Zawgyiျဖင့္ဖတ္ရန္

ဇူလိုင္ ၃၁ ရက္ေန့ ညေနပိုင္းခန့္ ျမစ္ၾကီးနားျမိဳ ့ေပၚတြင္ ရိုက္ႏွက္လုယက္မႈေသာင္းၾကမ္းေနေသာ နဝမတန္းေက်ာင္းသား ၅ ဦး အပါအဝင္ ဆိုးသြမ္းလူငယ္ ၁၀ ဦးကို ရဲတပ္ဖြဲ ့က ၾသဂုတ္လ တစ္ရက္ေန့တြင္ ဖမ္းဆီးမိလုိက္ေၾကာင္း သိရသည္ ။

ျဖစ္စဥ္မွာ ျမစ္ၾကီးနားျမိဳ ့ေပၚတြင္ ဆိုင္ကယ္စီးနင္းလာသည့္လူႏွစ္ဦးကို လူငယ္ေလးဦးက လမ္းပိတ္ရပ္ကာ ပထမပိုင္းတြင္ ပိုက္ဆံေတာင္းသည္ ေနာက္ပိုင္းတြင္ ပါလာေသာ ဖုန္းႏွင့္ ဆိုင္ကယ္မ်ားပါ ထားခဲ့ရန္ လုပ္ေဆာင္မႈမ်ား ျပဳလုပ္လာပါသည္ ။ ထိုရာတြင္ ႏွစ္ဖက္ထိုးၾကိတ္မႈမ်ား ျဖစ္ပြားခ်ိန္တြင္ ေနာက္ဆိုင္ကယ္ႏွစ္စီး ေရာက္ရွိလာျပီး ယင္းဆိုင္ကယ္ႏွစ္စီးတြင္ ပါလာေသာလူမ်ားကို ဝိုင္းဝန္း ရိုက္ႏွက္ခဲ့ေၾကာင္း သိရသည္ ။

“ျဖစ္စဥ္က ဇူလိုင္ ၃၁ ရက္ ေန႔ညက ျဖစ္တာ။ ျပည္သူေတြက တရားခံတစ္ဦးကို ဖမ္းဆီးထားတဲ့ အေျခအေနကေန ၾသဂုတ္ ၁ ရက္ နံနက္ ၁ နာရီကေန ၈ နာရီခြဲေလာက္မွ ၁၀ ဦးအထိ ဖမ္းမိတာပါ။ တစ္ဦးကေတာ့ မမိႏိုင္ေသးဘူး။ ေနရပ္အတိအက် မသိရလို႔ပါ။ ကြင္းဆက္ေတြတစ္ခုခ်င္းကေန ေဖာ္ထုတ္ေတာ့ လြန္ခဲ့တဲ့ဇူလိုင္ ၂၈ ရက္ေန႔ေတြကလည္း လုထားတာရွိတယ္။ ဖုန္းတစ္လံုးႏွင့္ ဆိုင္ကယ္တစ္စီးပါ။ တိုင္တန္းထားတာ၊ အမႈဖြင့္ထားတာ မရွိဘူး။ ကိုးတန္းေက်ာင္းသား ငါးေယာက္ပါတယ္။ ဆယ္တန္းက်ေတြ ပါတယ္။ ဆယ္တန္းေျဖဖို႔ ျပင္ေနတာက တစ္ေယာက္ပါတယ္။ က်န္တဲ့ကေလးေတြက အျပင္မွာ အလုပ္လုပ္ေနၾကပါၿပီ။ အသက္ ၁၅ ႏွစ္အရြယ္က ခုနစ္ေယာက္။ ၁၈ ႏွစ္အထက္က သံုးေယာက္ပါ။ ကခ်င္ ကေလးမ်ားတယ္။ လီဆူပါတယ္။ ဗမာလည္းပါတယ္။ ျပစ္ခ်က္ေဟာင္းေတြကို စစ္ေဆးေနဆဲ ျဖစ္ပါတယ္။ ဒီအမႈနဲ႔ပတ္သက္ၿပီး ရမန္လည္း ယူထားပါၿပီ” ဟု Eleven သတင္းဌာနတြင္ ေရးသားေဖာ္ျပထားပါသည္ ။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္ျပီး ရဲစခန္းမွ (ပ) ၁၉၈/ ၂၀၁၈ ၊ ရာဇသတ္ၾကီး ပုဒ္မ ၃၉၄/၁၁၄ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္ ။
Unicodeဖြင့်ဖတ်ရန်

