Zawgyiျဖင့္ဖတ္ရန္
မႏၲေလးၿမိဳ႕၏ အထင္ကရ မဟာမုနိ႐ုပ္ရွင္ေတာ္ျမတ္၏ ဘ႑ာပစၥည္းမ်ား သိမ္းဆည္းသည့္အခန္း ေဖာက္ထြင္းမႈ တရားခံကို ဖမ္းဆီးရမိၿပီေၾကာင္း ခ်မ္းျမသာစည္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ သိရသည္။

ခ်မ္းျမသာ စည္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးစံသူ က “က်ဳးလြန္သူကို မိထားပါၿပီ၊ အတြင္းလူပါ၊ လုံၿခဳံေရးဝန္ထမ္းပါ၊ အတြင္းလူဆိုေတာ့ CCTV ေတြ ဘယ္နားမွာ တပ္ထားတယ္ ဆိုတာကို ဒီေကာင္က သိတယ္၊ က်ဳးလြန္တာ ဒီေကာင္ တေယာက္ထဲပါ၊ အမႈဖြင့္အေရးယူထားၿပီးပါတယ္”ဟု ဧရာဝတီသို႔ ေျပာသည္။

မႏၲေလးခ႐ိုင္၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ မဟာမုနိ႐ုပ္ရွင္ေတာ္ျမတ္ပရဝုဏ္အတြင္းရွိ ေဂါပက႐ုံးခန္းႏွင့္တြဲလ်က္ရွိသည့္ ဘုရားဘ႑ာပစၥည္းမ်ား သိမ္းဆည္းသည့္ အခန္းအား ၾသဂုတ္လ ၁၈ ရက္ ညပိုင္းက ေဖာက္ထြင္းခံခဲ့ရျခင္းျဖစ္ၿပီး အဆိုပါ အခန္းအတြင္းရွိ အလႉခံပုံအား ႐ိုက္ခြဲ၍ အလႉေငြမ်ားႏွင့္ ေ႐ႊဆိုင္းမ်ား ေပ်ာက္ဆုံးခဲ့ေၾကာင္း သိရသည္။

မဟာမုနိ႐ုပ္ရွင္ေတာ္ျမတ္ပရဝုဏ္အတြင္း၌ အလႉခံပုံမ်ားကို ခ်ထားေပးၿပီး အဆိုပါအလႉခံပုံမ်ားကို ေဂါပကအဖြဲ႕မွ တာဝန္ရွိသူမ်ားႏွင့္ တပတ္လွ်င္ တႀကိမ္ သိမ္းဆည္း၍ အလႉခံပုံအတြင္းမွ အလႈေငြမ်ားအား ေရတြက္ၿပီးလွ်င္ ဘ႑ာ တိုက္အတြင္း သိမ္းဆည္းေလ့ရွိေၾကာင္း သိရသည္။

မဟာမုနိဘုရားႀကီး ေဂါပကအဖြဲ႕ ဥကၠဌ ဦးစိုးလင္း ကလည္း “အဲဒီျဖစ္စဥ္နဲ႔ ပက္သက္ၿပီး ပစၥည္းေရာ လူေရာ ဖမ္းမိၿပီးပါၿပီ၊ ဘုရားႀကီးရဲ႕ လုံၿခဳံေရးဝန္ထမ္း ျဖစ္ပါတယ္၊ ျဖစ္စဥ္အေပၚကို ေတာ့ ဘာမွမေျပာခ်င္ေတာ့ပါဘူး”ဟု ေျပာသည္။

