Zawgyiျဖင့္ဖတ္ရန္

ေစာေစာထတဲ့ ငွက္ကေလးေတြက အစာ၀၀ စားရတယ္ဆိုတဲ့ စကားေလးရွိပါတယ္။ ဒါကေတာ့ တျခားငွက္ကေလးေတြအတြက္ပဲ မွန္တဲ့ စကားျဖစ္မယ္ထင္ပါတယ္။ ဘာလို႔ဆို ညဘက္ေနာက္က်မွအိပ္တဲ့ night owl ေလးေတြမွာ ပိုေကာင္းတဲ့ အားသာခ်က္ေလးေတြ ရွိေနလို႔ပါ။ မနက္ေစာေစာမထခ်င္တဲ့ ၊ ညဘက္အလုပ္လုပ္ရတာၾကိဳက္တဲ့ night owl ေလးေတြရဲ႕ အားသာခ်က္ေတြက ဘာေတြမ်ားလဲ။

(၁) ေအးခ်မ္းတယ္

သင္ဟာညဘက္မွာ အလုပ္လုပ္ရတာ ၾကိဳက္တဲ့ night owl တစ္ေယာက္ ျဖစ္မယ္ဆိုရင္ ဆူညံသံေတြ လံုး၀မရွိတဲ့ညဘက္မွာ အလုပ္လုပ္ရတာက ေန႔ဘက္မွာ လုပ္တာထက္ စိတ္ဖိစီးမႈေတြ နည္းတယ္ဆိုတာ သိမွာပါ။ ဆိတ္ျငိမ္ေအးခ်မ္းတဲ့ ခံစားခ်က္ကို အျပည့္အ၀ ခံစားလို႔ရတာ ညအခ်ိန္ပါ။

(၂) သတိေကာင္းတယ္

ေန႔ခင္း အလုပ္လုပ္သူေတြထက္ ညအခ်ိန္မွာ အလုပ္လုပ္တဲ့ night owl ေတြက ပိုျပီးနိုးနိုးၾကားၾကားရွိေၾကာင္း၊ သတိိပိုရွိတယ္ဆိုတဲ့ အေၾကာင္းကို ပညာရွင္ေတြက ထုတ္ျပန္ခဲ့ၾကပါတယ္။

(၃) အလုပ္ၾကိဳးစားသူေလးေတြ
အိပ္ခ်ိန္မွာ မအိပ္ဘဲ အလုပ္လုပ္ေနတယ္ ဆိုကတည္းက အလုပ္ဘယ္ေလာက္ ၾကိဳးစားလဲ ထင္ရွားေနပါတယ္။ ျပီးေတာ့ ေန႕ဘက္အလုပ္လုပ္သူေတြကို ညဘက္မွာအလုပ္လုုပ္ခိုင္းလို႕မရေပမယ့္၊ ညဘက္အလုပ္လုပ္ေလ့ရွိတဲ့သူေတြက ေန႔ခင္းဘက္မွာလည္း ေကာင္းေကာင္းလုပ္နိုင္ပါတယ္တဲ့။

(၄) ပိုသန္မာၾကတယ္

ညေနပိုင္းနဲ႔ ညဘက္အခ်ိန္ေတြမွာ နာ႔ဗ္ေၾကာမၾကီးနဲ႔ မွတ္ဉာဏ္ဆဲလ္ေတြရဲ႕ လုပ္ေဆာင္မႈက ပိုေကာင္းတာေၾကာင့္ ညအခ်ိန္မအိပ္ဘဲ ေနတဲ့သူေတြဟာ အေတြးအေခၚပိုင္းမွာ ပိုေကာင္းရံုမက ခႏၶာကိုယ္ကလည္းပိုသန္မာၾကပါတယ္တဲ့။

(၅) ဉာဏ္ပိုေကာင္း
ခုနကေျပာခဲ့သလိုပါပဲ ညဘက္မွာ ေက်ာရိုးနာ႔ဗ္ေၾကာမၾကီးနဲ႔ မွတ္ဉာဏ္ဆဲလ္ေတြရဲ႕ လုပ္ေဆာင္မႈက ပိုေကာင္းတာေၾကာင့္ night owl ေတြ ဉာဏ္ပိုေကာင္းတယ္ဆုိတာ မထူးဆန္းေတာ့ပါဘူး။ IQ test ေတြလုပ္လုိက္တိုင္းမွာ ရလဒ္ေကာင္းေနတာကလည္း ညဘက္မအိပ္ၾကတဲ့ သူေလးေတြပါပဲ။

