Zawgyiျဖင့္ဖတ္ရန္

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းမႈ ေနာက္တႀကိမ္ မျဖစ္ေပၚရေအာင္ လက္ေတြ႔က်တဲ့ လုပ္ေဆာင္ခ်က္ေတြ ႐ွိဖို႔လိုေၾကာင္း ႏို္င္ငံေတာ္အတုိင္ပင္ခံ ပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္ပါတယ္။ ျပည့္သူ႔လႊတ္ေတာ္၊ အမ်ဳိးသားလႊတ္ေတာ္နဲ႔ တိုင္းနဲ႔ျပည္နယ္ လႊတ္ေတာ္ေတြက ၂၅ %ေသာ တပ္မေတာ္သားကုိယ္စားလွယ္ေတြကို ဖယ္႐ွားသြားႏိုင္ဖို႔ ေဆြးေႏြးညႇိႏႈိင္းတဲ့နည္းနဲ႔ တဆင့္ၿပီးတဆင့္လုပ္ေဆာင္သြားရလိမ့္မယ္လို႔လည္း သူမကေျပာပါ တယ္။ ၾသဂုတ္လ(၂၁) ရက္ေန႔က စကၤာပူႏိုင္ငံမွာ ျပဳလုပ္တဲ့ Singapore Lecture ေဟာေျပာပြဲမွာ တက္ေရာက္လာတဲ့ ဧည့္ပရိတ္သတ္ေတြရဲ႕ေမးခြန္းကို ေဒၚေအာင္ဆန္းစုၾကည္က အဲဒီလို ေျဖၾကားခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အေမးအေျဖတခ်ဳိ႕ကို ကိုဉာဏ္ဝင္းေအာင္က တင္ျပမွာျဖစ္ပါတယ္။

၂၀၁၅ ေရြးေကာက္ပြဲမွာ အႏိုင္ရၿပီး အာဏာရလာတဲ့ NLD အစိုးရအုပ္ခ်ဳပ္လာတာ သက္တမ္း ၂ႏွစ္ေက်ာ္လာၿပီျဖစ္ေပမယ့္ အစိုးရက စစ္တပ္ေပၚ ၾသဇာ လႊမ္းၿခဳံႏိုင္တာမ်ဳိး မရွိေသးတာေၾကာင့္ ေနာက္တႀကိမ္ ဘယ္လိုအခါမ်ဳိးမွာ စစ္တပ္က အာဏာသိမ္းတာမ်ဳိး ေပၚလာႏိုင္ပါသလဲလို႔ စကၤာပူႏိုင္ငံသားတဦးရဲ့ ေမးခြန္းကို ေဒၚေအာင္ဆန္းစုၾကည္က အခုလို ေျဖၾကားခဲ့ပါတယ္။

“ဒီေမးခြန္းကို က်မအစား စစ္တပ္ကို ေမးရမွာပါ။ သူတို႔က ဒီေမးခြန္းကို ပိုၿပီးေျဖႏိုင္စြမ္းရွိမွာပါ။ ဒါေပမယ့္ က်မေျပာလိုတာက ဒီကိစၥနဲ႔ ပတ္သက္လို႔ က်မ မပူပါဘူး။ ႏိုင္ငံေရးမွာ အားလံုးကျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ က်မတို႔ လက္ေတြ႔က်ဖို႔လိုပါတယ္။ က်မတို႔နဲ႔ စစ္တပ္ဆက္ဆံေရးကလည္း ဒီေလာက္မဆိုးေလာက္ပါဘူး။ က်မတို႔ ၀န္ႀကီးအဖြဲ႔မွာ စစ္တပ္က ဗိုလ္ခ်ဳပ္ ၃ ဦးပါေနတယ္ဆိုတာကို မေမ႔ပါနဲ႔။ သူတို႔ကလည္း ေကာင္းၾကပါတယ္။”

ျမန္မာႏိုင္ငံမွာ စစ္အုပ္ခ်ဳပ္ေရးစနစ္ကေန ဒီမုိကေရစီစနစ္ကို အသြင္ကူးေျပာင္းေနတာ မျပီးေျမာက္ေသးတဲ့အတြက္ ဒါကို ဘယ္လိုနည္းလမ္းေတြနဲ႔ ေအာင္ျမင္ေအာင္ ေဆာင္ရြက္သြားဖို႔႐ွိပါသလဲဆိုတဲ့ စကၤာပူႏုိင္ငံသား သံတမန္တဦးရဲ႕ ေမးခြန္းကို ေဒၚေအာင္ဆန္းစုၾကည္က ခုလို ေျဖၾကားသြားပါတယ္။

