Zawgyiျဖင့္ဖတ္ရန္
မေလးရွားမွာ စံခ်ိန္တင္ဖမ္းမိတဲ့ မူးယစ္ေဆး၀ါးမႈနဲ႔ ဖမ္းဆီးထားသူေတြကို စတင္စစ္ေဆးဖို႔ရွိေပမယ့္ ဥပေဒ႐ုံးကေန သက္ေသတင္သြင္းထားတဲ့ အီးေမးလ္စာေတြကို ဘာသာျပန္မတင္ျပႏိုင္ေသးလို႔ စက္တင္ဘာ ၆ ရက္ကို ျပန္လည္ခ်ိန္းဆိုလိုက္ပါတယ္။

ဒီအမႈမွာ အဓိကတရားခံအျဖစ္ စြဲခ်က္တင္ထားတဲ့ ဦးေမာင္ေမာင္ (ခ) ဟာဂ်ီယာစင္နဲ႔ ဦးေဇယ်ာ (ခ)ေဇယ်ာဟိန္း၊ ဦးမင္းႏိုင္တို႔ကို အေနာက္ပို္င္းခ႐ုိင္တရား႐ုံးကေန ၾသဂုတ္ ၂၈ ရက္ေန႔မွာ ၆ ႀကိမ္ေျမာက္ ႐ုံးထုတ္စစ္ေဆးခဲ့တာပါ။

အဲဒီ႐ုံးခ်ိန္းမွာ တရားစြဲခံရသူ ၃ ဦးနဲ႔တရားလိုျဖစ္တဲ့ ရဲမႉးခင္ေမာင္ေအးတို႔ကို အျပန္အလွန္စစ္ေဆးဖို႔ရွိေပမယ့္ ႐ုံးခ်ိန္းေနာက္က်တာနဲ႔ အီးေမးလ္စာေတြ ဘာသာျပန္မတင္ျပ ႏိုင္ေသးတာေၾကာင့္ စက္တင္ဘာလ ၆ ရက္နဲ႔ စက္တင္ဘာလ ၁၃ ရက္ေန႔ကို တရားသူႀကီးက ျပန္လည္ခ်ိန္းဆိုလိုက္တယ္လို႔ ဖမ္းဆီးခံရသူေတြရဲ႕ ေရွ႕ေန ဦးသန္းေအာင္က ေျပာပါတယ္။

မေလးရွားႏိုင္ငံမွာ အေမရိကန္ေဒၚလာ(၁၈)သန္းေလာက္တန္ဖိုးရွိတဲ့ စိတ္ႂကြေဆးျပား ေတြ စံခ်ိန္တင္ ဖမ္းမိတာနဲ႔ပတ္သက္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ကို ႏိုင္ငံတကာ မူးယစ္ေဆး၀ါး တားဆီး ႏွိမ္ႏွင္းေရးအဖြဲ႔ေတြကေန အီးေမးလ္ ၃ ေစာင္ကို ေပးပို႔ထားတာပါ။

အဲဒီအီးေမးလ္စာေတြကို တရားလိုရဲမႉးခင္ေမာင္ေအးက တရား႐ုံးကို သက္ေသခံအျဖစ္ တင္ျပထားတဲ့အေပၚ တရားလို ေရွ႕ေနက ၾသဂုတ္လ ၁၄ ရက္ေန႔႐ုံးခ်ိန္းမွာ တရား႐ုံးကေန ဘာသာျပန္တင္ျပခိုင္းခဲ့တာလို႔ ဆိုပါတယ္။

လက္ရွိ ဒီအမႈနဲ႔ပတ္သက္လို႔ ဦးမင္းႏိုင္ပါ ၃ ဦးကို ဖမ္းဆီး စစ္ေဆးေနၿပီး ခ်င္က်ားမူ (ခ)မက်ားေ၀(ခ) ႏွင္းဦးလြင္နဲ႔ မာမက္ဟူစိန္ (ခ)ဟူစိန္တိုိ႔ကို တရားခံေျပးအျဖစ္ အေနာက္ပိုင္း ခ႐ုိင္တရား႐ုံးကေန ၀ရမ္းထုတ္ျပန္ထားပါတယ္။

