Zawgyiျဖင့္ဖတ္ရန္
ဒီေန႔ ၫႊန္းဆိုေပးမယ့္ ႐ုပ္ရွင္ကေတာ့ ၂၀၁၁ ခုႏွစ္မွာ ျဖန႔္ခ်ိျပသခဲ့တဲ့ အိႏၵိယ အတၳဳပၸတၱိ ေနာက္ခံ သည္းထိတ္ရင္ဖို ႐ုပ္ရွင္ “No One Killed Jessica” ျဖစ္ၿပီး အဲဒီကားမွာ မင္းသမီးေတြ ျဖစ္ၾကတဲ့ Rani Mukerji နဲ႔ Vidya Balan တို႔ ပါဝင္ သ႐ုပ္ေဆာင္ထားၾကပါတယ္။ UTV Spotboy ကုမၸဏီက ထုတ္လုပ္ၿပီး ဒါ႐ိုက္တာ Rajkumar Gupta က ႐ိုက္ကူးေပးထားတာ ျဖစ္ပါတယ္။

ဒီ႐ုပ္ရွင္ကေတာ့ “Jessica Lal” လူသတ္မႈကို အေျခခံထားတာပဲ ျဖစ္ပါတယ္။ ဘားတခုမွာ ေသနတ္နဲ႔ ပစ္သတ္ခံရၿပီး ေသဆုံးခဲ့ရတဲ့ Jessica ဆိုတဲ့ မိန္းကေလးရဲ႕ အမႈကို တရားမွ်တစြာ ေဖာ္ထုတ္ဖို႔ ေသဆုံးသူရဲ႕ အစ္မနဲ႔အတူ အမွန္တရားဘက္က ရပ္တည္တဲ့ သတင္းသမားတဦးတို႔ရဲ႕ ႀကိဳးပမ္းမႈကို ဇာတ္အိမ္တည္ ႐ိုက္ကူးထားတာပဲ ျဖစ္ပါတယ္။

ေသဆုံးသူ Jessica ရဲ႕ အစ္မျဖစ္သူ Sabrina Lal အျဖစ္ မင္းသမီး Vidya Balan နဲ႔ အဲဒီ လူေသေစမႈကို လိုက္လံေဖာ္ထုတ္မယ့္ သတင္းေထာက္အျဖစ္ မင္းသမီး Rani Mukerji က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

အဲဒီ႐ုပ္ရွင္ကို ျဖန႔္ခ်ိခဲ့ခ်ိန္မွာေတာ့ အေကာင္းျမင္မွတ္ခ်က္မ်ားစြာ ရရွိခဲ့ၿပီး ႐ုံဝင္ေငြမ်ားစြာလည္း ရရွိခဲ့ပါတယ္။ “No One Killed Jessica” ႐ုပ္ရွင္ဟာ ၅၇ ႀကိမ္ေျမာက္ Filmfare ႐ုပ္ရွင္ဆုေပးပြဲမွာ အေကာင္းဆုံး ႐ုပ္ရွင္နဲ႔ အေကာင္းဆုံး မင္းသမီးဆုအပါအဝင္ ဆန္ခါတင္ ဆု ၄ ခု လ်ာထား ခံခဲ့ရေပမယ့္ “အေကာင္းဆုံးအမ်ိဳးသမီး ဇာတ္ပို႔ဆု”ကို မင္းသမီး Rani Mukerji က ရရွိခဲ့ပါတယ္။

ဒီ႐ုပ္ရွင္ဟာ တကယ့္ျဖစ္ရပ္မွန္ ဇာတ္လမ္းကို အေျခခံထားတဲ့ ႐ုပ္ရွင္ျဖစ္ၿပီး ၁၉၉၉ ခုႏွစ္က နယူးေဒလီၿမိဳ႕မွာ ရွိတဲ့ စားေသာက္ဆိုင္တခုမွာ ေမာ္ဒယ္နဲ႔ ဝန္ထမ္းျဖစ္တဲ့ Jessica La ရဲ႕ အေၾကာင္းကို ပုံေဖာ္ထားတာပါ။ လူသတ္သမားကေတာ့ ခ်မ္းသာၿပီး အာဏာပါဝါလႊမ္းမိုးမႈ အားႀကီးတဲ့ ႏိုင္ငံေရးသမား Venod Sharma ရဲ႕ သားပဲ ျဖစ္ပါတယ္။

