Zawgyiျဖင့္ဖတ္ရန္

Myanmar Idol Season 3 ရဲ႕ Winner ဆုရွင္ ၿဖိဳးျမတ္ေအာင္က ရတဲ့ ဆုေၾကးေတြထဲက မိခင္ရဲ႕ အိမ္မက္ေတြကို အရင္ဆံုး အေကာင္အထည္ ေဖာ္ေပးမယ္လို႕ ဆိုပါတယ္။ ဘုရားထီးတင္မယ္၊ကထိန္ခင္းမယ္ဆိုတဲ့ သူ႕ရဲ႕ စိတ္ကူးေလးကိုလည္း ေျပာျပထားပါတယ္။

Myanmar Idol Season 3 ရဲ႕ Winner ဆုရွင္ ၿဖိဳးျမတ္ေအာင္က ရတဲ့ ဆုေၾကးေတြထဲက မိခင္ရဲ႕ အိမ္မက္ေတြကို အရင္ဆံုး အေကာင္အထည္ ေဖာ္ေပးမယ္လို႕ ဆိုပါတယ္။ ဆုေၾကးေငြေတြထဲက သူပရိသတ္ေတြကို ေျပာခဲ့တဲ့ အတိုင္း ဘုရားထီးတင္ဖို႕ကို အရင္ဆံုး လုပ္သြားမွာ ျဖစ္တယ္လို႕ ဆုိပါတယ္။

“ပရိသတ္ေတြကို ေျပာခဲ့တဲ့ အတိုင္းပဲ ဘုရားထီးတင္ဖို႕ေပါ့ ။အေမ့ရဲ႕ အိမ္မက္ျဖစ္တဲ့ ဘုရားထီးတင္တာကို အရင္လုပ္မယ္။ ေလာေလာ ဆယ္ ေတာ့ မိုးတြင္ျဖစ္ေနေတာ့ ဘုရားကို ျပင္ဖို႕အတြက္ အရင္လုပ္မယ္။ ၿပီးရင္ ဘုရားထီးတင္မယ္။ ကထိန္ခင္းမယ္ ေက်ာင္းေဆာက္မယ္ ေပ့ါ။ ပညာေရးနဲ႕ ပတ္သက္တဲ့ေနရာေတြသြားၿပီး လွဴဒါန္းမယ္။” လို႕ ၾသဂုတ္လ(၁၁) ရက္ေန႕ညကပြဲၿပီးၿပီးခ်င္း အင္တာဗ်ဴးမွာ ေျဖဆိုေပးခဲ့တာ ျဖစ္ပါတယ္။

 

ပရိသတ္ေတြရဲ႕ အားေပးမႈေၾကာင့္ ယခုလို Winner ဆုကို ရရွိခဲ့တဲ့အတြက္လည္း သူ႕အေနနဲ႕ အရမ္းကိုဝမ္းသာပါတယ္တဲ့။ အသက္(၁၄) ႏွစ္သားကတည္းက ေဝဖန္တိုက္ခိုက္တာေတြ ၾကံဳလာခဲ့ရတဲ့ သူ႕အတြက္ Myanmar Idol ပြဲအတြက္ ၾကံဳေတြ႕ခဲ့ရတဲ့ ေဝဖန္တိုက္ခိုက္တာ ေတြေလာက္ေတာ့ မမႈေတာ့ပါဘူးဆိုၿပီး ဆက္လက္ေျပာျပခဲ့ပါတယ္။

“ေဝဖန္တိုက္ခိုက္တာေလာက္ကေတာ့ မမႈေတာ့ပါဘူး။ ဘာလို႕လည္းဆိုေတာ့ကၽြန္ေတာ္ အသက္(၁၄)ႏွစ္သားကတညည္းက ေဝဖန္တိုက္ခုိက္ တာေတြရယ္။ကိုယ္ထိလက္ေရာက္ေတြရယ္ ၾကံဳခဲ့ၿပီးသြားၿပီ။ကိုယ့္အသက္အႏၱရာယ္နဲ႕ေတာင္လုၿပီးေတာ့ ကၽြန္ေတာ္ၾကံုေတြ႕ခဲ့ရၿပီးသြားၿပီ။ အဲ့ေတာ့ ကၽြန္ေတာ္အတက္ေတာ့ မေျပာပေလာက္ပါဘူး” ဆိုၿပီး ဆက္လက္ေျဖဆိုေပးခဲ့ပါတယ္။