(၆) ဆန္းသစ္တီထြင္နိုင္စြမ္းပိုရွိ

ပံုမွန္အိပ္ခ်ိန္ေတြအတိုင္း အိပ္တတ္တဲ့သူေတြထက္ ျဖန္႔က်က္ေတြးေခၚနိုင္စြမ္း ရွိတာေၾကာင့္ ညဘက္မအိပ္ဘဲ အလုပ္,လုပ္တဲ့သူေတြမွာ ဆန္းသစ္တီထြင္နိုင္စြမ္း ပိုရွိပါတယ္။

(၇) စိတ္သက္ေတာင့္သက္သာရွိ
ညဘက္အလုပ္လုပ္တဲ့သူေတြမွာ စိတ္ဓာတ္က်ေစတဲ့ Cortisol Hormone ထြက္ရွိမႈနည္းတာေၾကာင့္ ပံုမွန္အလုပ္ခ်ိန္အတိုင္းလုပ္တဲ့သူေတြထက္ စိတ္ဖိစီးမႈနည္းျပီး စိတ္သက္ေတာင့္သက္သာရွိေနပါတယ္။

(၈) လြတ္လပ္မႈကို အျပည့္အ၀ ခံစားရတယ္

ညဘက္မွာ email ပို႔မယ္သူ၊ ဖုန္းေခၚမယ့္သူ၊ ေတြ႕ဖို႕ခ်ိန္းမယ့္သူလည္း တစ္ေယာက္မွမရွိတာမို႔ လံုး၀အာရံုမေနာက္ေတာ့ဘဲ လြတ္လပ္မႈကို အျပည့္အ၀ခံစားရနိုင္တာေပါ့။

ေစာေစာမထလို႔ အစာမ၀ဘူးလို႔ အေျပာခံရတဲ့ ဇီးကြက္ေလးေတြရဲ႕ အားသာခ်က္ေတြကေတာ့ အံ့မခန္းဘဲေနာ္။ ဒီထဲမပါတာေတြ ရွိေသးရင္လည္း ေျပာသြားခဲ့ပါဦး night owl ေလးတို႔ေရ။
Unicodeဖြင့်ဖတ်ရန်

စောစောထတဲ့ ငှက်ကလေးတွေက အစာ၀၀ စားရတယ်ဆိုတဲ့ စကားလေးရှိပါတယ်။ ဒါကတော့ တခြားငှက်ကလေးတွေအတွက်ပဲ မှန်တဲ့ စကားဖြစ်မယ်ထင်ပါတယ်။ ဘာလို့ဆို ညဘက်နောက်ကျမှအိပ်တဲ့ night owl လေးတွေမှာ ပိုကောင်းတဲ့ အားသာချက်လေးတွေ ရှိနေလို့ပါ။ မနက်စောစောမထချင်တဲ့ ၊ ညဘက်အလုပ်လုပ်ရတာကြိုက်တဲ့ night owl လေးတွေရဲ့ အားသာချက်တွေက ဘာတွေများလဲ။

(၁) အေးချမ်းတယ်

သင်ဟာညဘက်မှာ အလုပ်လုပ်ရတာ ကြိုက်တဲ့ night owl တစ်ယောက် ဖြစ်မယ်ဆိုရင် ဆူညံသံတွေ လုံးဝမရှိတဲ့ညဘက်မှာ အလုပ်လုပ်ရတာက နေ့ဘက်မှာ လုပ်တာထက် စိတ်ဖိစီးမှုတွေ နည်းတယ်ဆိုတာ သိမှာပါ။ ဆိတ်ငြိမ်အေးချမ်းတဲ့ ခံစားချက်ကို အပြည့်အ၀ ခံစားလို့ရတာ ညအချိန်ပါ။

(၂) သတိကောင်းတယ်

နေ့ခင်း အလုပ်လုပ်သူတွေထက် ညအချိန်မှာ အလုပ်လုပ်တဲ့ night owl တွေက ပိုပြီးနိုးနိုးကြားကြားရှိကြောင်း၊ သတိပိုရှိတယ်ဆိုတဲ့ အကြောင်းကို ပညာရှင်တွေက ထုတ်ပြန်ခဲ့ကြပါတယ်။

