Zawgyiျဖင့္ဖတ္ရန္

ဂ်ပန္ႏိုင္ငံမွာသာမက ျမန္မာႏိုင္ငံမွာပါ ေအာင္ျမင္တဲ့ သရုပ္ေဆာင္ အဆိုေတာ္ မိုရီဆာကီဝင္းကို ျမန္မာႏုိင္ငံရဲ႕ ဂ်ပန္ခရီးသြား ေစ်းကြက္ ျမွင့္တင္ေရး သံတမန္အျဖစ္ ခန္႕အပ္မယ္လို႕ သိရပါတယ္။

 

ဂ်ပန္ႏုိင္ငံမွာသာမက ျမန္မာႏိုင္ငံမွာပါ ေအာင္ျမင္တဲ့ သရုပ္ေဆာင္ အဆိုေတာ္ မိုရီဆာကီဝင္းကို ျမန္မာႏိုင္ငံရဲ႕ ဂ်ပန္ခရီးသြား ေစ်းကြက္ ျမွင့္တင္ေရးသံတမန္အျဖစ္ ျမန္မာႏိုင္ငံ၊ ဟိုတယ္နဲ႕ခရီးသြားလာေရး ဝန္ႀကီးဌာနက ခန္႕အပ္သြားမွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ဂ်ပန္ခရီးသြား ေစ်းကြက္ ျမွင့္တင္ေရး သံတမန္အျဖစ္ ခန္႕အပ္ေၾကာင္းနဲ႕ ပတ္သက္ၿပီး ျမန္မာႏုိင္ငံ ျမန္မာႏုိင္ငံ ခရီးသြား လုပ္ငန္း အဖြဲ႕ခ်ဳပ္ရဲ႕ တာဝန္ရွိသူက ယခုလို ေျပာျပခဲ့ပါတယ္။

 

“ၿပီးခဲ့တဲ့ လက ျပည္ေထာင္စု ဝန္ႀကီးကေန မိုရီဆာကီဝင္းဟာ ေဟာလိဝုဒ္ စတားလည္းျဖစ္တယ္ ကမၻာမွာလည္း သူ႕ကို လူသိသြားၿပီီ ၿပီးေတာ့ စတီဗင္စပီးဘာ့ဂ္ ကေနၿပီးေတာ့ သူဟာ ရုပ္ရွင္မွာလည္း အရမ္းေတာ္တဲ့ သရုပ္ေဆာင္ တစ္ေယာက္ ျဖစ္တယ္ဆိုတာကိုလည္း ခ်ီးက်ဴးစကာ းေျပာတယ္။ ျမန္မာျပည္အတြက္ ဂုဏ္ယူစရာလည္း ေကာင္းတယ္။ဂ်ပန္မွာလည္း သူ႕ကို သိလာၾကၿပီ။ ဒါေၾကာင့္ သူ႕ကို ျမန္မာႏုိင္ငံရဲ႕ ခရီးသြားသံတမန္အျဖစ္ ခန္႕ရင္ေကာင္းမယ္လို႕ ညႊန္ၾကားလာတဲ့အတြက္ ဂ်ပန္ႏိုင္ငံမွာ ျမန္မာျပည္ခရီးသြားေစ်းကြက္ ျမွင့္တင္ ေရးအတြက္ PR Officer အျဖစ္ ေဆာင္ရြက္လ်က္ရွိတဲ့ Mr Okuda ကို အဝင္းနဲ႕ ခ်ိတ္ေပးပါလို႕ အကူအညီေတာင္း တဲ့အခါမွာ အဝင္းက ခရီးသြားသံတမန္အျဖစ္ ေဆာင္ရြက္ဖို႕ လက္ခံခဲ့ပါတယ္”လို႕ ျမန္မာႏုိင္ငံ ခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ရဲ႕ တြဲဖက္ အေထြေထြ အတြင္းေရးမွဴး ဦးေက်ာ္မင္းထင္က Duwun Media သို႕ ေျပာျပခဲ့ပါတယ္။