“လႊတ္ေတာ္ထဲမွာ ေရြးေကာက္ခံမဟုတ္တဲ့ ကိုယ္စားလွယ္ ၂၅ ရာခိုင္ႏွႈန္း ပါ၀င္ေနတာကို ျဖဳတ္သိမ္းေပးဖို႔ လိုအပ္ပါတယ္။ ဒါေပမယ့္ ဒါေတြကို ဆက္လက္ညႇိႏိႈင္း မႈေတြကေနတဆင့္ လုပ္ေဆာင္သြားရမွာ ျဖစ္ပါတယ္။ တခ်ိန္တည္းမွာပဲ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကိုလည္း မ်က္ေျခမပ်က္ဖို႔လည္း လိုပါတယ္။ ဒါ့အျပင္ ဖြဲ႔စည္းပံုမွာ ဒီမိုကေရစီ နည္းမက်တဲ့ အပိုင္းေတြ ရွိေနပါေသးတယ္။ ဒီအပိုင္းေတြက အတိတ္က စစ္တပ္နဲ႔ ဆိုင္ေနပါတယ္။ ဒါ့ေၾကာင့္ ဒီက႑အားလံုးကို ေစ့စပ္ညိွႏိႈင္းၿပီး ေျပာင္းလဲဖို႔လိုအပ္ပါတယ္။”

စကၤာပူႏိုင္ငံသားအမ်ားစု စိတ္ဝင္စားၾကတာကေတာ့ ျမန္မာႏိုင္ငံကုိလာၿပီး စီးပြားေရးလုပ္တဲ့အခါ လုံၿခဳံစိတ္ခ်ရၿပီး လြယ္ကူမႈ ရွိပါ့မလားဆိုတဲ့ ေမးခြန္းပဲ ျဖစ္ပါတယ္။ ႏိုင္ငံျခားကလာၿပီး စီးပြားေရးလုပ္ကိုင္ဖို႔ လြယ္ကူေခ်ာေမြ႔မႈ ရွိမရွိဆိုၿပီး ကမၻာ့ႏိုင္ငံေပါင္း (၁၉၀)ကို သုေတသနအဖြဲ႔တခုက စာရင္းျပဳစုခဲ့ရာမွာ ျမန္မာႏိုင္ငံက အဆင့္ (၁၇၁)မွာသာ ရွိေနတာေၾကာင့္ NLD အစိုးရအေနနဲ႔ ရင္းႏွီးျမႇဳပ္ႏွံဆိုင္ရာ စည္းမ်ဥ္းေတြကို ဘယ္လိုျပဳျပင္ ေျဖေလွ်ာ့ေပးဖို႔ ရွိပါသလဲဆိုတဲ့ အေမးကိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္က

” က်မတို႔ႏိုင္ငံက စီးပြားေရးက႑မွာ လြန္ခဲ့တဲ့ လအနည္းငယ္က ေခါင္းေဆာင္မႈ အပိုင္းမွာ အေျပာင္းအလဲေတြ လုပ္ခဲ့ပါတယ္။ တိုးတက္ေအာင္ေဖာ္ေဆာင္ဖို႔လည္း ႀကိဳးပမ္းေနပါတယ္။ တကယ္ေလးေလးနက္နက္ ရင္းႏွီးျမွဳပ္ႏွံခ်င္သူေတြကို ျမန္မာရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္ဥကၠ႒က အကူအညီေပးပါလိမ့္မယ္လို႔ က်မေျပာပါရေစ။ ဒါ့့အျပင္ စည္းမ်ဥ္းစည္းကမ္းေတြလည္း ေျပာင္းလဲေပးခဲ့ပါတယ္။ ဥပေဒအသစ္ေတြကိုလည္း အျမန္အေကာင္အထည္ေဖာ္ဖို႔ မလြယ္ေပမယ့္ က်မတို႔ ႀကိဳးစားေနပါတယ္။”

အစိုးရ႐ုံးေတြမွာ လာဘ္မထုိးရင္ ဝန္ေဆာင္မႈမေပးဘူးဆိုၿပီး လူေျပာမ်ားခဲ့တဲ့ ျမန္မာႏိုင္ငံမွာ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး လုပ္ေဆာင္ေနတယ္ဆို ေပမယ့္ ဝန္ထမ္းေကာင္းစနစ္႐ွိတဲ့ စကၤာပူႏိုင္ငံလိုျဖစ္လာဖို႔ ဘယ္လို ျပဳစုပ်ဳိးေထာင္သြားမလဲဆိုတဲ့ စကၤာေရာက္ပညာေတာ္သင္ ျမန္မာအမ်ဳိးသား တဦးရဲ႕ေမးခြန္းကိုေတာ့

