Zawgyiျဖင့္ဖတ္ရန္
ဖိလစ္ပိုင္ လူမ်ိဳးေတြက ေသြးေႏွာတဲ့သူေတြျဖစ္ၿပီး အသားေရာင္မတူတာလဲ ေတြ႕ျမင္ရပါတယ္။ ဒါေပမဲ့ ဖိလစ္ပိုင္လူမ်ိဳးေတြက သဘာဝအလ်ာက္ အသားညိဳတာေၾကာင့္ ပိုၿပီးလူသိမ်ားၾကပါတယ္။ အလွအပမွာ အသားေရာင္က အဓိကမဟုတ္ပါဘူး။ အသားျဖဴတဲ့သူေတြ လွသလို အသားညိဳတဲ့သူေတြလဲ လွၾကပါတယ္။ ကိုယ္စီအလွတရားေတြ ရွိၾကတဲ့အတြက္ျဖစ္ပါတယ္။ အသားညိဳေပမဲ့လဲ ေအာင္ျမင္ေနၿပီး အလွဘုရင္မျဖစ္ေနတဲ့ ဖိလစ္ပိုင္အႏုပညာရွင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Bianca Gonzales- Intal

Biancaကို တီဗီအစီအစဥ္တင္ဆက္သူနဲ႔ ေမာ္ဒယ္အျဖစ္ လူသိမ်ားၾကပါတယ္။ သူမရဲ႕ အသားေရာင္ေၾကာင့္ လူေတြရဲ႕ အႏိုင္က်င့္မႈကိုခံရတဲ့ သားေကာင္ျဖစ္ခဲ့ဖူးပါတယ္။ အႏိုင္က်င့္မႈေတြအားလုံးက အကာအကြယ္မဲ့သလို ခံစားခဲ့ရပါတယ္။ ဒါေပမဲ့ သူမရဲ႕ ကိုယ္ပိုင္အစြမ္းအစကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ အခုဆိုရင္ သူမအတြက္ အသားေရာင္က ဘာမွမဟုတ္ေတာ့ဘဲ ဒီေဝဖန္မႈအားလုံးက သူမကို ပိုၿပီးယုံၾကည္မႈရွိေစပါတယ္။

Gabbi Garcia

ဖိလစ္ပိုင္မင္းသမီး Gabbiက အသက္၁၉ႏွစ္အ႐ြယ္မွာပဲ ယုံၾကည္ခ်က္ရွိမႈနဲ႔ အလွအပေတြကို ရဲရဲဝံ့ဝံ့ထုတ္ျပေနတာျဖစ္ပါတယ္။ Gabbiကလဲ သူမရဲ႕ အသားေရာင္ေၾကာင့္ အႏိုင္က်င့္မႈေတြ ႀကဳံေတြ႕ခဲ့ရပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာ သူမကိုယ့္ကိုယ္ ဘယ္လို ပိုၿပီးတန္ဖိုးထားရလဲဆိုတာကို သင္ယူခဲ့ပါတယ္။ ဒါအျပင့္ သူမရဲ႕ အသားအေရကို ခ်စ္တတ္ေအာင္ သင္ယူခဲ့ၿပီး သူမ လုပ္ႏိုင္ သေလာက္အေကာင္းဆုံးႀကိဳးစားခဲ့ပါတယ္။

Ylona Garcia

Ylonaက ခ်စ္စရာေကာင္းတဲ့မ်က္ႏွာေလးပိုင္ဆိုင္ထားေပမဲ့ သူမ ငယ္ငယ္က ခဏခဏ အႏိုင္က်င့္ခံခဲ့ရပါတယ္။ အဲလို အႏိုင္က်င့္ခံရတဲ့အတြက္ အခန္းထဲမွာ နာရီအၾကာႀကီး ငိုခဲ့ရပါတယ္။ ဒါေပမဲ့ သူမက ဘယ္သူလဲဆိုတာ နားလည္ၿပီးၿပီခ်င္းမွပဲ သူမကိုယ့္ကိုယ္ခ်စ္တတ္ေအာင္ အသားအေရကို ျမတ္ႏိုးတတ္ေအာင္ လုပ္ခဲ့ပါတယ္။ အခုဆိုရင္ Ylonaက သူမလိုပဲ အသားအေရေၾကာင့္ အႏိုင္က်င့္ခံရတဲ့သူေတြကို Inspired လုပ္ေပးတဲ့ သူတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။ သူမ သူတို႔ကို မိမိကိုယ့္ကိုယ္ခ်စ္ေအာင္သင္ေပးပါတယ္။

