Zawgyiျဖင့္ဖတ္ရန္

မ​ေကြးတိုင္​း​ေဒသႀကီး၊ မ​ေကြးၿမိဳ႕၊ သိဂၤါဂီရိရပ္​ကြက္​၊ ၿမိဳ႕​ေ႐ွာင္​လမ္​း႐ွိ MD KTV စား​ေသာက္​ဆိုင္​​ေရွ႕မွာ ၾသဂုတ္​ ၁၆ ရက္​​ေန႔ ည ၉ နာရီေလာက္က ရဲအရာရွိတဦးနဲ႔ ရဲတပ္​ဖြဲ႔ဝင္​တ​ဦး ထိုးႀကိတ္​ခံခဲ့ရ​ေၾကာင္​း သိရပါတယ္​။

“MD စား​ေသာက္​ဆိုင္​​ေ႐ွ႕မွာ လူ ၅ ဦး မူးယစ္​ဆူပူ​ေသာင္​းက်န္​း​ေနတယ္​လို႔ ဆိုင္​မန္​​ေနဂ်ာ ဦးျမင့္​ေအာင္​က ဖုန္​းဆက္​တိုင္​ၾကားတဲ့အတြက္​ မ​ေကြးၿမိဳ႕မရဲစခန္​းက နယ္​ထိန္​း​ေခါင္​း​ေဆာင္​ ရဲအုပ္​​ ေက်ာ္​မင္​းထြဋ္​ပါ ရဲတပ္​ဖြဲ႔ဝင္​ ၅ ဦးသြား​ေရာက္ၿပီး ရဲတပ္​သား​​ေက်ာ္​သူၿငိမ္​းက မဆူဖို႔တား​ေတာ့ လူတ​ေယာက္​က လက္​သီးနဲထိုးတယ္​၊ ရဲအုပ္​ ​ေက်ာ္​မင္​းထြဋ္​နဲ႔ ရဲတပ္​သားတ​ဦးက ထပ္​မံတားျမစ္​​ေတာ့ လူ ၅ ​ေယာက္​က လက္​သီးနဲ႔ဝိုင္​းထို​းေတာ့ ​ေပါက္​ၿပဲ ဖူး​ေရာင္​ဒဏ္​ရာ​ေတြရ႐ွိၿပီး လမ္​း​ေပၚလဲက်သြားတဲ့အတြက္​ ရဲ​ေဆးစာနဲ႔ မ​ေကြးျပည္​သူ႔​ေဆး႐ုံႀကီးကို ပို႔​ေဆာင္​ၿပီး ​ေဆးကုသမႈခံယူခဲ့တယ္​။ ရဲတပ္​ဖြဲ႔ က လက္​ဦးမႈယူျပန္​ရင္​လည္​း ျပည္​သူ​ေဝဖန္​တာခံရၿပီး ရဲစည္​းကမ္​းထိန္​းသိမ္​း​ေရးဥပ​ေဒနဲ႔ အ​ေရးယူခံရဦးမယ္၊​ ခံရျပန္​​ေတာ့လည္​း ရဲတပ္​ဖြဲ႔ ဂုဏ္​သိကၡာက်ဆင္​းတယ္​” လုိ႔ အမည္​မ​ေဖာ္​လိုတဲ့ ရဲအရာရွိတဦးက ဒီဗြီဘီကို​ေျပာပါတယ္​။

ျဖစ္​စဥ္​နဲ႔ပတ္​သက္လုိ႔ ေဖ့စ္ဘြတ္ခ္ လူမႈကြန္​ရက္​စာမ်က္​ႏွာ​ေတြမွာ ပ်ံ႔ႏွံ​ေနၿပီး အခင္​းျဖစ္​ပြားရာမွာ ပါဝင္​တဲ့ မ​ေကြးၿမိဳ႕နယ္​ သာယာကုန္​း​ေက်းရြာက ႏိုင္​လင္​းထြန္​းနဲ႔​ ေဇာ္​မ်ိဳးဦးတို႔ ႏွစ္​ဦးကို မ​ေကြးၿမိဳ႕မရဲစခန္​းမွာ ဖမ္​ဆီးထားပါတယ္။

