Zawgyiျဖင့္ဖတ္ရန္

စစ္ကိုင္းတိုင္း ခႏၲီးၿမိဳ႕က ျပည့္သူ႔ ေဆး႐ုံမွာ အ၀င္ တံခါးေသာ့ပိတ္ထားလို႔ အခ်ိန္မီ ေဆးကုသမႈ မရလိုက္တဲ့အတြက္ လူနာတေယာက္ ေသဆုံးခဲ့ပါတယ္။

ခႏၲီးမွာ ေနထိုင္သူ ဦးေက်ာ္ေငြဟာ သားျဖစ္သူ အသက္ရႈက်ပ္ေနတာေၾကာင့္ အေရးအေပၚ အေျခအေနအျဖစ္ ခႏၲီး ေဆး႐ုံႀကီးကို မနက္ငါးနာရီမွာ သြားေရာက္ ပို႔ေဆာင္ခဲ့ပါတယ္။

အဲဒီလိုပို႔ေဆာင္စဥ္ ေဆး႐ုံ တံခါးမႀကီးကို ပိတ္ထားတာေၾကာင့္ အခ်ိန္ၾကန္႔ၾကာမႈျဖစ္ခဲ့တဲ့အျပင္ ေဆး႐ုံက ဆရာဝန္ေတြကလည္း အခ်ိန္မွီမေရာက္တဲ့အတြက္ ေဆးကုသမႈ မခံယူႏိုင္ခဲ့ဘူးလို႔ ဦးေက်ာ္ေငြ က ဆိုပါတယ္။

သူတို႔ေဆး႐ုံကို ေရာက္လာေတာ့ တံခါးပိတ္ထားတဲ့ အတြက္ ၀င္မရ ျဖစ္ေနလို႔ အေပါက္၀မွာ တနာရီေလာက္ ၾကာေအာင္ ေစာင့္ခဲ့ရၿပီး ေနာက္ဆုံးေတာ့ လူနာ ကေလးက အရမ္း အသက္ရႈ ၾကပ္ေနတဲ့ အတြက္ သုံးဘီး သမားက ေဆး႐ုံေနာက္ေဖးေပါက္ ကေန ၀င္ေခၚမွ တံခါးဖြင့္ေပးတယ္လို႔ သူက ေျပာပါတယ္။

အဲဒီေနာက္ ေဆး႐ုံ အထဲ ေရာက္ေတာ့ ကေလးကို ေအာက္စီဂ်င္ အသက္ရႈဘူး ေတြ တပ္ေပး ၊ အားေဆး ပုလင္းႀကီး ခ်ိတ္ေပးတာေတြ လုပ္ခဲ့ေပမယ့္ ေနာက္ အေတာ္အၾကာမွာ ကေလး အသက္ရႈ ၾကပ္လာတဲ့ အတြက္ ဆရာမေတြကို သြားေျပာေတာ့ ႏွစ္ႀကိမ္စလုံး တေယာက္မွ လိုက္မလာဘဲ ထားခဲ့တဲ့ အတြက္ မၾကာခင္မွာဘဲ ကေလးဟာ မ်က္ျဖဴဆိုက္ၿပီး ဆုံးပါးသြားခဲ့တယ္လို႔ ဦးေက်ာ္ေငြ က ဆိုပါတယ္။
ခႏၲီး ဓာတ္ပုံ မူပိုင္ Kham Tee Youth Facebook
Image caption ၂၀၁၇ ဇႏၷဝါရီ တုန္းက သမၼတေဟာင္း ဦးထင္ေက်ာ္နဲ႔ အဖြဲ႕ ခႏၲီး ေဆး႐ုံ ေရာက္လာစဥ္

