Zawgyiျဖင့္ဖတ္ရန္

မြန္ျပည္နယ္ မုဒုံျမဳိ့နယ္ ကင္းေခ်ာင္းေက်းရြာ၌ ၁၉.၈.၂၀၁၈ ရက္ေန႔တြင္း မႏွင္း(၃၅)ႏွစ္သည္ လယ္အတြင္း ကန္စြန္းရြတ္ခူးၿပီးအျပန္ေနအိမ္အေရာက္တြင္ အိမ္ေခါင္းရင္းေန ၎၏ ဖေအတူ မေအကြဲညီမေတာ္စပ္သူ မေအးေအး(၁၅) ႏွစ္မွ ေရာက္႐ွိလာၿပီး ၁၈.၈.၂၀၁၈ ရက္ေန႔က မိခင္ျဖစ္သူ ခရီးသြားေနစဥ္ ဖခင္အရင္းျဖစ္သူ ဦးလွေက်ာ္(၄၃)ႏွစ္မွ ၎ႏွင့္အတူအိပ္ရာ ညသန္းေခါင္အခ်ိန္၌ မေအးေအး(၁၅) ႏွစ္အား သားမယားျပဳက်င့္ခဲ့ၿပီး ဖခင္အရင္းျဖစ္သူ ဦးလွေက်ာ္မွ မည္သူ႔ကုိမ်ွျပန္မေျပာရန္ႏွင့္ျပန္ေျပာလ်ွင္ဓားျဖင့္ခုတ္သတ္မည္ဟုခ်ိန္းေျခာက္ေျပာဆုိခဲ့သည္ဟု သိရသည္။

ယခင္ကလည္ မေအးေအး(၁၅)ႏွစ္အား ဖခင္အရင္းျဖစ္သူ ဦးလွေက်ာ္(၄၃) ႏွစ္မွ ေနအိမ္တြင္ ၅ ႀကိမ္ ၊ အိမ္နီးခ်င္းအစ္မျဖစ္သူ၏ေနအိမ္တြင္ ၄ ႀကိမ္ စုစုေပါင္း သားမယားအျဖစ္၁၀ ႀကိမ္ျပဳက်င့္ေၾကာင္း အစ္မျဖစ္သူအားေျပာျပခဲ့ရာ အစ္မျဖစ္သူ မႏွင္းႏွင္းေအးမွ ကင္းေခ်ာင္းေက်းရြာအုပ္ခ်ဳပ္ေရးအဖြဲ႔ႏွင့္တုိင္ပင္၍ အသက္မျပည့္ေသးသူ ညီမငယ္အား သားမယားျဖင့္အႀကိမ္ႀကိမ္ျပဳက်င့္ၿပီးသတ္ျပစ္မည္ဟုခ်ိန္းေျခာက္ေျပာဆုိသူ ဖခင္ဦးလွေက်ာ္(၄၃) ႏွစ္အား ဥပေဒအရ အေရးယူေပးပါရန္ မုဒုံျမဳိ့မ ရဲစခန္းသုိ႔ တုိင္တန္းခဲ့ရာ မုဒုံျမဳိ့မရဲစခန္းမႉး ဒုရဲမႉးခင္ေမာင္ထြန္းမွျဖစ္စဥ္အေသးစိတ္အားခ်က္ခ်င္းစစ္ေဆး၍ က်ဴးလြန္သူ ဦးလွေက်ာ္(၄၃)ႏွစ္အားဖမ္းဆီးေခၚေဆာင္ခဲ့ၿပီး မုဒုံျမဳိ့မရဲစခန္း (ပ)၁၄၄၆/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ အရ အမႈဖြင့္ၿပီး ျမို့မရဲစခန္းမွဴးဒုရဲမႉးခင္ေမာင္ထြန္းမွ ဆက္လက္စစ္ေဆးေဆာင္ရြတ္ေနေၾကာင္းသတင္းရ႐ွိသည္။

