Zawgyiျဖင့္ဖတ္ရန္
လွ်ပ္စစ္ႏွင့္စြမ္းအင္၀န္ႀကီးဌာနကုိ ကုမၸဏီတစ္ခုက အဂတိလုိက္စားမႈနဲ႔ တုိင္ၾကားထား လွ်ပ္စစ္စြမ္းအင္ ၀န္ႀကီးဌာနကုိ Weststar Aviation Service ကုမၸဏီက အဂတိလုိိက္စားမႈနဲ႔ တိုင္ၾကားထားတယ္လုိ႔ ကုမၸဏီရဲ႕တာ၀န္ရွိသူျဖစ္တဲ့ ေဒၚေမသန္႔စင္ကေျပာပါတယ္။

play
အဲ့ဒီကုမၸဏီက တုိင္ၾကားရာမွာ ရဟတ္ယာဥ္ငွားရမ္းသုံးစြဲခဲ့တဲ့ တင္ဒါကိစၥမွာ Weststar ကုမၸဏီက တင္ဒါေအာင္ျမင္ေပမယ့္ လက္ေတြ႕မွာ လုပ္ကုိင္ခြင္မေပးဘဲနဲ႔ နဂို ရဟတ္ယာဥ္ငွားရမ္းတဲ့ ကုမၸဏီကုိ ပဲလုပ္ကုိင္ခြင့္ေပးထားတာေၾကာင့္ျဖစ္တယ္လုိ႔ ၾသဂုတ္လ ၁၆ ရက္ေန႔က Park Royal ဟုိတယ္မွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆုိလုိက္တာပါ ။

“အဂတိလုိက္စားမႈေကာ္မရွင္ကုိ တုိင္ထားတယ္ဆုိရင္ တုိင္ကာစဆုိရင္ေတာ့ေျပာဖုိ႔အတြက္က ကၽြန္ေတာ္တုိ႔မွာက ညႊန္ၾကားခ်က္ေတြလည္းရွိေတာ့ေလ။ တုိင္ကာစဆုိရင္ တုိင္စာေတြကုိ စစ္တယ္။ စစ္ၿပီး တစ္လခြဲေလာက္မွ ျပန္ၾကားတယ္။ျပန္ၾကားၿပီးေတာ့မွ ေျပာခြင့္ရပါတယ္။ လုပ္ထုံးလုပ္နည္းအရေတာ့အဲ့လုိျဖစ္ေနပါတယ္။ ကၽြန္ေတာ္ကလည္း လက္ရွိမွာ ခရီးနဲ႔ ျပည္နယ္တစ္ခုကုိ ေရာက္ေနလို႔ပါ။” လုိ႔ အဂတိလုိက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္က ဦးဟန္ညြန္႔က Duwun ကုိ ေျပာပါတယ္။

အဲ့ဒီလုိတုိင္ၾကားတဲ့ ကုမၸဏီက မေလးရွားအေျခစိုက္ ဖြင့္ထားတဲ့ ေလေၾကာင္းပ်ံသန္းမႈဆုိင္ရာကုမၸဏီျဖစ္ၿပိးေတာ့ ၂၀၁၇ စက္တင္ဘာလ ၉ ရက္မွာ Total ကုမၸဏီကေခၚတဲ့ ရဟတ္ယာဥ္ငွားရမ္းမႈတင္ဒါေအာင္ျမင္ၿပီးေတာ့ စက္တင္ဘာ ၁၅ ရက္ေန႔မွာ တင္ဒါေအာင္ျမင္ခဲ့တာပါ။

လုပ္ငန္းအတြက္ ေဒၚလာ ၂ သိန္း ေက်ာ္ႏႈန္းနဲ႔ သက္သာတဲ့ႏႈန္းနဲ႔ တင္ဒါေအာင္ျမင္ခဲ့ေပမယ့္ တစ္နွစ္ၾကာတဲ့အထိလုပ္ကုိင္ခြင့္မရေသးလုိ႔ အခုလုိမ်ဳိးတုိင္ၾကားတယ္လုိ႔ သိရပါတယ္။
Unicodeဖြင့်ဖတ်ရန်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို ကုမ္ပဏီတစ်ခုက အဂတိလိုက်စားမှုနဲ့ တိုင်ကြားထား လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနကို Weststar Aviation Service ကုမ္ပဏီက အဂတိလိုက်စားမှုနဲ့ တိုင်ကြားထားတယ်လို့ ကုမ္ပဏီရဲ့တာဝန်ရှိသူဖြစ်တဲ့ ဒေါ်မေသန့်စင်ကပြောပါတယ်။

အဲ့ဒီကုမ္ပဏီက တိုင်ကြားရာမှာ ရဟတ်ယာဉ်ငှားရမ်းသုံးစွဲခဲ့တဲ့ တင်ဒါကိစ္စမှာ Weststar ကုမ္ပဏီက တင်ဒါအောင်မြင်ပေမယ့် လက်တွေ့မှာ လုပ်ကိုင်ခွင်မပေးဘဲနဲ့ နဂို ရဟတ်ယာဉ်ငှားရမ်းတဲ့ ကုမ္ပဏီကို ပဲလုပ်ကိုင်ခွင့်ပေးထားတာကြောင့်ဖြစ်တယ်လို့ သြဂုတ်လ ၁၆ ရက်နေ့က Park Royal ဟိုတယ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ ။

“အဂတိလိုက်စားမှုကော်မရှင်ကို တိုင်ထားတယ်ဆိုရင် တိုင်ကာစဆိုရင်တော့ပြောဖို့အတွက်က ကျွန်တော်တို့မှာက ညွှန်ကြားချက်တွေလည်းရှိတော့လေ။ တိုင်ကာစဆိုရင် တိုင်စာတွေကို စစ်တယ်။ စစ်ပြီး တစ်လခွဲလောက်မှ ပြန်ကြားတယ်။ပြန်ကြားပြီးတော့မှ ပြောခွင့်ရပါတယ်။ လုပ်ထုံးလုပ်နည်းအရတော့အဲ့လိုဖြစ်နေပါတယ်။ ကျွန်တော်ကလည်း လက်ရှိမှာ ခရီးနဲ့ ပြည်နယ်တစ်ခုကို ရောက်နေလို့ပါ။” လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဦးဟန်ညွန့်က Duwun ကို ပြောပါတယ်။

အဲ့ဒီလိုတိုင်ကြားတဲ့ ကုမ္ပဏီက မလေးရှားအခြေစိုက် ဖွင့်ထားတဲ့ လေကြောင်းပျံသန်းမှုဆိုင်ရာကုမ္ပဏီဖြစ်ပြိးတော့ ၂၀၁၇ စက်တင်ဘာလ ၉ ရက်မှာ Total ကုမ္ပဏီကခေါ်တဲ့ ရဟတ်ယာဉ်ငှားရမ်းမှုတင်ဒါအောင်မြင်ပြီးတော့ စက်တင်ဘာ ၁၅ ရက်နေ့မှာ တင်ဒါအောင်မြင်ခဲ့တာပါ။

လုပ်ငန်းအတွက် ဒေါ်လာ ၂ သိန်း ကျော်နှုန်းနဲ့ သက်သာတဲ့နှုန်းနဲ့ တင်ဒါအောင်မြင်ခဲ့ပေမယ့် တစ်နှစ်ကြာတဲ့အထိလုပ်ကိုင်ခွင့်မရသေးလို့ အခုလိုမျိုးတိုင်ကြားတယ်လို့ သိရပါတယ်။
Credit: Duwun