“က်မတို႔ရဲ႕ အစိုးရအမႈထမ္းေတြကို အရည္အခ်င္းျပည့္ေအာင္လုပ္ဖို႔က အမ်ားႀကီးလိုပါေသးတယ္။ က်မတို႔ ဒါကို ႀကိဳးစားေနပါတယ္။ အရည္အခ်င္းျပည့္မွီၿပီး ျပည္သူနဲ႔ ခင္မင္ရင္းႏွီးတဲ့ အမႈထမ္းေတြျဖစ္ဖို႔ က်မတို႔ လိုလားပါတယ္။ ျပႆနာက က်မတို႔ ပညာေရးစနစ္က လြန္ခဲ့တဲ့ အႏွစ္ ၃၀- ၄၀ ေၾကာင့္ အဆင့္အတန္း မမွီေတာ့ပါဘူး။ မ်ိဳးဆက္ ၂ ဆက္ေလာက္ ဆံုးရံႈးရတယ္လို႔ ဆိုရမွာပါ။ ၂၀၁၅ ေရြးေကာက္ပြဲမတိုင္မီက က်မ တြက္ခ်က္ၾကည့္ရာမွာ နားလည္ခဲ့တာကေတာ့ က်မတို႔ႏိုင္ငံမွာ ပညာအတတ္ဆံုး လူေတြဟာ က်မတို႔အစိုးရ အာဏာရလာခ်ိန္မွာ အနားယူၾကမယ္လို႔ က်မနားလည္မိပါတယ္။ ဒီလိုပဲ ေသခ်ာေပါက္ျဖစ္ခဲ့ပါတယ္။ ဒါဟာ စိန္ေခၚမႈတရပ္ပါ။ တဖက္မွာေတာ့ က်မတို႔ ျမန္မာေတြက သင္ရင္ ျမန္ျမန္တတ္တယ္၊ လိုက္ေလ်ာညီေထြစြာ ေနထိုင္တတ္ၾကတယ္။ ဒါေပမဲ့ ေရွးက်တဲ့ အယူအဆေတြ တြယ္ကပ္ေနတုန္းပါပဲ။ စဥ္းစားေတြးေခၚတာ ျပဳမူရာမွာ ေျပာင္းလဲဖို႔မလြယ္ၾကပါဘူး။ ဒါေပမယ့္ က်မတို႔ အျမဲႀကိဳးစားသြားမွာပါ။”

စကၤာပူႏိုင္ငံကို ၾသဂုတ္လ(၁၉)ရက္ေန႔က စတင္ေရာက္႐ွိခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ၾသဂုတ္(၂၁)ရက္ေန႔က စင္ကာပူသမၼတ Mrs. Halimah Yacob နဲ႔ေတြ႔ဆုံခဲ့သလို၊ စကၤာပူ၀န္ႀကီးခ်ဳပ္ လီရွန္လုံးနဲ႔လည္းေတြ႔ဆုံၿပီး စင္ကာပူ-ျမန္မာ ႏွစ္ႏုိင္ငံဆက္ဆံေရး၊ ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈတိုး႔ျမႇင့္ေရး၊ အလုပ္အကုိင္ အခြင့္အလမ္းမ်ား ဖန္တီးေဖာ္ေဆာင္ေရး၊ ရခိုင္ျပည္နယ္အေရးကိစၥေတြကို ေဆြးေႏြးခဲ့တယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးက သတင္းထုတ္ ျပန္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ဟာ ၾသဂုတ္(၂၂)ရက္ ဒီကေန႔မွာ ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္႐ွိမွာ ျဖစ္ပါတယ္။

