Zawgyiဖြင့်ဖတ်ရန်





Unicodeဖြင့်ဖတ်ရန်

ပြီးခဲ့တဲ့လက အမေရိကန်သမ္မတ ဟောင်း ဘားရက်အိုဘားမား ရဲ့သမီးကြီးဖြစ်သူ မလီယာအိုဘားမား နဲ့ ခပ်ချောချော ဗြိတိန် ကောင်လေးတို့ကို လန်ဒန်က မြေအောက်ရထားဘူတာမှာတွေ့လိုက်ရပါတယ်။ သူတို့ဘေးမှာ ခရီးသွားဖြတ်သွားဖြတ်လာတွေနဲ့ လူရူပ်နေကြပေမယ့်လဲ မလီယာ တို့နှစ်ယောက်ကတော့ အရို မပျက် ဘဲ ကြင်နာနေကြတဲ့ပုံရိပ်တွေကို ယူကေ အခြေစိုက် Dailymail သတင်းစားက ဖော်ပြခဲ့တာပါ။

တစ်ပုံကတော့ မီလီယာနဲ့ချစ်သူကောင်လေး အနမ်းပေးနေတဲ့ပုံဖြစ်ပြီး တစ်ပုံကတော့ ချစ်သူ Rory Farquharson ဖုန်းကို ကြည့်နေစဉ်မှာ မလီယာက ပွေ့ဖက်နေကြပုံဖြစ်ပါတယ်။ လန်ဒန် လမ်းမပေါ် သူတို့နှစ်ယောက်လမ်းလျောက်လာတဲ့အချိန်မှာတော့ နှစ်ယောက်လုံး စီကရက်ကိုယ်စီ ကိုင်ထားတာတွေ့ရပါတယ်။ မီလီယာကတော့ ဒေါ်လာ ၁၆၀ တန် Doc Martins ဖိနပ်တွေစီးထားပြီး ဆိုဒ်ပွ ဂျင်းကုတ် တစ်ထည်ကို အပေါ်ထပ်ထားပါတယ်။ မလီယာတို့ စုံတွဲဟာသာမာန်ချစ်သူတွေကို အပြင်ထွက်ပြီးပေါ့ပေါ့ ပါးပါး ဒိတ်ခဲ့ကြတာဖြစ်တဲ့အတွက် ဘေးက လူတွေကတောင် သူတို့ကို သတိမထားမိခဲ့ပါဘူး။


သတင်းမီဒီယာတွေမှာတော့ မလီယာ ဟာ အဖေ ဖြစ်သူ ဘားရက်အိုဘာမားရဲ့စီးကရက်သောက်တဲ့အကျင့်ကို အမွေရထား ပုံပဲ လို့ရေးသားထားကြပြီး အမေရိကန် သမ္မတဟောင်း အိုဘားမား ဟာ အရင် ကအိမ်ဖြူတော်ကိုမဝင်ခင် ပုံမှန်ဆေးလိပ်သောက်တတ်သူဖြစ်ကြောင်း၊ ဒီအလေ့ကျင့်ပျောက်ဖို့ ပီကေ မကြာခဏ ဝါးတတ်တာကိုလဲတွေ့ရကြောင်းရေးသားထားကြပါတယ်။

မလီယာ တို့အတွဲကိုတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ သတင်းမီဒီယာတွေစသတိထားမိခဲ့ပြီး သူတို့အတွဲဟာ ဟားဗတ်စ် တက္ကသိုလ် မှာ ကျောင်းတက်နေကြသူတွေဖြစ်တယ်လို့သိရပါတယ်။
From MM