Zawgyiျဖင့္ဖတ္ရန္

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ကို ပုတ္ခတ္ေစာ္ကားတဲ့စာသားမ်ား လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာေရးသားတင္ခဲ့တယ္ဆိုကာ ငါးမင္းေဆြကို ႏိုင္ငံေတာ္သမၼတ႐ုံးရဲ႕အခြင့္အာဏာအပ္ႏွင္းမႈအရ တရားစြဲဆိုျခင္းျဖစ္

ရန္ကုန္၊ဇူလိုင္ ၃၁။ ။ႏိုင္ငံေတာ္သမၼတ႐ုံးရဲ႕အခြင့္အာဏာအပ္ႏွင္းမႈအရ ငါးမင္းေဆြကို တရားစြဲဆိုခဲ့ျခင္းျဖစ္ေၾကာင္း တရားလိုဘက္မွလိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ဥပေဒအရာရွိကေျပာပါတယ္။

“ ရာဇဝတ္က်င့္ထုံးဥပေဒ ၁၉၆အရ ႏိုင္ငံေတာ္သမၼတ႐ုံးကေန အခြင့္အာဏာအပ္ႏွင္းတာျဖစ္လို႔ တရားလိုကေနအမႈကို တရားစြဲဆိုခဲ့တာျဖစ္တယ္။ႏိုင္ငံေတာ္သမၼတ႐ုံးရဲ႕ အခြင့္အာဏာအပ္ႏွင္းတဲ့စာကို ႐ုံးေတာ္ကေန သက္ေသအျဖစ္လက္ခံတယ္။”လို႔

တရားလိုဘက္မွေဆာင္႐ြက္ေပးေနတဲ့ ဥပေဒအရာရွိကေျပာပါတယ္။ ဇူလိုင္လ ၃၁ရက္ေန႔၊ အေနာက္ပိုင္းခ႐ိုင္တရား႐ုံးမွာ ငါးမင္းေဆြကို႐ုံးထုတ္ခဲ့ၿပီး တရားလို မႈခင္းရဲတပ္ဖြဲ႕မွ ဒုတိယရဲမႉးႀကီး သာထြန္းကို စစ္ေဆးခဲ့ပါတယ္။ အမႈမွတရားလိုအပါအဝင္

လႈိင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးနဲ႔ နည္းပညာကြၽမ္းက်င္သူသုံးဦး စုစုေပါင္း တရားလိုျပသက္ေသ ငါးဦးပါဝင္ေၾကာင္းသိရပါတယ္။ ဒီကေန႔ ႐ုံးခ်ိန္းမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို ပုတ္ခတ္ေစာ္ကားတဲ့စာသားမ်ားပါ

ငါးမင္းေဆြရဲ႕ေဖ့ဘုတ္ေပ့ခ်္မွပို႔စ္(၁၁)ခုအား သက္ေသအျဖစ္တင္သြင္းမႈကို ႐ုံးေတာ္က နည္းပညာကြၽမ္းက်င္သူသက္ေသစစ္ေဆးၿပီးမွတင္ရန္ၫြန္ၾကားခဲ့ပါတယ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံေတာ္ေအာင္ဆန္းစုၾကည္အား ပုတ္ခတ္ေစာ္ကားတဲ့

စာသားမ်ားကို လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာေရးသားတင္ခဲ့တယ္ဆိုကာ ငါးမင္းေဆြအေကာင့္ပိုင္ရွင္ ငါးမင္းေဆြကို ဒုတိယရဲမႉးႀကီးသာထြန္းမွ တရားလိုျပဳလုပ္ၿပီး ရန္ကုန္တိုင္းေဒသႀကီး အေနာက္ပိုင္းခ႐ိုင္တရား႐ုံးထံ

ဇူလိုင္လ ၁၃ရက္ေန႔မွာ ရာဇသတ္ႀကီးပုဒ္မ ၁၂၄-က အရ ဦးတိုက္ေလ်ာက္ထားတရားစြဲဆိုးခဲ့ပါတယ္။ စြပ္စြဲခံအားမင္းေဆြက ေရွ႕ေနမငွားရမ္းဘဲကိုယ္တိုင္ထုေခ်သြားမယ္လို႔ ေျပာထားပါတယ္။ ေနာက္တစ္ပတ္႐ုံးခ်ိန္းကို ၾသဂုတ္လ ၁၄ရက္ေန႔ ျပန္လည္ခ်ိန္းဆိုထားၿပီး