ဘုရားဘ႑ာပစၥည္းမ်ား သိမ္းဆည္းသည့္အခန္း ေခါင္းမိုးသြပ္ျပားအားလွန္၍ အခန္းအတြင္းသိမ္းဆည္းထားသည့္ ဘုရားႀကီး ေရွ႕တြင္ထားေသာ အလႉခံပုံးမွန္အား ခြဲ၍ အတြင္းရွိ ေ႐ႊဆိုင္းမ်ားႏွင့္ အလႉေငြ တန္ဖိုး သိန္းေပါင္း ၅၀ ေက်ာ္ကို ခိုးယူသြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ရဲမႉး စံသူက “သိန္း ၆၀ ေက်ာ္ဖိုးေတာ့ မဟုတ္ပါဘူး၊ အလႉခံပုံေတြကို မေရတြက္ခင္မွာ ေဂါပက႐ုံးခန္းေဘးက စတိုခန္းမွာ ခဏထားတာ၊ အဲဒီအခ်ိန္မွာ ေဖာက္ထြင္းခံရတာပါ၊ အလႉေငြက ၃၆ သိန္းေက်ာ္နဲ႔ေ႐ႊဆိုင္းက ၂၅ဆိုင္းနဲ႔ ၄၅ ႐ြက္ပါ၊ ႐ုပ္ပြားေတာ္ ေရွ႕မွာ ထားတဲ့ အလႉခံပုံပါ၊ အမ်ိဳးသမီးေတြက ေ႐ႊဆိုင္းကို အေပၚတက္ၿပီး ကပ္လႉခြင့္မရွိေတာ့ အဲဒီအလႉခံပုံးထဲမွာ ထည့္ခဲ့ၾကတယ္၊ အလႉေငြနဲ႔ ေ႐ႊဆိုင္းနဲ႔ ေရာထားတဲ့ အလႈူခံပုံးကို မေရတြက္ခင္မွာ ခဏထားတဲ့အခ်ိန္မွာ ျဖစ္သြားခဲ့တာပါ” ဟု ေျပာသည္။

အဆိုပါ ေဖာက္ထြင္းမႈကို ၁၉ ရက္ေန႔ နံနက္ပိုင္းမွ ေဂါပကအဖြဲ႕မွ သိရွိခဲ့ရသျဖင့္ သက္ဆိုင္ရာရဲစခန္းသို႔ အေၾကာင္း ၾကားခဲ့ရာ ျပစ္မႈက်ဳးလြန္သူကို ေန႔ခ်င္း ဖမ္းမိခဲ့ျခင္းျဖစ္သည္။

ေဖာက္ထြင္းမႈ က်ဴးလြန္သူမွာ မဟာမုနိဘုရားႀကီးတြင္ လုံၿခဳံေရးတာဝန္ ထမ္းေဆာင္ေနသည့္ အသက္ ၂၂ ႏွစ္အ႐ြယ္ ေက်ာ္ေဇယ် ဆိုသူျဖစ္ၿပီး အလႉခံပုံအား ႐ိုက္ခြဲ၍ ခိုးယူသြားသည့္ ေငြသား က်ပ္ ၃၆၉၄၈၀၀၊ ေ႐ႊဆိုင္း ၂၅ ဆိုင္း ၄၅ ႐ြက္ (၂၅၄၅႐ြက္) ႏွင့္ အတူ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ေဖာက္ထြင္းမႈ က်ဴးလြန္သူ ေက်ာ္ေဇယ်ကို (ပ) ၃၅၆/၂၀၁၈၊ ျပည္သူပိုင္ပစၥည္း ကာကြယ္ေစာင့္ေရွာက္ေရး ဥပေဒပုဒ္မ ၆-၁ ျဖင့္ ခ်မ္းျမသာစည္ၿမိဳ႕နယ္ အမွတ္၁၀ ၿမိဳ႕မရဲ႕စခန္းတြင္ အမႈဖြင့္ ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။

မဟာမုနိ႐ုပ္ရွင္ေတာ္ျမတ္ ပရဝုဏ္အတြင္း၌ CCTV မ်ားႏွင့္ လုံၿခဳံေရးအင္အားအျပည့္ျဖင့္ ေဆာင္႐ြက္ထားေသာ္လည္း ယခု ျဖစ္စဥ္ ျဖစ္သြားခဲ့သည့္ေနရာ၌ CCTV တပ္ဆင္ထားျခင္းမရွိေၾကာင္း၊ CCTV မ်ားကို အမ်ားႏွင့္သက္ဆိုင္သည့္ ေနရာမ်ား၌ သာ အမ်ားဆုံး တပ္ဆင္ထားၿပီး ၂၄ နာရီအခ်ိန္ျပည့္ ေစာင့္ၾကည့္လ်က္ရွိေၾကာင္း၊ ယခုျဖစ္စဥ္ျဖစ္သြားခဲ့သည့္အေပၚ ေဝဖန္မႈမ်ားလည္း ျမင့္တက္လ်က္ရွိသည္။