ဇာတ္လမ္း အေၾကာင္းအရာကေတာ့ အသက္ငယ္႐ြယ္ၿပီး ေခ်ာေမာလွပတဲ့ Jessica ဆိုတဲ့ မိန္းကေလးဟာ သူအလုပ္လုပ္ေနတဲ့ စားေသာက္ဆိုင္မွာရွိတဲ့ အရက္ေကာင္တာကို ပိတ္ဖို႔ လုပ္ေနတုန္း မန္န်ဴဆိုသူနဲ႔ သူငယ္ခ်င္းႏွစ္ဦးတို႔က အရက္ေရာင္းခ်ေပးဖို႔ ေတာင္းဆိုလာခဲ့ပါတယ္။

ဒါေပမယ့္ အရက္ကုန္သြားၿပီျဖစ္တဲ့ အတြက္ ေရာင္းလို႔မရတဲ့အေၾကာင္း ေျပာရာကေန စကား အေခ်အတင္ ျဖစ္ၿပီး မန္န်ဴက Jessica ကို ေသနတ္နဲ႔ ပစ္သတ္လိုက္တာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ မန္န်ဴကလည္း နယ္နယ္ရရ မဟုတ္ဘဲ ပါတီ ေခါင္းေဆာင္ပိုင္းက ပုဂၢိဳလ္တဦးရဲ႕ သားျဖစ္ပါတယ္။

အခင္းျဖစ္ရာေနရာမွာ လူေပါင္း ၃၀၀ ေက်ာ္ ရွိခဲ့တဲ့အျပင္ မ်က္ျမင္သက္ေသ ၇ ဦး ရွိခဲ့တာေတာင္ လူေပါင္း ၃၀၀ လုံးက အခင္း မျဖစ္ပြားမီ အဲဒီေနရာကေန ထြက္ခြာခဲ့တာလို႔ ထြက္ဆိုလာခဲ့ၾက ပါတယ္။

မန္န်ဴမိသားစုရဲ႕ ၾသဇာ၊ အရွိန္အဝါနဲ႔ ေငြေၾကးတို႔ေၾကာင့္ အျခားက်န္တဲ့ သက္ေသ ၇ ဦးကလည္း လိမ္ညာ ထြက္ဆိုတာ၊ သက္ေသခံပစၥည္းျဖစ္တဲ့ က်ည္ဆန္ေတြကိုလည္း လဲလွယ္ခဲ့ပါတယ္။ အမႈကလည္း ပိုမိုရႈပ္ေထြးလာခဲ့ၿပီး အခ်ိန္က ၆ ႏွစ္ေလာက္အထိ ၾကာလာခဲ့ပါတယ္။

ဒါေပမယ့္ “ေငြမ်ား တရားႏိုင္” ဆိုတဲ့အတိုင္း ျဖစ္ရပ္မွန္ကို ရွင္းရွင္းလင္းလင္း ေတြ႕ျမင္ သိရွိခဲ့ရေပမယ့္ အမႈကေန လူသတ္သမား မန္န်ဴဟာ ကြင္းလုံးကြၽတ္လြတ္ သြားခဲ့ပါတယ္။

ဒါေပမယ့္ သတင္းတင္ဆက္ရာမွာ ရဲဝံ့ၿပီး အမွန္တရားဘက္ကေန ရပ္တည္တဲ့ သတင္းေထာက္ မီရာက ဒီအေၾကာင္းကို သိရွိသြားခဲ့ၿပီးတဲ့ေနာက္ ျဖစ္ရပ္မွန္ကို မီဒီယာကေန တဆင့္ တႏိုင္ငံလုံးကို ေျပာျပဖို႔ လုပ္ေဆာင္ခဲ့ပါတယ္။