တရားလို ဒုတိယရဲမႉးႀကီး သာထြန္းကို စြပ္စြဲခံ ငါးမင္းေဆြက ေမးခြန္းေမးျမန္းသြားမွာျဖစ္ေၾကာင္းသိရပါတယ္။ ငါးမင္းေဆြကို ဇူလိုင္လ ၁၂ရက္ေန႔မွာ လႈိင္ၿမိဳ႕နယ္၊ (၁၀)ရပ္ကြက္၊ လႈိင္ျမင့္မိုလ္အိမ္ရာ၊ မာဃလမ္းရွိ ငါးမင္းေဆြေနအိမ္မွာ

လႈိင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိခဲ့ပါတယ္။ ရာဇသတ္ႀကီးဥပေဒ အခန္း(၆)ျပည္ေထာင္စုအစိုးရကို ဆန႔္က်င္က်ဴးလြန္တဲ့ျပစ္မႈမ်ား ပုဒ္မ ၁၂၄-က(အၾကည္ညိဳပ်က္ေအာင္ျပဳျခင္း) မည္သူမဆို ႏႈတ္နဲ႔ျဖစ္ေစ၊ စာနဲ႔ျဖစ္ေစ၊ အမွတ္အသားနဲ႔ျဖစ္ေစ၊

ထင္ရွားတဲ့ပုံသ႑န္နဲ႔ျဖစ္ေစ၊ အျခားနည္းနဲ႔ျဖစ္ေစ၊ ျပည္ေထာင္စုအတြက္၊ သို႔တည္းမဟုတ္ ျပည္ေထာင္စုအဖြဲ႕ဝင္မ်ားအတြက္၊ ဥပေဒအရ တည္ေထာင္ထားတဲ့ အစိုးရကို မုန္းထားေအာင္ေသာ္လည္းေကာင္း၊ မေလးမစားေအာင္ေသာ္လည္းေကာင္း

ျပဳပါက သို႔တည္းမဟုတ္ ထိုကဲ့သို႔ျပဳရန္အားထုတ္ရင္ သို႔တည္းမဟုတ္ ေမတၱာပ်က္ေအာင္ လႈံ႕ေဆာ္ရန္ အားထုတ္ရင္ ထိုသူကို ေငြဒဏ္နဲ႔တကြ ေထာင္ဒဏ္ အႏွစ္ ၂ဝျဖစ္ေစ၊ ေငြဒဏ္နဲ႔ တကြသုံးႏွစ္အထိ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္သက္သက္ျဖစ္ေစ၊

ခ်မွတ္ရမယ္လို႔ ျပဌာန္းထားပါတယ္။

ႏွင္းႏွင္း
Unicodeဖြင့်ဖတ်ရန်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပုတ်ခတ်စော်ကားတဲ့စာသားများ လူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးသားတင်ခဲ့တယ်ဆိုကာ ငါးမင်းဆွေကို နိုင်ငံတော်သမ္မတရုံးရဲ့အခွင့်အာဏာအပ်နှင်းမှုအရ တရားစွဲဆိုခြင်းဖြစ်

ရန်ကုန်၊ဇူလိုင် ၃၁။ ။နိုင်ငံတော်သမ္မတရုံးရဲ့အခွင့်အာဏာအပ်နှင်းမှုအရ ငါးမင်းဆွေကို တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း တရားလိုဘက်မှလိုက်ပါဆောင်ရွက်ပေးနေတဲ့ ဥပဒေအရာရှိကပြောပါတယ်။

“ ရာဇဝတ်ကျင့်ထုံးဥပဒေ ၁၉၆အရ နိုင်ငံတော်သမ္မတရုံးကနေ အခွင့်အာဏာအပ်နှင်းတာဖြစ်လို့ တရားလိုကနေအမှုကို တရားစွဲဆိုခဲ့တာဖြစ်တယ်။နိုင်ငံတော်သမ္မတရုံးရဲ့ အခွင့်အာဏာအပ်နှင်းတဲ့စာကို ရုံးတော်ကနေ သက်သေအဖြစ်လက်ခံတယ်။”လို့