Unicodeဖြင့်ဖတ်ရန်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှု နောက်တကြိမ် မဖြစ်ပေါ်ရအောင် လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေ ရှိဖို့လိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ပြည့်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေက ၂၅ %သော တပ်မတော်သားကိုယ်စားလှယ်တွေကို ဖယ်ရှားသွားနိုင်ဖို့ ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ တဆင့်ပြီးတဆင့်လုပ်ဆောင်သွားရလိမ့်မယ်လို့လည်း သူမကပြောပါ တယ်။ သြဂုတ်လ(၂၁) ရက်နေ့က စင်္ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ Singapore Lecture ဟောပြောပွဲမှာ တက်ရောက်လာတဲ့ ဧည့်ပရိတ်သတ်တွေရဲ့မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ဖြေကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေးအဖြေတချို့ကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အာဏာရလာတဲ့ NLD အစိုးရအုပ်ချုပ်လာတာ သက်တမ်း ၂နှစ်ကျော်လာပြီဖြစ်ပေမယ့် အစိုးရက စစ်တပ်ပေါ် သြဇာ လွှမ်းခြုံနိုင်တာမျိုး မရှိသေးတာကြောင့် နောက်တကြိမ် ဘယ်လိုအခါမျိုးမှာ စစ်တပ်က အာဏာသိမ်းတာမျိုး ပေါ်လာနိုင်ပါသလဲလို့ စင်္ကာပူနိုင်ငံသားတဦးရဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

“ဒီမေးခွန်းကို ကျမအစား စစ်တပ်ကို မေးရမှာပါ။ သူတို့က ဒီမေးခွန်းကို ပိုပြီးဖြေနိုင်စွမ်းရှိမှာပါ။ ဒါပေမယ့် ကျမပြောလိုတာက ဒီကိစ္စနဲ့ ပတ်သက်လို့ ကျမ မပူပါဘူး။ နိုင်ငံရေးမှာ အားလုံးကဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျမတို့ လက်တွေ့ကျဖို့လိုပါတယ်။ ကျမတို့နဲ့ စစ်တပ်ဆက်ဆံရေးကလည်း ဒီလောက်မဆိုးလောက်ပါဘူး။ ကျမတို့ ဝန်ကြီးအဖွဲ့မှာ စစ်တပ်က ဗိုလ်ချုပ် ၃ ဦးပါနေတယ်ဆိုတာကို မမေ့ပါနဲ့။ သူတို့ကလည်း ကောင်းကြပါတယ်။”

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းနေတာ မပြီးမြောက်သေးတဲ့အတွက် ဒါကို ဘယ်လိုနည်းလမ်းတွေနဲ့ အောင်မြင်အောင် ဆောင်ရွက်သွားဖို့ရှိပါသလဲဆိုတဲ့ စင်္ကာပူနိုင်ငံသား သံတမန်တဦးရဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ခုလို ဖြေကြားသွားပါတယ်။

“လွှတ်တော်ထဲမှာ ရွေးကောက်ခံမဟုတ်တဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှှုန်း ပါဝင်နေတာကို ဖြုတ်သိမ်းပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဒါတွေကို ဆက်လက်ညှိနှိုင်း မှုတွေကနေတဆင့် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း မျက်ခြေမပျက်ဖို့လည်း လိုပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံမှာ ဒီမိုကရေစီ နည်းမကျတဲ့ အပိုင်းတွေ ရှိနေပါသေးတယ်။ ဒီအပိုင်းတွေက အတိတ်က စစ်တပ်နဲ့ ဆိုင်နေပါတယ်။ ဒါ့ကြောင့် ဒီကဏ္ဍအားလုံးကို စေ့စပ်ညှိနှိုင်းပြီး ပြောင်းလဲဖို့လိုအပ်ပါတယ်။”

စင်္ကာပူနိုင်ငံသားအများစု စိတ်ဝင်စားကြတာကတော့ မြန်မာနိုင်ငံကိုလာပြီး စီးပွားရေးလုပ်တဲ့အခါ လုံခြုံစိတ်ချရပြီး လွယ်ကူမှု ရှိပါ့မလားဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ နိုင်ငံခြားကလာပြီး စီးပွားရေးလုပ်ကိုင်ဖို့ လွယ်ကူချောမွေ့မှု ရှိမရှိဆိုပြီး ကမ္ဘာ့နိုင်ငံပေါင်း (၁၉၀)ကို သုတေသနအဖွဲ့တခုက စာရင်းပြုစုခဲ့ရာမှာ မြန်မာနိုင်ငံက အဆင့် (၁၇၁)မှာသာ ရှိနေတာကြောင့် NLD အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံဆိုင်ရာ စည်းမျဉ်းတွေကို ဘယ်လိုပြုပြင် ဖြေလျှော့ပေးဖို့ ရှိပါသလဲဆိုတဲ့ အမေးကိုတော့ ဒေါ်အောင်ဆန်းစုကြည်က