မိုရီဆာကီဝင္းကို ျမန္မာႏိုင္ငံရဲ႕ ဂ်ပန္ခရီးသြားေစ်းကြက္ ျမွင့္တင္ေရး သံတမန္အျဖစ္ ခန္႕အပ္ျခင္း အခမ္းအနားကိုလည္း ၾသဂုတ္လ(၁၈) ရက္ေန႕မွာ ျပဳလုပ္သြားမယ္လို႕ သိရပါတယ္။

 

ျမန္မာႏိုင္ငံက ပရိသတ္ေတြက ခ်စ္စႏိုးနဲ႕ အဝင္းလို႕ ေခၚျခင္းခံရတဲ့ မိုရီဆာကီဝင္းဟာ ဘယ္ေနရာေရာက္ေရာက္ ျမန္မာႏိုင္ငံသား တစ္ ေယာက္ျဖစ္တယ္ဆိုတာကို ဂုဏ္ယူဝင့္ၾကြားစြာ ေျပာတတ္သူပါ။မုိရီဆာကီဝင္းဟာ ကမၻာႀကီးရဲ႕ ဘယ္ေနရာကုိပဲ သြားသြား ျမန္မာျပည္ဆုိတာ ကုိ ျပသႏုိင္ဖုိ႔၊ ျမန္မာျပည္တုိးတက္ဖုိ႔အတြက္ သူလုပ္ႏုိင္တာေတြရွိရင္ ဆက္လုပ္သြားဦးမယ္ဆုိတဲ့ စိတ္ကေတာ့ အျမဲတမ္းရွိတယ္လုိ႔ ဆုိပါတယ္။

ဘယ္အရာေတြ ေဆာင္ရြက္သြားမယ္ဆုိတဲ့ အေသးစိပ္ကုိေတာ့ မေျပာျပတတ္ဘူးလုိ႔ အဝင္းက ေျပာပါတယ္။

 

ဂ်ပန္ႏုိင္ငံမွာ PrizmaX ဆုိတဲ့ ဂ်ပန္ဂီတအဖြဲ႕ရဲ႕ အဖြဲ႕ဝင္တစ္ဦးအေနနဲ႔ ေအာင္ျမင္လွ်က္ရွိတဲ့ မုိရီဆာကီဝင္းဟာ အႏုပညာအလုပ္ေတြကုိ ဘယ္ႏုိင္ငံကပဲ ကမ္းလွမ္း ကမ္းလွမ္း သူ႔အတြက္ အခြင့္အေရးရွိမယ့္ အရာေတြဆုိရင္ေတာ့ လက္တြဲဖုိ႔ အသင့္ပါပဲလုိ႔ ဆုိပါတယ္။

” ဘယ္ႏုိင္ငံမွာဆုိတာကုိ အဓိက မထားဘူး။ ကၽြန္ေတာ့္ရဲ႕ အိပ္မက္ေလးကေတာ့ ကမၻာကုိ တစ္ပတ္ ပတ္ခ်င္တယ္။ လူက တစ္ဘဝပဲရွိတာဗ်ာ ေနာက္ဘဝက ေနာက္ဘဝ၊ အရင္ဘဝက အရင္ဘဝ ကၽြန္ေတာ္ခံစားေနရတာက အခုဘဝပဲရွိတယ္ဆုိေတာ့ အခုဘဝမွာ ကမၻာကုိပတ္ခ်င္ တယ္လုိ႔ ကၽြန္ေတာ္စဥ္းစားေနတယ္။ ဘယ္ႏုိင္ငံမဆုိ ကၽြန္ေတာ့္အတြက္ Chance ရွိလုိ႔ရွိရင္ ကမ္းလွမ္းလာခဲ့ရင္သြားဖို႔ အဆင္သင့္ပါပဲ” လုိ႔ ေမလ ၂၃ ရက္ေန႔က က်င္းပခဲ့တဲ့ Fuji Film မိတ္ဆက္ပြဲက Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာပါ။ ဆုိပါတယ္။

 