Nadine Lustre

Nadineက ညိဳေခ်ာ ေခ်ာတဲ့ နာမည္ႀကီးဆယ္လီမ်ားထဲမွ တစ္ေယာက္ျဖစ္ပါတယ္။ သူမက သူမကိုယ့္ကိုယ္ယုံၾကည္မႈရွိရင္ လွႏိုင္ပါတယ္ ဆိုတာကို သက္ေသျပခဲ့ပါတယ္။ သူမက ေဝဖန္မႈေတြ၊ တိုက္ခိုက္မႈေတြကို ရင္ဆိုင္ခဲ့ရပါတယ္။ ဒါေပမဲ့ ေဝဖန္မႈဒဏ္ေတြကို ခံႏိုင္ရည္ရွိေအာင္ေနခဲ့ပါတယ္။ အခုဆိုရင္ Nadineက ဖိလစ္ပိုင္ႏိုင္ငံမွာ နာမည္ႀကီးမင္းသမီးျဖစ္႐ုံသာမက ပရိသတ္ေတြ ခ်စ္ၾကတဲ့မင္းသမီးတလက္ျဖစ္ေနပါၿပီ။

Kathryn Bernardo

ဆယ္ေက်ာ္သက္အလွဘုရင္မ Kathryn Bernardoက ခ်စ္စရာအေကာင္းဆုံးမိန္းကေလးတစ္ေယာက္ျဖစ္ပါတယ္။ သူမ အႏုပညာေလာကကို ဝင္ေရာက္ခဲ့တဲ့အခါ သူမရဲ႕ အသားအေရာင္က အရမ္းသိသားခဲ့ပါတယ္။ ႏွစ္ေတြ အမ်ားႀကီးေက်ာ္လြန္လာၿပီးတဲ့ေနာက္မွာ သူမဟာ လွပတဲ့ေကာင္မေလးတစ္ေယာက္အျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။ ဒါေပမဲ့ သူမက ခ်စ္စရာမ်က္ႏွာေလးနဲ႔ ကိုယ္ပိုင္အရည္အခ်င္းမ်ားစြာရွိေပမဲ့လဲ မၾကာခဏ တိုက္ခိုက္တဲ့ဒဏ္ကို ခံရပါတယ္။ အခုဆိုရင္ ဖိလစ္ပိုင္ႏိုင္ငံမွတင္မကပါဘူး။ ျမန္မာပရိသတ္ေတြကပါ ခ်စ္ၾကတဲ့ နာမည္ႀကီးမင္းသမီးတစ္လတ္ျဖစ္ေနပါၿပီ။
Unicodeဖြင့်ဖတ်ရန်
ဖိလစ်ပိုင်လူမျိုးတွေက သွေးနှောတဲ့သူတွေဖြစ်ပြီး အသားရောင်မတူတာလဲ တွေ့မြင်ရပါတယ်။ ဒါပေမဲ့ ဖိလစ်ပိုင်လူမျိုးတွေက သဘာဝအလျာက် အသားညိုတာကြောင့် ပိုပြီးလူသိများကြပါတယ်။ အလှအပမှာ အသားရောင်က အဓိကမဟုတ်ပါဘူး။ အသားဖြူတဲ့သူတွေ လှသလို အသားညိုတဲ့သူတွေလဲ လှကြပါတယ်။ ကိုယ်စီအလှတရားတွေ ရှိကြတဲ့အတွက်ဖြစ်ပါတယ်။ အသားညိုပေမဲ့လဲ အောင်မြင်နေပြီး အလှဘုရင်မဖြစ်နေတဲ့ ဖိလစ်ပိုင်အနုပညာရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

Bianca Gonzales- Intal

Biancaကို တီဗီအစီအစဉ်တင်ဆက်သူနဲ့ မော်ဒယ်အဖြစ် လူသိများကြပါတယ်။ သူမရဲ့ အသားရောင်ကြောင့် လူတွေရဲ့ အနိုင်ကျင့်မှုကိုခံရတဲ့ သားကောင်ဖြစ်ခဲ့ဖူးပါတယ်။ အနိုင်ကျင့်မှုတွေအားလုံးက အကာအကွယ်မဲ့သလို ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ သူမရဲ့ ကိုယ်ပိုင်အစွမ်းအစကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အခုဆိုရင် သူမအတွက် အသားရောင်က ဘာမှမဟုတ်တော့ဘဲ ဒီဝေဖန်မှုအားလုံးက သူမကို ပိုပြီးယုံကြည်မှုရှိစေပါတယ်။

