ ဆိုရမလား ကြည်ညိုလွန် ၊ သဒ္ဓါလွန် စရာကောင်းတဲ့
ဦးဇင်း တစ်ပါး အဖြစ် တည်တည်ငြိမ်ငြိမ် ၊ သမာဓိအား ကောင်းကောင်းနဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ တယ်။
ရှင်မဟာမောဂ္ဂလန်အဖြစ် ဇာတိ
ဇာတ်ဝင်ခန်း နည်းတယ် ဆိုပေမယ့် ကျရာ တာဝန်ကို ကျေပွန်တဲ့ ဇာတ်ကောင် ၊ ကြွေတာ က အသံပါဝါ ပဲ။
သြဇာသံ အပြည့်ပါတယ် ။တော်လိုက်တာ ဗျာ ။
အခန်းနည်းတော့ ကြည့်ရတာ အားတောင်မရဘူး ။

ခင်မှုံအဖြစ်ခင်ဇာခြည်ကျော် နဲ့ သူမ၏ သားအဖြစ်
ကလေးသရုပ်ဆောင် နိုင်နိုင်းထက်
ဝါရင့်သရုပ်ဆောင် တစ်ယောက်ပီပီ အမေတစ်ခု သားတစ်ခု ဘဝမှာ သာသနာ့ ဘောင် ဝင်မယ့်သားကို
မစွန့်လွှတ်နိုင်ပဲ ခွဲခွာခဲ့ရပြီး သားဇောနဲ့ ရင်ကွဲနာကျသေဆုံးခဲ့တဲ့ မိခင် …။
ကလေးသရုပ်ဆောင်ကလည်း
မိခင် အပေါ် အလိုကျခြင်း ၊ မကျခြင်း ကို မျက်နှာအမူအယာ လေး နဲ့ လုပ်သွားတယ် ။
သားအမိ အစစ်တွေ ကြည့်ရသလိုပဲ ဝါရင့်သရုပ်ဆောင် အကယ်ဒမီ မင်းသမီး နဲ့ အပြိုင် အပေးအယူမျှမျှ သရုပ်ဆောင်ချက် တွေ အံသြမိတယ် ကလေး ရယ် ။
အရွယ်ငယ်ပေမယ့် ခေသူမဟုတ် ။

ပြည့်စုံခင်@ပြည့်တန်ဆာမလေးဝိမလာ
အဖြစ် နန်းဆုဦး
အမြဲတမ်း ဂျစ်ကန်ကန် ဆိုးပေပေ ကာရိုက်တာ နဲ့
တွေ့နေကျ ဆိုတော့ ဒီလို တည်တည်ငြိမ်ငြိမ် ကျက်သရေ ရှိတဲ့ မြန်မာမိန်းကလေး အနေနဲ့ လုပ်နိုင်ပါ့မလား ၊
လိုက်ဖက်ပါ့ မလား ၊ တာဝန်ကျေပါ့မလား လို့ စိတ်ပူခဲ့ ရတာ ၊ ပထမဆုံး ရထားပေါ်က စတဲ့ ဇာတ်ဝင်ခန်း ကစလို့… အစွဲအလန်းကြီးပြီး ဆုတောင်းမှားကွယ်လွန်ခဲ့ ရတဲ့ဇာတ်ဝင်ခန်း အထိ အဝတ်အစား ၊ မိတ်ကပ် အပြင်အဆင် ( မျက်ကပ်မှန် မတပ်ထားပဲ ) သဘာဝကျကျ နဲ့ ကျရာဇာတ်ရုပ်နဲ့ တစ်ထပ်တည်းကျခဲ့ တဲ့ အတွက် အရမ်းကို ကျေနပ်အားရမိတယ် ။
ဘာသာတရားကိုလေးစားကြည်ညို
တန်ဖိုး ထားပေမယ့် သတိတစ်ချက်လွတ်သွားလို့
သာသနာဖျက်တဲ့ ဘဝကို ရောက်ခဲ့ ရတဲ့ သနားစရာ
မိန်းမပျို လေး (မျက်ရည်တောင်ဝဲတယ် )။
ပြည့်တန်ဆာမလေး လုပ်တော့လည်း ချစ်စဖွယ် အမူအရာ နဲ့ သရုပ်ဆောင် ချက်တွေကို အသိအမှတ်မပြု ပဲ မနေနိုင်ဘူး ၊ တစ်ကားလုံး မြန်မာဝတ်စုံ လေးတွေနဲ့ သရုပ်ဆောင်ပိုင်းကို ပြောင်းထားတာ အရမ်းကို
တော်လွန်းတယ် ။

နိဂုံးချူပ် အနေနဲ့ ပြောရရင် ဇာတ်ပို့အားလုံးက လည်း
သူ့ နေရာနဲ့ သူတာဝန်ကျေတယ် ။ ဇာတ်ဝင်တေး ကလည်း ဇာတ်လမ်းနဲ့ လိုက်ဖက်တယ် ။
ဗုဒ္ဓတရားတော်တွေကို Eng Sub Title နဲ့ သေသေသပ်သပ် စာတမ်းထိုးထားတဲ့ ရုပ်ရှင် …။
ဗုဒ္ဓဘာသာဝင် လူကြီး၊လူငယ် မရွေး မပျက်မကွက် ကြည့်သင့် ကြည့်ထိုက် တဲ့ ဘာသာရေး ဇာတ်ကားလေး
တစ်ကား ဖြစ်လို့ ဆက်ဆက် ကြည့်ရူဖို့ တိုက်တွန်းလိုက်ပါရစေ…။

ဗုဒ္ဓ ဘာသာဝင် အများဆုံး ရှိတဲ့နိုင်ငံ၊
ဗုဒ္ဓ အဆုံးအမတွေ အများဆုံးရှိတဲ့ နိုင်ငံ ၊
ဗုဒ္ဓ သာသနာ အထွန်းကားဆုံး နိုင်ငံ ဖြစ်လို့
ဥပါဒါန် (ဘာသာရေး )ရုပ်ရှင်ကား ကြီး အောင်မြင်မူတွေ အများကြီး ရပါစေ လို့ ဆုတောင်းပေးပါတယ် ဗျာ
🙏🙏🙏 …..။
Thiha Htun