Zawgyiျဖင့္ဖတ္ရန္
အဓမၼျပဳက်င့္မႈနဲ႔ ကိုေအာင္ႏိုင္ထြန္းကို အိမ္အကူအမ်ဳိးသမီးေဒၚခင္မာညိဳက တိုင္ၾကားထားတဲ့အမႈမွာ ျပစ္မႈၿငိစြန္းေၾကာင္း မေတြ႔ရွိရလို႔ စြဲခ်က္မတင္မီ အမႈကို တရားရွင္ လႊတ္ေပးလိုက္တယ္လို႔ ပဲခူးၿမိဳ႕နယ္တရားသူႀကီးက အမိန္႔ခ်မွတ္လိုက္ပါတယ္။

သ႐ုပ္ေဆာင္ သီဟတင္စိုးကို အဓမၼျပဳက်င့္တယ္လို႔ စြပ္စြဲတိုင္ၾကားခဲ့တဲ့ အိမ္အကူအမ်ဳိးသမီးဟာ အရင္ ကိုေအာင္ႏိုင္ထြန္းကို အလားတူအမႈနဲ႔ တိုင္ၾကားခဲ့တာေၾကာင့္ ဩဂုတ္ ၃၁ ရက္ေန႔က ပဲခူးၿမိဳ႕နယ္တရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။

တရားလို ေဒၚခင္မာညိဳရဲ႕ တိုင္ၾကားမႈကို တရားလိုျပသက္ေသ ေဒါက္တာဉာဏ္မင္းဦးရဲ႕ ေဆးစစ္ခ်က္အရ ခႏၶာကိုယ္ ျပင္ပဒဏ္ရာ မေတြ႔ရွိရသလို လတ္တေလာ ဒဏ္ရာမေတြ႔ရွိရေၾကာင္း၊ တရားလိုကို စစ္ေဆးတဲ့အခါ ခႏၶာကိုယ္အတြင္း သု တ္ပိုးလည္း မေတြ႔ရွိရဘူးလို႔ တရား႐ုံးမွာ ထြက္ဆိုခဲ့ေၾကာင္း တရားသူႀကီးက ေျပာပါတယ္။

ဒါ့အျပင္ တရားလိုထြက္ဆိုခ်က္နဲ႔ အလုပ္ရွင္ရဲ႕ ထြက္ဆိုခ်က္ ကြဲလြဲမႈရွိတာ၊ အလုပ္ရွင္ရဲ႕ စီစီတီဗီြမွတ္တမ္းေတြ ျပန္ၾကည့္တဲ့အခါ တရားလိုဟာ ေန႔လယ္ ၁ နာရီေလာက္က ၿခံဝင္းထဲမွာ ေခါက္တုံ႔ေခါက္ျပန္ လမ္းေလၽွာက္ေနတာကို ေတြ႔ရတာေၾကာင့္ တရားလိုရဲ႕ ထြက္ဆိုခ်က္နဲ႔ ကြဲလြဲေနတာအျပင္ တရားလို အိပ္ေနတဲ့ေနရာဟာ အမ်ားျပည္သူ ျမင္ႏိုင္တဲ့ ေနရာျဖစ္တာေၾကာင့္ တရားလိုရဲ႕ ထြက္ဆိုခ်က္ေတြ ကြဲလြဲေနတဲ့အေပၚ တရားသူႀကီးက အမႈကို ႐ုပ္သိမ္းမိန္႔ ခ်မွတ္ခဲ့တာပါ။

ေရနံေခ်ာင္းၿမိဳ႕နယ္ သူေဌးကုန္းေက်းရြာမွာ ေနထိုင္တဲ့ ဦးေငြေမာင္းရဲ႕ သမီးျဖစ္သူ ေဒၚခင္မာညိဳဟာ ပဲခူးၿမိဳ႕ ပန္းလႈိင္ ၂၁ လမ္းမွာရွိတဲ့ ဦးမင္းမင္း၊ ေဒၚဝင္းမာျမင့္တို႔အိမ္မွာ အိမ္အကူလုပ္ေနခ်ိန္ အိမ္ရွင္ရဲ႕လူယံုျဖစ္သူ ေအာင္ႏိုင္ထြန္း ၂၈ ႏွစ္က အဓမၼျပဳက်င့္ခဲ့တာဆိုၿပီး ပဲခူးၿမိဳ႕ အမွတ္ ၃ ရဲစခန္းမွာ အမႈဖြင့္ထားတာပါ။

၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔မွာ အိမ္အကူအျဖစ္ ေဒၚခင္မာညိဳ အသက္ ၄၀ ႏွစ္က စတင္အလုပ္လုပ္ခဲ့တာျဖစ္ၿပီး အိမ္ရွင္ေတြ ခရီးသြာေနတဲ့အခ်ိန္ မတ္လ ၁ ရက္ေန႔က အိမ္ရွင္ပိုင္တဲ့ ဥႆာၿမိဳ႕သစ္ ၈ ရပ္ကြက္မွာရွိတဲ့ သၾကားဂိုေဒါင္မွာ ေအာင္ႏိုင္ထြန္းက သားမယားျပဳက်င့္ခဲ့တာေၾကာင့္ တိုင္ၾကားခဲ့တာလို႔ ဆိုပါတယ္။

အဲဒီအမႈနဲ႔ပတ္သက္လို႔ ေအာင္ႏိုင္ထြန္းကို မတ္ ၃ ရက္ေန႔မွာ အမွတ္ ၃ နယ္ေျမရဲစခန္းက စတင္ဖမ္းဆီးခဲ့တာပါ။

အိမ္အကူအမ်ဳိးသမီးဟာ ရန္ကုန္ၿမိဳ႕မွာ ေနထိုင္တဲ့ သ႐ုပ္ေဆာင္ သီဟတင္စိုးကို တိုင္ၾကားမႈမွာ ေဒၚခင္မာျမင့္အမည္နဲ႔ တိုင္ၾကားထားတာျဖစ္ေပမယ့္ ပဲခူးၿမိဳ႕မွာ ဖြင့္ထားတဲ့အမႈမွာေတာ့ ေဒၚခင္မာညိဳနာမည္နဲ႔ အမႈဖြင့္ထားတာပါ။

ပဲခူးၿမိဳ႕ အမွတ္ ၃ ရဲစခန္းက ေအာင္ႏိုင္ထြန္းကို ပ ၁၆၆/၂၀၁၈၊ပုဒ္မ ၃၇၆ နဲ႔ အမႈဖြင့္ထားၿပီး အဲဒီအမႈကို ပဲခူးၿမိဳ႕နယ္ တရားသူႀကီး႐ုံးမွာ အမႈစစ္ေဆးေနတယ္လို႔ ဆိုပါတယ္။
Unicodeဖြင့်ဖတ်ရန်
အဓမ္မပြုကျင့်မှုနဲ့ ကိုအောင်နိုင်ထွန်းကို အိမ်အကူအမျိုးသမီးဒေါ်ခင်မာညိုက တိုင်ကြားထားတဲ့အမှုမှာ ပြစ်မှုငြိစွန်းကြောင်း မတွေ့ရှိရလို့ စွဲချက်မတင်မီ အမှုကို တရားရှင် လွှတ်ပေးလိုက်တယ်လို့ ပဲခူးမြို့နယ်တရားသူကြီးက အမိန့်ချမှတ်လိုက်ပါတယ်။

သရုပ်ဆောင် သီဟတင်စိုးကို အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲတိုင်ကြားခဲ့တဲ့ အိမ်အကူအမျိုးသမီးဟာ အရင် ကိုအောင်နိုင်ထွန်းကို အလားတူအမှုနဲ့ တိုင်ကြားခဲ့တာကြောင့် ဩဂုတ် ၃၁ ရက်နေ့က ပဲခူးမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

တရားလို ဒေါ်ခင်မာညိုရဲ့ တိုင်ကြားမှုကို တရားလိုပြသက်သေ ဒေါက်တာဉာဏ်မင်းဦးရဲ့ ဆေးစစ်ချက်အရ ခန္ဓာကိုယ် ပြင်ပဒဏ်ရာ မတွေ့ရှိရသလို လတ်တလော ဒဏ်ရာမတွေ့ရှိရကြောင်း၊ တရားလိုကို စစ်ဆေးတဲ့အခါ ခန္ဓာကိုယ်အတွင်း သု တ်ပိုးလည်း မတွေ့ရှိရဘူးလို့ တရားရုံးမှာ ထွက်ဆိုခဲ့ကြောင်း တရားသူကြီးက ပြောပါတယ်။