ဒါေပမယ့္ ေသဆုံးသူ Jessica ရဲ႕ အစ္မ Sabrina ကေတာ့ အမႈကို ဘယ္လိုပဲ ျပန္ေဖာ္ထုတ္သည္ ျဖစ္ေစ အမႈမွန္ေပၚေပါက္မွာ မဟုတ္ေတာ့ဘူးလို႔ ခံယူထားၿပီး ကိုယ့္အလုပ္ ကိုယ္ဆက္ လုပ္ေနခဲ့တာပါ။ မီရာကေတာ့ သတင္းမွန္အတိုင္း ဆက္လက္ေဖာ္ထုတ္ခဲ့ၿပီး တႏိုင္ငံလုံးကေနလည္း ေသဆုံးသူ Jessica အတြက္ တရားမွ်တမႈ ရွိေစေရးအတြက္ လႈံ႕ေဆာ္မႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။

ညီမျဖစ္သူ ကိုလည္း ဆုံးရႈံးလိုက္ရတဲ့ အျပင္ ေသာကေတြေၾကာင့္ အေမျဖစ္သူပါ ေသဆုံးခဲ့ရတဲ့ အတြက္ အားလုံးကို ေမ့ပစ္ၿပီး ေနထိုင္တဲ့ Sabrina ကေရာ ညီမအတြက္ လႈံ႕ေဆာ္မႈေတြမွာ ပါဝင္လာပါ့မလား။ သတင္းေထာက္ မီရာကေရာ အမႈမွန္ေပၚေပါက္ေရး အတြက္ အားကုန္ ႀကိဳးပမ္းႏိုင္ပါ့မလားဆိုတာ ဒီ႐ုပ္ရွင္ထဲမွာ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

“ေငြမ်ား တရားႏိုင္” ေလာကႀကီးမွာ အမွန္တရားဘက္က ရပ္တည္သူေတြရွိေနသေ႐ြ႕ အမွန္တရားဟာ ထာဝရရွင္သန္ေနမွာျဖစ္ၿပီး ဓနရွင္တို႔ရဲ႕ ေငြေၾကးနဲ႔ ဖုံးကြယ္ထားသမွ်ကို မီဒီယာ အင္အားနဲ႔ ေဖာ္ထုတ္လို႔ ရတယ္ဆိုတာကို မီးေမာင္းထိုးျပသြားတဲ့ ႐ုပ္ရွင္လည္း ျဖစ္ပါတယ္။

IMDB Rating (7.2) ရရွိထားတဲ့ ႐ုပ္ရွင္ျဖစ္တဲ့အတြက္ လက္မလြတ္တမ္း ၾကည့္ရႈသင့္တဲ့အေၾကာင္း တိုက္တြန္းလိုက္ပါတယ္။
Unicodeဖြင့်ဖတ်ရန်
ဒီနေ့ ညွှန်းဆိုပေးမယ့် ရုပ်ရှင်ကတော့ ၂၀၁၁ ခုနှစ်မှာ ဖြန့်ချိပြသခဲ့တဲ့ အိန္ဒိယ အတ္ထုပ္ပတ္တိ နောက်ခံ သည်းထိတ်ရင်ဖို ရုပ်ရှင် “No One Killed Jessica” ဖြစ်ပြီး အဲဒီကားမှာ မင်းသမီးတွေ ဖြစ်ကြတဲ့ Rani Mukerji နဲ့ Vidya Balan တို့ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ UTV Spotboy ကုမ္ပဏီက ထုတ်လုပ်ပြီး ဒါရိုက်တာ Rajkumar Gupta က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကတော့ “Jessica Lal” လူသတ်မှုကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ ဘားတခုမှာ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးခဲ့ရတဲ့ Jessica ဆိုတဲ့ မိန်းကလေးရဲ့ အမှုကို တရားမျှတစွာ ဖော်ထုတ်ဖို့ သေဆုံးသူရဲ့ အစ်မနဲ့အတူ အမှန်တရားဘက်က ရပ်တည်တဲ့ သတင်းသမားတဦးတို့ရဲ့ ကြိုးပမ်းမှုကို ဇာတ်အိမ်တည် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