ခဏေနေတာ့ ဆရာဝန္ေတြေရာ ဆရာမေတြေရာ တျခား ၀န္ထမ္းေတြပါ ေရာက္လာေၾကာင္း ၊ ေဆးတလုံးထိုးေပးေပမယ့္ လူနာ အသက္ျပန္ရွင္လာမွာ မဟုတ္မွန္း သိေၾကာင္း ၊ အဲဒီေနာက္ တာ၀န္က် က်န္းမာေရး ၀န္ထမ္းေတြကို ႏွစ္ႀကိမ္ လာေခၚေပမယ့္ ဘာလို႔ လိုက္မၾကည့္ေပးတာလဲ ၊ ေဆး႐ုံတံခါးကိုလည္း ဘာေၾကာင့္ ပိတ္ထားတာလဲ စသျဖင့္ ေမးရာမွာ တခ်ိဳ႕ ဆရာမေတြက သူတို႔ဖက္က အားနည္းခ်က္ေတြ ရွင္းျပခဲ့ေၾကာင္း ဦးေက်ာ္ေငြ က ေျပာပါတယ္။

ေဆး႐ုံမွာရွိတဲ့ေဆးဝါးနဲ႔ ဝန္ထမ္းေတြရဲ႕ ဆိုင္ကယ္ေတြ ေပ်ာက္တာေၾကာင့္ အခုလို ေဆး႐ုံဝင္း ကို ပိတ္ထားရတာ ျဖစ္တယ္လို႔ ေဆး႐ုံဘက္ကေျပာေၾကာင္း ဦးေက်ာ္ေငြက ဆိုပါတယ္။

ေနာက္ပိုင္း မွာလည္း အခုလိုျဖစ္ပြားခဲ့ ရတာနဲ႔ ပတ္သက္လို႔ ခႏၲီး ေဆး႐ုံႀကီးဘက္က အသက္ဆုံးပါး ခဲ့ရတဲ့ လူနာရွင္ေတြဆီ တစုံတရာ လာေရာက္ ဆက္သြယ္တာ မရွိခဲ့ဘူးလို႔ ဦးေက်ာ္ေငြက ေျပာပါတယ္။

ေက်ာက္စိမ္းေမွာ္ စုံစမ္းေရးေကာ္မတီဖြဲ႕
ခ်င္းတြင္းျမစ္ေဘးက ေရေဘးဒဏ္ခံလူေတြကို ေ႐ႊ႕ေျပာင္းေပးရ

ခႏၲီး ေဆး႐ုံအုပ္ႀကီးကို ဘီဘီစီက ဆက္သြယ္ေမးျမန္းတဲ့အခါမွာေတာ့ လူကိုယ္တိုင္ ေတြ႕ဆုံ ေမးျမန္းမွသာ ေျဖၾကားႏိုင္မယ္လို႔ ျပန္လည္ေျပာဆိုခဲ့ပါတယ္။

ခႏၲီး ေဆး႐ုံဟာ ျပည္သူ႔ ေဆး႐ုံလည္းျဖစ္ ၊ ခ႐ိုင္ အဆင့္ ေဆး႐ုံလည္း ျဖစ္တာေၾကာင့္ ၂၄ နာရီ လုံၿခဳံေရး ရွိေစခ်င္တယ္လို႔ ခႏၲီး ၿမိဳ႕နယ္ တိုင္းေဒသႀကီး အမွတ္(၁) လႊတ္ေတာ္အမတ္ ဦးေမာင္ေတး က ေျပာပါတယ္။

ခု ျဖစ္သြားတဲ့ ကိစၥမွာလည္း မျဖစ္သင့္ဘဲ ျဖစ္ခဲ့ရေၾကာင္း ၊ လြန္ခဲ့တဲ့ ႏွစ္က ဒီေဆး႐ုံမွာ ပိုက္ဆံ သုံးသိန္း နဲ႔ ေဆး႐ုံသုံး မက္သဒုန္း ေဆးဝါးေတြ ေပ်ာက္ခဲ့ဖူးေၾကာင္း ၊ ဒါေၾကာင့္ ဒီေဆး႐ုံမွာ ၂၄ နာရီ ပတ္လုံး လွ်ပ္စစ္မီး အဆက္မျပတ္ ရသင့္သလို လုံၿခဳံေရး ကိုလည္း ၂၄ နာရီ ေပးထားသင့္ေၾကာင္း ဦးေမာင္ေတး က ရွင္းျပခဲ့ပါတယ္။