မုိရီဆာကီဝင္းဟာ ဇာတိေျမဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးကေန စၿပီး ျမန္မာျပည္ကပရိသတ္ေတြနဲ႔ စတင္ရင္းႏွီးခဲ့တာျဖစ္ပါတယ္။ အဝင္းက ျမန္မာႏုိင္ငံသားတစ္ဦးျဖစ္ၿပီး ဂ်ပန္ႏုိင္ငံမွာ ႀကီးျပင္းလာတဲ့ လူငယ္တစ္ေယာက္ျဖစ္ပါတယ္။ အဲ့ဒီေနာက္ ဂ်ပန္ႏုိင္ငံမွာပဲ PrizmaX ဆုိတဲ့ Boys Band နဲ႔ အတူ အႏုပညာအလုပ္ေတြလုပ္ေနတာပါ။

အဝင္းပါဝင္တဲ့ PrizmaX ဂီတအဖြဲ႔ကလည္း ဂ်ပန္ႏုိင္ငံမွာ လူငယ္အႀကိဳက္ ေအာင္ျမင္လ်ွက္ရွိတဲ့ အဖြဲ႕ျဖစ္ပါတယ္။
Unicodeဖြင့်ဖတ်ရန်

ဂျပန်နိုင်ငံမှာသာမက မြန်မာနိုင်ငံမှာပါ အောင်မြင်တဲ့ သရုပ်ဆောင် အဆိုတော် မိုရီဆာကီဝင်းကို မြန်မာနိုင်ငံရဲ့ ဂျပန်ခရီးသွား ဈေးကွက် မြှင့်တင်ရေး သံတမန်အဖြစ် ခန့်အပ်မယ်လို့ သိရပါတယ်။

 

ဂျပန်နိုင်ငံမှာသာမက မြန်မာနိုင်ငံမှာပါ အောင်မြင်တဲ့ သရုပ်ဆောင် အဆိုတော် မိုရီဆာကီဝင်းကို မြန်မာနိုင်ငံရဲ့ ဂျပန်ခရီးသွား ဈေးကွက် မြှင့်တင်ရေးသံတမန်အဖြစ် မြန်မာနိုင်ငံ၊ ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာနက ခန့်အပ်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဂျပန်ခရီးသွား ဈေးကွက် မြှင့်တင်ရေး သံတမန်အဖြစ် ခန့်အပ်ကြောင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူက ယခုလို ပြောပြခဲ့ပါတယ်။

“ပြီးခဲ့တဲ့ လက ပြည်ထောင်စု ဝန်ကြီးကနေ မိုရီဆာကီဝင်းဟာ ဟောလိဝုဒ် စတားလည်းဖြစ်တယ် ကမ္ဘာမှာလည်း သူ့ကို လူသိသွားပြီ ပြီးတော့ စတီဗင်စပီးဘာ့ဂ် ကနေပြီးတော့ သူဟာ ရုပ်ရှင်မှာလည်း အရမ်းတော်တဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်တယ်ဆိုတာကိုလည်း ချီးကျူးစကာ းပြောတယ်။ မြန်မာပြည်အတွက် ဂုဏ်ယူစရာလည်း ကောင်းတယ်။ဂျပန်မှာလည်း သူ့ကို သိလာကြပြီ။ ဒါကြောင့် သူ့ကို မြန်မာနိုင်ငံရဲ့ ခရီးသွားသံတမန်အဖြစ် ခန့်ရင်ကောင်းမယ်လို့ ညွှန်ကြားလာတဲ့အတွက် ဂျပန်နိုင်ငံမှာ မြန်မာပြည်ခရီးသွားဈေးကွက် မြှင့်တင် ရေးအတွက် PR Officer အဖြစ် ဆောင်ရွက်လျက်ရှိတဲ့ Mr Okuda ကို အဝင်းနဲ့ ချိတ်ပေးပါလို့ အကူအညီတောင်း တဲ့အခါမှာ အဝင်းက ခရီးသွားသံတမန်အဖြစ် ဆောင်ရွက်ဖို့ လက်ခံခဲ့ပါတယ်”လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးကျော်မင်းထင်က Duwun Media သို့ ပြောပြခဲ့ပါတယ်။