သူ႕အေနနဲ႕ ၿပိဳင္ပြဲၿပီးေနာက္ပိုင္းမွာလည္း သူ႕ရဲ႕ အႏုပညာဝမ္းဆာမ်ားကို ထပ္မံျဖည့္စြက္သြားမွာ ျဖစ္ၿပီး ေနာက္တက္လာမယ့္ ညီငယ္ညီမ ေတြ ေလးစားအားက်ရတဲ့ အႏုပညာသမားတစ္ေယာက္ အျဖစ္ ရပ္တည္ႏိုင္ဖို႕နဲ႕ ေလွ်ာက္လမ္းမယ့္ ဂီတလမ္းေၾကာင္းမွာ အတတ္ႏိုင္ဆံုး အမွားနည္းေအာင္ ေလွ်ာက္လွမ္းပ့ါမယ္ဆိုၿပီး ပရိသတ္ေတြကို ကတိေပးခဲ့ပါေသးတယ္။

ဟသၤာတသားေလး ၿဖိဳးျမတ္ေအာင္ကေတာ့ ပရိသတ္ေတြရဲ႕ ဆႏၵအတိုင္း Winner ဆုႀကီးကို ပိုင္ဆိုင္လို႕ သြားခဲ့ပါၿပီ။ၾသဂုတ္လ ၁၁ ရက္ေန႔ည ၇ နာရီ မိနစ္ ၃၀ အခ်ိန္မွာ က်င္းပျပဳလုပ္ခဲ့တဲ့ Myanmar Idol Season 3 သီခ်င္းဆုိၿပိဳင္ပြဲႀကီးရဲ႕ Grand Final ပြဲမွာေတာ့ ၿပိဳင္ဘက္မရွိတဲ့ Winner ဆုရွင္အျဖစ္ ၿဖဳိးျမတ္ေအာင္က ဆုေငြ သိန္း ၅၀၀ နဲ႔အတူ မုိးျမန္မာ မီဒီယာက ထုတ္လုပ္ေပးတဲ့ Solo Album နဲ႔ Music Album တုိ႔ကုိ ရရွိပုိင္ဆုိင္ခဲ့ပါတယ္။
Unicodeဖြင့်ဖတ်ရန်
Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်က ရတဲ့ ဆုကြေးတွေထဲက မိခင်ရဲ့ အိမ်မက်တွေကို အရင်ဆုံး အကောင်အထည် ဖော်ပေးမယ်လို့ ဆိုပါတယ်။ ဘုရားထီးတင်မယ်၊ကထိန်ခင်းမယ်ဆိုတဲ့ သူ့ရဲ့ စိတ်ကူးလေးကိုလည်း ပြောပြထားပါတယ်။

Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်က ရတဲ့ ဆုကြေးတွေထဲက မိခင်ရဲ့ အိမ်မက်တွေကို အရင်ဆုံး အကောင်အထည် ဖော်ပေးမယ်လို့ ဆိုပါတယ်။ ဆုကြေးငွေတွေထဲက သူပရိသတ်တွေကို ပြောခဲ့တဲ့ အတိုင်း ဘုရားထီးတင်ဖို့ကို အရင်ဆုံး လုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ပရိသတ်တွေကို ပြောခဲ့တဲ့ အတိုင်းပဲ ဘုရားထီးတင်ဖို့ပေါ့ ။အမေ့ရဲ့ အိမ်မက်ဖြစ်တဲ့ ဘုရားထီးတင်တာကို အရင်လုပ်မယ်။ လောလော ဆယ် တော့ မိုးတွင်ဖြစ်နေတော့ ဘုရားကို ပြင်ဖို့အတွက် အရင်လုပ်မယ်။ ပြီးရင် ဘုရားထီးတင်မယ်။ ကထိန်ခင်းမယ် ကျောင်းဆောက်မယ် ပေ့ါ။ ပညာရေးနဲ့ ပတ်သက်တဲ့နေရာတွေသွားပြီး လှူဒါန်းမယ်။” လို့ သြဂုတ်လ(၁၁) ရက်နေ့ညကပွဲပြီးပြီးချင်း အင်တာဗျူးမှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