👇👇
မွတ္ခ်က္#စြပ္စြဲခံရသူ၏ အမည္မွလြဲ၍ က်န္သူမ်ား၏အမည္မ်ားအားလႊဲေျပာင္းထားပါသည္။
Unicodeဖြင့်ဖတ်ရန်

မွန်ပြည်နယ် မုဒုံမြို့နယ် ကင်းချောင်းကျေးရွာ၌ ၁၉.၈.၂၀၁၈ ရက်နေ့တွင်း မနှင်း(၃၅)နှစ်သည် လယ်အတွင်း ကန်စွန်းရွတ်ခူးပြီးအပြန်နေအိမ်အရောက်တွင် အိမ်ခေါင်းရင်းနေ ၎င်း၏ ဖအေတူ မအေကွဲညီမတော်စပ်သူ မအေးအေး(၁၅) နှစ်မှ ရောက်ရှိလာပြီး ၁၈.၈.၂၀၁၈ ရက်နေ့က မိခင်ဖြစ်သူ ခရီးသွားနေစဉ် ဖခင်အရင်းဖြစ်သူ ဦးလှကျော်(၄၃)နှစ်မှ ၎င်းနှင့်အတူအိပ်ရာ ညသန်းခေါင်အချိန်၌ မအေးအေး(၁၅) နှစ်အား သားမယားပြုကျင့်ခဲ့ပြီး ဖခင်အရင်းဖြစ်သူ ဦးလှကျော်မှ မည်သူ့ကိုမျှပြန်မပြောရန်နှင့်ပြန်ပြောလျှင်ဓားဖြင့်ခုတ်သတ်မည်ဟုချိန်းခြောက်ပြောဆိုခဲ့သည်ဟု သိရသည်။

ယခင်ကလည် မအေးအေး(၁၅)နှစ်အား ဖခင်အရင်းဖြစ်သူ ဦးလှကျော်(၄၃) နှစ်မှ နေအိမ်တွင် ၅ ကြိမ် ၊ အိမ်နီးချင်းအစ်မဖြစ်သူ၏နေအိမ်တွင် ၄ ကြိမ် စုစုပေါင်း သားမယားအဖြစ်၁၀ ကြိမ်ပြုကျင့်ကြောင်း အစ်မဖြစ်သူအားပြောပြခဲ့ရာ အစ်မဖြစ်သူ မနှင်းနှင်းအေးမှ ကင်းချောင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်တိုင်ပင်၍ အသက်မပြည့်သေးသူ ညီမငယ်အား သားမယားဖြင့်အကြိမ်ကြိမ်ပြုကျင့်ပြီးသတ်ပြစ်မည်ဟုချိန်းခြောက်ပြောဆိုသူ ဖခင်ဦးလှကျော်(၄၃) နှစ်အား ဥပဒေအရ အရေးယူပေးပါရန် မုဒုံမြို့မ ရဲစခန်းသို့ တိုင်တန်းခဲ့ရာ မုဒုံမြို့မရဲစခန်းမှူး ဒုရဲမှူးခင်မောင်ထွန်းမှဖြစ်စဉ်အသေးစိတ်အားချက်ချင်းစစ်ဆေး၍ ကျူးလွန်သူ ဦးလှကျော်(၄၃)နှစ်အားဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး မုဒုံမြို့မရဲစခန်း (ပ)၁၄၄၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်ပြီး မြို့မရဲစခန်းမှူးဒုရဲမှူးခင်မောင်ထွန်းမှ ဆက်လက်စစ်ဆေးဆောင်ရွတ်နေကြောင်းသတင်းရရှိသည်။

👇👇
မှတ်ချက်#စွပ်စွဲခံရသူ၏ အမည်မှလွဲ၍ ကျန်သူများ၏အမည်များအားလွှဲပြောင်းထားပါသည်။

Credit: #အမွှာညီနောင်#ပြန်ကြားရေးမှူး
#MCRA-SH( မှုခင်းသတင်းနှင့်ရှုထောင့်)
#မုဒုံမြို့နယ် မွန်ပြည်နယ်။