Zawgyiျဖင့္ဖတ္ရန္

ဂ်ိမ္းစ္ဘြန္းဇာတ္ေကာင္ေနရာမွာ ျဗိတိသွ်လူမည္းသရုပ္ေဆာင္ အီတရစ္စ္အယ္လ္ဘာ သရုပ္ေဆာင္သြားမယ္လုိ႔ သိရပါတယ္။

အဆုိပါအေၾကာင္းကုိ ျဗိတိသွ်လူမည္းသရုပ္ေဆာင္ အီတရစ္စ္အယ္လ္ဘာက ျပီးခဲ့တဲ့ တနဂၤေႏြေန႔က ၄င္းရဲ႕ တြစ္တာစာမ်က္ႏွာမွာ “ကၽြန္ေတာ့္နာမည္က အယ္လ္ဘာ၊ အီတရစ္စ္အယ္လ္ဘာ။ နာမည္က ဘြန္း၊ ဂ်ိမ္းစ္ဘြန္း။”လုိ႔ ေရးသားခဲ့တာျဖစ္ပါတယ္။

အသစ္ထြက္ရွိလာမယ့္ ဂ်ိမ္းစ္ဘြန္း ရုပ္ရွင္ဇာတ္ကားအသစ္မွာ ဒန္နီယယ္ခရိတ္အစား အီတရစ္စ္သရုပ္ေဆာင္မယ့္ အေၾကာင္းက ပရိသတ္ေတြကုိ အံ့အားသင့္ေစခဲ့ပါတယ္။

အသက္ ၄၅ ႏွစ္အရြယ္ အီတရစ္စ္ဟာ Luther ရုပ္ရွင္ကားမွာ စုံေထာက္အေနနဲ႔ ပါ၀င္သရုပ္ေဆာင္ခဲ့ျပီး ၄င္းရဲ႕ သရုပ္ေဆာင္ပီျပင္မႈေၾကာင့္ ေရႊကမာၻလုံးဆုကုိ ဆြတ္ခူးႏုိင္ခဲ့ပါတယ္။

ကားစက္ရုံအလုပ္သမားတစ္ဦးရဲ႕ သားျဖစ္တဲ့ အီတရစ္စ္ဟာ လက္ရွိအခ်ိန္မွာေတာ့ ေအာင္ျမင္ေက်ာ္ၾကားတဲ့ အႏုပညာရွင္တစ္ဦး ျဖစ္လုိ႔ေနပါျပီ။

အီတရစ္စ္ဟာ Thor၊ Pacific Rim နဲ႔ Star Trek ရုပ္ရွင္ကားေတြမွာလည္း ပါ၀င္သရုပ္ေဆာင္ခဲ့တဲ့ နာမည္ၾကီး အႏုပညာရွင္ျဖစ္သလုိ Mandela: Long Walk to Freedom ဇာတ္ကားနဲ႔လည္း ေရႊကမာၻလုံးဆု ဆန္ကာတင္စာရင္းမွာ ပါ၀င္ခဲ့တယ္လုိ႔ သိရပါတယ္။

၂၀၁၉ ခုႏွစ္မွာ ထြက္ရွိမယ့္ James Bond 007 ရုပ္ရွင္ကားမွာ ဒန္နီယယ္ခရိတ္ ပါ၀င္သရုပ္ေဆာင္မွာျဖစ္ျပီး ခရိတ္အေနနဲ႔ ဂ်ိမ္းစ္ဘြန္းအျဖစ္ ေနာက္ဆုံးအၾကိမ္ သရုပ္ေဆာင္မွာျဖစ္တယ္လုိ႔ ခန္႔မွန္းသိရွိရပါတယ္။
Unicodeဖြင့်ဖတ်ရန်

သြဂုတ် ၁၄ ။ ။ ဂျိမ်းစ်ဘွန်းဇာတ်ကောင်နေရာမှာ ဗြိတိသျှလူမည်းသရုပ်ဆောင် အီတရစ်စ်အယ်လ်ဘာ သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အဆိုပါအကြောင်းကို ဗြိတိသျှလူမည်းသရုပ်ဆောင် အီတရစ်စ်အယ်လ်ဘာက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ၎င်းရဲ့ တွစ်တာစာမျက်နှာမှာ “ကျွန်တော့်နာမည်က အယ်လ်ဘာ၊ အီတရစ်စ်အယ်လ်ဘာ။ နာမည်က ဘွန်း၊ ဂျိမ်းစ်ဘွန်း။”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

အသစ်ထွက်ရှိလာမယ့် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဇာတ်ကားအသစ်မှာ ဒန်နီယယ်ခရိတ်အစား အီတရစ်စ်သရုပ်ဆောင်မယ့် အကြောင်းက ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

အသက် ၄၅ နှစ်အရွယ် အီတရစ်စ်ဟာ Luther ရုပ်ရှင်ကားမှာ စုံထောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၎င်းရဲ့ သရုပ်ဆောင်ပီပြင်မှုကြောင့် ရွှေကမ္ဘာလုံးဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ကားစက်ရုံအလုပ်သမားတစ်ဦးရဲ့ သားဖြစ်တဲ့ အီတရစ်စ်ဟာ လက်ရှိအချိန်မှာတော့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်လို့နေပါပြီ။

အီတရစ်စ်ဟာ Thor၊ Pacific Rim နဲ့ Star Trek ရုပ်ရှင်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီး အနုပညာရှင်ဖြစ်သလို Mandela: Long Walk to Freedom ဇာတ်ကားနဲ့လည်း ရွှေကမ္ဘာလုံးဆု ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ်မှာ ထွက်ရှိမယ့် James Bond 007 ရုပ်ရှင်ကားမှာ ဒန်နီယယ်ခရိတ် ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး ခရိတ်အနေနဲ့ ဂျိမ်းစ်ဘွန်းအဖြစ် နောက်ဆုံးအကြိမ် သရုပ်ဆောင်မှာဖြစ်တယ်လို့ ခန့်မှန်းသိရှိရပါတယ်။
Credit: Mizzima