ေသဆုံးသူရဲ႕ဖခင္ ဦးေက်ာ္ေငြကေတာ့ ဒီကိစၥနဲ႔ ပတ္သတ္လို႔ ေဆး႐ုံဆရာဝန္ေတြရဲ႕ ပ်က္ကြက္မႈသာျဖစ္ၿပီး စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕နဲ႔ အားကစားႏွင့္ က်န္းမာေရးဝန္ႀကီးဌာနကို တင္ျပ တိုင္ၾကား သြားမယ္လို႔ ေျပာပါတယ္။

Unicodeဖြင့်ဖတ်ရန်

စစ်ကိုင်းတိုင်း ခန္တီးမြို့က ပြည့်သူ့ ဆေးရုံမှာ အဝင် တံခါးသော့ပိတ်ထားလို့ အချိန်မီ ဆေးကုသမှု မရလိုက်တဲ့အတွက် လူနာတယောက် သေဆုံးခဲ့ပါတယ်။

ခန္တီးမှာ နေထိုင်သူ ဦးကျော်ငွေဟာ သားဖြစ်သူ အသက်ရှုကျပ်နေတာကြောင့် အရေးအပေါ် အခြေအနေအဖြစ် ခန္တီး ဆေးရုံကြီးကို မနက်ငါးနာရီမှာ သွားရောက် ပို့ဆောင်ခဲ့ပါတယ်။

အဲဒီလိုပို့ဆောင်စဉ် ဆေးရုံ တံခါးမကြီးကို ပိတ်ထားတာကြောင့် အချိန်ကြန့်ကြာမှုဖြစ်ခဲ့တဲ့အပြင် ဆေးရုံက ဆရာဝန်တွေကလည်း အချိန်မှီမရောက်တဲ့အတွက် ဆေးကုသမှု မခံယူနိုင်ခဲ့ဘူးလို့ ဦးကျော်ငွေ က ဆိုပါတယ်။

သူတို့ဆေးရုံကို ရောက်လာတော့ တံခါးပိတ်ထားတဲ့ အတွက် ဝင်မရ ဖြစ်နေလို့ အပေါက်ဝမှာ တနာရီလောက် ကြာအောင် စောင့်ခဲ့ရပြီး နောက်ဆုံးတော့ လူနာ ကလေးက အရမ်း အသက်ရှု ကြပ်နေတဲ့ အတွက် သုံးဘီး သမားက ဆေးရုံနောက်ဖေးပေါက် ကနေ ဝင်ခေါ်မှ တံခါးဖွင့်ပေးတယ်လို့ သူက ပြောပါတယ်။

အဲဒီနောက် ဆေးရုံ အထဲ ရောက်တော့ ကလေးကို အောက်စီဂျင် အသက်ရှုဘူး တွေ တပ်ပေး ၊ အားဆေး ပုလင်းကြီး ချိတ်ပေးတာတွေ လုပ်ခဲ့ပေမယ့် နောက် အတော်အကြာမှာ ကလေး အသက်ရှု ကြပ်လာတဲ့ အတွက် ဆရာမတွေကို သွားပြောတော့ နှစ်ကြိမ်စလုံး တယောက်မှ လိုက်မလာဘဲ ထားခဲ့တဲ့ အတွက် မကြာခင်မှာဘဲ ကလေးဟာ မျက်ဖြူဆိုက်ပြီး ဆုံးပါးသွားခဲ့တယ်လို့ ဦးကျော်ငွေ က ဆိုပါတယ်။
ခန္တီး ဓာတ်ပုံ မူပိုင် Kham Tee Youth Facebook
Image caption ၂၀၁၇ ဇန္နဝါရီ တုန်းက သမ္မတဟောင်း ဦးထင်ကျော်နဲ့ အဖွဲ့ ခန္တီး ဆေးရုံ ရောက်လာစဉ်