play
Photo : ဖြိုးမြတ်အောင်

ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ယခုလို Winner ဆုကို ရရှိခဲ့တဲ့အတွက်လည်း သူ့အနေနဲ့ အရမ်းကိုဝမ်းသာပါတယ်တဲ့။ အသက်(၁၄) နှစ်သားကတည်းက ဝေဖန်တိုက်ခိုက်တာတွေ ကြုံလာခဲ့ရတဲ့ သူ့အတွက် Myanmar Idol ပွဲအတွက် ကြုံတွေ့ခဲ့ရတဲ့ ဝေဖန်တိုက်ခိုက်တာ တွေလောက်တော့ မမှုတော့ပါဘူးဆိုပြီး ဆက်လက်ပြောပြခဲ့ပါတယ်။

“ဝေဖန်တိုက်ခိုက်တာလောက်ကတော့ မမှုတော့ပါဘူး။ ဘာလို့လည်းဆိုတော့ကျွန်တော် အသက်(၁၄)နှစ်သားကတညည်းက ဝေဖန်တိုက်ခိုက် တာတွေရယ်။ကိုယ်ထိလက်ရောက်တွေရယ် ကြုံခဲ့ပြီးသွားပြီ။ကိုယ့်အသက်အန္တရာယ်နဲ့တောင်လုပြီးတော့ ကျွန်တော်ကြုံတွေ့ခဲ့ရပြီးသွားပြီ။ အဲ့တော့ ကျွန်တော်အတက်တော့ မပြောပလောက်ပါဘူး” ဆိုပြီး ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။

သူ့အနေနဲ့ ပြိုင်ပွဲပြီးနောက်ပိုင်းမှာလည်း သူ့ရဲ့ အနုပညာဝမ်းဆာများကို ထပ်မံဖြည့်စွက်သွားမှာ ဖြစ်ပြီး နောက်တက်လာမယ့် ညီငယ်ညီမ တွေ လေးစားအားကျရတဲ့ အနုပညာသမားတစ်ယောက် အဖြစ် ရပ်တည်နိုင်ဖို့နဲ့ လျှောက်လမ်းမယ့် ဂီတလမ်းကြောင်းမှာ အတတ်နိုင်ဆုံး အမှားနည်းအောင် လျှောက်လှမ်းပ့ါမယ်ဆိုပြီး ပရိသတ်တွေကို ကတိပေးခဲ့ပါသေးတယ်။

ဟင်္သာတသားလေး ဖြိုးမြတ်အောင်ကတော့ ပရိသတ်တွေရဲ့ ဆန္ဒအတိုင်း Winner ဆုကြီးကို ပိုင်ဆိုင်လို့ သွားခဲ့ပါပြီ။သြဂုတ်လ ၁၁ ရက်နေ့ည ၇ နာရီ မိနစ် ၃၀ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Grand Final ပွဲမှာတော့ ပြိုင်ဘက်မရှိတဲ့ Winner ဆုရှင်အဖြစ် ဖြိုးမြတ်အောင်က ဆုငွေ သိန်း ၅၀၀ နဲ့အတူ မိုးမြန်မာ မီဒီယာက ထုတ်လုပ်ပေးတဲ့ Solo Album နဲ့ Music Album တို့ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။
Credit :Duwun