” ကျမတို့နိုင်ငံက စီးပွားရေးကဏ္ဍမှာ လွန်ခဲ့တဲ့ လအနည်းငယ်က ခေါင်းဆောင်မှု အပိုင်းမှာ အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။ တိုးတက်အောင်ဖော်ဆောင်ဖို့လည်း ကြိုးပမ်းနေပါတယ်။ တကယ်လေးလေးနက်နက် ရင်းနှီးမြှုပ်နှံချင်သူတွေကို မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌက အကူအညီပေးပါလိမ့်မယ်လို့ ကျမပြောပါရစေ။ ဒါ့အပြင် စည်းမျဉ်းစည်းကမ်းတွေလည်း ပြောင်းလဲပေးခဲ့ပါတယ်။ ဥပဒေအသစ်တွေကိုလည်း အမြန်အကောင်အထည်ဖော်ဖို့ မလွယ်ပေမယ့် ကျမတို့ ကြိုးစားနေပါတယ်။”

အစိုးရရုံးတွေမှာ လာဘ်မထိုးရင် ဝန်ဆောင်မှုမပေးဘူးဆိုပြီး လူပြောများခဲ့တဲ့ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ဆောင်နေတယ်ဆို ပေမယ့် ဝန်ထမ်းကောင်းစနစ်ရှိတဲ့ စင်္ကာပူနိုင်ငံလိုဖြစ်လာဖို့ ဘယ်လို ပြုစုပျိုးထောင်သွားမလဲဆိုတဲ့ စင်္ကာရောက်ပညာတော်သင် မြန်မာအမျိုးသား တဦးရဲ့မေးခွန်းကိုတော့

“ကျမတို့ရဲ့ အစိုးရအမှုထမ်းတွေကို အရည်အချင်းပြည့်အောင်လုပ်ဖို့က အများကြီးလိုပါသေးတယ်။ ကျမတို့ ဒါကို ကြိုးစားနေပါတယ်။ အရည်အချင်းပြည့်မှီပြီး ပြည်သူနဲ့ ခင်မင်ရင်းနှီးတဲ့ အမှုထမ်းတွေဖြစ်ဖို့ ကျမတို့ လိုလားပါတယ်။ ပြဿနာက ကျမတို့ ပညာရေးစနစ်က လွန်ခဲ့တဲ့ အနှစ် ၃၀- ၄၀ ကြောင့် အဆင့်အတန်း မမှီတော့ပါဘူး။ မျိုးဆက် ၂ ဆက်လောက် ဆုံးရှုံးရတယ်လို့ ဆိုရမှာပါ။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီက ကျမ တွက်ချက်ကြည့်ရာမှာ နားလည်ခဲ့တာကတော့ ကျမတို့နိုင်ငံမှာ ပညာအတတ်ဆုံး လူတွေဟာ ကျမတို့အစိုးရ အာဏာရလာချိန်မှာ အနားယူကြမယ်လို့ ကျမနားလည်မိပါတယ်။ ဒီလိုပဲ သေချာပေါက်ဖြစ်ခဲ့ပါတယ်။ ဒါဟာ စိန်ခေါ်မှုတရပ်ပါ။ တဖက်မှာတော့ ကျမတို့ မြန်မာတွေက သင်ရင် မြန်မြန်တတ်တယ်၊ လိုက်လျောညီထွေစွာ နေထိုင်တတ်ကြတယ်။ ဒါပေမဲ့ ရှေးကျတဲ့ အယူအဆတွေ တွယ်ကပ်နေတုန်းပါပဲ။ စဉ်းစားတွေးခေါ်တာ ပြုမူရာမှာ ပြောင်းလဲဖို့မလွယ်ကြပါဘူး။ ဒါပေမယ့် ကျမတို့ အမြဲကြိုးစားသွားမှာပါ။”

စင်္ကာပူနိုင်ငံကို သြဂုတ်လ(၁၉)ရက်နေ့က စတင်ရောက်ရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်(၂၁)ရက်နေ့က စင်ကာပူသမ္မတ Mrs. Halimah Yacob နဲ့တွေ့ဆုံခဲ့သလို၊ စင်္ကာပူဝန်ကြီးချုပ် လီရှန်လုံးနဲ့လည်းတွေ့ဆုံပြီး စင်ကာပူ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတိုး့မြှင့်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ရေး၊ ရခိုင်ပြည်နယ်အရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ် ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်(၂၂)ရက် ဒီကနေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

Credit: ကိုဉာဏ်ဝင်းအောင်/ ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com