ခဏနေတော့ ဆရာဝန်တွေရော ဆရာမတွေရော တခြား ဝန်ထမ်းတွေပါ ရောက်လာကြောင်း ၊ ဆေးတလုံးထိုးပေးပေမယ့် လူနာ အသက်ပြန်ရှင်လာမှာ မဟုတ်မှန်း သိကြောင်း ၊ အဲဒီနောက် တာဝန်ကျ ကျန်းမာရေး ဝန်ထမ်းတွေကို နှစ်ကြိမ် လာခေါ်ပေမယ့် ဘာလို့ လိုက်မကြည့်ပေးတာလဲ ၊ ဆေးရုံတံခါးကိုလည်း ဘာကြောင့် ပိတ်ထားတာလဲ စသဖြင့် မေးရာမှာ တချို့ ဆရာမတွေက သူတို့ဖက်က အားနည်းချက်တွေ ရှင်းပြခဲ့ကြောင်း ဦးကျော်ငွေ က ပြောပါတယ်။

ဆေးရုံမှာရှိတဲ့ဆေးဝါးနဲ့ ဝန်ထမ်းတွေရဲ့ ဆိုင်ကယ်တွေ ပျောက်တာကြောင့် အခုလို ဆေးရုံဝင်း ကို ပိတ်ထားရတာ ဖြစ်တယ်လို့ ဆေးရုံဘက်ကပြောကြောင်း ဦးကျော်ငွေက ဆိုပါတယ်။

နောက်ပိုင်း မှာလည်း အခုလိုဖြစ်ပွားခဲ့ ရတာနဲ့ ပတ်သက်လို့ ခန္တီး ဆေးရုံကြီးဘက်က အသက်ဆုံးပါး ခဲ့ရတဲ့ လူနာရှင်တွေဆီ တစုံတရာ လာရောက် ဆက်သွယ်တာ မရှိခဲ့ဘူးလို့ ဦးကျော်ငွေက ပြောပါတယ်။

ကျောက်စိမ်းမှော် စုံစမ်းရေးကော်မတီဖွဲ့
ချင်းတွင်းမြစ်ဘေးက ရေဘေးဒဏ်ခံလူတွေကို ရွှေ့ပြောင်းပေးရ

ခန္တီး ဆေးရုံအုပ်ကြီးကို ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ လူကိုယ်တိုင် တွေ့ဆုံ မေးမြန်းမှသာ ဖြေကြားနိုင်မယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

ခန္တီး ဆေးရုံဟာ ပြည်သူ့ ဆေးရုံလည်းဖြစ် ၊ ခရိုင် အဆင့် ဆေးရုံလည်း ဖြစ်တာကြောင့် ၂၄ နာရီ လုံခြုံရေး ရှိစေချင်တယ်လို့ ခန္တီး မြို့နယ် တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်အမတ် ဦးမောင်တေး က ပြောပါတယ်။

ခု ဖြစ်သွားတဲ့ ကိစ္စမှာလည်း မဖြစ်သင့်ဘဲ ဖြစ်ခဲ့ရကြောင်း ၊ လွန်ခဲ့တဲ့ နှစ်က ဒီဆေးရုံမှာ ပိုက်ဆံ သုံးသိန်း နဲ့ ဆေးရုံသုံး မက်သဒုန်း ဆေးဝါးတွေ ပျောက်ခဲ့ဖူးကြောင်း ၊ ဒါကြောင့် ဒီဆေးရုံမှာ ၂၄ နာရီ ပတ်လုံး လျှပ်စစ်မီး အဆက်မပြတ် ရသင့်သလို လုံခြုံရေး ကိုလည်း ၂၄ နာရီ ပေးထားသင့်ကြောင်း ဦးမောင်တေး က ရှင်းပြခဲ့ပါတယ်။

သေဆုံးသူရဲ့ဖခင် ဦးကျော်ငွေကတော့ ဒီကိစ္စနဲ့ ပတ်သတ်လို့ ဆေးရုံဆရာဝန်တွေရဲ့ ပျက်ကွက်မှုသာဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနကို တင်ပြ တိုင်ကြား သွားမယ်လို့ ပြောပါတယ်။

Credit: BBC