၂၀၁၇ ခုႏွစ္အတြင္းကလည္း မဟာမုနိဘုရားႀကီး၏ ႐ုပ္ပြားေတာ္မွ ေ႐ႊခ်ကပ္လႉပူေဇာ္ဟန္ေဆာင္၍ ေ႐ႊမ်ားခြာယူ ခိုးေနမႈ ျဖစ္ပြားခဲ့ၿပီး တရားခံကို ဖမ္းဆီရမိခဲ့သည္။

Unicodeဖြင့်ဖတ်ရန်
မန္တလေးမြို့၏ အထင်ကရ မဟာမုနိရုပ်ရှင်တော်မြတ်၏ ဘဏ္ဍာပစ္စည်းများ သိမ်းဆည်းသည့်အခန်း ဖောက်ထွင်းမှု တရားခံကို ဖမ်းဆီးရမိပြီကြောင်း ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ချမ်းမြသာ စည်မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစံသူ က “ကျုးလွန်သူကို မိထားပါပြီ၊ အတွင်းလူပါ၊ လုံခြုံရေးဝန်ထမ်းပါ၊ အတွင်းလူဆိုတော့ CCTV တွေ ဘယ်နားမှာ တပ်ထားတယ် ဆိုတာကို ဒီကောင်က သိတယ်၊ ကျုးလွန်တာ ဒီကောင် တယောက်ထဲပါ၊ အမှုဖွင့်အရေးယူထားပြီးပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိရုပ်ရှင်တော်မြတ်ပရဝုဏ်အတွင်းရှိ ဂေါပကရုံးခန်းနှင့်တွဲလျက်ရှိသည့် ဘုရားဘဏ္ဍာပစ္စည်းများ သိမ်းဆည်းသည့် အခန်းအား သြဂုတ်လ ၁၈ ရက် ညပိုင်းက ဖောက်ထွင်းခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါ အခန်းအတွင်းရှိ အလှူခံပုံအား ရိုက်ခွဲ၍ အလှူငွေများနှင့် ရွှေဆိုင်းများ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

မဟာမုနိရုပ်ရှင်တော်မြတ်ပရဝုဏ်အတွင်း၌ အလှူခံပုံများကို ချထားပေးပြီး အဆိုပါအလှူခံပုံများကို ဂေါပကအဖွဲ့မှ တာဝန်ရှိသူများနှင့် တပတ်လျှင် တကြိမ် သိမ်းဆည်း၍ အလှူခံပုံအတွင်းမှ အလှုငွေများအား ရေတွက်ပြီးလျှင် ဘဏ္ဍာ တိုက်အတွင်း သိမ်းဆည်းလေ့ရှိကြောင်း သိရသည်။

မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဌ ဦးစိုးလင်း ကလည်း “အဲဒီဖြစ်စဉ်နဲ့ ပက်သက်ပြီး ပစ္စည်းရော လူရော ဖမ်းမိပြီးပါပြီ၊ ဘုရားကြီးရဲ့ လုံခြုံရေးဝန်ထမ်း ဖြစ်ပါတယ်၊ ဖြစ်စဉ်အပေါ်ကို တော့ ဘာမှမပြောချင်တော့ပါဘူး”ဟု ပြောသည်။