သေဆုံးသူ Jessica ရဲ့ အစ်မဖြစ်သူ Sabrina Lal အဖြစ် မင်းသမီး Vidya Balan နဲ့ အဲဒီ လူသေစေမှုကို လိုက်လံဖော်ထုတ်မယ့် သတင်းထောက်အဖြစ် မင်းသမီး Rani Mukerji က ပါဝင်သရုပ်ဆောင်ထားပါတယ်။

အဲဒီရုပ်ရှင်ကို ဖြန့်ချိခဲ့ချိန်မှာတော့ အကောင်းမြင်မှတ်ချက်များစွာ ရရှိခဲ့ပြီး ရုံဝင်ငွေများစွာလည်း ရရှိခဲ့ပါတယ်။ “No One Killed Jessica” ရုပ်ရှင်ဟာ ၅၇ ကြိမ်မြောက် Filmfare ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်နဲ့ အကောင်းဆုံး မင်းသမီးဆုအပါအဝင် ဆန်ခါတင် ဆု ၄ ခု လျာထား ခံခဲ့ရပေမယ့် “အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆု”ကို မင်းသမီး Rani Mukerji က ရရှိခဲ့ပါတယ်။

ဒီရုပ်ရှင်ဟာ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ၁၉၉၉ ခုနှစ်က နယူးဒေလီမြို့မှာ ရှိတဲ့ စားသောက်ဆိုင်တခုမှာ မော်ဒယ်နဲ့ ဝန်ထမ်းဖြစ်တဲ့ Jessica La ရဲ့ အကြောင်းကို ပုံဖော်ထားတာပါ။ လူသတ်သမားကတော့ ချမ်းသာပြီး အာဏာပါဝါလွှမ်းမိုးမှု အားကြီးတဲ့ နိုင်ငံရေးသမား Venod Sharma ရဲ့ သားပဲ ဖြစ်ပါတယ်။

ဇာတ်လမ်း အကြောင်းအရာကတော့ အသက်ငယ်ရွယ်ပြီး ချောမောလှပတဲ့ Jessica ဆိုတဲ့ မိန်းကလေးဟာ သူအလုပ်လုပ်နေတဲ့ စားသောက်ဆိုင်မှာရှိတဲ့ အရက်ကောင်တာကို ပိတ်ဖို့ လုပ်နေတုန်း မန်နျူဆိုသူနဲ့ သူငယ်ချင်းနှစ်ဦးတို့က အရက်ရောင်းချပေးဖို့ တောင်းဆိုလာခဲ့ပါတယ်။

ဒါပေမယ့် အရက်ကုန်သွားပြီဖြစ်တဲ့ အတွက် ရောင်းလို့မရတဲ့အကြောင်း ပြောရာကနေ စကား အချေအတင် ဖြစ်ပြီး မန်နျူက Jessica ကို သေနတ်နဲ့ ပစ်သတ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မန်နျူကလည်း နယ်နယ်ရရ မဟုတ်ဘဲ ပါတီ ခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ်တဦးရဲ့ သားဖြစ်ပါတယ်။

အခင်းဖြစ်ရာနေရာမှာ လူပေါင်း ၃၀၀ ကျော် ရှိခဲ့တဲ့အပြင် မျက်မြင်သက်သေ ၇ ဦး ရှိခဲ့တာတောင် လူပေါင်း ၃၀၀ လုံးက အခင်း မဖြစ်ပွားမီ အဲဒီနေရာကနေ ထွက်ခွာခဲ့တာလို့ ထွက်ဆိုလာခဲ့ကြ ပါတယ်။