ဇူလိုင် ၃၁ ရက်နေ့ ညနေပိုင်းခန့် မြစ်ကြီးနားမြို့ပေါ်တွင် ရိုက်နှက်လုယက်မှုသောင်းကြမ်းနေသော နဝမတန်းကျောင်းသား ၅ ဦး အပါအဝင် ဆိုးသွမ်းလူငယ် ၁၀ ဦးကို ရဲတပ်ဖွဲ့က သြဂုတ်လ တစ်ရက်နေ့တွင် ဖမ်းဆီးမိလိုက်ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့ပေါ်တွင် ဆိုင်ကယ်စီးနင်းလာသည့်လူနှစ်ဦးကို လူငယ်လေးဦးက လမ်းပိတ်ရပ်ကာ ပထမပိုင်းတွင် ပိုက်ဆံတောင်းသည် နောက်ပိုင်းတွင် ပါလာသော ဖုန်းနှင့် ဆိုင်ကယ်များပါ ထားခဲ့ရန် လုပ်ဆောင်မှုများ ပြုလုပ်လာပါသည် ။ ထိုရာတွင် နှစ်ဖက်ထိုးကြိတ်မှုများ ဖြစ်ပွားချိန်တွင် နောက်ဆိုင်ကယ်နှစ်စီး ရောက်ရှိလာပြီး ယင်းဆိုင်ကယ်နှစ်စီးတွင် ပါလာသောလူများကို ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြောင်း သိရသည် ။

“ဖြစ်စဉ်က ဇူလိုင် ၃၁ ရက် နေ့ညက ဖြစ်တာ။ ပြည်သူတွေက တရားခံတစ်ဦးကို ဖမ်းဆီးထားတဲ့ အခြေအနေကနေ သြဂုတ် ၁ ရက် နံနက် ၁ နာရီကနေ ၈ နာရီခွဲလောက်မှ ၁၀ ဦးအထိ ဖမ်းမိတာပါ။ တစ်ဦးကတော့ မမိနိုင်သေးဘူး။ နေရပ်အတိအကျ မသိရလို့ပါ။ ကွင်းဆက်တွေတစ်ခုချင်းကနေ ဖော်ထုတ်တော့ လွန်ခဲ့တဲ့ဇူလိုင် ၂၈ ရက်နေ့တွေကလည်း လုထားတာရှိတယ်။ ဖုန်းတစ်လုံးနှင့် ဆိုင်ကယ်တစ်စီးပါ။ တိုင်တန်းထားတာ၊ အမှုဖွင့်ထားတာ မရှိဘူး။ ကိုးတန်းကျောင်းသား ငါးယောက်ပါတယ်။ ဆယ်တန်းကျတွေ ပါတယ်။ ဆယ်တန်းဖြေဖို့ ပြင်နေတာက တစ်ယောက်ပါတယ်။ ကျန်တဲ့ကလေးတွေက အပြင်မှာ အလုပ်လုပ်နေကြပါပြီ။ အသက် ၁၅ နှစ်အရွယ်က ခုနစ်ယောက်။ ၁၈ နှစ်အထက်က သုံးယောက်ပါ။ ကချင် ကလေးများတယ်။ လီဆူပါတယ်။ ဗမာလည်းပါတယ်။ ပြစ်ချက်ဟောင်းတွေကို စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ရမန်လည်း ယူထားပါပြီ” ဟု Eleven သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲစခန်းမှ (ပ) ၁၉၈/ ၂၀၁၈ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည် ။
Credit: POPOLAY