Zawgyiျဖင့္ဖတ္ရန္
အိႏၵိယ ရုပ္ရွင္သမိုင္းတြင္ လႈပ္ခတ္မႈမ်ားစြာ ရိွေစခဲ့ၿပီး အိႏၵိယရိွ ဘာသာေရး ဂိုဏ္ၾကီးမ်ား၏ ကန္႔ကြက္ရံႈ႕ခ်မႈမ်ားစြာ ၾကံဳေတြ႕ခဲ့ရတဲ့ PK ရုပ္ရွင္ ဇာတ္လမ္းၾကီးကို ပရိသတ္ေတြ ၾကည့္ရႈ႕ခံစားၿပီး ၿဖစ္မွာပါ။ မင္းသား Aamir khan ရဲ႕ အေကာင္းဆံုး သရုပ္ေဆာင္ခ်က္မ်ားနဲ႔ ဘာသာတရားမ်ားကို သေရာ္ရိုက္ကူးထားတဲ့ ဒီဇာတ္လမ္းဟာ အိႏိၵယနုိင္ငံတြင္သာမကပဲ ကမာၻအနွံ႔တြင္ပါ ေအာင္ၿမင္ခဲ့ေသာ ဇာတ္လမ္းေကာင္းတခုၿဖစ္ခဲ့ပါတယ္။ ဒီဇာတ္လမ္းကို အၾကိမ္မ်ားစြာ ၾကည့္ရႈ႕ၿပီးၿဖစ္ေပမယ့္ ဒီဇာတ္လမ္းနွင့္ ပတ္သတ္ၿပီး ပရိသတ္ေတြ မသိေလာက္ေသးတဲ႔ စိတ္၀င္စားဖြယ္ အခ်က္မ်ားကို ေဖာ္ၿပေပးလိုက္ရပါတယ္။

(၁) လ်ွာအနီေရာင္ၿဖစ္ဖို႔ ၾကိဳးစားခဲ့ရတဲ့ Aamir khan

ဒီဇာတ္လမ္းမွာ အဓိကဇာတ္ေဆာင္ အၿဖစ္ပါဝင္ သရုပ္ေဆာင္ခဲ့တဲ့ မင္းသား Aamir khan ဟာ ဒီဇာတ္လမ္းမွာ အၿခားၿဂိဳလ္ကေန ကမာၻေၿမကို ေရာက္လာခဲ့သူ ၿဂိဳလ္သားအၿဖစ္ သရုပ္ေဆာင္ခဲ့တာၿဖစ္ပါတယ္။ ဒီဇာတ္ေကာင္၏ ပံုစံအရ ကြမ္းအၿမဲဝါးကာ လွ်ာကိုနီရဲေနေစရန္ ၿပဳလုပ္ဖို႔လိုအပ္တဲ႔ အတြက္ Aamir khan ဟာ ကြမ္းယာကို အမွန္တကယ္ အေရအတြက္မ်ားစြာ ဝါးခဲ့ရပါတယ္။

(၂) ဝင္ေငြစံခ်ိန္

ဒီဇာတ္လမ္းဟာ အိႏိၵယနိုင္ငံမွာသာမကပဲ အၿခားေသာ နိုင္ငံမ်ားတြင္ပါ ေအာင္ၿမင္မႈ မ်ားစြာရရိွထားခဲ့တာၿဖစ္ပါတယ္။ ဒီဇာတ္လမ္းမွ စံခ်ိန္တင္ဝင္ေငြ ရရိွခဲ့တဲ့ ေဘာလိဝုဒ္ဇာတ္လမ္းမ်ားထဲတြင္ ၁ခုအပါအဝင္ၿဖစ္ခဲ့ၿပီး စုစုေပါင္း ဝင္ေငြအေမရိကန္ေဒၚလာ သန္း၁၄၀ ရရိွခဲ့ပါတယ္။