အဓိက တရားခံအျဖစ္သတ္မွတ္ထားတဲ့ ဦးေမာင္ေမာင္ (ခ)ဟာဂ်ီယာစင္အမႈကို တရား လႊတ္ေတာ္ ေရွ႕ေန ဦးသန္းေအာင္အပါအ၀င္ ေရွ႕ေန(၅)ဦးက အက်ဳိးေဆာင္ေရွ႕ေနအျဖစ္ လိုက္ပါ ေဆာင္ရြက္ေနတာပါ။
Unicodeဖြင့်ဖတ်ရန်
မလေးရှားမှာ စံချိန်တင်ဖမ်းမိတဲ့ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးထားသူတွေကို စတင်စစ်ဆေးဖို့ရှိပေမယ့် ဥပဒေရုံးကနေ သက်သေတင်သွင်းထားတဲ့ အီးမေးလ်စာတွေကို ဘာသာပြန်မတင်ပြနိုင်သေးလို့ စက်တင်ဘာ ၆ ရက်ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။

ဒီအမှုမှာ အဓိကတရားခံအဖြစ် စွဲချက်တင်ထားတဲ့ ဦးမောင်မောင် (ခ) ဟာဂျီယာစင်နဲ့ ဦးဇေယျာ (ခ)ဇေယျာဟိန်း၊ ဦးမင်းနိုင်တို့ကို အနောက်ပိုင်းခရိုင်တရားရုံးကနေ သြဂုတ် ၂၈ ရက်နေ့မှာ ၆ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့တာပါ။

အဲဒီရုံးချိန်းမှာ တရားစွဲခံရသူ ၃ ဦးနဲ့တရားလိုဖြစ်တဲ့ ရဲမှူးခင်မောင်အေးတို့ကို အပြန်အလှန်စစ်ဆေးဖို့ရှိပေမယ့် ရုံးချိန်းနောက်ကျတာနဲ့ အီးမေးလ်စာတွေ ဘာသာပြန်မတင်ပြ နိုင်သေးတာကြောင့် စက်တင်ဘာလ ၆ ရက်နဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ကို တရားသူကြီးက ပြန်လည်ချိန်းဆိုလိုက်တယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ ရှေ့နေ ဦးသန်းအောင်က ပြောပါတယ်။

မလေးရှားနိုင်ငံမှာ အမေရိကန်ဒေါ်လာ(၁၈)သန်းလောက်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား တွေ စံချိန်တင် ဖမ်းမိတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံတကာ မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေးအဖွဲ့တွေကနေ အီးမေးလ် ၃ စောင်ကို ပေးပို့ထားတာပါ။

အဲဒီအီးမေးလ်စာတွေကို တရားလိုရဲမှူးခင်မောင်အေးက တရားရုံးကို သက်သေခံအဖြစ် တင်ပြထားတဲ့အပေါ် တရားလို ရှေ့နေက သြဂုတ်လ ၁၄ ရက်နေ့ရုံးချိန်းမှာ တရားရုံးကနေ ဘာသာပြန်တင်ပြခိုင်းခဲ့တာလို့ ဆိုပါတယ်။

လက်ရှိ ဒီအမှုနဲ့ပတ်သက်လို့ ဦးမင်းနိုင်ပါ ၃ ဦးကို ဖမ်းဆီး စစ်ဆေးနေပြီး ချင်ကျားမူ (ခ)မကျားဝေ(ခ) နှင်းဦးလွင်နဲ့ မာမက်ဟူစိန် (ခ)ဟူစိန်တို့ကို တရားခံပြေးအဖြစ် အနောက်ပိုင်း ခရိုင်တရားရုံးကနေ ဝရမ်းထုတ်ပြန်ထားပါတယ်။

အဓိက တရားခံအဖြစ်သတ်မှတ်ထားတဲ့ ဦးမောင်မောင် (ခ)ဟာဂျီယာစင်အမှုကို တရား လွှတ်တော် ရှေ့နေ ဦးသန်းအောင်အပါအဝင် ရှေ့နေ(၅)ဦးက အကျိုးဆောင်ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်နေတာပါ။
Credit: DVB