မန်နျူမိသားစုရဲ့ သြဇာ၊ အရှိန်အဝါနဲ့ ငွေကြေးတို့ကြောင့် အခြားကျန်တဲ့ သက်သေ ၇ ဦးကလည်း လိမ်ညာ ထွက်ဆိုတာ၊ သက်သေခံပစ္စည်းဖြစ်တဲ့ ကျည်ဆန်တွေကိုလည်း လဲလှယ်ခဲ့ပါတယ်။ အမှုကလည်း ပိုမိုရှုပ်ထွေးလာခဲ့ပြီး အချိန်က ၆ နှစ်လောက်အထိ ကြာလာခဲ့ပါတယ်။

ဒါပေမယ့် “ငွေများ တရားနိုင်” ဆိုတဲ့အတိုင်း ဖြစ်ရပ်မှန်ကို ရှင်းရှင်းလင်းလင်း တွေ့မြင် သိရှိခဲ့ရပေမယ့် အမှုကနေ လူသတ်သမား မန်နျူဟာ ကွင်းလုံးကျွတ်လွတ် သွားခဲ့ပါတယ်။

ဒါပေမယ့် သတင်းတင်ဆက်ရာမှာ ရဲဝံ့ပြီး အမှန်တရားဘက်ကနေ ရပ်တည်တဲ့ သတင်းထောက် မီရာက ဒီအကြောင်းကို သိရှိသွားခဲ့ပြီးတဲ့နောက် ဖြစ်ရပ်မှန်ကို မီဒီယာကနေ တဆင့် တနိုင်ငံလုံးကို ပြောပြဖို့ လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် သေဆုံးသူ Jessica ရဲ့ အစ်မ Sabrina ကတော့ အမှုကို ဘယ်လိုပဲ ပြန်ဖော်ထုတ်သည် ဖြစ်စေ အမှုမှန်ပေါ်ပေါက်မှာ မဟုတ်တော့ဘူးလို့ ခံယူထားပြီး ကိုယ့်အလုပ် ကိုယ်ဆက် လုပ်နေခဲ့တာပါ။ မီရာကတော့ သတင်းမှန်အတိုင်း ဆက်လက်ဖော်ထုတ်ခဲ့ပြီး တနိုင်ငံလုံးကနေလည်း သေဆုံးသူ Jessica အတွက် တရားမျှတမှု ရှိစေရေးအတွက် လှုံ့ဆော်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ညီမဖြစ်သူ ကိုလည်း ဆုံးရှုံးလိုက်ရတဲ့ အပြင် သောကတွေကြောင့် အမေဖြစ်သူပါ သေဆုံးခဲ့ရတဲ့ အတွက် အားလုံးကို မေ့ပစ်ပြီး နေထိုင်တဲ့ Sabrina ကရော ညီမအတွက် လှုံ့ဆော်မှုတွေမှာ ပါဝင်လာပါ့မလား။ သတင်းထောက် မီရာကရော အမှုမှန်ပေါ်ပေါက်ရေး အတွက် အားကုန် ကြိုးပမ်းနိုင်ပါ့မလားဆိုတာ ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

“ငွေများ တရားနိုင်” လောကကြီးမှာ အမှန်တရားဘက်က ရပ်တည်သူတွေရှိနေသရွေ့ အမှန်တရားဟာ ထာဝရရှင်သန်နေမှာဖြစ်ပြီး ဓနရှင်တို့ရဲ့ ငွေကြေးနဲ့ ဖုံးကွယ်ထားသမျှကို မီဒီယာ အင်အားနဲ့ ဖော်ထုတ်လို့ ရတယ်ဆိုတာကို မီးမောင်းထိုးပြသွားတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။

IMDB Rating (7.2) ရရှိထားတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့အကြောင်း တိုက်တွန်းလိုက်ပါတယ်။
Credit: burma.irrawaddy