Gabbi Garcia

ဖိလစ်ပိုင်မင်းသမီး Gabbiက အသက်၁၉နှစ်အရွယ်မှာပဲ ယုံကြည်ချက်ရှိမှုနဲ့ အလှအပတွေကို ရဲရဲဝံ့ဝံ့ထုတ်ပြနေတာဖြစ်ပါတယ်။ Gabbiကလဲ သူမရဲ့ အသားရောင်ကြောင့် အနိုင်ကျင့်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူမကိုယ့်ကိုယ် ဘယ်လို ပိုပြီးတန်ဖိုးထားရလဲဆိုတာကို သင်ယူခဲ့ပါတယ်။ ဒါအပြင့် သူမရဲ့ အသားအရေကို ချစ်တတ်အောင် သင်ယူခဲ့ပြီး သူမ လုပ်နိုင် သလောက်အကောင်းဆုံးကြိုးစားခဲ့ပါတယ်။

Ylona Garcia

Ylonaက ချစ်စရာကောင်းတဲ့မျက်နှာလေးပိုင်ဆိုင်ထားပေမဲ့ သူမ ငယ်ငယ်က ခဏခဏ အနိုင်ကျင့်ခံခဲ့ရပါတယ်။ အဲလို အနိုင်ကျင့်ခံရတဲ့အတွက် အခန်းထဲမှာ နာရီအကြာကြီး ငိုခဲ့ရပါတယ်။ ဒါပေမဲ့ သူမက ဘယ်သူလဲဆိုတာ နားလည်ပြီးပြီချင်းမှပဲ သူမကိုယ့်ကိုယ်ချစ်တတ်အောင် အသားအရေကို မြတ်နိုးတတ်အောင် လုပ်ခဲ့ပါတယ်။ အခုဆိုရင် Ylonaက သူမလိုပဲ အသားအရေကြောင့် အနိုင်ကျင့်ခံရတဲ့သူတွေကို Inspired လုပ်ပေးတဲ့ သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူမ သူတို့ကို မိမိကိုယ့်ကိုယ်ချစ်အောင်သင်ပေးပါတယ်။

Nadine Lustre

Nadineက ညိုချော ချောတဲ့ နာမည်ကြီးဆယ်လီများထဲမှ တစ်ယောက်ဖြစ်ပါတယ်။ သူမက သူမကိုယ့်ကိုယ်ယုံကြည်မှုရှိရင် လှနိုင်ပါတယ် ဆိုတာကို သက်သေပြခဲ့ပါတယ်။ သူမက ဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ ဝေဖန်မှုဒဏ်တွေကို ခံနိုင်ရည်ရှိအောင်နေခဲ့ပါတယ်။ အခုဆိုရင် Nadineက ဖိလစ်ပိုင်နိုင်ငံမှာ နာမည်ကြီးမင်းသမီးဖြစ်ရုံသာမက ပရိသတ်တွေ ချစ်ကြတဲ့မင်းသမီးတလက်ဖြစ်နေပါပြီ။

Kathryn Bernardo

ဆယ်ကျော်သက်အလှဘုရင်မ Kathryn Bernardoက ချစ်စရာအကောင်းဆုံးမိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ သူမ အနုပညာလောကကို ဝင်ရောက်ခဲ့တဲ့အခါ သူမရဲ့ အသားအရောင်က အရမ်းသိသားခဲ့ပါတယ်။ နှစ်တွေ အများကြီးကျော်လွန်လာပြီးတဲ့နောက်မှာ သူမဟာ လှပတဲ့ကောင်မလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဒါပေမဲ့ သူမက ချစ်စရာမျက်နှာလေးနဲ့ ကိုယ်ပိုင်အရည်အချင်းများစွာရှိပေမဲ့လဲ မကြာခဏ တိုက်ခိုက်တဲ့ဒဏ်ကို ခံရပါတယ်။ အခုဆိုရင် ဖိလစ်ပိုင်နိုင်ငံမှတင်မကပါဘူး။ မြန်မာပရိသတ်တွေကပါ ချစ်ကြတဲ့ နာမည်ကြီးမင်းသမီးတစ်လတ်ဖြစ်နေပါပြီ။
From MM

LEAVE A REPLY