တရားလိုဘက်မှဆောင်ရွက်ပေးနေတဲ့ ဥပဒေအရာရှိကပြောပါတယ်။ ဇူလိုင်လ ၃၁ရက်နေ့၊ အနောက်ပိုင်းခရိုင်တရားရုံးမှာ ငါးမင်းဆွေကိုရုံးထုတ်ခဲ့ပြီး တရားလို မှုခင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး သာထွန်းကို စစ်ဆေးခဲ့ပါတယ်။ အမှုမှတရားလိုအပါအဝင်

လှိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ နည်းပညာကျွမ်းကျင်သူသုံးဦး စုစုပေါင်း တရားလိုပြသက်သေ ငါးဦးပါဝင်ကြောင်းသိရပါတယ်။ ဒီကနေ့ ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်စော်ကားတဲ့စာသားများပါ

ငါးမင်းဆွေရဲ့ဖေ့ဘုတ်ပေ့ချ်မှပို့စ်(၁၁)ခုအား သက်သေအဖြစ်တင်သွင်းမှုကို ရုံးတော်က နည်းပညာကျွမ်းကျင်သူသက်သေစစ်ဆေးပြီးမှတင်ရန်ညွန်ကြားခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံတော်အောင်ဆန်းစုကြည်အား ပုတ်ခတ်စော်ကားတဲ့

စာသားများကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးသားတင်ခဲ့တယ်ဆိုကာ ငါးမင်းဆွေအကောင့်ပိုင်ရှင် ငါးမင်းဆွေကို ဒုတိယရဲမှူးကြီးသာထွန်းမှ တရားလိုပြုလုပ်ပြီး ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်တရားရုံးထံ

ဇူလိုင်လ ၁၃ရက်နေ့မှာ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က အရ ဦးတိုက်လျောက်ထားတရားစွဲဆိုးခဲ့ပါတယ်။ စွပ်စွဲခံအားမင်းဆွေက ရှေ့နေမငှားရမ်းဘဲကိုယ်တိုင်ထုချေသွားမယ်လို့ ပြောထားပါတယ်။ နောက်တစ်ပတ်ရုံးချိန်းကို သြဂုတ်လ ၁၄ရက်နေ့ ပြန်လည်ချိန်းဆိုထားပြီး

တရားလို ဒုတိယရဲမှူးကြီး သာထွန်းကို စွပ်စွဲခံ ငါးမင်းဆွေက မေးခွန်းမေးမြန်းသွားမှာဖြစ်ကြောင်းသိရပါတယ်။ ငါးမင်းဆွေကို ဇူလိုင်လ ၁၂ရက်နေ့မှာ လှိုင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ လှိုင်မြင့်မိုလ်အိမ်ရာ၊ မာဃလမ်းရှိ ငါးမင်းဆွေနေအိမ်မှာ

လှိုင်မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ ရာဇသတ်ကြီးဥပဒေ အခန်း(၆)ပြည်ထောင်စုအစိုးရကို ဆန့်ကျင်ကျူးလွန်တဲ့ပြစ်မှုများ ပုဒ်မ ၁၂၄-က(အကြည်ညိုပျက်အောင်ပြုခြင်း) မည်သူမဆို နှုတ်နဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ၊ အမှတ်အသားနဲ့ဖြစ်စေ၊

ထင်ရှားတဲ့ပုံသဏ္ဍန်နဲ့ဖြစ်စေ၊ အခြားနည်းနဲ့ဖြစ်စေ၊ ပြည်ထောင်စုအတွက်၊ သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များအတွက်၊ ဥပဒေအရ တည်ထောင်ထားတဲ့ အစိုးရကို မုန်းထားအောင်သော်လည်းကောင်း၊ မလေးမစားအောင်သော်လည်းကောင်း

ပြုပါက သို့တည်းမဟုတ် ထိုကဲ့သို့ပြုရန်အားထုတ်ရင် သို့တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်ရန် အားထုတ်ရင် ထိုသူကို ငွေဒဏ်နဲ့တကွ ထောင်ဒဏ် အနှစ် ၂ဝဖြစ်စေ၊ ငွေဒဏ်နဲ့ တကွသုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ၊

ချမှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။

နှင်းနှင်း
Credit: Kumudra