Zawgyiျဖင့္ဖတ္ရန္

ကမာရြတ္ၿမိဳ႕နယ္ လွည္းတန္းစင္တာအနီး လွည္းတန္းကုန္းေက်ာ္ တံတားေအာက္နဲ႔ ပလက္ေဖာင္းေနရာမ်ားတြင္ ဘုစုခ႐ု လူလားမေျမာက္ေသးေသာ ကေလးငယ္အရြယ္စုံမ်ား ေလာကငရဲကို အရွင္လတ္လတ္ က်ခံေနရသူ ျပည္သူမ်ားက သက္ဆိုင္ရာ အေထြေထြအုပ္ခ်ဳပ္ေရးမွူးကို အကူအညီေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။

ကိုဖိုးေဇာ္ (09-795405022) က ဒီကေလးေတြကို ေနာက္ကြယ္ကေန ေတာင္းရမ္းခိုင္းၿပီး ႀကိဳးကိုင္ေနတဲ့ အဖြဲ႕အစည္းကို အေရးယူဖမ္းဆီးေဖာ္ထုတ္ေပမည္ဆိုပါက အဆိုပါကေလးမ်ားရဲ့ စားဝတ္ေနေရးကိစၥအဝဝကို တာဝန္ယူေပးပါမည္ဟု ရဲရဲႀကီး အာမခံကာ လူမွုကြန္ယက္ေပၚကေန အကူညီေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။


အဆိုပါကေလးငယ္မ်ားနဲ႔ ပက္သက္ၿပီး ေလ့လာစုံစမ္းခဲ့ဖူးသည့္ လူမွုေရးအဖြဲ႕အစည္းတစ္ခု၏ အဆိုအရ ေလလြင့္ကေလးငယ္မ်ား၊ မိဘမဲကေလးငယ္မ်ားကို ေနာက္ကြယ္မွ လူတစ္စုက ႀကိဳးကိုင္ကာ လမ္းမမ်ားေပၚတြင္ ေတာင္းရမ္းခိုင္းျခင္း ေန႔ည အခ်ိန္မေတာ္ ပန္းမ်ားလိုက္လံေရာင္းခ်ခိုင္းျခင္းတို႔ လုပ္ေဆာင္ေနေၾကာင္း သိရွိရသည္။

အဆိုပါကေလးမ်ား၏ ေတာင္းရမ္းရွိေသာ တစ္ရက္စာဝင္ေငြမွာ ၈၀,၀၀၀ (ရွစ္ေသာင္း) က်ပ္ခန႔္ထိ အျမင့္ဆုံးရွိၿပီး သတ္မွတ္ထားသည့္ ေငြေၾကးမျပည့္ပါက ကေလးမ်ားအား ညအခ်ိန္မေတာ္ မီးပြိဳင့္လမ္းဆုံမ်ားတြင္ စံပါယ္ပန္း ေရာင္းခ်ခိုင္းၿပီး ဆပ္ေၾကးျပည့္ေအာင္ လုပ္ေဆာင္ေပးေနရသည္ဟု သိရွိရပါတယ္။
အစားအေသာက္အတြက္ အခ်ိန္တန္လၽွင္ စီးတီမတ္မွ အသင့္ထုတ္ပိုးထားေသာ ၁၅၀၀ က်ပ္တန္ ထမင္းဗူးမ်ား လိုက္လံေဝငွေပးျခင္း၊ ကေလးမ်ား ေရာင္းခ်ရန္ အေပါစာပန္းစည္းမ်ားအား စီစဥ္ေပးျခင္းတို႔ကို ေနာက္ကြယ္မွ စနစ္တက် လုပ္ေဆာင္ေနေၾကာင္း သိရွိရပါတယ္။

အဆိုပါကေလးမ်ားဟာ လမ္းမေပၚမွာ စရိုက္ဆိုးမ်ားနဲ႔ အရြယ္နဲ႔မလိုက္ေအာင္ ဘဝကိုခက္ခဲၾကမ္းတမ္းစြာ ႀကီးျပင္းရန္းကန္ေနၾကရသူမ်ား ျဖစ္တာကို အမ်ားျပည္သူမ်ား ေန႔စဥ္ျမင့္ေတြ႕ေနၾကရေသာ္လည္း ယေန႔ထိ ထိထိေရာက္ေရာက္ ကာကြယ္ေစာင့္ေရွာက္နိုင္ျခင္း မရွိေသးတဲ့အတြက္ တာဝန္ရွိသူမ်ားအေနနဲ႔ အတတ္နိုင္ဆုံး ကူညီေပးၾကရန္ ေတာင္းဆိုလိုက္ျခင္းျဖစ္သည္။
Unicodeဖြင့်ဖတ်ရန်