မိုရီဆာကီဝင်းကို မြန်မာနိုင်ငံရဲ့ ဂျပန်ခရီးသွားဈေးကွက် မြှင့်တင်ရေး သံတမန်အဖြစ် ခန့်အပ်ခြင်း အခမ်းအနားကိုလည်း သြဂုတ်လ(၁၈) ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံက ပရိသတ်တွေက ချစ်စနိုးနဲ့ အဝင်းလို့ ခေါ်ခြင်းခံရတဲ့ မိုရီဆာကီဝင်းဟာ ဘယ်နေရာရောက်ရောက် မြန်မာနိုင်ငံသား တစ် ယောက်ဖြစ်တယ်ဆိုတာကို ဂုဏ်ယူဝင့်ကြွားစွာ ပြောတတ်သူပါ။မိုရီဆာကီဝင်းဟာ ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုပဲ သွားသွား မြန်မာပြည်ဆိုတာ ကို ပြသနိုင်ဖို့၊ မြန်မာပြည်တိုးတက်ဖို့အတွက် သူလုပ်နိုင်တာတွေရှိရင် ဆက်လုပ်သွားဦးမယ်ဆိုတဲ့ စိတ်ကတော့ အမြဲတမ်းရှိတယ်လို့ ဆိုပါတယ်။

ဘယ်အရာတွေ ဆောင်ရွက်သွားမယ်ဆိုတဲ့ အသေးစိပ်ကိုတော့ မပြောပြတတ်ဘူးလို့ အဝင်းက ပြောပါတယ်။

ဂျပန်နိုင်ငံမှာ PrizmaX ဆိုတဲ့ ဂျပန်ဂီတအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ အောင်မြင်လျှက်ရှိတဲ့ မိုရီဆာကီဝင်းဟာ အနုပညာအလုပ်တွေကို ဘယ်နိုင်ငံကပဲ ကမ်းလှမ်း ကမ်းလှမ်း သူ့အတွက် အခွင့်အရေးရှိမယ့် အရာတွေဆိုရင်တော့ လက်တွဲဖို့ အသင့်ပါပဲလို့ ဆိုပါတယ်။

” ဘယ်နိုင်ငံမှာဆိုတာကို အဓိက မထားဘူး။ ကျွန်တော့်ရဲ့ အိပ်မက်လေးကတော့ ကမ္ဘာကို တစ်ပတ် ပတ်ချင်တယ်။ လူက တစ်ဘဝပဲရှိတာဗျာ နောက်ဘဝက နောက်ဘဝ၊ အရင်ဘဝက အရင်ဘဝ ကျွန်တော်ခံစားနေရတာက အခုဘဝပဲရှိတယ်ဆိုတော့ အခုဘဝမှာ ကမ္ဘာကိုပတ်ချင် တယ်လို့ ကျွန်တော်စဉ်းစားနေတယ်။ ဘယ်နိုင်ငံမဆို ကျွန်တော့်အတွက် Chance ရှိလို့ရှိရင် ကမ်းလှမ်းလာခဲ့ရင်သွားဖို့ အဆင်သင့်ပါပဲ” လို့ မေလ ၂၃ ရက်နေ့က ကျင်းပခဲ့တဲ့ Fuji Film မိတ်ဆက်ပွဲက Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။ ဆိုပါတယ်။

 

မိုရီဆာကီဝင်းဟာ ဇာတိမြေဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာပြည်ကပရိသတ်တွေနဲ့ စတင်ရင်းနှီးခဲ့တာဖြစ်ပါတယ်။ အဝင်းက မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံမှာ ကြီးပြင်းလာတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီနောက် ဂျပန်နိုင်ငံမှာပဲ PrizmaX ဆိုတဲ့ Boys Band နဲ့ အတူ အနုပညာအလုပ်တွေလုပ်နေတာပါ။

အဝင်းပါဝင်တဲ့ PrizmaX ဂီတအဖွဲ့ကလည်း ဂျပန်နိုင်ငံမှာ လူငယ်အကြိုက် အောင်မြင်လျှက်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။
Credit: Duwun