(၃) အလုပ်ကြိုးစားသူလေးတွေ
အိပ်ချိန်မှာ မအိပ်ဘဲ အလုပ်လုပ်နေတယ် ဆိုကတည်းက အလုပ်ဘယ်လောက် ကြိုးစားလဲ ထင်ရှားနေပါတယ်။ ပြီးတော့ နေ့ဘက်အလုပ်လုပ်သူတွေကို ညဘက်မှာအလုပ်လုပ်ခိုင်းလို့မရပေမယ့်၊ ညဘက်အလုပ်လုပ်လေ့ရှိတဲ့သူတွေက နေ့ခင်းဘက်မှာလည်း ကောင်းကောင်းလုပ်နိုင်ပါတယ်တဲ့။

(၄) ပိုသန်မာကြတယ်

ညနေပိုင်းနဲ့ ညဘက်အချိန်တွေမှာ နာ့ဗ်ကြောမကြီးနဲ့ မှတ်ဉာဏ်ဆဲလ်တွေရဲ့ လုပ်ဆောင်မှုက ပိုကောင်းတာကြောင့် ညအချိန်မအိပ်ဘဲ နေတဲ့သူတွေဟာ အတွေးအခေါ်ပိုင်းမှာ ပိုကောင်းရုံမက ခန္ဓာကိုယ်ကလည်းပိုသန်မာကြပါတယ်တဲ့။

(၅) ဉာဏ်ပိုကောင်း
ခုနကပြောခဲ့သလိုပါပဲ ညဘက်မှာ ကျောရိုးနာ့ဗ်ကြောမကြီးနဲ့ မှတ်ဉာဏ်ဆဲလ်တွေရဲ့ လုပ်ဆောင်မှုက ပိုကောင်းတာကြောင့် night owl တွေ ဉာဏ်ပိုကောင်းတယ်ဆိုတာ မထူးဆန်းတော့ပါဘူး။ IQ test တွေလုပ်လိုက်တိုင်းမှာ ရလဒ်ကောင်းနေတာကလည်း ညဘက်မအိပ်ကြတဲ့ သူလေးတွေပါပဲ။

(၆) ဆန်းသစ်တီထွင်နိုင်စွမ်းပိုရှိ

ပုံမှန်အိပ်ချိန်တွေအတိုင်း အိပ်တတ်တဲ့သူတွေထက် ဖြန့်ကျက်တွေးခေါ်နိုင်စွမ်း ရှိတာကြောင့် ညဘက်မအိပ်ဘဲ အလုပ်,လုပ်တဲ့သူတွေမှာ ဆန်းသစ်တီထွင်နိုင်စွမ်း ပိုရှိပါတယ်။

(၇) စိတ်သက်တောင့်သက်သာရှိ
ညဘက်အလုပ်လုပ်တဲ့သူတွေမှာ စိတ်ဓာတ်ကျစေတဲ့ Cortisol Hormone ထွက်ရှိမှုနည်းတာကြောင့် ပုံမှန်အလုပ်ချိန်အတိုင်းလုပ်တဲ့သူတွေထက် စိတ်ဖိစီးမှုနည်းပြီး စိတ်သက်တောင့်သက်သာရှိနေပါတယ်။

(၈) လွတ်လပ်မှုကို အပြည့်အ၀ ခံစားရတယ်

ညဘက်မှာ email ပို့မယ်သူ၊ ဖုန်းခေါ်မယ့်သူ၊ တွေ့ဖို့ချိန်းမယ့်သူလည်း တစ်ယောက်မှမရှိတာမို့ လုံးဝအာရုံမနောက်တော့ဘဲ လွတ်လပ်မှုကို အပြည့်အဝခံစားရနိုင်တာပေါ့။

စောစောမထလို့ အစာမဝဘူးလို့ အပြောခံရတဲ့ ဇီးကွက်လေးတွေရဲ့ အားသာချက်တွေကတော့ အံ့မခန်းဘဲနော်။ ဒီထဲမပါတာတွေ ရှိသေးရင်လည်း ပြောသွားခဲ့ပါဦး night owl လေးတို့ရေ။
Credit: MAY THAZINHTOO