ကမာရွတ်မြို့နယ် လှည်းတန်းစင်တာအနီး လှည်းတန်းကုန်းကျော် တံတားအောက်နဲ့ ပလက်ဖောင်းနေရာများတွင် ဘုစုခရု လူလားမမြောက်သေးသော ကလေးငယ်အရွယ်စုံများ လောကငရဲကို အရှင်လတ်လတ် ကျခံနေရသူ ပြည်သူများက သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးမှူးကို အကူအညီပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ကိုဖိုးဇော် (09-795405022) က ဒီကလေးတွေကို နောက်ကွယ်ကနေ တောင်းရမ်းခိုင်းပြီး ကြိုးကိုင်နေတဲ့ အဖွဲ့အစည်းကို အရေးယူဖမ်းဆီးဖော်ထုတ်ပေမည်ဆိုပါက အဆိုပါကလေးများရဲ့ စားဝတ်နေရေးကိစ္စအဝဝကို တာဝန်ယူပေးပါမည်ဟု ရဲရဲကြီး အာမခံကာ လူမှုကွန်ယက်ပေါ်ကနေ အကူညီပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အဆိုပါကလေးငယ်များနဲ့ ပက်သက်ပြီး လေ့လာစုံစမ်းခဲ့ဖူးသည့် လူမှုရေးအဖွဲ့အစည်းတစ်ခု၏ အဆိုအရ လေလွင့်ကလေးငယ်များ၊ မိဘမဲကလေးငယ်များကို နောက်ကွယ်မှ လူတစ်စုက ကြိုးကိုင်ကာ လမ်းမများပေါ်တွင် တောင်းရမ်းခိုင်းခြင်း နေ့ည အချိန်မတော် ပန်းများလိုက်လံရောင်းချခိုင်းခြင်းတို့ လုပ်ဆောင်နေကြောင်း သိရှိရသည်။

အဆိုပါကလေးများ၏ တောင်းရမ်းရှိသော တစ်ရက်စာဝင်ငွေမှာ ၈၀,၀၀၀ (ရှစ်သောင်း) ကျပ်ခန့်ထိ အမြင့်ဆုံးရှိပြီး သတ်မှတ်ထားသည့် ငွေကြေးမပြည့်ပါက ကလေးများအား ညအချိန်မတော် မီးပွိုင့်လမ်းဆုံများတွင် စံပါယ်ပန်း ရောင်းချခိုင်းပြီး ဆပ်ကြေးပြည့်အောင် လုပ်ဆောင်ပေးနေရသည်ဟု သိရှိရပါတယ်။
အစားအသောက်အတွက် အချိန်တန်လျှင် စီးတီမတ်မှ အသင့်ထုတ်ပိုးထားသော ၁၅၀၀ ကျပ်တန် ထမင်းဗူးများ လိုက်လံဝေငှပေးခြင်း၊ ကလေးများ ရောင်းချရန် အပေါစာပန်းစည်းများအား စီစဉ်ပေးခြင်းတို့ကို နောက်ကွယ်မှ စနစ်တကျ လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။

အဆိုပါကလေးများဟာ လမ်းမပေါ်မှာ စရိုက်ဆိုးများနဲ့ အရွယ်နဲ့မလိုက်အောင် ဘဝကိုခက်ခဲကြမ်းတမ်းစွာ ကြီးပြင်းရန်းကန်နေကြရသူများ ဖြစ်တာကို အများပြည်သူများ နေ့စဉ်မြင့်တွေ့နေကြရသော်လည်း ယနေ့ထိ ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိသေးတဲ့အတွက် တာဝန်ရှိသူများအနေနဲ့ အတတ်နိုင်ဆုံး ကူညီပေးကြရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
Credit :POPOLAY

LEAVE A REPLY