ဘုရားဘဏ္ဍာပစ္စည်းများ သိမ်းဆည်းသည့်အခန်း ခေါင်းမိုးသွပ်ပြားအားလှန်၍ အခန်းအတွင်းသိမ်းဆည်းထားသည့် ဘုရားကြီး ရှေ့တွင်ထားသော အလှူခံပုံးမှန်အား ခွဲ၍ အတွင်းရှိ ရွှေဆိုင်းများနှင့် အလှူငွေ တန်ဖိုး သိန်းပေါင်း ၅၀ ကျော်ကို ခိုးယူသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရဲမှူး စံသူက “သိန်း ၆၀ ကျော်ဖိုးတော့ မဟုတ်ပါဘူး၊ အလှူခံပုံတွေကို မရေတွက်ခင်မှာ ဂေါပကရုံးခန်းဘေးက စတိုခန်းမှာ ခဏထားတာ၊ အဲဒီအချိန်မှာ ဖောက်ထွင်းခံရတာပါ၊ အလှူငွေက ၃၆ သိန်းကျော်နဲ့ရွှေဆိုင်းက ၂၅ဆိုင်းနဲ့ ၄၅ ရွက်ပါ၊ ရုပ်ပွားတော် ရှေ့မှာ ထားတဲ့ အလှူခံပုံပါ၊ အမျိုးသမီးတွေက ရွှေဆိုင်းကို အပေါ်တက်ပြီး ကပ်လှူခွင့်မရှိတော့ အဲဒီအလှူခံပုံးထဲမှာ ထည့်ခဲ့ကြတယ်၊ အလှူငွေနဲ့ ရွှေဆိုင်းနဲ့ ရောထားတဲ့ အလှုူခံပုံးကို မရေတွက်ခင်မှာ ခဏထားတဲ့အချိန်မှာ ဖြစ်သွားခဲ့တာပါ” ဟု ပြောသည်။

အဆိုပါ ဖောက်ထွင်းမှုကို ၁၉ ရက်နေ့ နံနက်ပိုင်းမှ ဂေါပကအဖွဲ့မှ သိရှိခဲ့ရသဖြင့် သက်ဆိုင်ရာရဲစခန်းသို့ အကြောင်း ကြားခဲ့ရာ ပြစ်မှုကျုးလွန်သူကို နေ့ချင်း ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဖောက်ထွင်းမှု ကျူးလွန်သူမှာ မဟာမုနိဘုရားကြီးတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် အသက် ၂၂ နှစ်အရွယ် ကျော်ဇေယျ ဆိုသူဖြစ်ပြီး အလှူခံပုံအား ရိုက်ခွဲ၍ ခိုးယူသွားသည့် ငွေသား ကျပ် ၃၆၉၄၈၀၀၊ ရွှေဆိုင်း ၂၅ ဆိုင်း ၄၅ ရွက် (၂၅၄၅ရွက်) နှင့် အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။

ဖောက်ထွင်းမှု ကျူးလွန်သူ ကျော်ဇေယျကို (ပ) ၃၅၆/၂၀၁၈၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆-၁ ဖြင့် ချမ်းမြသာစည်မြို့နယ် အမှတ်၁၀ မြို့မရဲ့စခန်းတွင် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

မဟာမုနိရုပ်ရှင်တော်မြတ် ပရဝုဏ်အတွင်း၌ CCTV များနှင့် လုံခြုံရေးအင်အားအပြည့်ဖြင့် ဆောင်ရွက်ထားသော်လည်း ယခု ဖြစ်စဉ် ဖြစ်သွားခဲ့သည့်နေရာ၌ CCTV တပ်ဆင်ထားခြင်းမရှိကြောင်း၊ CCTV များကို အများနှင့်သက်ဆိုင်သည့် နေရာများ၌ သာ အများဆုံး တပ်ဆင်ထားပြီး ၂၄ နာရီအချိန်ပြည့် စောင့်ကြည့်လျက်ရှိကြောင်း၊ ယခုဖြစ်စဉ်ဖြစ်သွားခဲ့သည့်အပေါ် ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိသည်။

၂၀၁၇ ခုနှစ်အတွင်းကလည်း မဟာမုနိဘုရားကြီး၏ ရုပ်ပွားတော်မှ ရွှေချကပ်လှူပူဇော်ဟန်ဆောင်၍ ရွှေများခွာယူ ခိုးနေမှု ဖြစ်ပွားခဲ့ပြီး တရားခံကို ဖမ်းဆီရမိခဲ့သည်။

Credit: Burma.irrawaddy