Zawgyiဖြင့်ဖတ်ရန်





Unicodeဖြင့်ဖတ်ရန်

ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေတဲ့ ဟာသ သရုပ်ဆောင် ကြာစိကတော့ အရမ်းကိုချစ်စရာကောင်းတဲ့ ဇနီးချောလေးနဲ့အတူ အနုပညာအလုပ်တွေဆက်တိုက်ပြုလုပ်ရင်း အေးချမ်းတဲ့ဘဝလေးကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ကြာစိရဲ့ချစ်ဇနီးချောလေးကတော့ ကိုယ်ဝန် ၈လရှိနေပြီဖြစ်ပြီး အခုလတ်တလောမှာတော့ ကျန်းမာရေးအခြေအနေ တော်တော်လေး ချို့တဲ့နေတာပါ။ နားလည်တတ်ကျွမ်းတဲ့ ဆရာတွေနဲ့ပြကြည့်ခါမှ အောက်လမ်းနဲ့လုပ်ထားတဲ့အကြောင်းကိုသိခဲ့ရတာဖြစ်ပြီး ကြာစိတစ်ယောက်ကတော့ တော်တော်လေး စိတ်မကောင်းဖြစ်နေရတာပါ။ ချစ်ပရိသတ်တွေအတွက် ကြာစိတို့ဇနီးမောင်နှံနှစ်ဦးရဲ့ ထူးခြားတဲ့အဖြစ်အပျက်လေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကြာစိကတော့ ” သီးခံနေခဲ့တာ များပြီ ဘယ်သူကိုမှမပြောဘူးလို့..နေခဲ့တာ..မိန်းမကိုဝန် ၈လထဲရောက်လာပြီ..ကျန်းမာရေး ချုချာလွန်းတော့ မွေးဖို့အတွက် သူအားငယ်နေရှာတယ်..ခုထိလဲ မစားနိုင် မအိပ်နိုင်..စားပြီးလဲ အန်လိုက်. ညဆို.မှေးခနဲ အိပ်ပျော်တာနဲ့ လန့်လန့်နေတယ်..အိပ်ပျက်ညတွေ များပြီးသွေးပေါင်ကျ ဆေးခန်းနဲ့မပြတ်…ဆေးထို့ရလွန်းလို့လဲ ညိုမဲစွဲနေပြီ .. ဒါနဲ့..တစ်ချို့နားလည်သိတဲ့လူတွေကပြောလို့..လိပ်ပြာချုပ်လေး လုပ်ပေးပါဆို့လို့ ဆရာပြမှ..အောက်လမ်းလုပ်ထားတယ်တဲ့လေ…. ဪ…လူတွေ…လူတွေ…ကိုယ့်ပြုသည့်ကံ… ပဲ့တင်သံ…ကိုယ့်ထံပြန်လာမည်…. ဒါကို မသိလေရော့….မေတ္တာသုတ်လေးသာရွတ်ပြီး မေတ္တာမပြတ် ပို့ပေးလျှက်ပါဗျာ…” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

စိတ်တူ ကိုယ်တူ သူငယ်ချင်းတွေဆုံတုန်းလေး စိတ်လွတ်ကိုယ်လွတ်ကဲ
ကြာစိကတော့ အရမ်းကိုချစ်ခင်ရတဲ့ ဇနီးချောလေး အခုလိုနေမကောင်းဖြစ်နေတာကြောင့် တော်တော်လေးစိတ်ညစ်နေတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၄) ရက်နေ့က မင်္ဂလာဆောင်ခဲ့တဲ့ ကြာစိတို့ဇနီးမောင်နှံနှစ်ဦးကတော့ တစ်ယောက်နဲ့ တစ်ယောက် အသက်ကွာကြပေမယ့် နားလည်မှု နဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကြာစိတို့ဇနီးမောင်နှံနှစ်ဦး မကောင်းတဲ့အနှောင့်အယှက်ရန်တွေမှကင်းဝေးပြီး မကြာခင်မှာလူ့လောကထဲရောက်ရှိလာတော့မယ့် သမီးလေးနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

Credit: Myint Myat
Source;Kyar Si’s Facebook

LEAVE A REPLY