(၃) ဘာသာေရးအဖြဲ႕မ်ား၏ တိုက္ခိုက္မႈမ်ား

ဒီရုပ္ရွင္ဇာတ္လမ္းဟာ အိႏိၵယနိုင္ငံတဝွမ္းရိွ ဘာသာေရး အဖြဲ႕အစည္းမ်ားၾကားတြင္ ကန္႔ကြက္စရာ ရုပ္ရွင္ဇာတ္လမ္းတခုၿဖစ္ခဲ့ပါတယ္။ ဟိႏၵဴဘာသာေရး အဖြဲ႕အစည္းေတာ္ေတာ္မ်ားမ်ားဟာ ဒီဇာတ္လမ္းကို အြန္လိုင္းေပၚတြင္ ဆန္႕က်င္ေရးသားမႈမ်ား ၿပဳလုပ္ခဲ့ၿပီး Campaign တခုၿပဳလုပ္ခဲ့ၾကပါတယ္။ #BoycottPK အမည္ၿဖင့္ တြစ္တာေပၚတြင္ ဆန္႕က်င္မႈ Campaign ၿပဳလုပ္ကာ ဒီဇာတ္လမ္းကို ရံႈ႕ခ်ခဲ့ၾကပါတယ္။

(၄) ၿပန္လည္ေရးသားခဲ့ရတဲ့ ဇာတ္ညြန္း

ဒီဇာတ္လမ္းဟာ အိႏၵိယရုပ္ရွင္ တခုၿဖစ္တဲ႔ OMG ဇာတ္လမ္းမွ ဇာတ္ညြန္း နွင့္ဆင္တူေနခဲ့တာေၾကာင့္ ဒါရိုက္တာမွ အသစ္ၿပန္လည္ ေရးသားေစခဲ့တာၿဖစ္ပါတယ္။ OMG ဇာတ္လမ္းဟာလည္း ဘာသာေရး သေရာ္ထားတဲ႔ ဇာတ္လမ္းတခုၿဖစ္ပါတယ္။

(၅) အေဟာင္းထည္အစစ္မ်ား

ဒီဇာတ္လမ္းမွာ ပါဝင္သရုပ္ေဆာင္ထားခဲ့တဲ့ မင္းသား Aamir khan ဟာ ဇာတ္ေကာင္ပံုရိပ္ ပိုမိုပီၿပင္ေစဖို႔ အတြက္ အဝတ္အထည္အေဟာင္းေတြကိုပဲ ဝတ္ဆင္သရုပ္ေဆာင္ခဲ့ပါတယ္။ ဒါရိုက္တာ Rajkumar Hirani က ဒီဇာတ္လမ္းထဲမွ PK ဇာတ္ေကာင္ဟာ မတူညီတဲ႔ ေနရာတခုကေန ေရာက္ရိွလာသူအၿဖစ္ ပိုျပီးေပၚလြင္မႈ ရိွေစရန္ အဝတ္အစားမ်ားကို ကြဲၿပားတဲ႔ ပံုစံမ်ိဳးရရိွေစရန္ တကယ့္အဝတ္အထည္အေဟာင္းေတြကိုသာ ေရြးခ်ယ္ဝတ္ဆင္ေစပါတယ္။

Unicodeဖြင့်ဖတ်ရန်

အိန္ဒိယ ရုပ်ရှင်သမိုင်းတွင် လှုပ်ခတ်မှုများစွာ ရှိစေခဲ့ပြီး အိန္ဒိယရှိ ဘာသာရေး ဂိုဏ်ကြီးများ၏ ကန့်ကွက်ရှုံ့ချမှုများစွာ ကြုံတွေ့ခဲ့ရတဲ့ PK ရုပ်ရှင် ဇာတ်လမ်းကြီးကို ပရိသတ်တွေ ကြည့်ရှု့ခံစားပြီး ဖြစ်မှာပါ။ မင်းသား Aamir khan ရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်များနဲ့ ဘာသာတရားများကို သရော်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းဟာ အိန္ဒိယနိုင်ငံတွင်သာမကပဲ ကမ္ဘာအနှံ့တွင်ပါ အောင်မြင်ခဲ့သော ဇာတ်လမ်းကောင်းတခုဖြစ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းကို အကြိမ်များစွာ ကြည့်ရှု့ပြီးဖြစ်ပေမယ့် ဒီဇာတ်လမ်းနှင့် ပတ်သတ်ပြီး ပရိသတ်တွေ မသိလောက်သေးတဲ့ စိတ်ဝင်စားဖွယ် အချက်များကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) လျှာအနီရောင်ဖြစ်ဖို့ ကြိုးစားခဲ့ရတဲ့ Aamir khan

ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင် အဖြစ်ပါဝင် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Aamir khan ဟာ ဒီဇာတ်လမ်းမှာ အခြားဂြိုလ်ကနေ ကမ္ဘာမြေကို ရောက်လာခဲ့သူ ဂြိုလ်သားအဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကောင်၏ ပုံစံအရ ကွမ်းအမြဲဝါးကာ လျှာကိုနီရဲနေစေရန် ပြုလုပ်ဖို့လိုအပ်တဲ့ အတွက် Aamir khan ဟာ ကွမ်းယာကို အမှန်တကယ် အရေအတွက်များစွာ ဝါးခဲ့ရပါတယ်။

(၂) ဝင်ငွေစံချိန်

ဒီဇာတ်လမ်းဟာ အိန္ဒိယနိုင်ငံမှာသာမကပဲ အခြားသော နိုင်ငံများတွင်ပါ အောင်မြင်မှု များစွာရရှိထားခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှ စံချိန်တင်ဝင်ငွေ ရရှိခဲ့တဲ့ ဘောလိဝုဒ်ဇာတ်လမ်းများထဲတွင် ၁ခုအပါအဝင်ဖြစ်ခဲ့ပြီး စုစုပေါင်း ဝင်ငွေအမေရိကန်ဒေါ်လာ သန်း၁၄၀ ရရှိခဲ့ပါတယ်။

(၃) ဘာသာရေးအဖွဲ့များ၏ တိုက်ခိုက်မှုများ

ဒီရုပ်ရှင်ဇာတ်လမ်းဟာ အိန္ဒိယနိုင်ငံတဝှမ်းရှိ ဘာသာရေး အဖွဲ့အစည်းများကြားတွင် ကန့်ကွက်စရာ ရုပ်ရှင်ဇာတ်လမ်းတခုဖြစ်ခဲ့ပါတယ်။ ဟိန္ဒူဘာသာရေး အဖွဲ့အစည်းတော်တော်များများဟာ ဒီဇာတ်လမ်းကို အွန်လိုင်းပေါ်တွင် ဆန့်ကျင်ရေးသားမှုများ ပြုလုပ်ခဲ့ပြီး Campaign တခုပြုလုပ်ခဲ့ကြပါတယ်။ #BoycottPK အမည်ဖြင့် တွစ်တာပေါ်တွင် ဆန့်ကျင်မှု Campaign ပြုလုပ်ကာ ဒီဇာတ်လမ်းကို ရှုံ့ချခဲ့ကြပါတယ်။

(၄) ပြန်လည်ရေးသားခဲ့ရတဲ့ ဇာတ်ညွန်း

ဒီဇာတ်လမ်းဟာ အိန္ဒိယရုပ်ရှင် တခုဖြစ်တဲ့ OMG ဇာတ်လမ်းမှ ဇာတ်ညွန်း နှင့်ဆင်တူနေခဲ့တာကြောင့် ဒါရိုက်တာမှ အသစ်ပြန်လည် ရေးသားစေခဲ့တာဖြစ်ပါတယ်။ OMG ဇာတ်လမ်းဟာလည်း ဘာသာရေး သရော်ထားတဲ့ ဇာတ်လမ်းတခုဖြစ်ပါတယ်။

(၅) အဟောင်းထည်အစစ်များ

ဒီဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားခဲ့တဲ့ မင်းသား Aamir khan ဟာ ဇာတ်ကောင်ပုံရိပ် ပိုမိုပီပြင်စေဖို့ အတွက် အဝတ်အထည်အဟောင်းတွေကိုပဲ ဝတ်ဆင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါရိုက်တာ Rajkumar Hirani က ဒီဇာတ်လမ်းထဲမှ PK ဇာတ်ကောင်ဟာ မတူညီတဲ့ နေရာတခုကနေ ရောက်ရှိလာသူအဖြစ် ပိုပြီးပေါ်လွင်မှု ရှိစေရန် အဝတ်အစားများကို ကွဲပြားတဲ့ ပုံစံမျိုးရရှိစေရန် တကယ့်အဝတ်အထည်အဟောင်းတွေကိုသာ ရွေးချယ်ဝတ်ဆင်စေပါတယ်။

Credit: nanmalgyi