သူတုိ႔ ၂ ဦးကုိ တာဝန္​ထမ္​း​ေဆာင္​​ေန​တဲ့ ျပည္​သူ႔၀န္​ထမ္​းကို အျပင္​းအထန္​နာက်င္​​ေစမႈ ပုဒ္မ-၃၃၃ နဲ႔ အမႈဖြင့္​ေဆာင္​ရြက္​ထားၿပီး အမႈကို ဒုရဲအုပ္​​ေအာင္​သူထက္​က စစ္​​​ေဆး​ေဆာင္​ရြက္​​ေနတယ္​လို႔ မ​ေကြးၿမိဳ႕မရဲစခန္​းက သိရပါတယ္​။

သတင္​း-မင္​းထီး

Unicodeဖြင့်ဖတ်ရန်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ သိင်္ဂါဂီရိရပ်ကွက်၊ မြို့ရှောင်လမ်းရှိ MD KTV စားသောက်ဆိုင်ရှေ့မှာ သြဂုတ် ၁၆ ရက်နေ့ ည ၉ နာရီလောက်က ရဲအရာရှိတဦးနဲ့ ရဲတပ်ဖွဲ့ဝင်တဦး ထိုးကြိတ်ခံခဲ့ရကြောင်း သိရပါတယ်။

“MD စားသောက်ဆိုင်ရှေ့မှာ လူ ၅ ဦး မူးယစ်ဆူပူသောင်းကျန်းနေတယ်လို့ ဆိုင်မန်နေဂျာ ဦးမြင့်အောင်က ဖုန်းဆက်တိုင်ကြားတဲ့အတွက် မကွေးမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ် ကျော်မင်းထွဋ်ပါ ရဲတပ်ဖွဲ့ဝင် ၅ ဦးသွားရောက်ပြီး ရဲတပ်သားကျော်သူငြိမ်းက မဆူဖို့တားတော့ လူတယောက်က လက်သီးနဲထိုးတယ်၊ ရဲအုပ် ကျော်မင်းထွဋ်နဲ့ ရဲတပ်သားတဦးက ထပ်မံတားမြစ်တော့ လူ ၅ ယောက်က လက်သီးနဲ့ဝိုင်းထိုးတော့ ပေါက်ပြဲ ဖူးရောင်ဒဏ်ရာတွေရရှိပြီး လမ်းပေါ်လဲကျသွားတဲ့အတွက် ရဲဆေးစာနဲ့ မကွေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးကုသမှုခံယူခဲ့တယ်။ ရဲတပ်ဖွဲ့ က လက်ဦးမှုယူပြန်ရင်လည်း ပြည်သူဝေဖန်တာခံရပြီး ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူခံရဦးမယ်၊ ခံရပြန်တော့လည်း ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်းတယ်” လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိတဦးက ဒီဗွီဘီကိုပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံနေပြီး အခင်းဖြစ်ပွားရာမှာ ပါဝင်တဲ့ မကွေးမြို့နယ် သာယာကုန်းကျေးရွာက နိုင်လင်းထွန်းနဲ့ ဇော်မျိုးဦးတို့ နှစ်ဦးကို မကွေးမြို့မရဲစခန်းမှာ ဖမ်ဆီးထားပါတယ်။

သူတို့ ၂ ဦးကို တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်းကို အပြင်းအထန်နာကျင်စေမှု ပုဒ်မ-၃၃၃ နဲ့ အမှုဖွင့်ဆောင်ရွက်ထားပြီး အမှုကို ဒုရဲအုပ်အောင်သူထက်က စစ်ဆေးဆောင်ရွက်နေတယ်လို့ မကွေးမြို့မရဲစခန်းက သိရပါတယ်။

သတင်း-မင်းထီး

Credit: DVB