Zawgyiျဖင့္ဖတ္ရန္
မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ အမွတ္(၇)ရဲစခန္းတြင္ ၾသဂုတ္ ၁၆ ရက္ ည ၁၀ နာရီခြဲအခ်ိန္ခန္႔က လွည့္ကင္းလွည့္ရန္ျပင္ဆင္ေနစဥ္ ရဲတပ္သားအခ်င္းခ်င္းစကားမ်ားခဲ့ၿပီးေနာက္ ၁၂ဗို႔ ေျပာင္းေခ်ာေသနတ္ျဖင့္ ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မႈခင္းက်ဆင္းေရးစီမံခ်က္ (သိမ္းငွက္စီမံခ်က္) အရ ငါန္းျမာရဲစခန္းမွ အမွတ္(၇)ရဲစခန္းပိုင္ သံလ်က္ေမွာ္အေရွ႕ရပ္ကြက္ရဲကင္းတြင္ တြဲဖက္တာဝန္ခ်ထားခံရသူ ဒုတပ္ၾကပ္စိုးလင္းသည္ ရဲကင္းတြင္ တာဝန္ထမ္းေဆာင္ေနသည့္ ရဲတပ္သားရဲရင့္ေအာင္နွင့္ လွည့္ကင္းကိစၥ စကားမ်ားခဲ့ရာမွတဆင့္ ရဲတပ္သားရဲရင့္ေအာင္က ၄င္းကိုင္ေဆာင္ထားေသာ ရာဘာက်ည္ထည့္ထားသည့္ ၁၂ ဗို႔ေျပာင္းေခ်ာေသနတ္ျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း မႏၲေလးျပည္သူ႔ေဆးရုံႀကီး အေရးေပၚလူနာရွိ ရဲအရာရွိတဦးကေ ေျပာသည္။

စကားမ်ားတဲ့အေၾကာင္းရင္းက စုံစမ္းေနဆဲပါ။ ၁၂ဗို႔ ေျပာင္းေခ်ာနဲ႔ ပစ္ခတ္ခံရတာေၾကာင့္ ဒုတပ္ၾကပ္စိုးလင္းမွာ နဖူး ဖူးေရာင္ဒဏ္ရာ ဝဲဂ်ိဳေစာင္းစုတ္ၿပဲဒဏ္ရာ ယာေပါင္ရင္း စုတ္ၿပဲဒဏ္ရာေတြရရွိသြားပါတယ္။ ဒဏ္ရာေတြက အသက္အႏၲရယ္မစိုးရိမ္ရပါဘူး။ ေျပာင္းေခ်ာေသနတ္နဲ႔ပစ္ခတ္တဲ့ ရဲတပ္သားကိုလည္း ဌာနတြင္းစုံခုံဖြဲ႕အေရးယူမႈေတြလုပ္သြားမွာပါ”ဟု ၄င္းအရာရွိကေျပာသည္

မႏၲေလးၿမိဳ႕တြင္ လုယက္မႈမ်ား ယခုနွစ္ပိုင္းအတြင္း မၾကာခဏျဖစ္ပြားလာေသာေၾကာင့္ မႈခင္းေလ်ာ့ပါးေရးစီမံခ်က္မ်ားခ်မွတ္ကာ လုပ္ေဆာင္ေနေသာေၾကာင့္ ေအာက္ေျခရဲေဘာ္မ်ားမွာ ေန႔မအားညမအား တာဝန္ထမ္းေဆာင္ေနရသျဖင့္ စိတ္ဖိစီးမႈမ်ားျဖစ္ေပၚေနျခင္းေၾကာင့္ ယခုလို အခ်င္းခ်င္းစကားမ်ားအျငင္းပြားမႈမ်ားျဖစ္ေပၚလာျခင္းျဖစ္ႏိုင္ေၾကာင္း ရဲအရာရွိတဦးက သံုးသပ္ေျပာၾကားသည္။
Unicodeဖြင့်ဖတ်ရန်
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ်(၇)ရဲစခန်းတွင် သြဂုတ် ၁၆ ရက် ည ၁၀ နာရီခွဲအချိန်ခန့်က လှည့်ကင်းလှည့်ရန်ပြင်ဆင်နေစဉ် ရဲတပ်သားအချင်းချင်းစကားများခဲ့ပြီးနောက် ၁၂ဗို့ ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မှုခင်းကျဆင်းရေးစီမံချက် (သိမ်းငှက်စီမံချက်) အရ ငါန်းမြာရဲစခန်းမှ အမှတ်(၇)ရဲစခန်းပိုင် သံလျက်မှော်အရှေ့ရပ်ကွက်ရဲကင်းတွင် တွဲဖက်တာဝန်ချထားခံရသူ ဒုတပ်ကြပ်စိုးလင်းသည် ရဲကင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သားရဲရင့်အောင်နှင့် လှည့်ကင်းကိစ္စ စကားများခဲ့ရာမှတဆင့် ရဲတပ်သားရဲရင့်အောင်က ၎င်းကိုင်ဆောင်ထားသော ရာဘာကျည်ထည့်ထားသည့် ၁၂ ဗို့ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်လူနာရှိ ရဲအရာရှိတဦးကေ ပြောသည်။

စကားများတဲ့အကြောင်းရင်းက စုံစမ်းနေဆဲပါ။ ၁၂ဗို့ ပြောင်းချောနဲ့ ပစ်ခတ်ခံရတာကြောင့် ဒုတပ်ကြပ်စိုးလင်းမှာ နဖူး ဖူးရောင်ဒဏ်ရာ ဝဲဂျိုစောင်းစုတ်ပြဲဒဏ်ရာ ယာပေါင်ရင်း စုတ်ပြဲဒဏ်ရာတွေရရှိသွားပါတယ်။ ဒဏ်ရာတွေက အသက်အန္တရယ်မစိုးရိမ်ရပါဘူး။ ပြောင်းချောသေနတ်နဲ့ပစ်ခတ်တဲ့ ရဲတပ်သားကိုလည်း ဌာနတွင်းစုံခုံဖွဲ့အရေးယူမှုတွေလုပ်သွားမှာပါ”ဟု ၎င်းအရာရှိကပြောသည်

မန္တလေးမြို့တွင် လုယက်မှုများ ယခုနှစ်ပိုင်းအတွင်း မကြာခဏဖြစ်ပွားလာသောကြောင့် မှုခင်းလျော့ပါးရေးစီမံချက်များချမှတ်ကာ လုပ်ဆောင်နေသောကြောင့် အောက်ခြေရဲဘော်များမှာ နေ့မအားညမအား တာဝန်ထမ်းဆောင်နေရသဖြင့် စိတ်ဖိစီးမှုများဖြစ်ပေါ်နေခြင်းကြောင့် ယခုလို အချင်းချင်းစကားများအငြင်းပွားမှုများဖြစ်ပေါ်လာခြင်းဖြစ်နိုင်ကြောင်း ရဲအရာရှိတဦးက သုံးသပ်ပြောကြားသည်။
စိုင္းထူးခန္႔

Credit :News watch