ဒါ့အပြင် တရားလိုထွက်ဆိုချက်နဲ့ အလုပ်ရှင်ရဲ့ ထွက်ဆိုချက် ကွဲလွဲမှုရှိတာ၊ အလုပ်ရှင်ရဲ့ စီစီတီဗွီမှတ်တမ်းတွေ ပြန်ကြည့်တဲ့အခါ တရားလိုဟာ နေ့လယ် ၁ နာရီလောက်က ခြံဝင်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတာကို တွေ့ရတာကြောင့် တရားလိုရဲ့ ထွက်ဆိုချက်နဲ့ ကွဲလွဲနေတာအပြင် တရားလို အိပ်နေတဲ့နေရာဟာ အများပြည်သူ မြင်နိုင်တဲ့ နေရာဖြစ်တာကြောင့် တရားလိုရဲ့ ထွက်ဆိုချက်တွေ ကွဲလွဲနေတဲ့အပေါ် တရားသူကြီးက အမှုကို ရုပ်သိမ်းမိန့် ချမှတ်ခဲ့တာပါ။

ရေနံချောင်းမြို့နယ် သူဌေးကုန်းကျေးရွာမှာ နေထိုင်တဲ့ ဦးငွေမောင်းရဲ့ သမီးဖြစ်သူ ဒေါ်ခင်မာညိုဟာ ပဲခူးမြို့ ပန်းလှိုင် ၂၁ လမ်းမှာရှိတဲ့ ဦးမင်းမင်း၊ ဒေါ်ဝင်းမာမြင့်တို့အိမ်မှာ အိမ်အကူလုပ်နေချိန် အိမ်ရှင်ရဲ့လူယုံဖြစ်သူ အောင်နိုင်ထွန်း ၂၈ နှစ်က အဓမ္မပြုကျင့်ခဲ့တာဆိုပြီး ပဲခူးမြို့ အမှတ် ၃ ရဲစခန်းမှာ အမှုဖွင့်ထားတာပါ။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ အိမ်အကူအဖြစ် ဒေါ်ခင်မာညို အသက် ၄၀ နှစ်က စတင်အလုပ်လုပ်ခဲ့တာဖြစ်ပြီး အိမ်ရှင်တွေ ခရီးသွာနေတဲ့အချိန် မတ်လ ၁ ရက်နေ့က အိမ်ရှင်ပိုင်တဲ့ ဥဿာမြို့သစ် ၈ ရပ်ကွက်မှာရှိတဲ့ သကြားဂိုဒေါင်မှာ အောင်နိုင်ထွန်းက သားမယားပြုကျင့်ခဲ့တာကြောင့် တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။

အဲဒီအမှုနဲ့ပတ်သက်လို့ အောင်နိုင်ထွန်းကို မတ် ၃ ရက်နေ့မှာ အမှတ် ၃ နယ်မြေရဲစခန်းက စတင်ဖမ်းဆီးခဲ့တာပါ။

အိမ်အကူအမျိုးသမီးဟာ ရန်ကုန်မြို့မှာ နေထိုင်တဲ့ သရုပ်ဆောင် သီဟတင်စိုးကို တိုင်ကြားမှုမှာ ဒေါ်ခင်မာမြင့်အမည်နဲ့ တိုင်ကြားထားတာဖြစ်ပေမယ့် ပဲခူးမြို့မှာ ဖွင့်ထားတဲ့အမှုမှာတော့ ဒေါ်ခင်မာညိုနာမည်နဲ့ အမှုဖွင့်ထားတာပါ။

ပဲခူးမြို့ အမှတ် ၃ ရဲစခန်းက အောင်နိုင်ထွန်းကို ပ ၁၆၆/၂၀၁၈၊ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ထားပြီး အဲဒီအမှုကို ပဲခူးမြို့နယ် တရားသူကြီးရုံးမှာ အမှုစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
Credit; DVB